Thursday, July 28, 2016

JAHTAWNG HTU AI NGU AI HPA RAI TA?


Ngai gaw nye a nta nhku e mung, nye a bunghku ni a kata e mung, kashu kasha hta grau hpu nna dum mai ai amying shingteng, shanhte hpe jaw na nngai; n hten n run ai, htani htana amying shingteng ngai shanhte hpe jaw na nngai.
(Esaia 56 : 5)
Jahtawng htu ai ngu ai a lachyum madung gaw Amying shingteng jaw shamying shagrin masat da ai lam rai nga ai. (NN 2:19) Karai Kasang mung shi hpan da ai tu matu hkrung mahkrung ma hkra hpe amying shingteng jaw da ai hpe mu mada lu nga ai.
Chyurum Wunpawng myu sha ni gaw Yesu Hkristu a kabu gara shiga hpe n na ga n lu la shi re aten kaw nna nan Karai masa makam kumla amyu myu hpe hkan nang hkan sa nna shadan dan let pra hkrat wa ai re hpe labau maumwi mausa ni law kaw hta mu mada lu nga ai.
Ya ndai Jahtawng htu ai lam hta e galaw jai lang ai myu 3 re. Jum / Shanam / Shan chyahkraw ni hpe kaihtum kaw bang da nna shaman mang gala ga tsun let htu ya ai hku re. Dum ra ai lam langai mi gaw num kasha ni hpe rai yang Nga Shan chyahkrawn re sha, Ngar (gaitsu) chyahkraw hte htu ai nga nna htunghking matsun laika hkan e ka da nga ai.
Jum a lachyum
=========
Na na hkam ai, n yet n hten ai, Sadi dung ai, Shum ai mu ai namchyim shabyin ai, Shan mu ai n re Jum mu ai she re. Hpraw san tsawm ai.
Shanam
=====
Tuk balen gung lawm ai lusha, lu shut sha shut re lam n nga na matu, Shi a sama ni hpe n kaja ai chyasam nat (Evil spirit) ni hkrit ai, Daru magam shingkang lawm ai.
Mu ai namchyim hpe shabyin ya ai.
Shan Chyahkraw / Ngar gaitsu chyahkraw
========== ==============
La kasha hpe gaw Nga shan, Num kasha hpe gaw Ngar gaitsu rai ra ai, Nga gaw n-gun ja ai, Atsam rawng ai, Asai hte asak hkrung ai hkungga kaba re majaw manu dan ai. Num kasha ni gaw mayat maya ra ai majaw, ngar zawn adi law kaw di asi law law si wa u ga nga myit mada let lachyum shapraw nna galaw ai lam rai nga ma ai.
Mying ningsang 3 lachyum 3 Kawa Kasha Chyoipra ai Wenyi a gawng malai lachyum hte galaw ai lam mung rai nga ai.
Hpa majaw ndai hku galaw ra ai ni nga yang, Ma shangai yang kanu kawa ni kabu ai hta grau nna kashu kasha n chye shangai ai NAT chyasam ni grau kabu nna amying shingteng jaw lawm na matu nta wang grup grup e sa la taw nga nga rai ma ai da. Dai majaw Shanam bang ai re da. Anhte mung shangai ai hte kalang dat ndai ni hpe jai lang nna lawan wan amying shingteng jaw masat dat ai lam hpe galaw hkrat wa ga ai hku re.
Ya daini Yesu hpe kam ai Hkristan prat hta mung (Bu hkawm 6 : 22 - 27) kaw rawng ai shaman ga hpe mung tsun, Akyu mung hpyi re hku mai galaw re ngu nna tang madun dat nngai law.
Esaia 40:26
26 Matsaw ntsang de mada yu mu: dai hte hpe hpan da ai wa gaw, kadai rai ta? shi gaw de a wunawng wuwa ni hpe nambat hte shapraw nna, yawng hpe amying shamying wu ai: shi gaw daru magam chyalai hte n-gun atsam rawng ai majaw, langai mi pyi yet lu ai n rai.
Chyeju kaba sai
Namhkai Hka
Like
Comment

Read more »

Tuesday, July 26, 2016

မျက်နှာစုံညီအစည်းအဝေးကြီး တက်ရောက်ရန် သျှမ်း အင်အားစုများ မိုင်ဂျာယန်သို့ ရောက်ရှိ



သျှမ်းသံတော်ဆင့် - စိုင်းအောင်ဆိုင်း
ဂျူလိုင် ၂၅ ရက် ၂၀၁၆
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင်ပြု လုပ်ကျင်းပမည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီ အစည်းေ ၀းကြီး တက်ရောက်ရန် သျှမ်းအင်အားစုများသည် ယနေ့ ဂျူလိုင်လ ၂၅ ရက်နေ့ တွင် မိုင်ဂျာယန်သို့ ရောက်ရှိလာကြသည်။
သျှမ်းအင်အားစုများဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းတပ်မတော် ၊ သျှမ်းပြည်ပြန်လည် ထူေ ထာင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ( တောင်ပိုင်း ) ၊ သျှမ်း အမျိုး သမီးများ လှုပ်ရှားမှုကွန်ယက်မှ ကိုယ်စားလှယ်အချို့သည် မိုင်ဂျာယန် သို့ ရောက်ရှိနေခြင်းဖြစ်သည်။
“ကျနော်တို့က အားလုံးအတွက် လမ်းကြောင်းတစ်ခုပေါ် လာမလားဆိုပြီး လာတာပါ။ အသေးစိပ်ဘာဆွေးနွေးမယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” - ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်စိုင်းထူးမှ ဦးေ ဆာင်လာခဲ့ပြီး ၊ RCSS/SSA ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စ၀်ပေါင်ခေးမှ ဦးဆောင်လာခဲ့သည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညꨮန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ်ပါတက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်ေ ရး လှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည်။ ကျားဖြူပါတီ ပါဝင်နေေ သာ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညꨮန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ်ပါတက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်ေ ရး လှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည်။ ကျားဖြူပါတီ ပါဝင်နေေ သာ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည်။
ဓါတ်ပုံ- မိုင်ဂျာယန်ရောက် SSPP ကိုယ်စားလှယ်တော်ကြီး ဗိုလ်ချုပ်စိုင်းထူး
Like
Comment

Read more »

မိုင်ဂျာယန် အစည်းအဝေးတွင် ပြည်တွင်းစစ်ပြဿနာများ အဖြေရှာမည်

 Seng Jaw's post.
Just now
Seng Jaw

NMG
၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်တွင်း စစ်ပြဿနာများကို အဖြေ ရှာရန် ဆွေးနွေးသွားမည်ဟု အိမ်ရှင်ဖြစ်သူ ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကပြောသည်။
တိုင်းရင်းသားဒေသတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ပြဿနာများကို အဖြေရှာမည့် နည်းလမ်းအား အစရှာသည့် ပထမအဆင့် ဖြစ်သည်ဟု ကေအိုင်အို ဗဟို ကော်မတီဝင် အတွင်းရေးမှုး ဦးလနန်မှ ပြောသည်။
“ဒီဆွေးနွေးပွဲကတော့ အဓိကကတော့ကျနော်တို့က ပြည်တွင်းစစ်ရဲ့ အခြေခံအကြောင်းတရားပေါ့နော နိုင် ငံရေးပြဿာနာ ကို ဖြေရှင်းမဲ့ နည်းလမ်းကို အစရှာတဲ့ စပြီးတော့ ရှာတဲ့ ပထမအဆင့် လို သာ ပြောဆို လို့လည်း ရတယ် ဒီအဆင့်ထဲကနေ ပြီးတော့ အဆင်ပြေပြေနဲ့ ကျနော်တို့က ပြဿာ နာကို ဖြေရှင်းသွားမယ် ဆိုရင် နောင် တစ်ချိန် မှာနေ နို်င်ငံရေးပြဿာနာအားလုံးဟာ ပြေပြေ လည် လည် ဖြစ်သွားနို်င်တယ်။ အဲဒီခါကျမှ နိုင်ငံရေး တည်ငြိမ် မှုပေါ့နော နိုင်ငံအေးချမ်းမှုဟာ တစ်ဆင့် တက်ပြီးတော့ ပေါ်လာမယ်လို့ယုံကြည်တယ်”
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာဖွဲ့စည်းအချုပ်ပုံ အခြေခံမူသဘောထား ရပ်တည်ချက်နှင့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်ပါတဲ့ ဆုံးဖြတ်ချက်၇ ချက်ကို တင်ပြ သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြု လုပ်ခဲ့သည့် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မိုင်ဂျာယန်အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်ကြားထားကြောင်း KIO ဗဟိုကော်မတီဝင် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ မိုင်ဂျာယန်တွင်ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှ ဒုတိယနှစ် ကျောင်းသား မိုင်းထွန်းမြင့်က သူ့ရဲ့ မျှော်လင့်ချက်ကို ယခုလိုပြောသည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတခုအနေနဲ့ federal constitution ဖြစ်ဖို့လည်း အများ ကြီး မျှော်လင့်ထား တယ်ပေါ့။ နောက်ပြီးတော့ frame work နဲ့ ပတ်သက်ပြီးတော့ လည်း ပြန်လည်သုံးသပ် မယ်လို့ ကြားထားတယ်။ အဲ့လို Frame work ပြန်လည် သုံးသပ်တဲ့အခါ အခက်ခဲတော့ အများကြီးရှိတာပေါ့။ အကောင်းဆုံး အခြေအနေဖြစ် လာဖို့ မျှော်လင့်တယ်။ ပြီးတော့NCA စာချုပ်ကလည်း အားနည်းချက်တွေ ရှိ တယ်ပေါ့ ဒီမှာက တိုင်းရင်းသား အား လုံး ဆွေးနွေးညှိနှိုင်းမယ်လို့ သိရတယ်ပေါ့။ အဲ့ဒီဟာ ကလည်း အကောင်း ဆုံး အဖြေတခု ထွက်လာမယ် လို့ မျှော်လင့်ထားတယ်ပေါ့။”
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ၄ ရက်ကြာကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေး ထိုးထားသည့် အပစ်ရပ် ၈ဖွဲ့မှ ကိုယ်စားလှယ်များ လည်း တက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားအားလုံး ပါဝင်ရန်နှင့် နိုင်ငံ ရေးဆွေး နွေးပွဲမှ တဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သွား ကြရန် ဇူလိုင်လ ၁၈ရက်မှ ၂၀ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သည့် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၈ ဖွဲ့၏ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့တွင်တစ်ကြိမ်၊ ကရင်ပြည်နယ် လော်ခီးလာတွင် ၂ ကြိမ်၊ UWSA ဌာနချုပ် ပန်ဆန်းတွင် တစ်ကြိမ် နှင့် ယခု ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တစ်ကြိမ် အဖြစ် ပဉ္စမအကြိမ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။
ဓါတ်ပုံ=ဧရာဝတီ

Read more »

မိုင်ဂျာယာန် ရောက် တိုင်းရင်းသားခေါင်းဆောင်များအားကြိုဆိုသည့်ရုပ်သံ


Mai Ja Yang,ညီလာခံ သို့တက်ရောက် လာကြသော မြန်မာ
ပြည်ဆိုင်ရာUN,အထုးကိုယ်စားလှယ် နှင့် တိုင်းရင်းသားခေါင်း
ဆောင်ကြီးများအားကြိုဆို သည့်မြင်ကွင်း နှင့် ဆွေးနွေးပွဲ 
ခန်းမပြင်ဆင်နေမှူအခြေအနေ။
25,7,2016@
Mai Ja Yang

By seng jaw fb
click on video
https://www.facebook.com/lachid.kachin/videos/1061983073897845/

Read more »

Sunday, July 10, 2016

ကချင်ရိုးရာ မနောပွဲ ကျင်းပခြင်းနှင့် ကချင်လူမျိုးနှင့် ကချင်သမိုင်းကြောင်း အပြည့်အစုံ


■■■■■■■■■■■■■■■■■■■■■■■■
"ကချင်ပြည်က မနောပွဲ"
.
မနောပွဲသည် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်လူမျိုး (ဂျင်းဖော) တို့၏ ရိုးရာယဉ်ကျေးမှု့ ပွဲတော်တစ်ခုဖြစ်သည်။ ရှေးအယူအဆအရ နတ်တို့ကို ယုံကြည်ကိုးကွယ်ကြသည့်အလျှောက် မနောပွဲသည်လည်း ရိုးရာနတ်တို့ကို ပူဇော်ဆုတောင်းသည့် အနေနှင့် နှစ်စဉ်ကျင်းပသော နာမည်ကျော်ပွဲတော်တစ်ခုလည်း ဖြစ်သည်။ မနောပွဲကိုနှစ်စဉ် ဇန်န၀ါရီလ ၆ ရက်မှ ၁၁ ရက်အတွင်း ကျင်းပကြခြင်းဖြစ်ကာ အဓိကအားဖြင့် မနောပွဲ(၅)မျိုး ရှိသည်။ 
.
ပဒန်မနော(Padang MaNaw) - စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။
ဆွတ်မနော(Sut MaNaw) - ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။
ဂျူမနော(Ju MaNaw) - မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။
ဂွမ်ရမ်မနော( Gumran MaNaw) - အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
ရှဒပ်မနော(Shadip MaNaw) - နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
တို့ဖြစ်ကြသည်။ 
.
ယခင်က မနောပွဲကို ဒူဝါးကြီးများကသာ ကြီးမှုးကျင်းပပေးခဲ့ပြီး ကုန်ကျစရိတ်ကြီးမြင့်လာမှု့နှင့်အတူ ယခုအခါ ကချင်ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပပေးလျှက်ရှိသည်။ ယခင်ကပူတာအိုတွင် ကျင်းပသော်လည်း ယခုအခါ မြစ်ကြီးမားမြို့ရှိ မနောကွင်းတွင် ကျင်းပသည်။ ကချင်ပြည်နယ်တွင် မနောပွဲအပြင် ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ နတ်ပူဇော်ပွဲ စသည့်ပွဲလမ်းသဘင်များကိုလည်း ကျင်းပလေ့ရှိကြသည်။
ကချင်လူမျိုးတို့ပြုလုပ်ကြသည့်ပွဲများ
အနက် အကြီးကျယ်ဆုံး၊အခမ်းနားဆုံး၊
ရှေးအကျဆုံး၊ပွဲကြီးဖြစ်
သောမနောပွဲတော်ကြီးကို ဇန်န၀ါရီလ (၅)ရက်နေ့တွင် စတင် ကျင်းပလေ့ ရှိကြသည်။
ကောက်သစ်စား အိမ်သစ်တက်ပွဲများကို နှစ်ရက် သုံးရက်သာပြုလုပ်ကြ
သော်လည်း မနောပွဲကို အနည်းဆုံး လေးရက်မှ ရှစ်ရက်အထိ အကြီးအကျယ်ကျင်းပလေ့ရှိသည်။ မနောအက
သည် မဒိုင်နတ် (ကောင်းကင်နတ်) ကိုပူဇော်သော အကဖြစ်ပြီး ဘိုးဘေး၊ ဘီဘင် အဆက်ဆက် မဒိုင်နတ်ကို
ကိုးကွယ်သူတိုင်းကျင်းပနိုင်သည်။
မနောပွဲကျင်းပရန် ကုန်ကျစရိတ်မှာ ကြီးလွန်း၍ သာမန် လူများအပြင် ဒူဝါ
များပင်လျှင် ကျင်းပရန် အခက်အခဲများ ရှိပြီး ရှေးအခါ ဒူဝါကြီးများက မိမိအုပ်ချုပ်သည့် သက်ဆိုင်ရာနယ်မြေ
အလိုက် ကျင်းပလေ့ရှိကာ မနောပွဲကြီး ကြီးကြီးကျယ်ကျယ် ကျင်းပပေးနိုင်ခြင်း မရှိသော ဒူဝါများကို အုပ်ချုပ်
ခံ နယ်သူနယ်သားများက အကြည်ညိုယုတ်လျော့ကာ ဒူဝါ၏ အာဏာ မှာလည်း မှေးမှိန် သွားတတ်သည်။
ထို့ကြောင့်ဒူဝါများကလည်း မနောပွဲကျင်းပပေးနိုင်ရန် နှစ်ချီ၍ ပြင်ဆင်ကြသည်။ ဒူဝါများအနေနှင့်လည်းမိမိအုပ်
ချုပ်သည့် နယ်မြေမှ လူမျိုးပေါင်းစုံ ၊ အနွယ်ပေါင်းစုံကို တစ်စုတစ်ဝေးတည်း တွေ့မြင့်ရသည့်အပြင် ၎င်းတို့၏
သဘောထားကိုပါ အနီးကပ်လေ့လာနိုင်သောကြောင့် ၊ စည်းရုံးရေးတွင် များစွာအထောက်အကူဖြစ်သည်။နှစ်
စဉ်ကျင်းပလျှက်ရှိသော မနောပွဲများကို တစ်နှစ်တစ်ခါသာ ကျင်းပရမည်ဟု သတ်မှတ်ချက်မရှိပေ။ထိုနယ်မြေ
ကို အုပ်ချုပ်သော ဒူဝါက လုပ်သင့် သည်ဟု ယူဆပါက အချိန် အခါအလိုက် ကျင်းပကြသည်။ မနော အကကို
နတ်မင်းများက စတင်ကကြသည်ဟု သိရသည်။ ထိုအကကို ကောင်းကင် ယံတွင် ပျံသန်း ကျက်စား လျက်ရှိ
သော ငှက်များက လေ့လာခွင့်ရရှိခဲ့သည်။ ထိုအကကို တတ်မြောက်သောအခါ ငှက်တို့က မနောအက ကိုစနစ်
တကျကပြ၍ ညောင်သီးစား၍အကအကြောင်းပြောဆိုသည်ကိုငှက်စကားနားလည်သော လူသား မာဒိန်ယော်
က မြင်တွေ့ကြားသိရပြီးနောက် လူတို့ တစ်စတစ်စတတ်မြောက်လာကြသည်ဟု ရှေးလူကြီးများ ကဆိုသည်။
ငှက်တို့ မနောကသည့်ပွဲတွင် အောက်ချင်းငှက် ကမနောရှင်ဖြစ်၍မနောတိုင်၏ အောက်ခြေ ဘက်တွင်အောက်
ချင်းတိုင်ကို ထွင်းထုထားခြင်းဖြစ်သည်။ မနော အကကို ဦးဆောင်သူ နှစ်ဦးက ရှေ့မှ ကပြကြသည်။ ကကွက်
ပြောင်းသောအခါ နောက်မှ လိုက်ကနေ သူများကလည်း ၎င်းတို့အတိုင်း ပြောင်းလဲကကြသည်။
ကကွက်အမျိုးမျိုးရှိရာ ကျင်းပသည့် မနောအလိုက် ကကွက်ပုံစံများ ကွဲပြားသည်။ 
အဓိကကျသည့် မနောငါးမျိုးရှိသည်။
(၁) ဆွတ်မနော(Sut Manau) ။ ။ ဥစ္စာပစ္စည်းတိုးပွားကြွယ်ဝရန်၊မိတ်ဆွေ သင်္ဂဟအသစ်ဖွဲ့ရန်၊ မိမိကို
ရန်ငြှိုး၊ မနာလိုဝန်တိုသူရှိ၊ မရှိ၊ အကြေးပေးရန် ရှိ၊ မရှိ၊ စုံစမ်းသည့်မနော။
(၂) မဒန်မနော(Pandang Manau)။ ။ စစ်ပွဲနိုင်ရန် အောင်ပွဲခံသည့်ပွဲခံမနော။
(၃) ဂျူမနော(Ju Manau) ။ ။ သားသမီးထွန်းကားခြင်း မရှိသည့်အခါ၊အိမ်ရှိအိမ်သူအိမ်သားများနာမကျန်းဖြစ်သည့်အခါ၊ ဘိုးဘွားများ(သက်ကြီးရွယ်အို) သေဆုံး၍ အသုဘ အခမ်းအနားအငှားပြီးစီးချိန်တွင် ကျင်းပသည့်မနော။
(၄) ကွန်ရန်မနော( Gumaran Manau) ။ ။ အိမ်သားများ၊နယ်မြေသစ်ထူထောင်ချိန်
( သို့) အိုးအိမ်သစ်ထူထောင်ချိန်တွင် 
မဒိုင်နတ်ကိုခွဲဝေပင့်ဆောင်သည့်
အနေနှင့်ကသည့်မနော။
(၅) ရှဒစ်ဖော့မနော (Shadip Hpaw Manau)။ ။ 
ခွဲဝေယူဆောင်လာသည့် မဒိုင်နတ်ကိုနေရာ
ပြခြင်းနှင့် နယ်မြေသစ်ရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရန် ပြုလုပ်သည့် မနောအပြင် အချိန်အခါအလိုက်
မနောရှင်တို့ ပြုလုပ်သည့်မနော။
(၆) ထိန်ထန်မနော (Hting HtangManau)။
မနောရှင်က သာမန် မနောပွဲထက် ပိုမိုကြာရှည်အောင်
ကျင်းပသည့်မနော။
(၇) နိန်ထန်မနော (Ninghtan Manau)။ ။ စစ်ထွက်မနောဖြစ်သည်။ 
ဓါး၊ လှံ၊ လေး၊ သေနတ်တို့ကိုင်
ဆောင်ရန် ရဲစိတ်၊ ရဲမာန်တက်ကြွစေရန် 
ကခုန်ကြသည်။ 
စစ်သည်အင်အားစုဆောင်းသည့်
မနောဖြစ်ပြီး စစ်ကြေညာသည့်သဘောလည်းပါသည်။
(၈) ထိန်ရမ်းမနော (Hting Ram Manau)။ ။ရန်ပြေ၊မာန်ပြေမနော။
ညီအစ်ကိုမျိုး၊ယောက္ခမမျိုး၊သမက်
မျိုး အကြား မကျေမလည်သံသယ၀င် တင်းမာမှုများရှိပါကဆွေးနွေးညှိနှိုင်းရန်ကသည့်မနော
ထို့ ပြင်နော်ယင်မနော၊ ဒိန်ရှော်န်မနော၊ ဖရင်ရော့ဒ် မနော အစရှိသဖြင့် မနောအမျိုးမျိုးရှိကြသည်။
ကချင်လူမျိုးအကြောင်း
☆☆☆☆☆☆☆☆☆☆☆
ကချင်သမိုင်း
သမိုင်း။ ။ ကချင်လူမျိုးများကို ဂျင်းဖောဟုလည်း ခေါ်ကြသည်။ နှုတ်ပြောသမိုင်းများအရ ဂျင်းဖောလူမျိုးများသည် တိဗက်ကုန်းမြင့်ဒေသမှ တောင်ဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာ ကြပြီး တရုတ်ပြည် ယူနန်ဒေသတွင် ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များအတွင်း နေထိုင်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာကြပြီးနောက် ယနေ့ ကချင်ပြည်နယ်တွင် အခြေစိုက် နေထိုင်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ကချင်လူမျိုး၏ လူမျိုးစုများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရ၀မ်နှင့် ဇိုင်ဝါးတို့ ဖြစ်ကြသည်။
ဒဏ္ဍာရီ။ ။ ဂျင်းဖေါလူမျိုးများသည် နေမှဆင်းသက်လာသည်ဟု ဒဏ္ဍာရီများက ဆိုသည်။ ဂျင်းဖေါတို့၏ ဘိုးဘွားများသည် ကောင်းကင်ဘုံမှ ဆင်းလာပြီး တိဗက်ကုန်းပြင်မြင့်တွင် လာရောက် နေထိုင်သည်။ ထို့နောက် တဖြည်းဖြည်း ရွှေ့ပြောင်း၍ မွန်ဂိုလီးယား၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ သွားရောက်နေထိုင်ကြသည်ဟုဆိုသည်။ ဂျင်းဖောတို့သည် ရိုးရာ မနောပွဲကို နှစ်စဉ်ကျင်းပကြသည်။ မနောပွဲတွင် ရိုးရာတူရိယာများကို တီးမှုတ် ကခုန် ကြသည်။ မနောပွဲ၏ သင်္ကေတမှာ ရှေးအခါက နေနတ်မင်းကို ပူဇော်ခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် အမျိုးသား စိတ်ဓါတ်၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာပိုင်ဆိုင်မှုတို့ကို ဖော်ပြရန်ဖြစ်သည်ဟု ပြောကြသည်။
မနောပွဲတွင် ဂျင်းဖေါတို့၏ ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး ရိုးရာသင်္ကေတများ အကွက်ဖော်ထား သည့် မနောတိုင်ကို ၀ိုင်းပတ်၍ ပရိတ်သတ်အားလုံးပါဝင်ပြီး ကကြသည်။ မနေခေါင်းဆောင်က ငှက်တောင်တပ် ရိုးရာဦးထုပ်ကိုဆောင်းရသည်။ အမျိုးသားများက ကချင် ရိုးရာ ဒါးများကိုထောင်၍ ကကြသည်။ ဒါး ကိုင်ဆောင်ခြင်းမှာ ကချင်နိုင်ငံတော်ကို ကာကွယ်ခြင်း နှင့် ရိက္ခာရှာဖွေခြင်းဟု အဓိပ္ပါယ်ရသည်။ ကချင်စကားပုံတစ်ခုက "ရဲရင့်သောယောက်ျားသည် ဒါးရှည်ကိုကိုင်ဆောင်သည်" ဟုဆိုသည်။
ကိုးကွယ်ယုံကြည်မှု။ ။ ကချင်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာအစဉ်အလာ နတ်ကိုးကွယ်မှုမှလာသော မနောပွဲကိုမူ နှစ်စဉ်ကျင်းပကြသည်။ ကချင်တို့သည် ခရစ်ယာန်သာသနာပြုများ၏ အကူအညီဖြင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသည်။ ကချင် ဒေသ၏ ပထမဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်များမှာ အိုလာဟန်ဆင်နှင့် သူ၏ဇနီးတို့ဖြစ်သည်။ ဟန်ဆင်တို့ကို အမေရိကန် နိုင်ငံခြားသာသနာပြုအဖွဲ့မှ အထက်မြန်မာနိုင်ငံတွင် သာသနာပြုရန် ၁၈၉၀ ခုနှစ်တွင် စေလွှတ်ခဲ့သည်။ ကချင်လူမျိုးများသည် ချင်းလူမျိုးများကဲ့သို့ ဖန်ရှင်းရှင် နတ်ဘုရားကို ကိုးကွယ်ကြ သဖြင့် ခရစ်ယာန်ဘာသာကို အလွယ်တကူ သက်ဝင်ယုံကြည်ကြသည်။
ကချင်လူမျိုးစုတချို့မှာ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး တချို့မှာ အစဉ်အလာနတ်ကိုးကွယ်သူများ အဖြစ်တည်ရှိသည်။ နတ်ကိုးကွယ်သူများ၏အဆိုအရ ၀ိဥာဉ်များသည် နေနတ်မင်းမှစ၍ သတ္တ၀ါများအထိ နေရာအနှံ့အပြား တွင် တည်ရှိပြီး၊ ထိုဝိဥာဉ်များက အကောင်းနှင့် အဆိုး နှစ်မျိုးစလုံးကို သယ်ဆောင်လာသည်ဟု ယုံကြည်ကြသည်။
ဘာသာစကား။ ။ ကချင်ဘာသာစကားမျိုးကွဲများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရ၀မ်နှင့် ဇိုင်ဝါးတို့ဖြစ်ပြီး ထိုဘာသာစကားအားလုံးသည် တိဗက်တိုဘားမင်းအုပ်စုမှ ဆင်းသက်လာသည်။ "ကမ္ဘာ့တိုင်းရင်းသား ဘာသာစကားများအဖွဲ့" က အထက်ပါ ကချင်ဘာသာစကား ၆ မျိုးကို မှတ်တမ်းပြုထားသည်။ ကချင်စာပေအရေးအသားကို အမေရိကန် သာသနာပြု အိုလာဟန်ဆင်က တီထွင်ပေးခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းကချင်လူမျိုးတို့ နေထိုင်ရာအချက်အခြာ ဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်းစီးဆင်းရာ ဒေသတဝိုက်ဖြစ်၏။ အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတရုပ်မြန်မာနယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။
ကချင်တို့၏ လူဦးရေမှာ တဖြည်းဖြည်း တိုးတက်များပြားလာခဲ့ရာ၊ မိုးကုတ်နယ် ကိုးတောင်ဒေသ၊ ရွှေလီမြစ်ဝှမ်းဒေသ၊ လားရှိုးနယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ဖက် ကျိုင်းတုံနယ်အထိ ပျံ့နှံ့လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အပဖြစ်သော အာသံပြည် ပတ်ကွိုင်တောင်၏ အနောက်ဖက်တောင်စောင်းဒေသနှင့် တရုပ်နိုင်ငံ ယူနန်ပြည်နယ်တွင် အရှေ့ဖက်လောင်ဂျီတွဒ် ၉၉ ဒီဂရီခန့်အထိ ဒေသတို့တွင်လည်း ကချင်လူမျိုးများကို တွေ့ရပေသည်။
ကချင်လူမျိုးတို့မှာ တိဗက်မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ်ဘောင်ဆက်မှစ၍ မျိုးရိုးတခုတည်းက ဆင်းသက်လာသူတို့ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။
တောင်ဖက်ဒေသများသို့ ရွှေ့ပြောင်းလာကြရတွင် ကချင်တို့သည် တရုပ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်တွင် ရောက်ရှိလာကြပြီးနောက်၊ ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျောက် တောင်ဖက်မြန်မာနိုင်ငံတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ ကြဟန်တူသည်။
သူတို့၏ ရွှေ့ပြောင်းရာ ခရီးလမ်းမှာ ခက်ခဲလှ၍ တကြောင်း၊ ထိုမှတပါး သူတို့၏ အလျင်က ရွှေ့ပြောင်းသွားခဲ့ကြသော မွန်ခမာ အနွယ်ဝင်များနှင့် အခြားအနွယ်တူ လူမျိုးများက ရွှေ့ပြောင်းရာလမ်းတွင် ပိတ်ဆို့ ဟန်တားဘိသကဲ့သို့ ရှိနေခဲ့သောကြောင့်တကြောင်း၊ ကချင်တို့မှာ မြန်မာနိုင်ငံတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်ရာတွင် အတန်နောက်ကျသူများ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြ ပြီးနောက် တြိဂံနယ် (မေခနှင့် မလိခမြစ် ၂ သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက်ပြောင်းရွှေ့နိုင်ခြင်း မပြုနိုင်ဘဲ ကာလအတန်ကြာ အခြေစိုက် နေထိုင်ခဲ့ကြရဟန် တူသည်။ အကြောင်းမှာ ထိုစဉ်က မြန်မာနိုင်ငံ မြောက်ဖျားကို မောရှမ်းတို့ ကြီးစိုးခဲ့ကြသောကြောင့်ဟု ဆိုဖွယ်ရာ ရှိသည်။ မောရှမ်းတို့ အင်အား ယိမ်းယိုင်သောအခါမှ ရှေ့သို့ ဆက်လက်ရွှေ့ပြောင်း၍ ယခုနေထိုင်ရာ ဒေသများသို့ တဖြည်းဖြည်းရောက်လာခဲ့ကြသည်။
မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက်သည်မှာကား ၁၁ ရာစုနှစ်လောက် ဖြစ်တန်ရာသည်ဟု ယူဆနိုင်ပေသည်။ ၁၅ ရာစုနှစ် အလယ်လောက်ကစ၍ လူတဆက်ပြီးတဆက် ရွှေ့ပြောင်းလာကြစဉ်တွင် ကချင်တို့မှာ ရောက်ရှိပြီး ဖြစ်သော ရှမ်းနှင့် မြန်မာတို့၏ ယဉ်ကျေးမှု အချက်အလက်များကို စတင်ရရှိခဲ့ကြသည်။
ကချင်ဟူသော ဝေါဟာရမှာအမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာဖြစ်သည်။ ကချင်လူမျိုးတို့၏ စကားမဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကို မိမိတို့ 'ဂျင်းဖေါ' လူမျိုးများဟုသာ ပြောဆိုကြသည်။ လူတယောက်ဟု အဓိပ္ပါယ်ရှိသည်။ တရုပ်လူမျိုးများကမူ ကချင်လူမျိုးများကို 'ယေဂျင်' ဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ လူရိုင်းဟု ရရှိသည်။
ယဉ်ကျေးသော တရုပ်အမည် တခုမှာ 'ရှန်ထို' ဖြစ်၏။ တောင်ထိပ်သားဟု အဓိပ္ပါယ်ရသည်။ အာသံပြည်တွင် ကချင်တို့ကို 'စင်ဖိုး' ဟု ခေါ်ဝေါ်ကြသည်။ မြန်မာမှတ်တမ်းများ၌'သိမ်းဖေါ' ဟု ပါရှိသည်။ ရှမ်းလူမျိုးတိုက ကချင်လူမျိုးကို 'ခန်ဂ' ဟု ခေါ်ဝေါ်ကြသည်။ ယခုအခါ လူအများကပင် ဂျင်းဖေါလူမျိုးကို ကချင်လူမျိုးဟုသာ သိရှိနားလည်ကြသည်။ အလွန်ရှေးကျသော မြန်မာကျောက်စာများတွင် ကချင်ဆိုသော စကားသုံးနှုန်းထားသည်ကို မတွေ့ရပေ။
သို့ရာတွင် သက္ကရာဇ် ၈၀၄ ခုနှစ်ထိုး ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် 'ကခြင်' ဟု ရေးထိုးထားသည်ကို ရှေးဦးစွာ တွေ့ရသည်။
ဂျင်းဖေါဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဖက် အောက်ဖက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖေါဟု ခေါ်တွင်၍ အထက်ဖက် (ဝါ) မြစ်ဖျားဖက်တွင် နေထိုင်ကြသော ကချင်များကို 'ခခု' ဟု ခေါ်ကြလေသည်။ ခခုဆိုသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ်ရရှိသည်။
ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် 'ဝချက်ဝ' ဆိုသော ရှေးဦးဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြ၏။ ဖခင်ကြီးဝချက်ဝမှာ သားငါးဦးရှိရာ အဆိုပါသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုးအုပ်စုကြီး ၅ စုဖြစ်ပေါ်လာသည်ဟုအဆိုရှိသည်။ ထိုသူတို့မှာ (၁) မရစ် (၂) လထော (၃) လဖိုင် (၄) အင်ခုမ်နှင့် (၅) မရမ်တို့ ဖြစ်ကြသည်။
အစ်ကို အကြီးဆုံးမှ ပေါက်ဖွားဆင်းသက်သော မရစ်အုပ်စုမှာ သူတို့လူမျိုးစုတို့ထဲတွင် ဝါအရင်ဆုံးဖြစ်၍ လပိုင်အုပ်စုမှာ အင်းအားအကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု ၅ စုတို့သည် ရှေးယခင်အခါ လူမျိုးချင်း ရောယှက်ခါ အတူတကွပင် ရောနှော နေထိုင်လေ့ရှိကြသည်။
ပြဆိုခဲ့သော လူမျိုးအုပ်စု ၅ စု အပြင် ဖခင်ကြီး ဝချက်ဝဆိုသူ၏ ညီငယ် ၇ ဦးမှ ဆင်းသက်ပေါက်ဖွားသည်ဆိုသော အခြား လူမျိုးအုပ်စု ၁၅ စုလည်း ရှိသေးသည်။ သို့သော ထိုသူတို့မှာ ထင်ရှားခြင်းမရှိချေ။
ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ဆဆိုသော နတ်ဆရာမှာ အထူးပင် အရေးပါအရာရောက်သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ မင်္ဂလာ ဆောင်သောအခါတွင် ၎င်း၊ တစုံတစ်ယောက်သေဆုံး၍ သင်္ဂြီုမည့် အခါတွင် ၎င်း၊ ဒုမ်ဆ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။
ကျေးရွာတိုင်း ကျေားရွာတိုင်းတွင် ဆလိုင်းဟုခေါ်သော အရပ်လူကြီးများရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း သာရေးနာရေး ကိစ္စများ၌ မြန်မာနိုင်ငံတွင် ဆယ်အိမ်မှူးများနည်းတူ ရှေ့ဆောင်ညွှန်ပြလေ့ရှိလေသည်။ ဒူးဝါးဟုခေါသော အကြီးအကဲများမှာ ကျေးရွာပေါင်း ၂၀ မှ ၁၀၀ အထိအသီးသီး အုပ်ချုပ်ကြရသည်။
အင်္ဂလိပ်အစိုးရလက်ထက်၌ တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း (အရပ်လူကြီး) နှင့် ဒူးဝါးတို့ကြားတွင် ရှိသည်။ တောင်အုပ်၏ တာဝန်ဝတ်တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူဖြစ်သည်။
ကချင်းလူမျိုးတို့တွင် မူရင်းစာပေများ မရှိကြချေ။ ခရစ်ယန် သာသနာပြုပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍မဖြစ်သော အခေါ်အဝေါ်များကို မြန်မာစကားဖြင့် ၎င်း၊ ရှမ်းစကားဖြင့် ၎င်း၊ ခေါ်ဝေါ်ကြသည်။ ကချင်လူမျိုးတို့သည် ကခုန်ခြင်း၊ သီချင်းဆိုခြင်းများတွင် အထူးဝါသနာထုံသော လူမျိုးများဖြစ်သည်။
မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့် အခါ၌၎င်း၊ အခြားနတ်ပွဲများတွင်၎င်း၊ အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တယောက်တည်း ကပြခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်ကကြရာတွင် တဦးကိုတဦးကို ကိုင်တွယ်ခြင်း မရှိကြချေ။ တဦးနှင့်ဦး သားမွေးယပ်တောင်များဖြင့် ဆက်သွယ်လေ့သာ ရှိကြသည်။
ကချင်ပြည်နယ်၌ ထင်ရှားကျော်စောလှသော ပွဲတော်ကြီးတစ်ခုမှာ 'မနောပွဲ' ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ (မနော်ပွဲ---ရှု။) နတ်များကို ပူဇော်ပသသော အလေ့အထမှာ တိဗက်မြန်မာ လူမျိုးတို့၏ ဓလေ့ထုံးစံများ ဖြစ်ဟန်တူသည်။ မြစ်ကြီးနားမြို့တွင် မနောနတ်စင်ကြီး ဆောက်လုပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက ငွေပေါင်း ၁၁၁၈၅၀ိ/- မျှ ထုတ်ပေးခဲ့ဘူးသည်။
ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း၊ လင်းကွင်း၊ ပုံရှည်နှင့် ပြွေတူရိယာများကို တီးမှုတ်လေ့ ရှိကြသည်။ သို့သော် ယခုအခါ၌ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာပြည်မ တို့နှင့် များစွာဆက်ဆံမိကြပြီ ဖြစ်ရကား ညှီ့ကြိုးတူရိယာများ၊ ဘေးပေါက်ပြွေများ၊ ခရာများကို မှုတီး တတ်နေကြပြီဖြစ်သည်။
ကချင်လူများသည် လက်မှုပညာရပ်များတွင် နုံချာလှသူများ မဟုတ်ချေ။ နှီးဖြင့် ရက်လုက်ရသော ယွန်းထည်မစ္စည်းများ၊ တောင်း၊ ပလုံး၊ အိမ်သုံးကရိယာများမှာ လက်စလက်န ချောမွေ့လှသည့်ပြ့င် ခိုင်ခံ့ကောင်းမွန်သည်။ ဓါးအမျိုးမျိုး၊ လှံ၊ သေနတ်နှင့် မောင်းများကို ရှေးကာလကြာမြင့်စွာကပင် ခိုင်ခံ့ လှပအောင် လုပ်တတ်ကြသည်။
ကချင်လူမျိုးများသေလျှင် သူတို့သင်းချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် တူးမြောင်းများ တူးထားပြီး လျှင် သင်းချိုင်းအပေါ်တွင် ခိုင်ခံ့သော တင်းကုပ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့ သေပြီးနောက် သူတို့ဝိညာဉ်များမှာ ရှေးအဖိုးအဖွားများ၏ ဝိညာဉ်များရှိရာသို့ သွားရောက် ပူးပေါင်း ကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး၊ လှံ၊ သေနတ်နှင့် အဝတ်အစားတို့ကို သူနှင့် အတူ မြှုပ်နှံလေ့ရှိသည်။
ယခုအခါ ရှေးရိုးအယူဝါဒတို့မှာ တဖြည်းဖြည်း ပပျောက်လာပြီးလျှင် မည်သည့်အရာကိစ္စတွင်မဆို အကျိုးနှင့် အကြောင်းတရားများကို ဆက်စပ်၍ တွေးတောပြီးမှ လက်ခံသင့်သည်ကိုသာ လက်ခံလာကြတော့သည်။ အထူးသဖြင့် ခေတ်ပညာတတ် လူငယ်လူရွယ်တို့သည် အမှန်တရားကိုသာ စိစစ်ရှာဖွေလိုသော ဆန္ဒရှိကြသည့်အလျောက် ဟောင်းနွမ်းသော အယူဝါဒများသည် ယုံကြည်စိတ်မရှိကြချေ။ များစွာသော ခေတ်ပညာတတ် ကချင်လူငယ်များသည် စစ်ဖက်၌၎င်း၊ အုပ်ချုပ်ရေးဖက်၌၎င်း၊ ဝင်ရောက်အမှုထမ်း လျက်ရှိကြသည်။
ကချင်ပြည်နယ်အတွက် ရှေးယခင်က ဒေသထုံးတမ်းများကို မှီး၍ ရေးသားထားသော တရားဥပဒေများသာ ရှိခဲ့ရာ ယခုအခါတွင်မူ ကချင်လူမျိုးများ၏ ယဉ်ကျေးမှုတိုးတက်လာသည်နှင့်အမျှ တရား စီရင်ထုံးများလည်း ပြောင်းလဲ၍ လာခဲ့သည်။ ကချင်ပြည်နယ်တွင် စက်ရှင်တရားသူကြီးရုံးကို ၁၉၅၁ ခု၊ ဧပြီလ ၁ ရက်နေ့ကပင် စတင်ဖွင့်လှစ်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည်များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး
ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။ ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။
ဒုတိယကမ္ဘာစစ်မီး အာရှတိုက်သို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှု ပိုမိုပြင်းလာခဲ့ရာ သခင်အောင်ဆန်း ဦးဆောင်သော လူငယ်များသည်လည်း တိုင်းပြည်လွတ်လပ်ရေး ရရှိရန်အတွက် ပိုမိုလှုပ်ရှား ဆောင်ရွက်လာကြလေရာ ရှေးဦးစွာ ဖက်ဆစ်ဂျပန်များနှင့် အဆက်အသွယ် ရရှိကြ လေသည်။ ထို့နောက် မြန်မာ လူငယ် ၃ဝ အားခေါ်ဆောင်ကာ တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် ဗြိတိ သျှတို့အား တိုက်ခိုက်ရန်အတွက် စစ်ပညာ သင်ကြားကြလေသည်။ စစ်ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန် တပ်မတော်နှင့် အတူ ပြန်လည် ဝင်ရောက်လာကာ မြန်မာနိုင်ငံအား ဗြိတိသျှထံမှ ပြန်လည် သိမ်းယူ ကြလေ သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ်ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှ တစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်းမြောင်၊ ချင်းတောင်တန်းနှင့် အများဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင် ကြားမှတစ်ဆင့် ဆုတ်ခွာကြလေသည်။ ဖက်ဆစ် ဂျပန်များ သိမ်းပိုက်ပြီး များမကြာမီ ကချင်ဒေသ သို့ ရောက်ရှိလာကြရာ ဗြိတိသျှတို့အား အစဉ်အဆက် သစ္စာခံပြီး စစ်တပ်ဝန်ထမ်း များအဖြစ် အမှုထမ်းနေကြသော ကချင်လူမျိုးတို့အပေါ် မုန်းတီးစိတ် အပြည့်ဖြင့် ညှဉ်းပန်း ရက်စက်မှုများ ပြုလာကြလေသည်။
ဖက်ဆစ်များ၏ ရက်စက်မှုများကြောင့် ဟူးကောင်းတောင်ကြားမှ အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာလက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။
မြန်မာတစ်ပြည်လုံးတွင် မည်သူ၏ အကူအညီမျှ မပါဘဲ ဖက်ဆစ် ဂျပန်အား ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသူ များမှာ ကချင်တိုင်းရင်းသား များသာလျှင် ဖြစ်ခဲ့လေသည်။ ဗြိတိသျှများ ဆုတ်ခွာပြီးချိန်တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွား ခဲ့ရာ ၆ လမျှ ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း ကချင်ပြောက်များ ထံတွင် ဝိုင်ယာလက် ဆက်သွယ်ရေး စက်ရှိကြောင်း၊ ဗြိတိသျှတို့ ကြားသိရ သဖြင့် အဆက်အသွယ် ပြုလုပ် နိုင်ရန် ကြိုးပမ်းကြတော့သည်။ ဆက်သွယ်ရေးတပ် ရဲဘော်များ တစ်ရက်တွင် ၂၄ နာရီ ဆက်သွယ်ရေး စက် ဖွင့်ပြီး ကချင်ပြောက်ကျားများ၏ အဆက်အသွယ်ကို စောင့်ဆိုင်းနေကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။
ဖက်ဆစ်ဂျပန်တို့သည် အိန္ဒိယပြည်အား အောင်မြင်အောင် တိုက်ခိုက်ရန်အတွက် ပူတာအိုဒေသအား မဖြစ် မနေ ရရှိရန်မှာ အလွန်တရာမှ အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက် ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။ သို့သော်လည်း ဆွမ်ပရာဘွမ် ဒေသတွင် ကချင်ပြောက်ကျားများ နေရာယူထားပြီးဖြစ်လေရာ ဖက်ဆစ် များအတွက် အလွန်တရာမှ အခက်အခဲ ဖြစ်နေတော့သည်။
အစတွင် ဂျပန်တို့သည် ကချင် ပြောက်ကျားများအား အထင်အမြင် သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။ ထို တစ်ချိန်တည်းမှာပင် အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြသော ဗြိတိသျှတို့မှလည်း မေဂျာဂျင်နရယ် ဝင်းဂိတ်ဦးဆောင် ကာ ချင်းဒစ်(ခြင်္သေ့)အမည်ရှိ ပြောက် ကျားတပ်ဖွဲ့ ဖွဲ့စည်းရာ ကချင်စစ်သည် ထောင်ဂဏန်းမျှ ပါဝင်ခဲ့ကြလေသည်။
ထိုသို့ ပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် လေဗီးစ်တပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်ဒေသသို့ ကျူးကျော်လာ သော ဖက်ဆစ်များကို တိုက်ခိုက် ခြင်းနှင့် ချင်းဒစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား မန္တလေး မီးရထားလမ်း အနောက်ဘက်ပိုင်းများထိ ထိုးဖောက် ဝင်ရောက်ကာ ဖက်ဆစ်များအား စတင် တိုက်ခိုက်ကြလေသည်။ ၁၉၄၃ ခုနှစ်တွင် မဟာမိတ် အမေရိကန် တပ်ဖွဲ့များ မြန်မာအိန္ဒိယ နယ်စပ်သို့ရောက်ရှိလာပြီး ပန်ဆောင်၊ နန်းယွန်း၊ ရှင် ဗွေယန်ဒေသမှ မြန်မာပြည်တွင်းသို့ ထိုးစစ်ဆင်နွဲရန် ရောက်ရှိလာပြီး ဒေသခံ ကချင်များ၏ အကူအညီဖြင့် မြစ်ကြီးနား မြို့သိမ်း တိုက်ပွဲအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြလေသည်။ ထို့နောက် အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ကို ဆက်လက်ဖွဲ့စည်းရာ ကချင်စစ်သည် တစ်သောင်းကျော် ပါဝင် တိုက်ခိုက်ခဲ့ကြ လေသည်။
ထိုသို့ဖြင့် လေးဗီးစ်၊ ချင်းဒစ်၊ ရိန်းဂျား တပ်ဖွဲ့ဝင်များသည် မဟာ မိတ်တို့နှင့်အတူ ဖက်ဆစ်များအား ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မန္တလေး၊ သာ စည်၊ တောင်ကြီး၊ လွယ်လင်၊ ရပ် စောက် စသည့် ဒေသများထိ ဖက်ဆစ် များအား လိုက်လံ တိုက်ခိုက်ခဲ့ကြလေသည်။ ၁၉၄၅ ခုနှစ် မတ် ၂ဝ ရက်တွင် ဒေသအနှံ့သို့ ရောက်ရှိနေသော အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ဝင်များအား ဗန်းမော်သို့ လေ ယာဉ်အစီး ၃ဝ ဖြင့် ပြန်လည်ခေါ်ယူ ကာ မတ် ၂၄၊ ၂၅၊ ၂၆ ရက်တွင် စိန်လုံကဘားတွင် ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲ တော်ကြီးကို ၃ ရက်တိုင် ခြိမ့်ခြိမ့် သဲ ကျင်းပခဲ့ကြလေသည်။ အမေရိ ကန် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင် စစ်သည်များ ပြန်သွားကြသော်လည်း ဗြိတိသျှတပ်ဖွဲ့ဝင်၊ ကချင်လေဗီးစ် (British Kachin Levis) တပ်ဖွဲ့ဝင်များနှင့် ခြင်းဒစ် (Chindit) ကချင်စစ်သည် များက ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ် စသည့် ဒေသများထိ သွားရောက် တိုက်ခိုက် ခဲ့ကြလေသည်။ သို့ ဖြင့် ဒုတိယကမ္ဘာစစ် ပြီးတွင် ကချင် စစ်သည်များတွင် ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်နှင့် အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရှိခဲ့ကြောင်း သိရလေသည်။ ကချင် ပြောက်ကျားများ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖက်ဆစ်များသည် ပူတာအို ဒေသအား မသိမ်းပိုက်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအား မသိမ်းနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာပြည်တွင် ဖက်ဆစ် များ စစ်ရှုံးမှု စတင်ခဲ့ရခြင်း ဖြစ်ခဲ့လေသည်။
ထို့အတူ ဖက်ဆစ်များသည် တရုတ်ပြည်နောက်ကျောဖြစ်သော ယူနန်နယ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုတွင်လည်း ပန် ဆိုင်းကြူကုတ်၊ စိန်လုံကဘား၊ လိုင် ဇာဒေသများတွင် ကချင်ပြောက်ကျား များ၏ တိုက်ခိုက်မှုအား မထိုးဖောက် နိုင်သဖြင့် တရုတ်ပြည်သို့ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ကြချေ။ တရုတ်ပြည် သို့ နောက်ကျောမှ မဝင်ရောက်နိုင်သဖြင့် မြန်မာပြည်တွင်းမှပင် တရုတ် အမေရိကန် အင်္ဂလိပ်တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
မြစ်ကြီးနားမြို့သိမ်း တိုက်ပွဲဖြစ်ပြီး ဖက်ဆစ်တို့သည် ဧရာဝတီ မြစ် ကြောင်းမှ ဝါးလုံး တစ်ချောင်းတည်းဖြင့် လည်းကောင်း၊ အုန်းသီးတစ်လုံးအား ဖက်တွယ်၍ လည်းကောင်း၊ ခြုံဖုတ်ကလေးများ၊ ဒိုက်ကလေးများ အား ဖက်တွယ်၍ လည်းကောင်း ညအချိန်တွင် ရေစုန်မျောကာ ထွက်ပြေးရာ ကချင်ပြောက်ကျား လက်ဖြောင့် တပ်သားများ၏ လက်ချက်ဖြင့် တစ်ဦးတစ်ယောက်မျှ လွတ်ထွက်သွား ခြင်းမရှိကြောင်း …. အမည်ရှိ စာ အုပ်တွင် General Donovan Webstar က ရေးသားလေသည်။ သို့ဖြင့် ကိုလိုနီ မြန်မာပြည်၏ နောက်ဆုံး ဒုတိယ ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်သည် Col.Ian Fellowes Gordon ၏ Battle for Naw Seng’s Kingdom အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း အမှာစာ ရေးသားခဲ့လေသည်။
“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.
နော်ဆိုင်းနှင့် သူ၏ ရဲဘော် ကချင်ပြောက်ကျားများ၏ အကူအညီ မရှိခဲ့လျှင် ကျွန်ုပ်တို့ သားစဉ် မြေးဆက်များ၏ သမိုင်းသည် ဂျပန်သမိုင်း ဖြစ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။
သက္ကရာဇ် ၂ဝဝဝ ခုနှစ် ကချင် ဒေသသို့ အလည်လာရောက်သော ဖက်ဆစ်ဂျပန်စစ်ပြန်စစ်သည်တစ်ဦး က ရင်ဖွင့်ပြောဆိုရာတွင် ဖက်ဆစ် ဂျပန်များသည် ကချင်တိုင်းရင်းသား များအား မစည်းရုံးနိုင်ခဲ့ခြင်းသည် မဟာအမှားပင်ဖြစ်ကြောင်း၊ အင်္ဂလိပ် တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် ကချင် တိုင်းရင်းသားများအား ရက်ရက် စက်စက် နှိပ်ကွက်ခဲ့ခြင်းကြောင့် ကချင်တိုင်းရင်းသားများ ဖက်ဆစ်ဂျပန်အား အမုန်း ကြီးမုန်းကာ ပြန်လည် ခုခံ တိုက်ခိုက်သည် သာမက မဟာမိတ် တပ်များ နှင့် ပူးပေါင်းကာ မဟာမိတ်တပ်များ အား တောတွင်း စစ်ဆင်ရေးနှင့် ပြောက်ကျား တိုက်ခိုက်နည်းများ သင်ပေးခြင်း၊ အိန္ဒိယနယ်စပ်မှ မြစ်ကြီးနားမြို့ ရောက်အောင် ကမ္ဘာကျော် အမေရိကန်တပ်ဖွဲ့ဖြစ်သည့် Merill’s Maruders တပ်ဖွဲ့ဝင်များအား လမ်းပြပေးခြင်းဖြင့် မြစ်ကြီးနားမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းပင် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့လေသည်။
ဂျပန်တပ်များ ဆုတ်ခွာရာ လမ်းကြောင်းရှိ ကျေးရွာများတွင် ဂျပန် အသံထွက်ဖြင့် ကချင်ရှိမရှိ မေးမြန်းရာ ဂျပန် အသံထွက်ဖြင့် ကြားသူများမှ ရှိကြောင်း သစ်ပင်ပေါ်သို့ ညွှန်ပြရာ ဖက်ဆစ်ဂျပန်များ ချက်ချင်းပင် ထွက်ပြေး ကြကြောင်း၊ အမှန်တွင် ဂျပန်များ အသံထွက်တွင် “ကချင်” အား “ခါချဉ်” ဟု အသံထွက်သဖြင့် ခါချဉ်ဟု ကြားသူများမှ သစ်ပင်ပေါ်သို့ ညွှန်ပြကြကြောင်း၊ ဖက်ဆစ်များသည် ကချင်ပြောက်ကျားများအား အလွန်ပင် ကြောက်ရွံ့ခဲ့ကြကြောင်း ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထဆင်က သူ၏ ဒီမိုကရေစီ ပြောင်းပြန် အမည်ရှိ စာအုပ်တွင် ရေးသားခဲ့လေသည်။
ထို့အတူ ၂ဝဝ၃ ခုနှစ် ဝန်းကျင်က ထိုင်ဝမ်နိုင်ငံမှ မြစ်ကြီးနားသို့ တစ်ဖန်အလည်ရောက်လာသော ယခင် တရုတ်ဖြူ တပ်သားဟောင်းများမှ လည်း ကချင်ပြောက်ကျားများ၏ ခုခံ မှုသာမရှိခဲ့လျှင် ဖက်ဆစ်ဂျပန်များ သည် တရုတ်ပြည်နောက်ကျော၊ ယူ နန်ဒေသမှ တရုတ်ပြည်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယူနန် ဒေသသို့ ဂျပန်တပ်များ ဝင်ရောက် နိုင်လျှင် တရုတ်ပြည် စစ်ရေးအခြေ အနေမှာ ပြောင်းလဲသွားနိုင်ကြောင်း ဖြင့် ပြောဆိုခဲ့ကြောင်း၊ ကချင် တိုင်းရင်းသားများအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သံကိုလည်း ကြားသိခဲ့ရသည်။
ဖက်ဆစ်ဂျပန်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော ကချင်စစ်သည်များသည် ဗြိတိသျှတပ်ဖွဲတွင် ဆက်လက် အမှုထမ်းခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးနောက် ချက်ချင်းပင် မြန်မာ့ တပ်မတော်သား များအဖြစ် ဆက်လက်အမှုထမ်းကာ တိုင်းပြည်ကာကွယ်ရေးတွက် ဆက်လက် တာဝန်ယူခဲ့ ကြလေသည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ချိန် တွင် ပြ
ည်ထောင်စုအစိုးရ ဝန်ကြီးချုပ် မှ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင် ဝါးနောင်အား အကူအညီတောင်းခံသ ဖြင့် ဒုတိယကမ္ဘာစစ်ပြန် ကချင်ရဲဘော် ထောင်ပေါင်း များစွာအား ပြန်လည် စုစည်းကာ ယခုမြစ်ကြီးနား တက္က သိုလ်ရှေ့ လေယာဉ်ကွင်းမှ လေယာဉ် များဖြင့် ရန်ကုန်မြို့ သို့ သယ်ဆောင်ကာ ရန်ကုန်မြို့ကြီးနှင့် အောက်မြန် မာနိုင်ငံတစ်ဝန်းအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ ကြလေသည်။ ထိုသို့ သယ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံ မှ လေယာဉ်နှင့် လေယာဉ်မှူးများကို ငှားရမ်းကာ အသုံးပြုခဲ့ရကြောင်း စစ် သည်ဟောင်းတစ်ဦး၏ ပြောဆိုချက် ကို မှတ်သားရသည်။ ရောင်စုံသူပုန် များလက်မှ မြန်မာပြည်အား ပြန်လည် တိုက်ခိုက်သိမ်းယူကြသည်မှာ လည်း ကချင်တပ်သားများပင်ဖြစ်လေ သည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ကာလ အင်းလေးဒေသတွင် ကွန်မြူနစ် သူပုန် ၄၉ ယောက်အား မိမိ တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူပြီး လက်နက် ၃၉ လက် သိမ်းဆည်းနိုင်သဖြင့် တပ်သားဘဝမှ ချက်ချင်း ဗိုလ်အဆင့်သို့ တိုးမြှင့်ခံရပြီး သူရ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော ဗိုလ်ကြီး သူရ ဖော်ဝုန်လတောင် ဆိုသူမှာလည်း ယခုထိတိုင် ကျန်းမာစွာဖြင့် မြစ်ကြီး နားမြို့တွင် နေထိုင်လျက် ရှိသည်။ ထို့အတူ တရုတ်ဖြူ ကျူးကျော်မှု တွင်လည်း အဓိက တိုက်ခိုက် နှိမ်နင်းခဲ့သူများမှာ ကချင်စစ်သည် များနှင့် ဂေါ်ရခါး စစ်သည် များပင် ဖြစ်ကြလေ သည်။
သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဖက်ဆစ်ဂျပန်များ အား အင်အား ၂ သောင်းခန့်ဖြင့် အဓိက တိုက်ခိုက် တွန်းလှန်ခဲ့ကြသော မြန်မာပြည်တွင် ပထမဆုံး ဖက်ဆစ်များကို ခုခံတိုက်ခိုက်ခဲ့ကြ သော ကချင် စစ်သည်များသည် လွတ်လပ်ရေး ရယူခဲ့သော မြန်မာ့တပ်မတော်တွင် နေ့မဆိုင်း ဆက်လက် အမှုထမ်းခဲ့ကြပြီး ၁၉၄၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်း တိုင်းပြည်ချောက် ထဲကျဖို့ လက်နှစ်လုံးအလိုမှ ကယ်တင်ခဲ့ကြသော (ဝန်ကြီးချုပ် ဦးနု ပြောစကား) ကချင်စစ်သည်များသည် လွတ်လပ်ရေး မော်ကွန်းဝင် လျှောက်ထား ရာတွင်မူ မဟာမိတ် တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သဖြင့် ကချင်စစ်သည် အများအပြား မော်ကွန်းဝင် အဆင့် မရရှိခဲ့ကြချေ။
ကချင်ပြည်နယ် ဖြစ်ပေါ်လာပုံသမိုင်း
===================
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော် သည် ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့ သည့် လက်အောက်မှ လွတ်လပ် ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။
ထိုနေ့တွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ နံနက် ၈း၀၀ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်၍ မနော မဏ္ဍပ်ကြီး ဖွင့်လှစ်ကာ ပထမဆုံးသော ကချင် ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူဝါ ဆင်ဝါးနောင် အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက် လျက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါ ဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျက် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ် သည်။ ထိုနေ့မှစကာ နှစ်စဉ် ဇန်နဝါရီ (၁၀) ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူ မနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင် ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြသည်။
ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ တော်သည် ၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ရခါစ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား တစ်ဖန်ပြန် လည် ကျင်းပလာခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ကျင်းပနိုင်ခွင့် မရှိခဲ့ပေ။ ၂၀၀၅ ခုနှစ်မှ စ၍သာ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား နှစ်စဉ်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် နောက်ခံ သမိုင်း
ကချင်လူမျိုးတို့သည် ရှေးပဝေသဏီက စပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခု တရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက၊် မွန်ဂိုးလီးယား ကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်း များစွာ နေထိုင်လာခဲ့ကြသည်။
၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့ သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့ တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။
အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ် တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့ သည်။ သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသ တစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ် ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံး တောင်းခံခဲ့သည်။ သို့သော် ကချင်ခြေ လျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V Force Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။
၁၉၄၄ခုနှစ် သြဂုတ်လ (၃) ရက်နေ့တွင် N.K.L, V Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ် ပြည် ယူနန်ပြည်နယ် ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထား သည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆) ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင် တိုက် ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံ မနောပွဲ) ကျင်းပခဲ့ကြသည်။ ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ် တပ် ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ခုနှစ် သြဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက် ထုတ်နိုင်ခဲ့သည်။
စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် သြဂုတ် (၁၄-၁၉) ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်း ဖော(ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲဒါကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံး မယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင် သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန် အပ်ပေးမယ်။” ဟု ပြောခဲ့သည်။
တတိယအကြိမ်ဖြင့် ၁၉၄၆ခုနှစ် ဒီဇင်ဘာလဆန်း (၂) ရက်နေ့၊ မန်ခိန် ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။
ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ် အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့ သည်။ ဗိုလ် ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက် နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများ နေထိုင်သည့် တောင်တန်း ဒေသတို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စုစနစ်” ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှ ရေး ဆောင်ရွက်ခဲ့သည်။ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်း မှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ် လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ် ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေး ချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်းမော်မှ ခေါင်း ဆောင် (၄)ဦးသွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁း၀၀ နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြား ဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များ အားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင် တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည် ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင် ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့ နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့ လောင် ဂျီတွဒ် ၉၆ံနှင့် ၉၈ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ံ ၃၇’ နှင့် ၂၈ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ် သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ် ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။






Read more »

ဒီပွဲဟာ နောက်ဆုံးမဟုတ်ဘူး မင်းဇော်ဦး



U Ravika
အချို့အဖွဲ့တွေကို NCA မှာ ပါဝင်ခွင့်မရအောင် မြန်မာစစ်တပ်က ဟန့်တားခဲ့တယ်။ အဖွဲ့အားလုံး ပါဝင်ခွင့်မရလို့ UNFC က NCA ကို လက်မှတ်မထိုးခဲ့ပါ။ NCA ကို လက်မှတ်မထိုးခဲ့ရင် ညီလာခံမှာ သဘောထားအမြင်တွေကိုပဲ တင်ပြပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောတယ်။ ဒေါက်တာမင်းဇော်ဦးက အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးနေတဲ့ (၂၁-ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးကော်မတီမှာ ပါဝင်ခွင့်ရနေသူ ဖြစ်တယ်။
ီအတိုင်းဆိုရင် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများကို ကြည့်ရာ (၁) မြန်မာစစ်တပ်၊ (၂) NLD အစိုးရနဲ့ (၃) လက်ရှိ NCA လက်မှတ်ထိုးပြီးသား (၈)ဖွဲ့တို့သာ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ အမတ်နေရာရခဲ့တဲ့ တိုင်းရင်းသားပါတီအချို့ ပါဝင်ပါလိမ့်မယ်။ အမတ်နေရာမရရှိခဲ့တဲ့ ပါတီများနဲ့ ပတ်သက်ပြီး အခုထိ ရေရာမှု မရှိသေးပါ။ NLD အစိုးရက တိုင်းရင်းသားအရေးကို ဆောင်ရွက်ပေးချင်လို့ ပြည်ထောင်စုပါတီဖြစ်တဲ့ သူတို့ကို မဲပေးကြပါလို့ မဲဆွယ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအရေးတွေမှာ တိုင်းရင်းသားပါတီတွေကို ကန့်သတ်လိုက်သလို အခု NCA မှာ မပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ဖို့ ကြိုးစားနေတဲ့ သဘောပါ။ ဒါဟာ ရိုးသားတဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးလို့ မိမိ ရဲရဲဝံ့ဝံ့ ပြောလိုပါတယ်။
ဒီတော့ ပြည်တွင်းစစ်ပဋိပက္ခမှာ လောလောဆယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အဖွဲ့အစည်းတွေကို မိမိတို့လေ့လာကြည့်ရအောင်ပါ။
၁။ ကရင်အမျိုးသားအစည်းအရုံး KNU (ကရင်)
၂။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA (ရှမ်းတောင်)
၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO (ပအိုဝ်း)
၎။ ချင်းအမျိုးသားတပ်ဦး CNF (ချင်း)
၅။ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ KNLA (ကရင်)
၆။ ဒီမိုကရက်တစ်ဗုဒ္ဓဘာသာကရင်တပ်မတော် (ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA (ကရင်)
၇။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP (ရခိုင်)
၈။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF (ဗမာ)
ဆိုပြီးတော့ ရှိပါတယ်။ ဒီထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းကတော့ KNU နဲ့ RCSS တို့ပါပဲ။ ဒုတိယအရေးပါတဲ့ အဖွဲ့တွေကတော့ PNLO, CNF နဲ့ ALP တို့ပါ။ အိမ်ဖြည့်တွေကတော့ KNLA (ကရင်)၊ DKBA (ကရင်)နဲ့ ABSDF (ဗမာ)တို့ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုကို လူမျိုးအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ထောင်မှာမို့လို့ ဒီ(၈)ဖွဲ့မှာ ကရင်၊ ရှမ်း (တဝက်)၊ ချင်း၊ ရခိုင်(တမတ်သား)နဲ့ ဗမာ(တရွေးသား)တို့ ပါဝင်ပါတယ်။ ဒေါက်တာမင်းဇော်ဦးအလိုအရ တိုင်းရင်းသားအရေးတွေကို ဒီလူမျိုးတွေနဲ့ ဆုံးဖြတ်သွားမယ်ဆိုတဲ့သဘောပါ။
ကောင်းပါပြီ။ သဘောထားအမြင်တွေကို တင်ပြပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ပေးပိုင်ခွင့်မရှိဘူးဆိုတဲ့ အဖွဲ့တွေကို လေ့လာကြည့်ရအောင်ပါ။
၁။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA (ဝလူမျိုး)
၂။ မိုင်လားလက်နက်ကိုင်အဖွဲ့ NDAA (မိုင်လား)
၃။ နာဂလက်နက်ကိုင်အဖွဲ့ NSCNK (နာဂ)
၎။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA (ကချင်)
၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP (ကရင်နီ)
၆။ မွန်ပြည်သစ်ပါတီ NMSP (မွန်)
၇။ ရခိုင်အမျိုးသားကောင်စီ ANC (ရခိုင်)
၈။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (ရှမ်းမြောက်)
၉။ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLP/TNLA (တအာင်း)
၁၀။ မြန်မာနိုင်ငံအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ MNDAA (ကိုးကန့်)
၁၁။ ဝအမျိုးသားအဖွဲ့ချုပ် WNO (ဝလူမျိုး)
၁၂။ ရခိုင်တပ်မတော် AA (ရခိုင်)
၁၃။ လားဟူးဒီမိုကရက်တစ်အစည်းအရုံး LDU (လားဟူး)
ဆိုပြီးတော့ ရှိပါတယ်။ လူမျိုးအနေနဲ့ ဝ၊ မိုင်လား၊ နာဂ၊ ကချင်၊ ကရင်နီ၊ မွန်၊ ရှမ်း (တဝက်)၊ တအာင်း၊ ကိုးကန့်၊ ရခိုင် (သုံးမတ်သား)၊ လားဟူး တို့ ပါဝင်တယ်။ ဒီလူမျိုး(၁၁)မျိုးထဲမှာ ရှမ်းနဲ့ ရခိုင်တို့ဟာ အပစ်ရပ်နဲ့မရပ်ကြားမှာ သီးခြားအဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်လျက်ရှိကြောင်း တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ကချင်၊ ကရင်နီ၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့ဟာ ပြည်နယ်ရရှိပြီသားလူမျိုးများ ဖြစ်ကြပါတယ်။ NCA ကို လက်မှတ်ထိုးခွင့် ရရှိခဲ့တဲ့ လူမျိုး(၄)မျိုးထက် အရေအတွက် ပိုများပါတယ်။ အဆိုပါလူမျိုး(၄) မျိုးထဲမှာ ရဲဘော်သံချောင်းတို့ရဲ့ ADSDF ဟာ ဗမာလူထုကို ဘယ်လောက်အထိ ကိုယ်စားပြုနိုင်တယ်၊ ဗမာပြည်နယ်ပေါ်ထွန်းရေးအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်တယ်ဆိုတာကို အများကြီး စဉ်းစားရပါအုံးမယ်။
ဒီတော့ကာ ဒေါက်တာမင်းဇော်ဦးပါဝင်တဲ့ (၂၁-ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအနေနဲ့ UNFC နဲ့ NCA လက်မှတ်ထိုးခွင့် မရရှိသေးတဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အဆုံးအဖြတ် မပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့တယ်ဆိုခဲ့ရင် ဒါဟာ ဘုရားမ၊ သိကြားမ မတာပဲလို့ ပြောရမှာပါ။ မကြာခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ကြဖို့ ရှိပါတယ်။ အဲဒီမှာကျရင် NCA မှာ ကျန်နေခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အသံကို စစ်စစ်မှန်မှန် ကြားရမှာပါ။ တစ်ခုတော့ ရှိတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ချင်စိတ်ရှိရင် ဖွဲ့စည်းပုံကို စစ်မှန်တဲ့ ဖက်ဒရယ်မူကို ရအောင် အခုချက်ချင်း ပြင်လိုက်ပါ။ အကျိုးမယုတ်ပါဘူး။ မရိုးသားတဲ့စိတ်နဲ့ လက်တလုံးခြား လှည့်ဖြားဖို့ ကြံအုံးမယ်ဆိုခဲ့ရင် ဒီပွဲဟာ နောက်ဆုံးပွဲ မဟုတ်သေးဘူးဆိုတာ မင်းဇော်ဦး မှတ်ထားဖို့ပါပဲ။

Read more »