နယ်နှင် ဥပဒေ (သို့) နယ်ခြားဖြတ်ကျော်ခြင်းဆိုင်ရာဥပဒေ
( Border Crossing Regulation)
==============================
ယခင်ကာလက(၁၉၅၄ ခုနှစ်ခန့်အထိဖြစ်သည်ဟုသိရသည်) Burma proper ဒေသနေသူများသည် ကချင်၊ ရှမ်း၊ ချင်း၊ ကယားဒေသများသို့ ခွင့်ပြုချက်မပါဘဲ လွတ်လွတ်လပ်လပ်ဝင်ရောက်သွားလာခြင်းမပြုနိုင်ကြချေ။ ခွင့်ပြု ချက်မပါဘဲ ၀င်ရောက်လာလျင် ဥပဒေဖြင့်ပြန်လည်နှင်ထုတ်ခံရ၏။ ၄င်းအား မြန်မာစကားဖြင့်နယ်နှင်ဥပဒေဟုခေါ် ၏။ အင်္ဂလိပ်စကားဖြင့် Border Crossing Regulation ဟုခေါ်၏။
နယ်နှင်ဥပဒေကိုမကြားဖူးသော မြန်မာနိုင်ငံ သား ၉၉ ရာခိုင်နှုန်း ရှိမည် ဟုဆိုလျင်မှားမည်မထင်။ ၄င်းဥပဒေအားဖျက်သိမ်း လိုက် သည်မှာ နှစ် ပေါင်း (၆၀) ကျော်ရှိပြီ ဖြစ်သဖြင့် သိရှိသူအလွန်ရှားပါးနေ မည်ဖြစ် သည်။ ပြည်ထောင်စုမြန်မာ နိုင်ငံမပေါ်ပေါက်ခင် ဗမာပြည် ထောင်၊ ရှမ်းပြည် ထောင်၊ ကချင်ပြည်ထောင်၊ ချင်း ပြည်ထောင်၊ ကယားပြည်ထောင် ဟူ၍တိုင်းပြည် ထောင် အသီး သီးရှိစဉ်က(သို့)ဗြိတိသျှကိုလိုနီခေတ်က၄င်း ဥပဒေအားကျင့်သုံးခဲ့ကြသည်။
ကိုလိုနီဘ၀မ ရောက် ခင်က အထက်ဖော်ပြပါ တိုင်းပြည် ထောင်များ သည်ကိုယ်မင်း ကိုယ့်ချင်းနှင့်နေထိုင်ခဲ့ကြသော တိုင်းပြည် ထောင်များ ဖြစ်ကြသည်။ ရှမ်းဒေသတွင် ရှမ်းပဒေသ ရာဇ် စော်ဘွားများ၊ ကချင်ဒေသတွင် ကချင်ဒူဝါများ၊ ချင်းဒေသ တွင် ချင်းအကြီး အကဲများ၊ ကယား ဒေသတွင် စောဖျာများ၊ ဗမာဒေသတွင် ဗမာဘုရင်များ အုပ်ချုပ် ကာနေ ထိုင်ခဲ့ကြသည်။
ဗမာမင်းအလောင်း ဘုရားသည် အောက်မွန်တို့၏ဒေသအားဖြစ်သောယခုကာလအခေါ်ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့အားတိုက်ခိုက်သိမ်း ပိုက်သည်သာမကရခိုင်ဒေသကိုလည်းသိမ်းပိုက်ခဲ့၏။ ယိုးဒယားအထိတိုက် ခိုက်ခဲ့၏။
ကချင်ဒေသ၊ ရှမ်းဒေသ၊ ကယား၊ ချင်းဒေသများသို့မူမည်သည့်ဗမာမင်း မျှတိုက် ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ ဗမာဒေသ၏ ဗမာ့ ဦးစွန်းဒေသ သည် ရွှေဘိုအ ထက်ကောလင်း တွင်အ ဆုံး သတ်၏၊ ရွှေဘိုဒေ သအား အညှာဒေသဟုသမုတ်၏။
အညှာဆိုသည်မှာ ထိပ်ဆုံး ကိုဆိုလို၏၊ ကချင်ဒေသနှင့် အဝေးကြီးပင်ရှိသေး၏။ လက်ဝဲသုန္ဒရ အမတ်ကြီးအား နယ်နှင့်သောနေရာသည် ဗမာမင်းနေပြည်တော်နှင့် အဝေးဆုံး နေရာ ကချင်အခေါ် မြဲန်ဇာ ( Myen Za) မဲဇာ သို့ဖြစ်၏။ ၄င်းမဲဇာသည် ကချင် မိုင်ရောန်းဒူဝါ နှင့် ဗမာမင်းတို့ တစ်ကြိမ် တစ် ခါတိုက်ခိုက် စစ်ခင်းကြ သည့်နေ ရာဖြစ်၏။ ထို့ကြောင့်၎င်းနေရာအား ကချင် တို့က Myen Za ဟု သမုတ် ၏။
ဘိုးတော်မင်းဘကြီးတော်မင်းများလက်ထက်တွင်စစ်သူကြီးမဟာဗန္ဒုလအားဖြင့်ကချင်ဗမာ ဆက် ဆံရေးရှိခဲ့၏။ ဗန္ဓုလသည် ကချင်လူမျိုးဖြစ်သည်ဟု ငယ်စဉ်က လေး ဘ၀ကပင် ကြားဖူးခဲ့သည်။ ၁၇၉၈ ခုနှစ် ဗမာမင်းအာ သံသို့ စစ်ချီရာတွင် ဗမာမင်း စစ်သည် များကချင်ဒေသသို့ ရောက်ရှိလာကာ ကချင်ဒူဝါများထံနယ်မြေဖြတ် ကျော်ခွင့်နှင့် စစ်ရေးအ ကူအညီတောင်း ခံခဲ့သည်။
ကချင်စစ်သည် ၇၅၀၀ က လိုက်ပါတိုက်ခိုက်ပေးခဲ့သည် ( The making of Burma, By Dorothy Woodman)။ ဒုတိယအကြိမ်မှာ ၁၈၂၂ အာသံသို့စစ်ချီပြန်ရာကချင်ဒူဝါများ ထံအကူအညီတောင်းခံခဲ့ပြန် သည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးဆုံးပြီးနောက် အင်္ဂလိပ်တို့သည်မန္တလေး မင်းနေ ပြည်တော်သို့ရောက်ရှိလာကြတော့သည်။
၁၉၃၆ခုနှစ်တွင် အင်္ဂလိပ်စစ်သံ Capt Hanay နှင့် သာသနာပြု DR. kincaid တို့သည် ဗမာမင်းပိုင်နက် အလွန်ရှိ ကချင်ဒေသသို့စူးစမ်းလေ့လာ ရန်ရောက်ရှိလာ ကြ၏။ ၄င်းတို့ နှစ်ဦးထက်၍ကချင်ဒေသသို့ရောက်ရှိ လာသူမှာ William Cox ဆိုသူဖြစ်ပြီး အာသံဒေသမှ ရောက်ရှိလာ ခြင်းဖြစ်သည်ဟုသိရသည်။ ပူတာအို ဒေသထိရောက်ခဲ့သည်ဟုသိရသည်။
ကချင်လူမျိုးများသည်မည်သည့်ဗမာမင်း၏လက်အောက်မျှမဖြစ်ခဲ့ဟုယခင်ပါလီမန်ခေတ် ကချင် ပြည်နယ်ဝန်ကြီး ဦးဇန်ထဆင် က ၄င်း၏ ဒီမိုကရေ စီပြောင်း
ပြ န်စာ အုပ်တွင်ရေးသား၏။ ထို့အတူ ဦးသန့်ကလည်းဗမာမင်းများ သည်ကချင်လူမျိုးများအားအုပ်စိုးခဲ့ခြင်းမရှိ၊အုပ်စိုးရန်ရည်ရွယ်ခြင်းလည်းမရှိခဲ့ဟုသူ၏ပြည်တော်သာ ခရီးစဉ်စာအုပ် တွင်ရေးသား၏။
အချို့သော ဗမာ့သမိုင်း များတွင် ကချင်ဒေသသည်ဗမာမင်းပိုင်နက်ဖြစ်သည်ဟု လိမ်လည်ရေး သားခဲ့ကြ၏။
အောက်ဗ မာပြည်အား ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် Capt Hannay နှင့် Dr. Kincaid တို့သည် ကချင် ဒေသ သို့ရောက်ရှိ လာရာ ၄င်းတို့ တွေ့ဆုံရသောကချင်လူမျိုး ဟုအမည်မ တွင်သေးသော လူမျိုးများ အား ခင်ဗျားတို့ ဘာလူမျိုးတွေလဲ ဟုမေးမြန်းကြောင်း၊ ၄င်းတို့က လည်း ဂါးခယဲန် Ga Hkyeng ဒေသ မှဖြစ်ကြောင်းပြောဆိုသည်ကို Dr. Kincaid က Kakhyen လူမျိုးဟု မှတ်သားခဲ့သဖြင့် နောက်ပိုင်း တွင် Kakhyen လူမျိုးဟု အမည် တွင်ခဲ့လေ၏။ ( ဂါး=ဒေသ၊ ခယဲန်=အနီ၊ ထို့ကြောင့် ဂါးခယဲန် သည်မြေ နီဒေသဟု အဓိပ္ပာယ် ဖြစ်သည်)။ ၄င်းဒေသသည် ယခု ဆင်ဘိုမြို့ အောက် နားမှာရွှေကူမြို့ နား အထိ ဖြစ်သော ကချင် ဂရား ဒူဝါ Gara Duwa များပိုင်ဆိုင်သည့်ဒေသပင်ဖြစ်၏။
မိမိကိုယ်မိမိခေါ်ဆိုသောအမည်မှာ ဂျိန်းဖေါ Jinghpaw ပင်ဖြစ်၏။ နောက်ပိုင်းတွင် Kakhyen အသံထွက်အား ဗမာ စာဖြင့်ရေး ရာတွင် khyen ဟူသော အသံထွက်အား ဗမာစာ ဖြင့်ရေးမရသဖြင့် ချင် ဖြစ်လာ၏။ ဗမာများက ကချင် ဟုရေးသား၏။ ၁၈၉၀ တွင် အင်္ဂလိပ် စာရေးဆရာ Major EC Brown ဆိုသူက ၄င်းရေးသားသည့် The Great Queen is coming စာအုပ်တွင် ဗမာ အသံ ထွက် ဖြစ်သည့် ကချင် အား အင်္ဂလိပ်စာအားဖြင့် Kachin ဟု အတိအကျရေးသား လိုက် တော့သည်။ ( တောင် ပလိုင်း၊ When we became one ဆောင်းပါး၊ ၁၉၆၈ ခုနှစ် ပြည်ထောင်စု နေ့ အထူးထုတ် လုပ်သား ပြည်သူ့ နေစဉ်သတင်းစာ) ။
ဗြိတိသျှတို့ဗမာမင်းပိုင်နက်အားသိမ်းပိုက်ပြီးနောက်ရှမ်းပဒေသရာဇ်၊ ကချင်ပဒေ သရာဇ်၊ ချင်းပဒေသရာဇ် တို့ပိုင် ဆိုင်သည့် နယ်မြေဒေသ များအားသိမ်းပိုက်နိုင်ရန် ဆက်လက်ချီ တက်လာကြရာ ကချင်တို့သည် ၁၉၂၅ ထိလည်း ကောင်း၊ ရှမ်းတို့သည် ၁၉၁၀ ထိလည်းကောင်း၊ ချင်းတို့သည် ၁၉၁၈ ထိလည်းကောင်းခုခံ တိုက်ခိုက် နေခဲ့ကြ သည်။
ရှမ်းကချင်ချင်းတို့ ခုခံနေဆဲအချိန်တွင် ဗမာဒေသ နေသူတို့သည် ဗြိတိသျှ မင်းအစိုးရ၏ ၀န်ထမ်းများ ပင်ဖြစ်နေကြပြီဖြစ်သည်။ ရှမ်း ကချင် ချင်းတို့၏ ခုခံမှုတွင် မည်သည့် ဗမာမင်းမှုထမ်းနှင့် ဗမာလူမျိုး များကူညီခဲ့ ခြင်းမရှိကြချေ။ အကြောင်းမှာ ဗမာမင်းပိုင်နက်မဟုတ်သည်ကတကြောင်း၊ ဗမာလူမျိုးများနေ ထိုင်ခြင်း မရှိသည်က တစ်ကြောင်းတို့ကြောင့်ဖြစ်သည်။
၁၉၁၀ ခန့်အရောက်တွင် ကချင်ဒေသ၏မြောက်ပိုင်းနှင့် အ နောက်ပိုင်းမှ လွဲ၍ ကျန်ဒေသများအား ဗြိတိသျှတို့ကသိမ်းပြီးနောက် Kachin Hill Tract Manual ပြဌါန်းကာ အုပ်ချုပ်ရေးလုပ်ငန်း စတင်ခဲ့သည်။ ကချင်ဒူဝါများအား မူလအာဏာ အခွင့် အရေးများ ပြန်လည်ပေးအပ်ကာ ဘုရင်ခံမှတိုက်ရိုက် အုပ်ချုပ်သည်။
ရှမ်းပြည်တွင်လည်း Federated Shan Statesဖွဲ့စည်းကာ ရှမ်းပဒေသ ရာဇ်များ အား အာဏာ ပြန်ပေးသည်။ ချင်းဒေသ တွင်လည်း Chin Hills Manual ပြဌါန်းကာချင်းအကြီး အကဲများ အား အုပ်ချုပ် ခွင့်ပြန် ပေးခဲ့ သည်။ ၄င်း ဒေသများအား Frontier Area ဟုတ်သတ်မှတ်သည်။ မာ ဒေသနှင့် နယ်စပ် ဖြစ် သော ကြောင့် ဖြစ်သည်။
ရှမ်းကချင်ချင်း ဒေသများအား တောင်တန်းဒေသများ ဟုခေါ်တွင်ရခြင်းမှာ ၄င်းဒေသများတွင် မြေပြန်အနည်းငယ်သာရှိသောဒေသများဖြစ်ကြသည်။ ဥပမာကချင်ဒေသဆိုလျင်လည်း ဆမားဒူဝါ၊ ဒီန်ရင်ဒူဝါ၊ လဖိုင်ဒူဝါ၊ ဒိုင်ဖါဒူဝါ၊ လဂျောန်ဒူဝါ၊ အနိုင်းဒူဝါ၊ ဂျဆဲန်းဒူဝါ အစရှိသည့်ကချင်ဒူဝါများအုပ်ချုပ်သော ဟူကောင်းချိုင့် ၀ှမ်းနှင့် ဇီးလဖိုင်၊ ၀ါ့ဘော်ဒူဝါများ အုပ်ချုပ် သောသံလမ်း ရိုးတလျှောက်သာလျင်မြေပြန့်အနည်း ငယ်ရှိသည်။
ကချင်ဒေသ၏၉၅ ရာခိုင်နှုန်းသည် တောင်တန်း ဒေ သများသာလျင်ဖြစ်သည်။ ဟူးကောင်း လွင်ပြင်ဒေသ တစ်ခုလုံးသည်လည်း ကချင်ဒူဝါ များ၏အာဏာ စက် အောက်တွင်ရှိခဲ့၏။ ဒိုင်ဖါဒူဝါသည် နာမည်ကျော်ဖြစ်ပြီး စစ်အင်အား အလွန်တောင့်တင်းသော ဒူဝါကြီးပင်ဖြစ်၏။ ယခုစစ်ကိုင်းတိုင်းသို့သွတ်သွင်း ခံလိုက်ရသော နန်းယွန်း ပန်ဆောင် နယ်စပ် ဒေသများ အာလုံး သည် ကချင် ဒူဝါ များပိုင်ဖြစ်၏။
၎င်းဒေသနေ မိုင်းကွမ်း၊ နာဂ၊ ကချင်စသည်တို့အား လုံးသည် ကချင်ဒူဝါ များ၏ အုပ် ချုပ်မှု အောက်တွင်ရှိ၏။ ကချင်ဒူဝါ များအား အခွန်ဆက်၏။
နန်းယွန်းပန်ဆောင်အလွန် ယခုအိန္ဒိယဖက်ခြမ်းရှိအာ သံဒေသ၊ အရူနာချာ ဒေသများ တွင်လည်း ကချင်ဒူဝါများ အုပ်ချုပ်သော ဒေသအများ အပြားပင်ရှိ၏။ ပီဆားဒူဝါမျိုး နွယ်များထင်ရှားကြ၏။ ယနေ့တိုင်၎င်း တို့အုပ်ချုပ် လျက်ရှိ၏။
နှစ်ပေါင်းရာချီ ကချင်ဒူဝါများ၏ ပိုက်နက်ဖြစ်သော နန်းယွန်း ပန်ဆောင်ဒေသ သည် ပါလီမန် ဒီမိုကရေစီခေတ်တွင်လူမှုရေး ကိစ္စတစ်ခုအား အကြောင်းပြုကာနန်းယွန်းပန်ဆောင်ဒေသအားဒီမိုကရေစီမဲအ သာစစ်ကိုင်း တိုင်းအတွင်းသို့သွတ်သွင်း လိုက်ကြ၏။၎င်းဒေသ သည်မည် သည့် အခါမျှ ဗမာမင်းပိုင်ဒေသမဟုတ်ခဲ့။
ယခင်ကာလများတွင်အိန္ဒိယနိုင်ငံ၊ပြည်ထောင်စုမြန်မာနိုင်ငံ ဟုမသတ် မှတ်ရ သေးချိန်တွင် ကချင်ဒေသရှိ ကချင် လူမျိုး များနှင့် အာသံ၊ မဏိပူရ၊ အရူနာချာပရာဒေ့ရှ် ဒေသနေ ကချင် (ဆိန်းဖေါ) လူမျိုးများသည် တံခါးမရှိဓါးမရှိ သွား လာကူးလူးခဲ့ကြသည်။
နိုင်ငံအသီးသီး လွတ်လပ်ရေး ရှိပြီးနောက် ဖြတ်သန်းသွားလာ ခွင့်မ ရှိတော့ချေ။
ဗြိတိသျှတို့သည်တောင်တန်းဒေသများအားသိမ်းပိုက်ပြီးနောက် အုပ်ချုပ်မှု လွယ်ကူစေရန် ရန်ကုန် တွင်ရုံး စိုက် သော ဗြိတိသျှ ဘုရင်ခံ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ထားရှိခဲ့သည်။
နောက်ပိုင်း ဗမာဒေသအား Burma Act (1935) ဖြင့်အုပ်ချုပ်ပြီး တောင်တန်းဒေသများတွင်မူ မပြောင်းလဲဘဲ မူလ အုပ်ချုပ်ပုံအတိုင်း စော်ဘွား၊ ဒူဝါများမှ တဆင့်ဆက်လက်အုပ်ချုပ်ခဲ့၏။ ထို့ပြင် ကချင်၊ ချင်း၊ ရှမ်းဒေသများ သည်ဗမာမင်း ပိုင်မဟုတ်ခဲ့၊တိုင်းပြည် ထောင်များအသီးသီးဖြစ်သဖြင့် နယ်စပ်ဖြတ် ကျော်ခြင်းဆိုင်ရာ ဥပဒေ ( Border Crossing Regulation (or) Frontier Border Rule and Regulation )အားပြဌါန်းထား၏။ ၄င်းဥပဒေအား နယ်နှင် ဥပဒေ ဟုလည်း ခေါ် တွင်၏။
၎င်းဥပဒေအရ ရှမ်း၊ ကချင်၊ ချင်း၊ကယားမဟုတ်သူများသည်တောင်တန်းနယ်ခြား ဒေသဖြစ်သော ကချင်၊ချင်း၊ှမ်း၊ကယားဒေသ(Frontierarea)သို့သွားရောက်မည်ဆိုလျင်နယ်ခြား ဖြတ်ကျော်ခွင့် ကိုတောင်းခံရ၏။ ခွင့်ပြု ချက်မရှိဘဲဝင်ရောက် လာလျင်ပြန်လည်နှင့်ထုတ်၏။ထို့ကြောင့် နယ်နှင် ဥပဒေဟုခေါ်တွင်ခဲ့၏။ ဆိုလိုသည်မှာ ယနေ့မြန်မာပြည်သို့ ဗီဇာမပါဘဲ၊ ခွင့်ပြုချက်မပါ ဘဲ ၀င်ရောက်လာသောတရုတ်၊ ဘင်္ဂါလီများအား ပြန်လည်နှင့် ထုတ်ခြင်း၊ နယ်နှင်ခြင်း (deportation) နှင့်အတူတူပင်ဖြစ်၏။
အထက်တွင် ဆိုသည့်အတိုင်းနယ်ခြားဒေသ၊(Frontier area)ဆိုသည်မှာလည်း ယနေ့ခေါ် ဆိုနေ သော၊ သိမြင် နေရသော တရုတ်နယ်စပ် ရွှေလီ၊ ကန်ပိုက်တည်၊ လွယ်ဂျယ်၊ ကြူကုတ်၊ ထိုင်း နယ်စပ် မြ၀တီ၊ တာချီလိတ်၊ ဘုရားသုံးဆူ)၊ အိန္ဒိယနယ်စပ် တမူး၊ ရိ စသည့်ဒေသများမဟုတ်ချေ။
ကချင်နှင့်ဗမာဒေသ ထိစပ်နေသော ဥပမာ မန်ဝိန်း၊ နန့်ဆီးအောင်၊ ရှမ်းဒေသနှင့်ထိစပ်နေသော ပန်အူလွန်ခေါ် ပြင်ဦးလွင်၊ ရွာငံ၊ ချင်းနှင့်ထိစပ်နေသော ကလေးမြို့ စသည် တို့ကိုဆို လိုခြင်း ပင်ဖြစ်သည်။ ဖြတ်ကျော်ခွင့်ဆိုသည်မှာ ယနေ့ အခေါ်ဖြင့် ဆိုလျင် Visa ပင်ဖြစ်သည်။ လာရောက်သူများသည် passport ကိုင်ဆောင်ရ မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည်ဗြိတိသျှတို့ ပြဌါန်း ခဲ့သော နယ်နှင့်ဥပဒေအား ယနေ့ထိတိုင်အောင်ကျင့်သုံး လျက်ရှိသည်။ ယနေ့အိန္ဒိယနိုင်ငံ ၏နာဂ၊ အာသံ၊ အရူနာချုာ၊ မဏိပူရ်၊ မီဇို၊ တြိပူရ၊ မီဂလာယာ၊ စသည့် ၏အရှေ့မြောက်ဒေသ စတိတ်များသည် မူလကပင် ဟိန္ဒူ အနွယ်များမဟုတ်ဘဲ မွန်ဂိုလွိုက်အနွယ်များဖြစ်ကြသည်။
ဗြိတိသျှ အုပ်ချုပ်မှုကြောင့် အိန္ဒိယတိုက်ငယ်တွင် ထည့်သွင်း ခဲ့သည်။ ထို့ကြောင့် လူဦးရေများသော ဟိန္ဒူများ သည် လူဦးရေနည်းပါးသော မွန်ဂိုလွိုက်အနွယ် ၀င်များအား လူဦးရေဖြင့် ၀ါးမြိုသွားခြင်းမဖြစ်စေရန်လည်းကောင်း၊ ၄င်းတို့၏အကျိုးစီးပွားကာ ကွယ်ပေးရန်အ တွက်သော်လည်းကောင်း နယ်နှင်ဥပဒေကိုပြဌါန်းကျင့်သုံးရာ ယနေ့ အထိလည်း ကျင့် သုံးနေကြဆဲဖြစ်သည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးယူမည်ပြုစဉ် ၄င်းအရှေ့မြောက်ဒေသ များ နှင့် ပတ်သက်၍ နယ်နှင်ဥပဒေကိုလိုက်နာကျင့်သုံးပါမည်ဟု သဘောတူခဲ့ရကြောင်းလေ့လာ မှတ်သားရသည်။ ဗမာနှင့်ပြည်ထောင်စုဖွဲ့ရန်သဘောတူညီချက်တွင်လည်း ၄င်းကတိက၀တ်များအားလုံးပါဝင်ပြီးသားဖြစ်၏။
နယ်နှင်ဥပဒေမပြဌါန်းခဲ့လျင် လူဦးရေသန်းထောင်ကျော်ရှိပြီးလူဦးရေပေါက်ကွဲနှုန်းမြင့်မားပြီးစီးပွားရေး အရအခက် အခဲဖြစ် နေသောအောက်ခြေလူတန်းစားဟိန္ဒူများဝင်ရောက်လာမည်ဆိုပါက၄င်းဒေသနေမွန်ဂိုလွိုက်အနွယ်များ သည်ခဏ တွင်းချင်း ပြောက်ကွယ်သွား မည်မှာ သံသယဖြစ် စရာအ ကြောင်းမရှိချေ။
ဗြိတိသျှတို့အုပ်ချုပ်ခဲ့သောBritish-Burma colonyတွင်လည်း ၄င်း border crossing regulation ကိုကျင့် သုံးကြသော်လည်း “ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ထားစဉ် နယ်စပ်ဖြတ် ကျော်ခွင့်ဥပဒေအား ဂျပန် စစ်တပ်မှ ရုပ်သိမ်းလိုက်ရာ အထူးသဖြင့် ရှမ်းပြည်နှင့် ဗမာပြည်တို့၏ ကူးလူးဆက်ဆံမှုများပြားခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ စ-၆၃ တွင်ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် ဦးသန့်ရေးသားသည့် ပြည်တော်သာခရီးစဉ်စာ အုပ်တွင်လည်း“၄င်းနယ် နှင့်ဥပဒေသည် တိုင်းရင်းသားစည်းလုံး ညီညွှတ် မှုကို ပျက်ပြားစေသဖြင့် ရုပ်သိမ်းလိုက်သည်” ဟုတွေ့ရသည်။ တိုင်းရင်းသားများ မည်မျှိုးအသည်ဆိုရာတွင်၎င်းဥပဒေကိုရုပ်သိမ်းလိုက်သည်ကိုပင်မသိရှိလိုက်ကြချေ။
ယခင် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွတ် မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ၄င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင်ရေး သား ထားသော ပင်လုံဆိုသည်မျာ (၅) တွင် “ ပြည်မ နဲ့ကူးလူး ဆက်ဆံခွင့်ကို ထိန်းချုပ်ထား တဲ့အတွက်ပင်လုံ ညီလာခံကျင်းပချိန်အ ထိ တောင် တန်း ဒေသတွေမှာဖဆပလ အဖွဲ့တွေမဖွဲ့နိုင်သေး ဘူး“ ဟူ၍ဖြစ်သည်။
အမှန်တွင်ကူးလူးဆက် ဆံခွင့်အား တင်ကြပ်ထားခြင်း မဟုတ်၊ ပြည်ထောင်တိုင်းနိုင်ငံသီးခြား ဖြစ် သဖြင့် ပြဌါန်းထားသော နယ်နှင် ဥပဒေပင်ဖြစ်၏။
တောင်တန်းဒေသနှင့်တောင်တန်းသားများသည် Burma Properတွင် မပါ ၀င်သဖြင့်ဖဆပလ နှင့်သက် ဆိုင်ခြင်းမရှိခဲ့။ မည် သည့်တောင်တန်း သားများ မှလည်းဖဆပလ အဖွဲ့တွင်ပါဝင်ရန် စိတ်ကူးပင်မရှိ ချေ။ ဖဆပလ အဖွဲ့ဖွဲ့ရန်လည်းမလိုအပ်၊ သိလည်းမသိ၊ အဘယ့်ကြောင့် ဆိုသော် ဗမာပြည် ထောင်သားများဖွဲ့စည်းထားသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ချင်းပြည်ထောင်၊ ကယားပြည်ထောင်တို့နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိသဖြင့်ဖြစ်သည်။
၎င်းဥပဒေအားဖျက်သိမ်းလိုက်ခြင်းသည်မြေဆီမြေနှစ်ပြည့်ဝပြီး၊သယံဇာတပေါကြွယ်ဝသည့်နယ်ခြား ဒေသများ ဖြစ်သော ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်၊ ကယားပြည် များသို့ Non-Shan, Non-Kachin,Non-Chin,Non-Kayahအခြားလူမျိုးများအားတံခါးမရှိဓါးမရှိဝင်ရောက်အခြေချနေထိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး၊ ဌာနေ ဒေသခံများအား လူဦးရေ အရအသာစီးယူကာဒီမိုကရေ စီစံ နစ် ဖြင့်ငါတို့ကလူများစု ဒါကြောင့်ငါတိုက ပိုင်တဲ့မြေ၊ မင်းတို့ကလူနည်းစုဟုကြွေး ကြော်ရန်အတွက် အကွက်ကျ ကျပြုလုပ်ထား သော စီမံချက်ပင်ဖြစ်လေတော့သည်။
နယ်နှင်ဥပဒေ ကျင့်သုံးသော ၁၉၁၀ ကာလ၀န်းကျင် တွင် မြစ်ကြီးနား တစ်ခရိုင်လုံး ရှိ အောက်အ ရပ်မှ ဗမာစကား ပြောသူအရေအတွက်မှာ ၅၀၀၀ ကျော်ခန့်သာရှိသည်ဟု Myitkyina Gazetteer တွင်ရေးသား ထားသည်။
ထိုစဉ်ကမြစ်ကြီးနားခရိုင်ဆိုသည်မှာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ကားမိုင်း၊ ၀ိုင်းမော်၊ ဆဒုံး၊ ချီဖွေ၊ လောခေါင် စသည့်ဒေသ တစ်ခုလုံးအားဆိုလိုခြင်းပင်ဖြစ် ကြောင်းသိရသည်။
၎င်းဗမာစကားပြောသူများမှာလည်း မန္တလေး မြစ်ကြီးနားရထားလမ်း ဖောက် လုပ်ရာ တွင်ရောက် ရှိလာသော အလုပ်သမားများ၊ စတီးလ် ဘရားသား သစ်ထုတ် ကုမ္ပဏီ ၏အလုပ်သမားများ၊ဗြိတိသျှအားစစ်ရှုံးသဖြင့်ကချင်ဒူဝါများထံထွက်ပြေးခိုလှုံလာကြသောဝန်းသိုစော် ဘွား ဦးအောင်မြတ်၏နောက် လိုက်များပင်ဖြစ်ကြကြောင်းရှေ့မီနောက်မီကချင်လူကြီးများကဆိုကြသည်။
ဦးအောင်ဆန်းနှင့်ကတိပြုခဲ့ကြသည့်ပင်လုံစာချုပ်အတိုင်း “ ခင်ဗျားတို့ ကချင်ဒေသကို ခင်ဗျားတို့ကဘဲစီမံ အုပ် ချုပ်ရ မှာဖြစ်တယ်“ဟုပြောခဲ့သော ကတိကိုယုံကြည်သဖြင့် ဘားမားဖယ် ဒ ရေးရှင်းတွင် ၀င်ပါခဲ့ရာ၊ ကချင်လူမျိုး များ၏ သဘောဆန္ဒ မပါဘဲ နယ်နှင်ဥပဒေကိုဖျက် သိမ်းလိုက် သဖြင့် ယခုအခါ မြစ်ကြီးနားခရိုင်တွင် ကချင် လူမျိုးများ သည် လူနည်းစု ဖြစ်သွားလေတော့သည်။
ထို့အတူ ရှမ်းပြည်သည်လည်း ကချင်နည်းတူ အခြား လူ မျိုးများ၏ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်သည့်ရှမ်းပြည်ကြီးဖြစ်လာလေတော့သည်။
လွန်ခဲ့သောဆယ်နှစ်ခန့်ကမြစ်ကြီးနားမြို့၊မြို့တော်ခန်းမတွင်ကျင်းပသည့်အစည်းအဝေးတစ်ခု၌ နိုင်ငံတော် အ ဆင့်ပုဂ္ဂိုလ်တစ်ဦး ပြောသွားသည်မှာ “ ကချင်ပြည်နယ်သာဆိုတယ်၊ ကချင်လူမျိုးက ၃၀ ရာခိုင်နှုန်း ဘဲရှိတယ်” ဟု ပြောဆိုခဲ့သည်ဟုဆို၏၊ ဆိုလိုသည်မှာ ကချင်တွေနဲ့မဆိုင် ဘူး ဟုမပြောရုံတ မယ်သာလျင်ဖြစ်၏။ မည်သည့်အ တွက်ကြောင့် ၃၀ရာခိုင်နှုန်းဖြစ်ရသနည်း၊ အဖြေမှာရှင်းရှင်းလေးရှိသည်။
နယ်နှင် ဥပဒေအား ဖျက်သိမ်းလိုက်သော ကြောင့်ပင်ဖြစ်သည်။ လွတ်လပ်ရေးမရခင် ၁၉၄၇ စာရင်းအရ ကချင်ပြည်တွင် ကချင်ဦးရေ ၆၀ ရာခိုင်နှုန်း ခန့်ရှိပြီးဖြစ်သည် ( အနောက်ဖက်ဟူးကောင်းဒေသ၊ မြောက်ဖက် တြိဂံဒေသ မှ ပူတာအိုနယ်အဆုံး မပါဝင်သေး သော လူဦးရေစာရင်း)။ နယ်နှင်ဥပဒေအား မဖျက်သိမ်းခဲ့လျင် ကချင်ဦးရေသည် ၇၀ ရာခိုင်နှုန်းရှိမည်မှာ သံသယဖြစ်စရာအကြောင်းမရှိ။
လွတ်လပ်ရေးရကာစက ကချင်စ တိတ်တွင် တရုတ်လူမျိုးဥိးရေ ၇၀၀၀ ခန့်သာရှိ ခဲ့သော်လည်း ယခုအခါ တစ်သိန်းကျော်နြေ ပီဖြစ်ကြောင်း ပြောဆိုနေကြသည်။ ဒီမိုကရေစီဆိုသော စကားလုံးဖြင့် မနေ့တနေ့ကမှရောက်လာသော ခါတော်မီ ၊ ကယ်ပါ များ၏ဦးရေ သည် ဒေသခံများ ထက်ပို၍ များပြားကာ ၄င်တို့၏ မဲအသာဖြင့် မူလဒေသပိုင်ရှင်များအား ဧည့်သည် အဖြစ်သတ်မှတ်ရန် ကြိုးစား နေကြ တော့သည်။
ဗြိတိသျှတို့မရောက်မီက သက်ဆိုင်ရာကချင်ဒူဝါများမှ အုပ်ချုပ်ခဲ့၊ ဗြိတိသျှတို့ရောက်လာပြီး နောက်တွင်လည်း Kachin Hill Tract ဥပဒေပြဌါန်းပေးကာ ယခင်ကအတိုင်းအုပ်ချုပ်ခဲ့ ကြ၏။
ဘားမားဖယ်းဒရေးရှင်း တွင်ပူးပေါင်းပါဝင်ရန် ဦးအောင်ဆန်းကတိပေးရာတွင် “ လွတ်လပ်ရေးရပြီး အင်္ဂလိပ်ပြန်သွားရင်၊ အင်္ဂလိပ်နေ ရာမှာဗမာတွေအစားထိုးပြီးဗမာတွေစိုးမိုးသွားလိမ့်မယ် ဆိုတဲ့သံသယရှိလိမ့်မယ်၊ အဲသလိုမဖြစ် အောင်ဆောင်ရွက် ပေးမယ်၊ ခင်ဗျားတိုကကချင်လူထု စိတ်ကြိုက်၊ ခင်ဗျားတို့လူမျိုးထဲက ရွေးချယ်ပြီး မိမိလူမျိုးနှင့် မိမိအုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရမယ်၊ပြည်ထောင်တွေ သတ်မှတ်ပေးမယ်၊ ဒါ့ကြောင့်ခင်ဗျား တို့အနေနဲ့ယုံယုံကြည် ကြည်ကျွန်တော်တို့နဲ့ပေါင်းပြီး လွတ်လပ်ရေးရ ယူရအောင်”ဟုပေးခဲ့သောကတိပြုခဲ့သည့် ပင်လုံ ကတိ၏နေရာ တွင်မနေ့တနေ့မှရောက်လာ သူများနှင့်တကူးတကရောက်လာ သူများကဒေသခံများ၏အခွင့်အရေးများနှင့် ကိုယ် ကျိုးစီးပွားများကိုသိမ်းကြုံးရယူကာကချင်အမျိုးသားများသည်လည်းကချင်တိုင်းရင်းသားများဖြစ်သွား လေတော့ သည်။
လွတ်လပ်ရေး ရပြီးနောက် လူမသိသူမသိဖျက်သိမ်းလိုက် သည်ဆိုသောနယ်နှင် ဥပဒေ ၏ရလဒ်ကာ ယနေ့ ရှမ်း ပြည်၊ ကချင်ပြည်၊ကယားပြည်တို့တွင်လူမျိုးခြားများအများအပြားဝင်ရောက်လာခြင်း ကြောင့်အထူးသဖြင့် ရှမ်းနှင့် ကချင်လူမျိုးတို့သည်၎င်း ၏ဆိုးဒဏ်များအား ခံစားနေကြရ ပြီဖြစ် သည်။
၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံ ကတိက၀တ်အတိုင်းဆိုလျင် ရှမ်း၊ ကချင်၊ ချင်း၊ ကယား တို့သည် ခွဲထွက်ခွင့် ရှိပြီးသားလူမျိုး များဖြစ်ကြသည်။ သို့သော်မည်သူမျှခွဲထွက်မည်ဟုမဆိုကြ။
၁၉၄၇ ကတိက၀တ်တွင် မိမိကြမ္မာ မိမိဖန်တီး ခွင့်ရှိပြီးဖြစ်သည်။ ဖယ်ဒရယ်ပြည်ထောင်စုပြန်လည်အကောင်အထည်ဖော်ခဲ့လျင်တိုင်းရင်းသားများဖက်မှ၎င်းကတိအတိုင်းမိမိကြမ္မာမိမိဖန်တီးပြီးယခင်ကရှိခဲ့ပြီးသောနယ်နှင်ခြင်းကဲ့သို့သောဥပဒေများအားပြန်လည်အသက်သွင်းမည်ကိုအမျိုးသား ရေးဟု ကြွေးကြော်နေကြသောဗမာခေါင်းဆောင်အချို့အနေဖြင့်(အားလုံးကိုမဆိုလိုပါ)အလွန်စိုးရိမ်နေကြမည်မှာ သံသယ ဖြစ်စရာအကြောင်းမရှိချေ။
မှတ်ချက်။ ။ဤဆောင်းပါးအား ပြည်ထောင်စုစိတ်ဓါတ်မရှိ၍ ရေးသားခြင်းမဟုတ်ပါ၊ ပြည်ထောင်စုစိတ် ဓါတ်မရှိသူများ၏ စနစ် ဆိုးကြောင့်ပင်လုံကတိက၀တ်ကို ချေဖျက်လိုက်ကြသဖြင့် ရှမ်း၊ ကချင်လူမျိုးများအဓိက ကြုံတွေ့နေရပြီဖြစ်သည့်ပြသနာအကြောင်းတရားများနှင့် ပယ်ဖျက်၊ ကွယ်ဝှက်၊ တိမ်မြှုတ် နေသော သမိုင်း ကြောင်း အားတင်ပြ ခြင်းဖြစ် ပါသည်။