ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။
 ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး
 ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
 ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။
 ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
 နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှ
 တ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊
 စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
 ဟိုးလေးတကျော် မဟုတ်လား။
 
 သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
 သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
 လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
 အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
 
 အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပ
 
 ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။
 သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။
 သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို
 လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။
 
 ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။
 အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက 
ရသုံးစာရင်းတွေစစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော 
မလှန်လှောတော့ဘူးလား။
 
 လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး
 တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊
 ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါး
 တွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။
 
 ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ 
အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ 
တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗ
 
 အဲဒီ တိုင်းပြည်ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှု
 
 ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ 
အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ 
အပုပ်တွေချ၊
 
 အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့
 ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
 မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။
 
 ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက 
ခေတ်အမှားတွေ။ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ 
့တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။
 
 ဟံသာဝတီ ဦးဝင်းတင်
 ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။
ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး
ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။
ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှ
တ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊
စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
ဟိုးလေးတကျော် မဟုတ်လား။
 
သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
 
အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပ
 
ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။
သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။
သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို
လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။
 
ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။
အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေစစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။
 
လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး
တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊
ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါး
တွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။
 
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗ
 
အဲဒီ တိုင်းပြည်ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှု
 
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊
 
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့
ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။
 
ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။