Saturday, February 18, 2017

နူ့ ညံ့တဲ့အမိန့် တော်အတိုင်း




"Pat Jasan နဲ့ ကချင်အမျိုးသား ညီလာခံ"
မနေ့က အတွေ့အကြုံကို ပြန်ပြီး Reflection လုပ်ရရင်
ဒေါသ၊ မခံမရပ်နိုင်မှုများနဲ့အတူ ချစ်စရာ ကြည်နူးစရာ နဲ့ တခြားဘယ်မှာမှ မရနိုင်တဲ့ အတွေ့အကြုံသစ်တွေရပါတယ်။
The Art of Negotiation ဆိုတဲ့ နေရာမှာ အားလုံးက ကွက်တိ ပါဝင် သွားကြတာကို တွေ့ရတယ်။
အထူးသဖြင့် လုံခြုံရေး ယူထားတဲ့ Pat Jasan တွေရဲ့ စည်းစနစ်ကျမှု၊ အမိန့်နာခံမှု၊ အဆင့်မြင့်မှုတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် Professional ကျနေပါတယ်။
ပထမဦးဆုံး ရဲတပ်ဖွဲ့ဝင်များ မနောကွင်းထဲကို ကားနဲ့ ၀င်လာပြီး ခန်းမ တခါးဝမှာ နေရာယူလိုက်တဲ့အခါ ရှေ့မှာလုံခြုံရေး ယူထားတဲ့ အဖွဲ့ကို ကျော်သွားရတာဖြစ်တယ်။ ပြီးတော့ ရဲအင်အားက ခန်းမ အပေါက်ဝ နဲ့ ကားနား မှာသာရှိပြီး Pat Jasan နဲ့မျက်နှာချင်းဆိုင် ဖြစ်သွားပါတယ်။ ရဲနဲ့ ဘေးကပ်လျက်မှာတော့ ဧည့်ကြို အမျိုးသမီးများ ရှိပါတယ်။ သူတို့က ၀င်ပေါက်ဝမှ တခါးပေါက်ဝအထိ ကြိုဆိုဖို့ တာဝန်ယူထားကြတာကိုး။
ခန်းမရှေ့ အနေအထားကို မြေပုံထုတ်ရရင်ဖြင့် ရဲကို Pat Jasan က ၀ိုင်းထားသလို ဖြစ်သွားပါတယ်။ ၀င်းထဲမှာ Pat Jasan တွေရဲ့ Command Room ရှိတာကိုလည်း မြင်ထားတဲ့ ကျမအတွက်တော့ ဘာဆက်လုပ်ကြမလဲ လို့ စိတ်ဝင်စားစရာ အများကြီး ထွက်လာပါတယ်။
အားလုံး Standby အနေအထားမျိုးမှာ ရှိနေပေမဲ့ တယောက်မှ နေရာက မရွှေ့ပါဘူး။ ပါးစပ်ကလည်း ညီးငြူခြင်းတောင် မပြုကြပါဘူး။ မျက်လုံးများကတော့.... မျက်လုံးများကတော့....
ခဏနေတော့ Command Room ကို စနစ်တကျ ထွက်ခွာသွားကြပြီး ခန်းမရှေ့ကနေ ထွက်ခွာသွားကြတာကို တွေ့ရတယ်။
ကျမတော့ ၀င်းထဲ နဲ့ ၀င်းပေါက်ဝက ရဲတပ်သားတွေကို မြင်လေ.... ဒေါသကထွက်လေမို့
"မြစ်ကြီးနားက ကချင်တွေ မနောကွင်းကို ထွက်လာပါ" လို့ ဖွဘုတ်ပေါ် လှမ်းတင်လိုက်တယ်။
သိပ်မကြာခင်မှာတော့ တူတော်မောင် Pat Jasan တယောက်က ဖုန်းဆက်လာပါတယ်။
"Moi Shawng, တမြို့လုံးက Pat Jasan တွေဟာ ကိုယ့်နေရာမှာ ကိုယ် အဆင်သင့်ဖြစ်နေပါတယ်။ တာဝန်ရှိသူများ ခေါ်ရင်လာဖို့ အဆင်သင့်ပါ။ မခေါ်သေးလို့ မလာတာပါ။ စိတ်အေး လက်အေးနေပါ။ လူငယ်များလည်း အသင့်ပါဘဲ" တဲ့။
တူတော်မောင်ကို သိပ်မယုံလို့ ခေါင်းဆောင်ပိုင်းကို လှမ်းမေးလိုက်ပါတယ်။
"ဟုတ်ပါတယ်။ ကျနော်တို့ အဆင်သင့်ပါ။ ဒါပေမဲ့ အခု ညီလာခံမှာ ကျနော်တို့ ကြိုးစားနေတာက နိုင်ငံရေး တိုက်ပွဲပါ။ ညှိနှိုင်းနေတဲ့ လူကြီးတွေကို ယုံကြည်တယ်။ လိုအပ်ရင် မိနစ်ပိုင်းအတွင်း ချက်ချင်းရောက်မယ်" တဲ့။
ဒီနေရာမှာ Pat Jasan နဲ့ လူငယ်တွေကို အလွန်ချီးကျူးမိတယ်။
သူတို့ရဲ့ ဟာ လူငယ်တွေ ဖြစ်တယ်။ သူတို့ရဲ့ ရင်ထဲက ဒေါသတွေကို ဖတ်ကြည့်ရင် ခန်းမ တခါးဝရှေ့က ရဲတွေကို အမှုန့်ကြိတ်ချင်မှာဘဲ။
တယောက်ယောက်က ရဲတွေနား ကပ်သွားရင်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တဲ့ အနေအထားနဲ့ လူအင်အား ပမာဏ ရှိတယ်။ ဒါပေမဲ့ တယောက်မှ စိတ်လိုလက်ရ မလုပ်ဘဲ စနစ်တကျ သာ လုပ်သွားပါတယ်။
အစီအစဉ် စတင်ခွင့် ရတဲ့ အချိန်ကစပြီး ၀င်းထဲမှာ မဆိုင်သူများ မ၀င်နိုင်အောင် လည်ဆွဲ မပါသူများကို တားဆီးထားပုံများ ဂျီးဒေါ်တောင် ပါသေး။
ခန်းမအတွင်းမှာ အစီအစဉ် စတင်ပေမဲ့ အပြင်ကသာ ကြည့်ရင် ခန်းမထဲမှာ လူထောင်ချီ ဆွေးနွေးနေတယ် ဆိုတာကို သိနိုင်ဖို့တောင် မရှိဘူး။
အားလုံး စည်းကမ်းတကျ အမိန့်နာခံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ အကွက်ကျကျ လှုပ်ရှားသွားပုံကို ဂုဏ်ယူတယ်။
အကယ်၍.... အကယ်၍.... တခုခုသာ...... ဖြစ်ခဲ့မယ် ဆိုရင်...
ဖြစ်ပြီဆိုရင် ကချင်လူမျိုးတွေ၊ ကချင်ပြည်နယ် အစိုးရ၊ NLD အစိုးရနဲ့ အားလုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းမယ်။ လူနာမယ်။ ရွာနာမယ်။

ဒီလို မဖြစ်ဖို့ မြစ်ကြီးနားမြို့နဲ့ အနီးတ၀ိုက်မှာ မှာ အင်အားထောင်ကြီးချီ ရှိနေတဲ့ Pat Jasan တွေ အနေနဲ့ မိမိတို့ ကျရာ ကဏ္ဍကို လှပစွာ ပါဝင်သွားပုံကို ဂုဏ်ယူပါတယ်။

Read more »

ကန့်သတ်မှုများကြား ကချင်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ


ဒီလ ၁၆ရက်နေ့မှာ ကချင်အမျိုးသားညီလာခံကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပဖို့ အတွက် ကချင် အတိုင်ပင်ခံအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာတော့ မဂျွယ်ခန်းမကို အသုံးပြုခွင့်မပေးကြောင်း ကချင်ပြည်နယ်အစိုးရက တားမြစ်ခဲ့သလို ဒီမနက်မှာတော့ မနောကွင်းမှာ ကျင်းပခွင့်ကိုပါ တားမြစ်ခဲ့တာဖြစ်ပါတယ်။
ဒီလို တားဆီးခဲ့တဲ့အကြောင်းကို ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဂွမ်ဂရာအောင်ခမ်းက အခုလို ပြောပါတယ်။
“အစည်းအဝေးတက်ဖို့လာပါတယ်။ လာတော့ အစည်းအဝေး main တံခါးပေါက်ကို ရဲတွေကနေ တားဆီးပြီးတော့ ပိတ်လိုက်တာပေါ့ ဆိုတော့ ကျနော်တို့ ခွင့်တောင်းပြီးတော့ အထဲကို ၀င်တယ် ။ အထဲမှာဝင်တော့ ဒီမှာ ကျနော်တို့အကုန်လုံးကို ရဲတွေကနေ ဒီမနောကွင်းမှာရှိတဲ့ မဂွယ် ခန်းမဆောင်ကိုလည်း အကုန်လုံးပိတ်လိုက်ပါတယ် သူတို့ ၀င်ခွင့်မပြုပါဘူး။”
ကချင်အတိုင်ပင်ခံအဖွဲ့က ပြည်နယ်အစိုးရနဲ့ ဆွေးနွေးရာမှာ ခွင့် ပြုချက်မရတာကြောင့် ပြည်ထောင်စုအစိုးရဆီကို ဆက်သွယ် ညှိနှိုင်းခဲ့တဲ့နောက်မှာ ခေါင်းစဉ်ပြောင်းပြီး ကျင်းပခဲ့ရခဲ့ကြောင်း ဆက်ပြောပါတယ်။
“ဒီကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်ကိုလည်း အကြောင်းကြားတယ်။ နယ်လုံတွေကိုလည်း အကြောင်းကြားပြီးမှ တဆင့်ပြီးတဆင့် ဆွေးနွေးပါတယ်။ ဒါပေမယ့် ဘာမှ ထူးခြားမှုမရှိတော့ ဖြစ်မြောက်ရေးကော်မတီကနေ နေပြည်တော်ကို တိုက်ရိုက်ဆက်သွယ်တယ်။ ဒီနေ့မနက် ခေါင်းဆီးကတော့ ကချင် National Conference ပေါ့နော်၊ ကချင်အမျိုးသားညီလာခံဖြစ်ပါတယ်။ ဒါပေမယ့် ဟိုကနေခွင့်ပြုတာကတော့ ကချင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဒါမျိုးခေါင်းစဉ်နဲ့ လုပ်ခွင့်ပြုတယ်လို့ ကြားနေတယ်။ အဲဒါကြောင့် ယနေ့ည ၃ နာရီမှာ အခန်းအနားကို စပြီးမှ ဖွင့်လစ်ဖို့ပေါ့ ပြင်ဆင်နေကြပါတယ်။”
ကချင်အမျိုးသားညီလာခံကျင်းပခွင့်ရဖို့ကို ဒီလ ၁၁ ရက်နေ့က ပြည်နယ်အစိုးရဆီကို အကြောင်းကြားခဲ့ရာမှာ ၁၅ရက်နေ့မှာ လုပ်ခွင့်မပြုကြောင်း ပြန်ကြားခဲ့သလို ၁၆ရက်နေ့မနက်မှာတော့ မနောကွင်းရဲ့ မည်သည့်နေရာမှာမဆို လုပ်ဆောင်ခွင့်မပြုကြောင်း၊ လုပ်ဆောင်ရင် အရေးယူမှာဖြစ်ကြောင်း ထပ်မံအကြောင်းကြားလာခဲ့တယ်လို့ ဦးဂွမ်ဂရာအောင်ခမ်းက ပြောပါတယ်။
ညနေ ၃နာရီမှာတော့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက် အခမ်းအနား ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကချင်အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှုး ဦးလဘန်ဂမ်အောင်က ပြောပါတယ်။
“ဒီနေ့ ညနေ ၃ နာရီကတော့ ကျနော်တို့ ဖွင့်ပွဲလုပ်ပါတယ်ခင်ဗျ။ လာတဲ့ဧည့်သည်တွေကို ဆုတောင်းပွဲ နောက်ပြီးတော့ မိတ်ဆက်တဲ့အစီအစဉ်ပေါ့နော် နေရာဒေသအစုံက ကိုယ်စားလှယ်တွေကိုတော့ မိတ်ဆက်ခြင်းအစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးရေးမူဘောင် နဲ့ ပတ်သက်တဲ့ဟာတွေကျတော့ ဒီလာတဲ့ ကိုယ်စားလှယ်တွေကို ကျနော်တို့ ရှင်းပြတာမျိုးတွေရှိပါတယ်။ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို ကချင်အမျိုးသားတွေ့ဆုံပွဲဆိုပြီးတော့မှ ခေါင်းစဉ်ပြောင်းထားတယ်။”
ကချင်အမျိုးသားတွေ့ဆုံပွဲကို လူ ၈၀၀ လောက် ပါဝင်တက်ရောက်ခဲ့ပြီး မနက်ဖြန် မနက်၉နာရီမှာ ဆွေးနွေးပွဲကို ပြန်လည်စတင်မှာ ဖြစ်သလို တရက်တည်းနဲ့ ဆွေးနွေးပွဲ မပြီးပြတ်ရင် စနေနေ့ထိ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် မအားလပ်တာကြောင့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။
ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က NCA ခေါ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးတာမရှိသေးတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်တာမရှိသေးပါဘူး။ NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေက ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့သလို ပအိုဝ်းအမျိုးသားတွေကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဟိုပုံးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ ဒီလအတွင်း ကျင်းပဖို့ ပြင်ဆင်နေပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ကျင်းပခွင့် မရသေးပါဘူး။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ကချင်အမျိုးသားညီလာခံကို ကျင်းပခွင့်ပိတ်ပင်လိုက်ပြီး…
BURMESE.VOANEWS.COM|BY ကိုမိုးဇော်
LikeShow more reactions
Comment


Comments

Read more »

နေရာမှားနေတယ်။

Khon Ja

Nationwide Ceasefire Agreement ဆိုတာက တော့ ၂၀၁၃ ခုနှစ် လိုင်ဇာညီလာခံ ကတဲက စတင်ခဲ့တဲ့ စကားလုံးပါဘဲ။
ဒီသဘောတူညီချက် ကို ညှိနှိုင်းဆောင်ရွက်ဖို့ Nationwide Ceasefire Coordination Team -NCCT ကို ဖွဲ့စည်းရာခြင်းနဲ့
အဲဒီ သဘောတူညီချက်ကို ပြုစု တဲ့နေရာမှာ KIO ဟာ အဓိက အင်အားစိုက်ထုတ်သူ ဖြစ်တယ် ဆိုတာကို သူများ မေ့ရင်တောင် ကချင်တွေက သတိရရမှာပါ။
ဒီ သဘောတူညီချက်စာသားကနေ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ရေးဆွဲရာမှာလည်း KIO က ထိပ်ဆုံးက တက်တက်ကြွကြွ ပါဝင် ထားတယ် ဆိုတာလေး သိပြီးရင်တော့ အလုပ်ဆက်လုပ်လို့ ရပြီ။
21 ရာစုပင်လုံ ဆိုတာ ဘာလဲ ဆိုတာကို စတင်ပြီး ဖွင့်ဆိုပြတာ ကတော့၂၀၁၆ ခုနှစ် မေလ ၂၇ ရက်နေ့ UPDJC အစည်းအဝေး ကတဲက ဖြစ်တယ်။
NCA, NCCT, Framework for Political Dialogue, 21st Century Panglong ဆိုတာကို Facilitation Team က ယူလာတယ် လို့ ထင်နေသရွေ့ကတော့... ခင်ဗျားတို့ဟာ နေရာမှားပြီး လာထိုင်နေတယ် ဆိုတာပါဘဲ။

Read more »

သမိုင်းဝင်ဓါတ်ပုံ


ပန်းတိုင်မရောက်မှီ
နာတတ်ဖို့ လိုပါသည်
မှတ်သားထားဖို့ လိုပါသည်
လက်ဆင့်ကမ်းဖို့ လိုပါသည်
တော်လှန်နေဖို့ လိုပါသည်
ဤခရီးနီးသလား ဝေးသလားမမေးပါနှင့်

Read more »

ထုံအ မနေကျဖို့ လို

ဒီလိုလာပြီးပိတ်ပင်ရင်ဘယ်လိုအသံတွေထွက်လာမယ်ဆိုတာလည်း
သိသိကြီးနဲ့ လာပိတ်ပင်တယ် -ညွှန်ကြားတယ်
အသံဗလံတွေနည်းနည်းထွက်လာရင်ပြန်ပြီးဖွင့်လှစ်ခွင့်ပြုပေးဖို့ ကလည်းအသင့်ရှိနေပြီးသား-
စီစဉ်ထားပြီးသား-ညွှန်ကြားထားပြီးသား-
ဒါကတမင်သက်သက်မိုက်ရိုင်းစော်ကားတာ-လူပါးဝတာလို့ ခေါ်တယ်
ဒါကိုလူမျိုးရေးမုဒိမ်းကျင့်တာလို့ ခေါ်တယ်-
ကျူပ်တို့ တောင်းဆိုလွန်းလို့ ပြန်လိုက်လျောပေးတယ်လို့ မထင်လိုက်လေနဲ့ -
ကျူပ်တို့ အနေအထားကကျွတ်သွားတဲ့ထမိန်ကိုပြန်ကောက်ဝတ်လိုက်တာနဲ့ ပဲတူတာ-

Read more »

ဒင်းတို့ ကို ဆမားကြီးဖင်လှန်ပြခဲ့ဖူးသည်

KachinBravo Heart 

ဆမားဒူးဝါးဆင်ဝါးနောင်ဟာပင်လုံစာချူပ်တွင်လက်မှတ်ရေးထိုးခဲ့တဲ့ပုဂ္ဂိုလ်များထဲကတဦးဖြစ်တယ်
ဦးနုအစိုးရအဖွဲ့ တွင်းအဖွဲ့ ဝင်တဦးဖြစ်တယ် ရိုးသားသူ ရိုးအသူအဖြစ်နဲ့ ပြောစမှတ်ပြုခံရသူဖြစ်တယ်
အတန်းပညာ၌မထူးချွန်ခဲ့သော်လည်းမဟုတ်မခံသောစိတ်ဓါတ်နှင့်နိုင်ငံ့အကျိုးသယ်ပိုးခဲ့သူဖြစ်တယ်
ဗိုလ်ချူပ်ကြီးနေဝင်းကသာအာဏာမသိမ်းခဲ့ရင်သမ္မတအဖြစ်တင်မြောက်ခံရခြင်းခံရမှာဖြစ်တယ်
ကချင်အမျိုးသားတယောက်ဖြစ်ပြီးဗမာလူမျိုးအများစုအပေါ်သစ္စာရှိလွန်းကောင်းကျိုးပြုလွန်းသော
ကြောင့်ကချင်များ၌တခါတရံတွင်ဗီလိန်ဇာတ်ကောင်ကြီးအဖြစ်ပြောစမှတ်ပြုကျရတယ်
ပင်လုံစာချူပ်ရေးထိုးရန်အတက်ကြွဆုံးကချင်အမျိုးသားလည်းဖြစ်တယ် ကချင်ပြည်နယ်သတ်မှတ်ရရှိ
နိုင်ရေးအတွက်စွမ်းဆောင်ခဲ့သူများထဲတွင်လည်းပါဝင်ခဲ့သူဖြစ်တယ်-
မိမိ၏ဘဝနေဝင်ချိန်ကိုစိုက်ခင်းတောင်ယာများခုတ်ကာအေးအေးလူလူဖြတ်သန်းခဲ့သူဖြစ်တယ်
တခါကဦးနုအပါအဝင်ဝန်ကြီးများအစည်းအဝေးတွင်ကတောက်ကဆအနည်းငယ်ဖြစ်ရာတွင် ရိုးသားသော
ဆမားဒူဝါကြီးသည်ဝန်ကြီးများရုံး၌ဝန်ကြီးများကိုပုဆိုးလှန်၍ဖင်ကုန်းပြကာလှောင်ပြောင်ပျက်ရယ်ပြုခဲ့ဖူး
သည်ဟုလည်းပြောစမှတ်ပြုကျတယ်-

Read more »

Thursday, February 16, 2017

This ruthless Burma Army.

GNS Facebook ..22 mins
Burma Army which bars us from NCA peace process by bombing us is NOW barring us entry into 21st Century Pang Long political process.
This is an idiot-proof political statement. I cannot see any prospect of peaceful and prosperous Burma with this ruthless Burma Army.

Read more »

Wednesday, February 8, 2017

Tartars gaw Kachins, Chingpaws, Jinghpaws, Singphos re.

Tartars gaw Kachins, Chingpaws, Jinghpaws, Singphos re.
(Anhte a labau, anhte Ginru Ginsa)
Rev. Dr. Maran Ja Gun sawk sagawn ai hta Kachin ni gaw Xiongnu hte bung ai. Xiongnu gaw Tartar hte Turkey Amyu kaw na re nga sawk sa gawn lai wa sai. Harry H. Stileman wa ka ai "Dawn on the Kachin Hills" laika hta gaw Tartars gaw Kachin re. Edmund Leach wa tsun ai zawn Kachins amyu masha ni gaw Gobi zai bru jang kaw na Dingda maga de yu hkrat wa ai amyu re lam ka da u ai. Dai re ai majaw Tartars gaw Kachins, Chingpaws, Jinghpaws, Singphos re. Lawu de na Rev. Dr. Maran Ja Gun a sawk sagawn da ai hpe bai hti yu let Kachin, Jinghpaw Wunpawng sha ni a shawng daw na lam hpe bai myit yu let anhte a labau, ginru ginsa npawt nhpang hpe sawk sagawn yu ga.
Xiongnu (sh nrai) Huns (sh nrai) Tartar, Kachin
By Rev. Dr. Maran Ja Gun
Huns ngu ai masha chyazai ni hpe labau e barbarians nga shamying ma ai. Ndai Huns ni hpe Miwa hku Hsiungnu (shing nrai) Xiongnu ngu nna shamying ma ai. Ndai amyu ni hta Mongolian masha Tartar hte Turkey amyu sha ni gayau lawm nga ai. Dai sha n-ga dai htinggaw hta moi na Kachins (Proto-Kachins hte Hkang) ni mung lawm ai lam hpe mu lu ai.
Scotland mung na James Simpson ngu ai wa gaw Uganda, Tanzania, Turkey, Miwa, hte Mongolia hkan masha hpraw nsam baw pungkum hkrang hte labau ni hpe sagawn hkawm let Myitkyina e 2004, October shata praw 30 hta mu hkrum shaga ai. Shi tsun ai gaw Jinghpaw Wunpawng sha ni gaw Hsiungnu or Xiongnu amyu wuhpung lawm ai. Mezoram Hkang ni mung nanhte a hpunau ni rai nhtawm moi 200 BC daram hta Xiongnu masha ni hprawng koi yen ai shaloi Hsiang Lung ngu ai Lungpu hta nga lai wa sai lam chye lu ai. Ndai Hsiang Lung Lungpu a mying gaw moi na miwa mung a lamu ga sumla hta naw rawng nga ai.
Sarakaba Hanson gaw Burma Research Society's Journal kaw "The Origin of Kachins" ngu 1912 December shata e bang shalawm dat ai. Dai shi laika hta e " But it is certain that we must look still further north for the ancestral nidus. This no doubt must be sought among the highlands of Mongolia, and the borderland of eastern Tibet and western Szechuan. Here stood the cradle of the race".
Edmund Leach wa mung Hanson hpe bai mahta nna ka tawn ai kaw ndai Kachins amyu masha ni gaw Gobi zai bru jang e grai kyin dut hkrum let, lu sha tam ningwan hkawm nna gale pru ai ni re nga tsun ai. Ndai Gobi zai bru jang gaw grai dam lada nna mungkan a labau hta du hkra ladaw grai n pyaw dik ai hte tam lu tam sha yak dik ai, matsan dik hku nga pra ra ai shara re. Dai majaw sagu bai nam rem sha nna sha nga mai ai. Gumra jawn nna majan gasat hkawm ra ai. Shanhte hta shingra hpyen ngu ai, nbung laru, katsi dik ai shana, kahtet dik ai shani, chyakrin chyakraw yak dik ai shara re. Dai kaw nga ai Xiongnu masha ni (Huns) ni mung myit ja ai.
770 BC hta ndai masha chyazai ni gaw Chou dynasty hpe shang gasat kau ai hpe mu lu ai. Ch'u hkaw hkam prat ngu ai gaw Ndai barbarians ni lawm ai Hkaw hkam prat rai nga ai. Xiongnu ni madi shadaw ai Hkaw Hkam matu ni rai nga ai majaw shanhte a lam Miwa Hkaw Hkam ni a labau hta grai dang hkung ai hku n masat tawn ai. Raitim shanhte a prat hta Yellow river ni hka lam mayan sharut gyi ai, Hka kaba ai, dai majaw masha ni hprawng yan htawt sit mat wa ai lam kaba byin wa ai. Gum lau rawt ai, majan kaba, ndai ni a majaw miwa mung Ch'u hkaw hkam prat hta Yunnan de htawt sit sa hkrat wa ai lam rawng hpe mu lu ai. 286 BC hta Yunnan de Zhaung Qioa ngu ai wa ningbaw nna Ch'u hpe gumlau rawt nna du shan wa ai hte D'ian Mungdaw wa gaw gap ai lam rawng nga ai. Dai hta e dai ni na Miwa mung na amyu kaji ni lawm nga ai.
Ndai Xiongnu masha ni gaw hkai lu hkai sha ai ni hpe mayam hku yu kaji ai. Gumra jawn let ntawng nhtu, n krang kungli ngu ai ndan galoi mung lang ma ai. Sinna na sawk sagawn ai ni tsun yang 1000BC hta ndai amyu ni gaw gumra jawn let ndan gap yang 900 feet tsan ai shara kaw na lama ma hpe n shut nshai aloi sha lu gap hkra ai atsam rawng ai lam tsun dan ai. (Barbarian: Influence of Nomads on Civilization -Gregory G. Guzman Encarta Historical Essay, Microsoft Encarta Reference Library 2004.)
Ndai ni hta wuhpung langai hte langai myit hkrum nhtawm nga lai wa sai majaw Miwa ni a matu hkrit tsang ra dik ai amyu tai wa sai. Dai majaw 220 BC hta Qin Shi Huadi wa gaw Hsiung Nu masha ni a hpyen na makawp maga ra ai majaw Bunghku galu galaw hpang wa masai. Hpa majaw nga yang Ch'in Empire ngu ai "Yellow river" Hka mut hka a hka nam mayan a shim lam hpe hkra shangun wa ai majaw rai nga ai. ( Yongyap & Arthur Cotterell, 1975 "The Early Civilization of China" laika man74)
Miwa mung a Great wall gaw 3000 kilometres galu ai rai nga ai. Ndai aten e gumlau rawt ai ni nga ma ai. Qin Shih Huanti gaw ndai hpe manghkang yan na matu 221 BC hta mungdaw 6 hpe gasat gahkyin kau nna hpyen la 3000,000 (sen masum) shagreng nhtawm Xiongnu Empire hte shi a myit rum mungdan Dong Hu hte gasat lai wa sai.
Xiongnu masha ni hte Wunpawng ni bung ai lam.
-Ndai amyu ni hta Du gyi salang hku nna masha wu hpung hpe up ai.
-Kahpu a gaida hta ai.
-La ni madaw num hpyi wawn ai. Kawa a nta e num hkungran ai.
-Gumra jawn nna majan gasat ram ai.
Tibeto-Burman ni shaga ai ga hta "Gumra" ngu ai gaw Kachin ni tsun shamying ai rai nna ga dingsa majing re ai lam. (Sino-Tibetan: A conspectus. by Paul K. Benedict 1972). Myen mung na Historical Commission ni ka tawn ai. ( Bohmu Bashin, Anawrahta Mataing hmi Myanmar Naingan). Miwa ni a nta wang galaw tawn ai gaw moi na masha chyazai ni hte damya ni hpe makawp maga ra ai majaw dai hku dum nta gap rawng ai lam hpe mu lu ai. Moi jiwa ni mung shang dau dau ai, jun damya mya ai gaw laning mi kalang lahkawng lang galaw ra ai hpe mau mwi hkan dan lai wa sai.
200 BC hta Miwa Hkaw hkam ni ho'ch'in policy ngu ai galaw ma ai. Dai gaw Hkawhkam Han Kao-Tsu gaw Hsiungnu masha ni a lata de shang mat wa ai majaw shaning shagu kumhpa sak jaw (annual gift) sak jaw ai. Hsiungnu Hkawhkam Han miwa shayi tsawm sak jaw ai lam hpe hti lu ai. Dai gaw Han Wu-Ti a prat 141 BC du hkra rai nga ai.
Han- Wu-Ti gaw ndai Hsiungnu masha ni hpe dang kau lu na matu Kasa hkringmang langai mi Changchien hpe central Asia de na masha chyazai hpung mi hte roigau hpyen saw na dat dat ai. Miwa Hkaw Hkam a 'i-i-fa-i' (barbarians to barbarians ) ngu chyazai hpe chyazai hte gasat shangun ai lai lang ma ai. Dai Chanchien hpe Hsiungnu ni 10 ning daram rim kau ai. Dai hpang shi hpe dat dat ai shaloi sinna central Asia Turkey hku Rome du hkra hpaga yum ga mai ai lam shana ai kaw nna hpand daw de North west Silk Road ngu ai lam kaba hpaw nna Roma mare de miwa dut rai ni lairi sumpan ni, lungseng ni dut ai lam rawng nga ai.
AD 9-23 ning hta Han Wu-Ti gaw Hsiungnu ni hpe gasat na matu miwa mung na sut gan law law jasum kau ai majaw mungdan gaw matsan mat wa ai hpe mu lu ai. AD 25-220 Han hkawhkam prat hta Hkawhkam Wang Mang gaw hpyen la 300,000 (sen masum) lahkawn na Hsiungnu ni hpe gasat ai shaloi miwa mung ting na hpri hte jum hpe nationalization galaw nna n-gun kaba dat ai hpe chyelu ai. Jahtum e Hsiungnu ni hpe daw lahkawng garan kau dat lu ma ai. Central Asia na masha zai ai ni hpe ga saw gasat sai. Hsiungnu ni jawn ai gumra gaw Mongolian Pony sha rai nhtawm Central Asia ni na kaga Barbarian ni jawn ai Gumra gaw loi grau galu kaba ai. Northen Hsiungnu hte Southern Hsiungnu ngu garan mat ai. Dingda Hsiungnu ni gaw Han miwa ni hte pawng mat ai. Han miwa ni a galaw lu galaw sha ai lai hkailu hkai sha ai de shang wa ai. Sagu bai nam rem nna Han ni a sun ni jahten ga law ai lam nau n nga mat wa sai. Han miwa ni a num ni hte dinghku de mat wa ai. mare bu ga mung gayau gaya rai nna nga mat wa ai hpe mu lu ai
Dai majaw:
1. Hsiungnu ni Han miwa hpe majan dang ai aten.wa hpe majan dang ai. Nkau mi Uropa de yawng ai. (1000-700 BC).
2. Hka kaba nna sharut gyi kaput ai majaw nkau mi yu hkrat magang ai.. (600 BC)
3. Han miwa ni hte Hsiungnu ni majan byin nna, bunghku galaw ai (great wall) kaw nna hprawng hkrat wa ai. Hsiungnu ni tribal confederacy galaw ai. 220 BC
4. Han miwa ni n-gun ja wa nna Hsiungnu ni n-gun kya mat wa ai.(206 BC-AD 220)
5. Lairi lam (South West Silk road) hpe Sichuan - Boashan-Myitkyina- India lam AD 69 hta Eastern Han dynasty e galaw ai hpaga lam kaba gaw labau hta ahkyak ai kaw rawng nga ai. Ndai lam hkan nna anhte Wunpawng sha ni nkau mi Jinghpaw mungde du wa ai hpe mu lu ai. Sichuan Brocade, Miwa ni galaw ai, Maichyu daw hkrawng, Hpun hte galaw ai dawhkrawng ni, hte lairi hpaga ni nga lai wa sai. Wunpawng sha ni hte lairi mung grai ni nga ai. Bum ga na nu num ni lai chye yaw ma ai. Hka yawng ningchyin hta mung lairi hpaga ga ai lam ni rawng nga ai. Ndan galaw ai ni laihpun kaw na hpung greng ai la nna galaw ma ai. Dai gaw Hsiungnu prat e rai nga ai. Dai ni Nung Rawang Lisu ni law malawng Ndan naw lang nga ma ai.
Hsiungnu masha ni hta e Mongolian masha ni mung lawm ma ai. Shanhte a num wawn num la, ja hpaga lam ni anhte hte ram ram bung nga ai. Dinghku kata e kaji dik ai wa hpe hkring htawng bai dagraw shangun ai lam ni mung anhte hte bung nga ai.
Madi shadaw ai laika ni.
1.Benedict, Paul. K. 1972. "Sino-Tibetan: A conspectus. Cambridge.
2. Hanson, Ola 1912. The origin of Kachins" Burma Reseach Journal, Rgn.
3. Yongyap & Arthur Cotterell, 1975 "The Early Civilization of China" Britain.
4. A Tour to Mysterious Land of Yunnan. Yunnan Tourism company, China
5. Interviewing with Simpson Jame
6. Information from Yunnan Jinghpo literature Committee.
7. HARRY H. STILEMAN wa ka ai "Dawn on the Kachin Hills"

Read more »