Thursday, September 10, 2015


Read more »

Ethnic Armed Organization: Engaging for nationwide ceasefire with Burmese military's puppet government.



Burma Today:
Ethnic Armed Organization: Engaging for nationwide ceasefire with Burmese military's puppet government.
Burmese Military: To acquire defense technology from Israel through ELTA Systems Ltd company. The majority of acquire technology will use to crush ethnic army.
Photo credit: Senior General Min Aung Hlaing

Read more »

Monday, September 7, 2015

ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင် ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။

By facebook 
မိတ်ဆွေ တစ်ဦးပြောတာက
စ ကော့တလန်ခွဲထွက်ရေး ကို အကြောင်းပြုလို့၊ တွေးခေါ်မျှော်မြင်သူတွေက အဆုံးထိတွေးပြီး၊ မြန်မာပြည်ထဲက ကချင်၊ ချင်း၊ ရှမ်းတို့ ခွဲထွက်မှာကို စိုးကြကြောင်း၊
ခွဲထွက်ကြမယ် ဆို ငိုမိမယ် လို့တောင် ရေးတာတွေ ဖတ်ရတယ်။
ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်၊ ၄၇ ပင်လုံ မချုပ်ဆိုမီအထိ၊ ဗြိတိသျှ တို့က လွတ်လပ်ရေးကို ပြည်မ သက်သက်ပဲ ပေးမယ်၊ တောင်တန်းဒေသတွေမပါ လို့ ပြောခဲ့
ပြီးသား၊ ဒီတော့ ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။
ကချင် ကို ဗိုလ်ချုပ်အောင်ဆန်း တို့ ဗမာခေါင်းဆောင်တွေ သွား၊ ရှမ်းကို သွား၊ ချင်းကို သွားလို့၊
သဘောတူညီမှု ယူ၊ ပြည်ထောင်စု ဖြစ်ခဲ့တယ်။
ကချင်က သူပိုင်တဲ့ မြေနဲ့ တန်းတူညီမျှ အကျိုးခံစားခွင့်ရှိမယ် ယုံကြည်ချက်နဲ့ ပေါင်းခဲ့တာ။
ရှမ်းကလဲ ပေါင်းခဲ့တာ။ ချင်းကလဲ ပေါင်းခဲ့တာ။
ပင်လုံထဲမှာ မပါတဲ့ ရခိုင်၊ မွန် နဲ့ တခြား တိုင်းရင်းသားဒေသတွေကိုတော့ ဗြိတိသျှ က တရားဝင်
ဗမာလက်အောက်ခံနယ်မြေတွေအနေနဲ့ သတ်မှတ်ခဲ့ဟန်တူတယ်။ ဒါ အငြင်းပွားဖို့ ကျနော်ရေးတာ မဟုတ်ပါ။ ဗြိတိသျှ မူ ကို ဆိုလိုပါတယ်။
ပင်လုံ ကို ချုပ်ဆိုတာ ပြည်ထောင်စု တရပ် ရုပ်လုံးပေါ်လာဖို့ တန်းတူညီမျှမူ ကို အခြေခံတယ်။
ကချင်ဟာ အဲဒီတုန်းက ငြင်းခဲ့ရင်၊ ကချင်နိုင်ငံအနေနဲ့ သို့တည်းမဟုတ်၊ ဗြိတိသျှ ဒိုမီနီယန်နိုင်ငံအနေနဲ့ ကျန်ခဲ့နိုင်သလို၊ ရှမ်း၊ ချင်း၊ ကရင်နီ တို့လဲ ထို့အတူ ကျန်ခဲ့နိုင်တယ်။
သူတို့ကိုယ်တိုင်က လိုလိုလားလား နဲ့ ဗမာနဲ့ပေါင်းမယ် ဆိုပြီး၊ သူတို့ပိုင်တဲ့ မြေကို ထည့်ဝင်ပြီး၊ ပေါင်းခဲ့တာ။ အင်မတန် အနှစ်သာရ ကွာတယ်။
ဆိုပါတော့ ဒါသွေးခွဲနှိမ့်ချလိုပြီးပြောတာမဟုတ်ပါ။ ပဋိဉာဉ်သဘောကို ပြောတာပါ။ ရခိုင်၊ မွန် တို့ဟာ အောက်မြန်မာပြည် ကို သိမ်းတဲ့ ၁၈၂၄ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးကတည်းက
အင်္ဂလိပ်လက်အောက်ကျခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်က လွတ်လပ်ရေး ပေးတဲ့အခါမှာ ဗမာပိုင်
အနေနဲ့ပဲ ပေးသွားတယ်။ ဒါ ဘာဖြစ်လို့လဲ ဆို၊ ပဒေသရာဇ်သဘောတရားပါမယ်။ သမိုင်းမှာ
မွန်နဲ့ဗမာဟာ အပြန်အလှန်သိမ်းပိုက်၊ စစ်ခင်းခဲ့တယ်။ ဒုတိယမြန်မာနိုင်ငံ အင်းဝ ဟာ ၁၇၅၀ မှာ
မွန်တို့သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ပျက်စီးခဲ့တယ်။
ဦးအောင်ဇေယျ က မုဆိုးဘို ကို အခြေပြုပြီး၊ တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကို ပြန်ထူထောင်တယ်။ မွန်တွေကို ပြန်အနိုင်ယူနိုင်တယ်။ မွန်ကို သိမ်းပိုက်ပြီး ကတည်းက
မွန်တို့ အကြိမ်ကြိမ် မြန်မာကို ပြန်တိုက်ဖို့၊ အားထုတ်တယ်။ ဗြိတိသျှတို့နဲ့ လည်း ပူးပေါင်း
ပြီး၊ ပြန်လှန်ခဲ့တယ်။ ၁၇၅၈ လောက်မှာ ဟိုင်းကြီးကျွန်းအရေးတော်ပုံ ဟာ မွန်တို့နဲ့ တိုက်ရိုက်ပါတ်သက်တယ်။ မွန်တို့ ပုန်ကန်ထကြွမှုကို အင်္ဂလိပ်က လက်နက်ကူညီ၊ ထောက်ပံ့ခဲ့တဲ့အတွက် ဦးအောင်ဇေယျ က ဟိုင်းကြီးကျွန်းက ဗြိတိသျှတွေကိုပါ
တပ်လုံးပြုတ်ချေမှုန်းခဲ့တယ်။
ပဒေသရာဇ်စနစ်ရဲ့ နိုင်ငံစည်းရုံးရေးဟာ လက်နက်နဲ့စစ်မက်ရေးရာပေါ်မှာသာ မူတည်တယ်။
ဒီတော့ မွန်က သာရင် မွန်က သိမ်းတယ်။ ဗမာက သာရင် ဗမာ က သိမ်းတယ်။
မွန်တွေက ပက်ပက်စက်စက် သတ်ခဲ့တာတွေ လဲ အများကြီး။ ဗမာတွေက သတ်ခဲ့တာတွေလဲ
အများကြီး။ ဒီတော့ သမိုင်းကို လှန်ပြီး၊ ဘယ်သူ့သမိုင်း၊ ဘယ်ဝ့ါသမိုင်း၊ ဘယ်သူက တရားတာ၊ ဘယ်သူက မတရားခံရတာလို့ ပဒေသရာဇ်စနစ်ကို ဝေဖန်ဖို့ခက်လှတယ်။ ဘယ်သူမှ မကောင်း၊
စနစ်ကိုက မကောင်းတဲ့ ခေတ်ကြီး၊ စနစ်ကြီးပါ။ လက်နက်နဲ့ စစ်မက်နဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့
စနစ်ကြီးမှာ အင်အားကြီးသူ က ၀ါးမြိုအနိုင်ယူခဲ့တာ မဆန်းပါ။
ဒီတော့ ဗမာပြည်လွတ်လပ်ရေး ပေးတဲ့အချိန်မှာ မွန်ကို၊ ရခိုင်ကို တသီးတခြား မပေးဘဲ ဗမာလက်အောက်ခံအနေနဲ့ ပေးတာဟာ ဒီလို ပဒေသရာဇ်က ဆင်းသက်လာတာကို ဗြိတိသျှတို့ ယူဟန် လို့ မြင်ပါတယ်။ ဗြိတိသျှ တို့ လုပ်ပုံကို ပြောတာပါ။ အဲဒီနိုင်ငံတွေဟာလဲ သူ့ထီးသူ့နန်း
သူ့ကြငှန်းနဲ့ သူ့သမိုင်း၊ သူ့အစဉ်အလာနဲ့ သူ ရပ်တည်ခဲ့တဲ့ အင်အားကြီးနိုင်ငံတွေပါပဲ။
ရခိုင်နဲ့ မွန်ကို အဲသလို ဆက်ဆံခဲ့ပေမဲ့ ကချင် ကို၊ ရှမ်းကို၊ ကရင်နီကို၊ ချင်း ကိုတော့ ဗြိတိသျှတို့က ဗမာဘုရင် ရဲ့ အချုပ်အခြာအာဏာပိုင်တွေ အနေနဲ့ အသိအမှတ်ပြုခဲ့ဟန်မတူပါ။
ကိုလိုနီ ခေတ်တလျှောက်လုံးမှာလဲ ရှမ်းစော်ဘွားတွေဟာ သူတို့အရိုက်အရာမပျက် ထီးနန်းဆက်ခံတယ်။ သူတို့ဒေသတွင်းက ဓါတ်သတ္တုထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေအတွက် ဗြိတိသျှ ကုမ္ပဏီတွေက ပေးတဲ့ အခကြေးငွေတွေ ရရှိ ခံစားခဲ့ရတယ်။ ဒီတော့ သူတို့က လွတ်လပ်ရေးဆုံးရှုံးတယ် လို့ မဆိုသာဘူး။
ဒီ့အတွက် ဗမာနဲ့ ပေါင်းပြီး၊ လွတ်လပ်ရေး ကို ယူတာဟာ တကယ့်ကို လှိုက်လှဲတဲ့ စိတ်၊
ပေါင်းချင်လွန်းလို့ ပေါင်းခဲ့တာ။
စဉ်းစားရမှာက
အဲဒီလို ပေါင်းခဲ့တဲ့အတွက် သူတို့ ဘာတွေ ရ ခဲ့သလဲ။
သူတို့ဒေသတွေဟာ လွန်ခဲ့တဲ့ လွတ်လပ်ရေးယူစဉ်တုန်းကထက် ဘာများ သိသာတိုးတက်သွားခဲ့သလဲ။ နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေ သိန်းချီပြီး ပေါ်ခဲ့ရတယ်။
ဒေသခံတိုင်းရင်းသူလေးတွေဟာ စစ်သားတွေ ရဲ့ ခြေတော်တင် မုဒိန်းကျင့်စရာဖြစ်ခဲ့ရတယ်။
ယောက်ျားမှန်သမျှ စစ်သားတွေ ခေါ်ခိုင်းစရာ ကျွန်ဘ၀၊ ပေါ်တာဆွဲခံပြီး နေခဲ့ရတယ်။
ဒေသတွင်းထွက်သမျှ ကျောက်သံပတ္တမြား၊ ဓါတ်သတ္တု၊ လျှပ်စစ်မီးက အစ၊ ခံစားခွင့် ဘာမှ
မရခဲ့ဘူး။ ဗမာတွေ နေတဲ့ ပြည်မ မှာဘဲ ဒီလို ထုတ်လုပ်မှုတွေကို အကျိုးခံစားခွင့် ရခဲ့တယ်။
ဒါဟာ ပြောရမယ် ဆို ဗြိတိသျှ ကိုလိုနီတုန်းကထက်ကို ဆိုးရွားတဲ့ ဗမာကိုလိုနီပြုခြင်း ကို
ခံနေရတာပါပဲ။
ဘယ်လောက်ပဲ ပြည်ထောင်စု လို့ ပြောပြော
ဘယ်မှာမှ ပြည်ထောင်စု နဲ့ မတူ၊
ပြည်ထောင်စု အဆင့်အတန်း မရှိ တဲ့ ကိုလိုနီနိုင်ငံကြီးတခု၊ ပဒေသရာဇ် ရဲ့ လက်နက်နိုင်ငံ
ကြီးတခု ပဲ ဖြစ်နေခဲ့တယ်။
ဒီ့အတွက် အဲဒီတိုင်းရင်းသားတွေက မနေချင်တော့ဘူး ခွဲထွက်မယ် လို့ ပြောလာခဲ့ရင်၊
ဒါ အမျိုးသားရေး အစွန်းရောက်တာ လို့ စွပ်စွဲတယ် ဆိုရင်၊ စွပ်စွဲတဲ့လူလောက် ရိုင်းပျတာ
မရှိဘူး။ စာနာစိတ်ကင်းမဲ့ တာ မရှိဘူး လို့ပဲ မြင်တယ်။
သူတို့ကို တန်းတူရည်မျှ ချစ်စိတ် အမှန်တကယ်ရှိတယ် ဆိုရင်၊
ခင်ဗျားတို့ ကျနော်တို့ဟာသံယောဇဉ် နဲ့ မသွားပါနဲ့၊ ငါတို့နဲ့ပဲ အတူနေပါ လို့ တောင်းဆိုတာဟာ မေတ္တာရပ်ခံ၊ တောင်းပန်ဖို့ အဆင့်ပဲ ရှိတယ်။
တားမြစ်ပိုင်ခွင့် မရှိသလို၊ ခွဲထွက်ရေး ကို ကန့်ကွက် ဆန္ဒပြမယ် ဆိုတာ လဲ ဆိုးသဗျာ လို့ပဲ မြင်တယ်။ ဆိုပါတော့ ဒီနေ့ထိ မြန်မာပြည် က အင်္ဂလိပ်လက်အောက် ကျနေတယ်။
ကျနော်တို့က လွတ်လပ်ရေးအတွက် ကြိုးပမ်းမယ်။ အဲဒါကို အင်္ဂလိပ်ကြီးတွေက ခုလို
ဗြိတိသျှ ဓနသဟာယ ထဲက ခွဲထွက်မှာ ကို ဆန္ဒပြတယ် ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားမလဲ။
နင့်မေကလွှား၊
ပြည်နယ်ထဲ ထွက်သမျှလဲ သူတို့ချည်း ထုတ်၊ ရောင်းချ၊ ကြွယ်ဝ၊
လူတွေလဲ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ ဖိနှိပ်၊
တမျိုးလုံး တောထဲ ခိုရ၊ ပုန်းရ၊ အစာရည်စာ မ၀ တ၀၊ နဲ့ နေရ။ ကလေးတွေ စာတတ်ဖို့ ဆိုတာ ဝေလာ ဝေး၊ အဲသလို ဘ၀ နဲ့ နေရ လို့ ခွဲထွက်မယ် လို့ ပြောတာကို
ခွဲမထွက်ဖို့ ဆန္ဒပြတယ် ဆိုတော့ ဘာအတွက်လဲ လို့ တောင် မေးချင်စရာ မကောင်းတော့ဘူး။
ခင်ဗျားတို့ ဘယ်လောက် ဖိနှိပ်ခံရပါတယ် ပြောပြော၊ အဲဒီ နယ်စပ်က တိုင်းရင်းသားတွေလောက် မဆိုးဘူး။
ကျနော့်သဘောသာဆို ခွဲထွက်မယ် လို့ ဆိုခဲ့ရင်၊ မခွဲထွက်စေချင် ဘယ်လို မျိုးတွေ ရမှ မခွဲထွက်မှာလဲ လို့ ညှိကြည့်ပေါ့။ ညှိမရရင် ခွဲထွက်ပါစေလေ။ ခင်ဗျားတို့ နှစ် ၆၀ ကျော် မဟုတ်တာတွေ လုပ်ခဲ့ပြီးမှပဲ။ ခွဲထွက်ပါစေတော့။
၁။ ခွဲထွက်ချင်သပ ဆို ခွဲထွက်ခွင့်ပြု
၂။ ခွဲထွက်ပြီး လိုအပ်သမျှ ကူညီ
၃။ နိုင်ငံသစ်ထူထောင်ခါစမှာ ဘာတွေ ဖြည့်ဆည်းပေးရမလဲ အကောင်းဆုံး အိမ်နီးနားချင်းအနေနဲ့ ဖြည့်ဆည်းပေး၊ အနာခံပြီး ကူညီမှ အတိတ်က ဆိုးရွားခဲ့တဲ့ သမိုင်းကို
ဖြည်းဖြည်းချင်း ပြန်ခြေဖျက်နိုင်ပြီး၊ နောင်အစဉ်အဆက် အပြန်အလှန်ချစ်ခင်ယုံကြည်မှုတွေ
ပြန်တည်ဆောက်နိုင်တော့မပေါ့။
ကိုယ်နဲ့နေရလို့ စိတ်ဆင်းရဲ နေရတဲ့ မိန်းကလေး ကို ဇွတ်အတင်းကြီး ချုပ်နှောင်ပြီး၊ ချစ်လွန်းလို့ ဆိုတာ ဒဿဂီရိ လို အကြမ်းဖက်သမား ရဲ့ ချစ်ခြင်းမေတ္တာမျိုးပါလေ။ သူ့ကို ချစ်တာလား၊
ကိုယ့်ကိုယ်ကိုယ် ချစ်တာလား သေချာ မေးကြည့်ပါဦး။
သားမယားပြုကျင့်ခံထားရလို့ ဖွတ်ဖွတ်ညက်ညက်ကြေ နေတဲ့မိန်းကလေးက ကျမကို အမေ့အိမ်ပြန်ခွင့်ပေးပါတော့ ဆိုပြီး၊ ခွင့်တောင်းတာကို မျက်ရည်ကျဦးမယ် ဆို ဘီလူးငို ငိုတာပဲဖြစ်မယ်။ အဲဒီမိန်းကလေး ကို ချစ်တာမဟုတ်ဘူး။ ကိုယ့်အတ္တ ကိုယ် ချစ်တာဗျ။
သူမှ မပျော်တာ သွားပါစေ၊
သူပျော်အောင်၊ သူအဆင်ပြေအောင် ကိုယ်က ဘာတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့
ပေးဆပ်ခြင်းနဲ့ ချစ်ကြည့်ပါဦး။
ကျနော်ကတော့ ဒုက္ခသည်စခန်းက ဒုက္ခအတိနဲ့ အဲဒီ လူတွေကို မြင်ရတိုင်း ရင်နာလွန်းလို့၊
သူတို့ဖါသာ နေခဲ့ရင် ခုလောက်ဆို အတော် ချမ်းသာ၊ အေးချမ်းနေမှာ၊ အမျိုးယုတ်တွေ(ငါတို့အမျိုးထဲက) နဲ့ ပေါင်းမိလို့ လို့၊ အတော့်ကို စိတ်ထဲ နေမထိ၊ ထိုင်မသာ
ဖြစ်ရတယ်။ သူတို့ခွဲထွက်သွားရင် မျက်ရည်ကျဖို့လဲ မကျန်တော့ဘူး။ သူတို့တွေ ကို ခွဲမထွက်ရ ဆိုပြီး နှိပ်စက်ထားတာကို မြင်ရတာနဲ့ ကျ ခဲ့ရတဲ့ မျက်ရည်တွေ မနည်းတော့ဘူး။
ကျနော်တို့အမျိုးထဲက ယုတ်ကန်းသူတွေကို ကျနော်တို့ ရ အောင်၊ နိုင်အောင် မတိုက်နိုင်တာ
ကျနော်တို့ကံ။ ခင်ဗျားတို့သာ လွတ်မယ် ဆိုရင်၊ ပြေး လွတ်အောင်ပြေး၊ တော်ရာမှာ ပျော်ရှာပါလေလို့ ချစ်တဲ့စိတ်၊ သနားကရုဏာသက်ရတဲ့ စိတ် ထပ်တူ စာနာရတဲ့ စိတ်တွေနဲ့
သူတို့ကို လွတ်မြောက်စေချင်တယ်။
ပြည်ထောင်စုကြီး ပြိုကွဲ မခံနိုင်ဘူး လို့
မျက်စိမှိတ်အော် မနေနဲ့။
မဆလ က ပြည်ထောင်စု လို့ ဇွတ်ရိုက်သွင်းခဲ့ပေမဲ့၊
ပြည်ထောင်စု မှ မဟုတ်ဘဲ၊ ၀မ်းနည်းစရာ အကြောင်းမရှိ။
ကျနော် ဗမာပါ။
ချိုတူးဇော်
Like   Comment   
Alen Yang Seng 

Read more »

ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး

5 hrs ·




အခုတော့ စစ်အာဏာရှင် စစ်ခွေးတွေက တိုင်းရင်းသား ပြည်သူတွေကို သွေးခွဲနည်းတွေကို နည်းမျိုးစုံ သုံးပြီး သွေးခွဲ နေတယ် ။ စစ်အာဏာရှင် စစ်ခွေးတွေ သိဖို့ ကောင်းတာက 2000 ခုနှစ် အနောက်ပိုင်းက လူတွေ မဟုတ်တော့ ဘူး ဆိုတာကို ထန်းလျှက် စားပြီး ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထား ကြပါ ။
=====
ဖာပွန်မြို့နယ် ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ထုပ်ပယ်တာခံထားရတဲ့ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီလိုပြောတယ်။
`ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။ မြိုင်ကြီးငူဆရာတော် ဥူးသုဇနနဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး။ သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းကို အတင်းအကြပ် အကောင်အထည်ဖော်ဖို့ ဆိုင်းပြင်းနေတဲ့ ရန်သူအစိုးရနဲ့ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်။ ဒေသတွင်းက လူထုတွေကြားနဲ့ အဖွဲ့အစည်းတွေကြား ဘာသာရေးအရ သွေကွဲအောင် ဖြိုခွဲတဲ့ ဖန်တီးလိုက်တဲ့လုပ်ရပ်၊ ရန်စလုပ်ဆောင်မှုသက်သက် ဖြစ်တယ်။
ဟတ်ကြီးရေကာတာကို လူထုတွေလက်မခံ ဆန့်ကျင်နေတဲ့ကြားက ဇွတ် အကောင်အထည်ဖော်ဖို့၊ ဟတ်ကြီးရေကာတာနဲ့ နီးနီးကပ်ကပ်ရှိနေကြတဲ့ ဒီကေဘီအေ ဗိုလ်ဘိ တာဝန်ယူထားတဲ့ မြိုင်ကြီးငူဒေသနဲ့ ဗိုလ်ဘောကျော်ဟဲ တာဝန်ယူထားတဲ့ ကေအန်ယူ တပ်မဟာ (၅) ဖာပွန်ဒေသ အဲဒီနေရာတွေကို စစ်ရေးအရ စိုးမိုးရေးတွေလုပ်ဖို့အတွက် အခု ကိစ္စဟာ ရန်သူအစိုးရရဲ့ ပထမခြေလှမ်းတွေပဲ ဖြစ်တယ်။
ဒီလုပ်ရပ်ကို ကျနော်တို့ လုံးဝဆန့်ကျင်တယ်။ လုံးဝ လက်မခံဘူး။ လက်သည်တရားခံအစစ်၊ ကြိုးကိုင်ဖန်တီးနေတဲ့ လက်မဲကြီးကို အားလုံးမြင်ထားဖို့ သိထားဖို့ အရေးကြီးတယ်။ ဘာသာရေးသွေးကွဲတာနဲ့ ပတ်သက်ပြီး သင်ခန်းစားယူရမယ့် သမိုင်းအဖြစ်အပျက်တွေ ကျနော်တို့မှာ ရှိပြီးသားဖြစ်တယ်´ လို့ ဆိုပါတယ်။
(ပုံစာ .. ကရင်ပြည်နယ် ဖာပွန်မြို့ ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီတဆူကို လူအင်အားနဲ့ အမြန်ပြီးစီးအောင် လာတည်ထားတဲ့ပုံ ဖြစ်ပါတယ်။)

Yamoun Nar
ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး

Read more »

တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။


ကချင်တွေအခွန်ကောက်တယ်(အစိုးရပြောတော့ ဆတ်ကြေးပေါ့)
လူသစ်စုတယ် စသဖြင့်ပေါ့
ဒါတွေဟာ ကိုယ့်လူမျိုးကိုကာကွယ်ဖို့အတွက်
ကောက်တာ စုတာဘဲ ဘယ်သူမဆို
ထည့်နိုင်ရမယ်။
ကရင်လည်းဒီအတိုင်းပါဘဲ။
မထည့်ချင် မဝင်ချင်ရင်တော့ မင်းတိုင်းရင်းသားကို မချစ်လို့ဘဲ မှတ်ရမယ်။
ကျန်တဲ့တိုင်းရင်းသားတွေလည်း အတူတူပါဘဲ။
ဘေးရောနံ့ပါကြပ်တည်းနေချိန်မှာ
လူအင်အား လက်နက်အင်အားမမျှစွာ
နဲ့တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ငဲ့ညာစေချင်တယ်။
ကျုပ်တို့ဘက်သာတယ်ဆိုလို့ ဗျူဟာ ဘဲရှိပါတယ်။
၂၀၁၂ ကချင်မျိုးချစ် ဒုစစ်ဦးစီးဗိုလ်ချုပ်ဂွမ်မော်ခင်းသော
ဗျူဟာကို ဗမာ့သောင်းကျန်းသူအကြီးအကဲတွေ
အတော်လေးလန့်ခဲ့တယ်။
ဗမာ့သောင်းကျန်းသူတွေအတော်လေးလည်း အထိနာခဲ့တယ်။
ဒါက ကချင်ဗျူဟာမြောက်ကြောင်းပါ။
ကျုပ်တို့ခေါင်းဆောင်တွေ ဘယ်နေရာဘာတိုက်တွေဆောက်နေတယ်ဘာလုပ်နေတယ် ဆိုတာကို
ဝါဒတွေဖြန့်ကျက်လာတာမကြာခဏဆိုသလိုတွေ့မြင်နေရတယ်။
ခေါင်းဆောင်းဘဲတိုက်တော့ဆောက်မှာပေါ့။
သူ့အရည်အချင်းနဲ့သူရှာထားတဲ့သူ့စီးပွားရေး ရောပြီးမထွေးစေချင်။
ကျုပ်တို့ခေါင်းဆောင်တွေတိုက်လောက်သာ
ဆောက်ပြီးနေတာ ဗမာ့သောင်းကျန်းသူခေါင်းဆောင်တွေဆို
ကျုပ်တို့ပြည်နယ်တွေကထွက်တဲ့သယံဇာတတွေကို ခရိုနီဆိုတဲ့တမတ်သားတွေ
နဲ့ပေါင်းပြီး အမြတ်ထုတ်နေခဲ့တာ အခုဆို နိုင်ငံခြားဘဏ်တွေမှာတောင်
ငွေတွေသွင်းထားတယ်လို့ သိရပါတယ်။
ကျုပ်တို့ပြည်နယ်မှာလမ်းတစ်ချောင်းလုပ်ဖို့ငွေ သူတို့အိမ်ရှေ့က ဝရံတာဖြစ်သွားတယ်။
ကျုပ်တို့ပြည်နယ်က တံတားဆောက်ဖို့ငွေ သူတို့မြေးရဲ့ပြိုင်ကားဖိုးဖြစ်သွားတယ်။
ဒီလိုသာခံသွားမှာလား.....?
မခံဘူးဆိုတဲ့မျိုးချစ်ခေါင်းဆောင်တွေ
မဖြစ်စလောက်ငွေကိုကောက် လူတွေစုပြီးဆက်ပြီးတော်လှန်နေခဲ့တယ်။
ဖိနှိပ်မှုတွေရှိနေသရွေ့တော့တော်လှန်နေရအုန်းမှာဘဲ။
တန်းတူရေးမရသရွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသရွေ့တော့
ပြည်တွင်းစစ်မီးမငြိမ်းနိုင်ပါဘူး။
စစ်မှန်တဲ့ဒီမိုခရေစီဖြစ်ဖို့ လက်နက်မကိုင်ရကိစ္စပို၍မဖြစ်နိုင်ပါ။
တိုင်းရင်းသားတပ်မတော်မည်သည့်အဖွဲ့မဆို အားပေးတယ်၊ထောက်ခံတယ်၊
လေးစားပြီးသားပါ။
— with Saw Karen Blood and 87 others.
Like   Comment   
တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။

Read more »

KIO,ဒုဥက္ကဌ နှင့်UNFCဥက္ကဌ ဗိုလ်ချူပ်ကြီး N ဘန်လ ရန်ကုန်ရောက်ရှိ


Dukaba N Ban La Yangon Kaw Du
(9,9,2015) ရက်နေ့၌ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့်
သမ္မတနှင့် ထိပ်သီးတိုင်းရင်းသားခေါင်ဆောင်များတွေ့ဆုံ
ဆွေနွေးပွဲသို့တက်ရောက်ရန်အတွက် KIO ဒုတိယဥက္ကဌ
UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး N ဘန်လ၊နှင့် KIO,အထွေထွေ
အတွင်းရေးမှူး , SD အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ
တို့သည်(6,9,2015) ရက်နေ့ ညနေတွင် ထိုင်း နိုင်ငံ မှ ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း
သိရှိရပါသည်။
(photo-Nyo Ohn Myint)
— with Kong Hong.

Read more »

Saturday, September 5, 2015

တနိုင်ငံလုံး အပစ်ရပ်ရေး အပေါ် MNDAA ရဲ့ သဘောထား (ရုပ်/သံ) ဧရာဝတီ

Speech by Phone Win Naing (MNDAA)

တနိုင်ငံလုံး အပစ်ရပ်ရေး အပေါ် MNDAA ရဲ့ သဘောထား (ရုပ်/သံ)ဧရာဝတီတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ ကလည်း ပါဝင်လက်မှတ်ရေးဖို့ဖို့ ဆန္ဒရှိနေပါတယ်။ အစိုးရကတော့ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို NCA ရေးထိုးဖို့ အကြောင်း အမျိုး မျိုးပြပြီး ကန့်သတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလ ၉ ရက်နေ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့ ဆွေးနွေးညှိနှိုင်းကြမယ်လို့ သိရပါတယ်။

Posted by The Irrawaddy (Burmese Version) on Friday, September 4, 2015

Read more »

Thursday, September 3, 2015

NCA ( Without Real Political Road Map, Nationwide Ceasefire Agreement Will Lead Nowhere… )

“Without Real Political Road Map, Nationwide Ceasefire Agreement Will Lead Nowhere…” from Karen News PLUS 3 days ago / Creative Commons License: by nc nd ALL AUDIENCES David Tharckabaw, head of the Karen National Unions Alliance Affairs, in an exclusive interview with Karen News, explains why he is opposed to the current Nationwide Ceasefire Agreement that he believes benefits only a few people. I am not opposed to a National Ceasefire Agreement that will lead to real peace. But I am against this National Ceasefire Agreement, because it is not going to lead to real peace. There is no equality [shown] to the ethnic leaders. There is no clear political road map. And there is no inclusiveness. BY Karen News

Read more »

Tuesday, September 1, 2015

"SUSHI JAUGAWNG NAM PAN PU ZAWN " "SHANGLAWT LU HKRA MANAI NGA NA"

A lu sha naw hti ya marit,
"SUSHI JAUGAWNG NAM PAN PU ZAWN "
"SHANGLAWT LU HKRA MANAI NGA NA"
US Mungdan kata, hpan hkum sushi nga,
Sinpraw sinna mada yu, Wp sushi lauban ni chyu,
Shachyen shaga, mayu da ma rai ai la,
A rawng lu ai, kabu ga ai, gumhpraw lu sai,
Makai ai mung tsawm, manai da mung dut gyawm gyawm,
Hkri tung madung' gawng malai, Japan mung na rai,
Manap jau jau hking 7 hta rawt, Jan du yang she n ta hprawt,
Kumla n sam hkum sumhpa, mari sa ni yu mada,
Wp sushi sama ka- swi, shingdu gayin kauda n gwi,
Jahtum e maw, dut lu ni ai gaw, dai sushi jaugawng tsam 're ai yaw.
Grai mung ba mat, pay check hpe lat,
Lu ai gumhpraw myit dat ai gaw, pyaw na kachyi mi,
Ya Ya lwi ai, tsim yam myi pwi, majan wan ni
Ka-hte' hkra, Nye masin pala, kapaw mat sai.
Chyurum sai daw sai chyen ni e, myit hkum kaji,
Naw sharang ga, pu gang sin machyi ai da.
Sushi lauban yawng yawng, kahkin gumdim chyawm chyawm,
Ga Sadi jaw garum nga na, sushi jaugawng myit masa,
Sa wa myen hpe, sushi makai hte makai,
Manat gayau, sushi banau, wan kang e ka hpyau,
Sharim kau na ga ai ngu, shanglawt lu hkra manai kau chyalu , rai nga na ga ai law.

GA SHAGAWP and GINDAI by: USA Tu Hkawng

Read more »

Monday, August 31, 2015

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ
၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ်နဲ့ PM ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းလို့ ဖိအားပေးခံရတဲ့အခါ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ အစိုးရထိုးစစ်ဆင်လာမဲ့အဖြစ်ကို ကြိုတွက်မိလို့ စိုးရိမ်စိတ် ရှိခဲ့ကြပါတယ်။ ၂၀၁၀ ခု၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာပဲ KIO (ကချင်)၊ NMSP (မွန်)နဲ့ SSPP (ရှမ်းမြောက်)တို့က အပစ်မရပ်ရသေးတဲ့ KNU (ကရင်)၊ KNPP (ကရင်နီ)နဲ့ CNF (ချင်း)တို့နဲ့ ပေါင်းမိပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကော်မတီ (CEFU) ကို ကမန်းကတန်း ထူထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ကြာရှည်မခံခဲ့ဘဲ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပြည်ထောင်စုနေ့မှာ UNFC ဆိုတဲ့ အဖွဲ့နဲ့ အစားထိုးခဲ့ကြပါတယ်။ UNFC ဆိုတာ The United Nationalities Federal Council ရဲ့ အတိုကောက်ပါ။ စုစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများရဲ့ ဖက်ဒရယ်ကောင်စီပါပဲ။ ဖွဲ့စည်းစမှာ UNFC မှာ အဖွဲ့ဝင် (၁၂)ဖွဲ့ ရှိပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ အခု လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူပါပဲ။ အတွင်းရေးမှူးကတော့ NMSP က နိုင်ဟံသာ ဖြစ်တယ်။
UNFC အဖွဲ့ရဲ့ ပင်မရည်ရွယ်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စု(မြန်မာနိုင်ငံ)တစ်ခုနဲ့ ယင်းပြည်ထောင်စုရှိ ပြည်သူများကို ကာကွယ်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု ဖွဲ့စည်းဖို့ ဖြစ်တယ်။ ဒီရပ်တည်ချက်ကို စာဖတ်နေသူကြီးက မကြိုက်နှစ်သက်ပါ။ စာဖတ်သူကြီးနဲ့ သိန်းစိန်၊ မင်းအောင်လှိုင်အပါအဝင် သူ့တပည့်နောက်လိုက်တွေက UNFC ကို တစ်ခုခုလုပ်ဖို့ စဉ်းစားရပါတယ်။ အဲဒါကတော့ UNFC အရိပ်အောက်မှာ တိုင်းရင်းသားအားလုံး မဝင်ရောက်မိရေး ကြိုတင်ဟန့်တားဖို့ပါပဲ။ ဒီလိုဟန့်တားဖို့ဆိုရင် UNFC မှာ ဗိုလ်ချုပ်မူတူက ဥက္ကဋ္ဌဆိုပေမဲ့ UNFC မူဝါဒများကို တကယ်ကိုင်တွယ်နေသူများဟာ KIO နဲ့ NMSP တို့ ဖြစ်ကြောင်း သိရှိသွားကြတယ်။ ဒါကြောင့် KIO ကို ချက်ချင်းထိုးစစ်ဆင်ပြီး NMSP နဲ့ နှစ်ထပ်ကွမ်း အပစ်ရပ်ဖို့ လုပ်ပါတယ်။ ဒီကြားထဲမှာ UNFC မှာ ပါဝင်ဖို့ ဝန်လေးနေတဲ့ RCSS ကို ချဉ်းကပ်ဖို့ EBO ပဲ့ကိုင် ဟန်ယောင်ဝေကို အသုံးချဖို့ ရှိလာတယ်။ နော်ဝေးနောက်ခံနဲ့ ဇင်းမယ်မှာ Pyidaungsu Institute (PI) ကို အားသစ်လောင်းကာ UNFC မှာ ထင်သလောက် မပေါက်တဲ့ ဗိုလ်ချုပ်မူတူနဲ့ သူ့အကြံပေး စောတူးတူးလေးတို့ကို ချဉ်းကပ်ပြီး KNU ကို UNFC ကနေ ထွက်သွားအောင် ဆွယ်တရားဟောခဲ့တယ်။ ဒါနဲ့ပဲ KNU ဟာ UNFC ရဲ့ ပထမဆုံးကွန်ဂရက်ကို အိုးမည်းသုတ်ပြီး လောလောနဲ့ ယာယီနုတ်ထွက်သွားခဲ့တယ်။ KNU ထွက်သွားတာနဲ့ ဟန်ယောင်ဝေက UNFC ကို ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။
RCSS နဲ့ KNU တို့ကို စည်းရုံးနိုင်ခဲ့တဲ့နောက်မှာ တိုင်းရင်းသားတွေကို တဖွဲ့ချင်း ဖဲ့ထုတ်လို့ ရမယ်လို့ ထင်ထားတဲ့ ဦးအောင်မင်းတို့ဟာ တွက်ခြေမကိုက်ခဲ့ပါဘူး။ ဒါကြောင့် လိုင်ဇာမှာ NCCT ကို ဖွဲ့စည်းတဲ့အခါ သဘောတူခဲ့ရပါတယ်။ တကယ့်တကယ်ကျတော့ RCSS နဲ့ KNU တို့လည်း သိန်းစိန်အစိုးရကို ယုံကြည်ကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ ဒီလိုနဲ့ NCCT ကိုလည်း KIO နဲ့ NMSP တို့ပဲ ဦးဆောင်နေတာကို တွေ့ရတဲ့အခါ RCSS နဲ့ KNU တို့က သိန်းစိန်အစိုးရနဲ့ သီသန့်တွေ့ဆုံမှုပေါင်း မြောက်မြားစွာ လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ NCCT ဟာ UNFC အဖွဲ့ပိုင်မဟုတ်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဖြစ်တယ်။ ဒါဟာ တိုင်းရင်သားလောကမှာ မရင့်ကျက်သေးတဲ့ နိုင်ငံရေးခံယူချက်အချို့ကို တင်ပြခြင်းဖြစ်တယ်။ ဒါကို အဖြေရှာဖို့ KNU အဆိုပြုတဲ့ SD အဖွဲ့ကို NCCT က လက်ခံရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက SD အဖွဲ့ကို ဦးဆောင်ဖို့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ကို ဘဝင်မကျဘဲ KNU ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကိုပဲ ဦးဆောင်စေလိုကြတယ်။ SD အဖွဲ့ဆိုတာ NCCT နဲ့ UPWC တို့ သဘောတူညီထားတဲ့ NCA ကို အပြီးသတ်ဖို့တာဝန် ရှိတယ်။ ဒီအဖွဲ့ကို နော်စီဖိုရာစိန်က ဦးဆောင်လာတဲ့အခါ သန်းရွှေကြီးနဲ့ သူ့လက်ရင်းတပည့်တွေက တွက်ခြေမကိုက်ပြန်ပါဘူး။
ဒါကြောင့် သန်းရွှေနဲ့ သူ့လက်ရင်းတပည့်တွေက သေရိဝဝါဏိဇဇာတ်မှာလို ရွဲကို မပေးဘဲ ရွှေခွက်ကိုသာ အလကားရလိုတဲ့ ဆန္ဒနဲ့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေတဲ့ နည်းနာတွေကို ပြန်စဉ်းစားကြရပါတယ်။ ဒီတော့ UNFC ကိုလည်း အကြပ်ရိုက်စေ၊ ပြည်တွင်းစစ်ကိုလည်း အဓွန့်ရှည်စေဆိုပြီး အပစ်ရပ်စာချုပ်မှာ အဖွဲ့(၆)ဖွဲ့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောလာပါတော့တယ်။ အထူးသဖြင့် တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တို့ဟာ လက်နက်ချကို ချရမယ်လို့ အတိအလင်း ပြောလာပါတယ်။ ကျန်အဖွဲ့တွေကတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးတာနဲ့ အားလုံးဟာ လက်နက်ချတဲ့ကိစ္စကို မဖြစ်မနေ ပြောကြရလိမ့်မယ်လို့ ပြောပါလာတော့တယ်။ ဒီအဆိုကို KNU နဲ့ RCSS တို့က အရေးမကြီးတဲ့သဘော ပြောနေပေမဲ့ တိုင်းရင်းသားလူမျိုးအတော်များများမှာ တကယ့်ကို ဂယက်ရိုက်စေခဲ့ပါတယ်။ လောလောဆယ်မှာ ဖဒိုမန်းငြိမ်းမောင်က အစိုးရဘက်ကို ပါကြောင်း သိစေလိုလို့ အဖွဲ့အားလုံးပါမှ အပစ်ရပ်ကို ရပ်ကြမယ်ဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရင်တောင် မဖြစ်နိုင်ဘူးလို့ ဆိုလာပါတယ်။ သမ္မတက သြဂုတ်လ (၁၁)ရက်နေ့မှာ အပစ်ရပ်ဖို့ စာပို့၊ KNU က (၁၅)ရက်နေ့မှာပဲ လက်ရှိစာချုပ်အတိုင်း လက်မှတ်တိုးနိုင်ကြောင်းကျေညာခဲ့တာ ဘာဆန်းသလဲ။
ဒီလို မတင်မကျဖြစ်နေလို့ ထုံးစံအတိုင်း ဇင်းမယ်ကို ပြေးကြရပြန်ပါတယ်။ နော်စီဖိုရာစိန်က KNU လည်း အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ မျက်နှာပူပူနဲ့ ပြောရတဲ့အထိပါပဲ။ ထိပ်သီးတွေက ချွေးသီးရတဲ့အထိ ညှိနိုင်းကြတော့ အရင်လိုပဲ အားလုံးပါဝင်နိုင်မှ အပစ်ရပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ဖြစ်ကုန်ပါတယ်။ အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ကြီး(၅)ကြီးခေါင်းဆောင်တွေနဲ့ SD က ခေါင်းဆောင်(၃)ဦးတို့ဟာ လာမဲ့လ (၉)ရက်နေ့မှာ သမ္မတနဲ့ ကာချုပ်ကို သွားတွေ့ကြပါအုံးမယ်။ ဒါဟာ အပစ်ရပ်ကို လက်မှတ်ထိုးဖြစ်မလား၊ မထိုးဖြစ်ဘူးလား အန္တိမဆုံးဖြတ်ချက် ဖြစ်ဖို့များပါတယ်။ ဒီထက် ညှိစရာ မရှိတော့ဘူး။ ညှိခဲ့ရင်လည်း ကလေးကလားဆန်လွန်းနေမှာ အမှန်ပဲ။
ဒီတော့ အပစ်ရပ်စာချုပ်ဟာ လက်မှတ်မထိုးရသေးတဲ့အချိန်မှာတောင် အတော့်ကို ရှုပ်ထွေးနေပါတယ်။ နာဂစ်ဖွဲ့စည်းပုံကလည်း အရှုပ်ထုပ်တွေနဲ့ ရေးခဲ့ပါတယ်။ ဒီတော့ ဒီအပစ်ရပ်စာချုပ်နဲ့ နာဂစ်ဖွဲ့စည်းပုံတို့ဟာ ပြဿနာကို ရှင်းဖို့အတွက်လား၊ ပြဿနာတွေကို ဖန်တီးဖို့ နောက်အစတစ်ခု ဖြစ်နေမလား ဝေခွဲရခက်နေပါပြီ။ ဒါကြောင့်လည်း အပစ်ရပ်စာချုပ်နဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မလောဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးရခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအပစ်ရပ်ရေးမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေတယ်ဆိုတာ သူ ခန့်မှန်းမိလို့ နေမယ်။ စောတူးတူးလေးနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှု ရှိတဲ့ ရှေ့နေ ဦးအောင်ထူးကလည်း အပစ်ရပ်စာချုပ်ရဲ့ ဟာကွက်တွေကို မနည်းထောက်ပြထားပါတယ်။ ဒီအပစ်ရပ်စာချုပ်မှာ ဘာငြိမ်းချမ်းရေးကိုမှ အာမခံချက်ပေးမထားဘူး၊ စစ်တပ်က နောက်ထပ်ထိုးစစ်မလုပ်တော့ဘူးလို့ ခံဝန်ချက် မပါဘူး၊ တိုင်းရင်းသားတွေကို လက်နက်ချတဲ့စကားမပြောဘူးလို့ မပါဘူး။ အပစ်ရပ်ကို လက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားတွေအတွက် အပိတ်ချည်းပဲ ဖြစ်ပြီးတော့ သန်းရွှေနဲ့ သူ့ငယ်ပါကျွန်တွေက အဖွင့်ချည်းပဲ တိုက်ကွက်ဆင်နေပါလိမ့်မယ်။
မိမိအမြဲတမ်းထောက်ပြနေတဲ့အချက်တစ်ခုမှာ လက်ရှိစာချုပ်ကို တဖက်ဖက်က ချိုးဖောက်ခဲ့ရင် ကုလငြိမ်းချမ်းရေးတပ် ဝင်ရောက်ဖို့လမ်းစ ထည့်ထားဖို့ ဖြစ်တယ်။ အခု အဲဒီစာပိုဒ် မပါသလို ရှေ့နေဦးအောင်ထူးထောက်ပြတဲ့အတိုင်း ဒီစာချုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ တတိယပါတီတစ်ခုတောင် ဖော်ပြထားတာမရှိဘူး။ စာမျက်နှာ (၁၇)မျက်နှာ ရှိပြီး အချက်ပေါင်း (၃၃)ချက်ရှိတဲ့ ဒီအပစ်ရပ်စာချုပ်ဟာ သတ်ကွင်းနဲ့တူတဲ့ လွှတ်တော်နိုင်ငံရေးဆီကိုပဲ ထွက်ပေါက်ပေးထားတဲ့ ဝင်္ကဘာတစ်ခုလိုပါပဲ။ ဒါကြောင့် ဒီအပစ်ရပ်ဝင်္ကဘာထဲ လောလောနဲ့ ဘာကြောင့် ဝင်ချင်ရသလဲ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မေးကြည့်ရမယ်။ သူတို့က သန်းရွှေဆီက ဘာအမာခံချက်ကို ရရှိခဲ့ပါသလဲ။ CEFU ကိုလည်း လောလောနဲ့ ဖွဲ့ပြီး လောလောနဲ့ ရုပ်သိမ်းလိုက်တယ်။ UNFC ထဲကိုလည်း လောလောနဲ့ ဝင်လာပြီး လောလောနဲ့ ထွက်သွားတယ်။ အခုလည်း အပစ်ရပ်ကို လောလောနဲ့ လက်မှတ်ထိုးပြီး လောလောနဲ့ ပြန်ပစ်ကြရင် (အခုလည်း ပစ်နေကြတာပဲ) ဘာထူးမှာလဲ။ တစ်ခုတော့ ပြောထားမယ်။ လက်မှတ်မထိုးခင်အထိတော့ လွတ်လပ်သူပါပဲ။ ပင်လုံကို လက်မှတ်မထိုးခင်အထိ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ ချင်းတို့ဟာ လွတ်လပ်နေခဲ့တယ်။ အဲဒီလက်မှတ်တစ်ချက်ကြောင့် ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ။ နောက်ပြီး လက်မှတ်ဘယ်နှခါ ထိုးခဲ့ပြီးပြီလဲ။ စစ်တပ်က ဘယ်တုန်းက ကတိတည်ဖူးသလဲ။ သန်းရွှေကို ဘယ်လောက်ယုံနိုင်မလဲ။ ယုံတယ်ဆိုရင် ထိုးကြပါလေ။ သေချာတာက သန်းရွှေက သူ့မူဝါဒ ဘာတစ်ခုမှ မပြောင်းသေးဘူး။ အရင်အတိုင်းပဲဆိုတာ သိန်းစိန်နဲ့မအလတို့ရဲ့ လက်စလက်နကို ကြည့်ရင် ရိပ်မိသင့်လှပါတယ်။
အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ

Read more »

MIWA HKAWHKAM PRATBAN(DYNASTY) TEN NA LAMU GA SUMLA NI.



Jinghpaw Amyu sha ni a lapran Labau Sara Kaba langai hku nna masha chye law ai Sara Kaba Manam Tawng hpe Miwa Gumsan Mungdan Mangshi Mare kaba e August Shata manang langai hte ngai sa hkrum ai ten grai manu dan ai labau hte seng ai lam ni hpe hkaja chye lu ga ai, ahkyak ai langai gaw Sara Kaba Manam Tawng shi nan grai manu shadan hkang zing kyem tawn ai kaw na shaw la nhtawm madun sanglang ai laika buk kaba gaw Miwa Hkawhkam prat ban ten shagu na Lamu ga sumla ni rai nga ai, matsing ai daram nga yang ahkyak ai Miwa Hkawhkam Pratban(Dynasty) 10 daram yawm htum nga lai wa yu sai rai nna Qin Dynasty prat hpang kaw na Jinghpaw WP ni nga shanu ai Wunpawng Mungdan gaw Miwa Hkawhkam ni up hkang ai lamu ga re ngu masat la tawn hkrum ai ginra re hpe Dynasty shagu na Lamu ga sumla ni hpe yu yang asan sha chye lu ai. Wunpawng Mungdan gaw jasam maigan ni yawng e ra marin nga ai lamu ga ginra rai nga ai hpe mung asan sha chye na ra nga ga ai.
Qin (Ch'in) Dynasty - 221-206 BCE
Han Dynasty - 206 BCE-220 CE
"Period of Disunity"/ Six Dynasties Period - 220-589 CE
Sui Dynasty - 581-618 CE
Tang (T'ang) Dynasty - 618-906
Song (Sung) Dynasty - 960-1279
Ming Dynasty - 1368-1644
Qing (Ch'ing) Dynasty - 1644-1912

Read more »

အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေ


U Ravika
 
 · 

မွန်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် ပျူဝါဒီများ၏ ခြိမ်းခြောက်မှုအောက်တွင် အန္တရာယ်ကျရောက်လျက်ရှိပါသည်။ အန္တရာယ်ကို ကာကွယ်နိုင်ရန် အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေရှိ သုတေသနလုပ်ငန်းများသည် မွန်သုတေသနအရာရှိများ၏ လက်ထဲ၌ ရှိနေရန် လိုအပ်ပါကြောင်း မွန်အဖွဲ့အစည်းများ တောင်းဆိုသင့်ကြပြီဟု ထင်မြင်မိပါသည်။
ပုသိမ်(၃၂)မြို့တွင် တစ်မြို့အပါအဝင် ဖြစ်ဟန်ရှိသည့် နေရာတွင် ရှေးဟောင်းစေတီပျက်တစ်ဆူကို ဖူးတွေ့ရခြင်းဖြစ်သည်။ ပုသိမ်မြို့ကို ပသီမြို့ဟု ရေးသူများ ရှိရာ မွတ်စလင်မြို့တစ်မြို့ဖြစ်ကြောင်း ကြံကြပါသည်။ အလွန်မှားယွင်းပါသည်။ မွန်အမည် ဖာသီကို ပသီဟု မြန်မာတို့အရေးမှားရာမှ ဇာတ်လမ်းက စတင်ပါသည်။ မွန်အမည် ဖာသီဆိုသည်မှာ သိမ်ကျောင်းဘက်ဟု အဓိပ္ပါယ်ရှိပါသည်။ မွန်အမည်များကို မြန်မာအတွေးဖြင့် မရေး၊ မပြောကြဖို့ လိုပါသည်။
အလားတူစွာ ပုဂံမတိုင်မီ တည်ရှိခဲ့သော သမိုင်းခေတ်များကို သတ်မှတ်ရာ၌ ပျူခေတ်တစ်ခုတည်းကိုသာ မြန်မာအစိုးရတို့က အသုံးပြုခဲ့ကြပါသည်။ အမှန်တွင် အောက်မြန်မာပြည်အတွက် သုဝဏ္ဏဘူမိခေတ်တစ်ခုကို သတ်မှတ်ပေးရန် လိုအပ်ပါသည်။ သတ်မှတ်ရန် ပျက်ကွက်ခဲ့၍သာ ယခုအခါ၌ မွန်လော၊ ပျူလော ရောကုန်ခြင်းဖြစ်သည်။ ထို့ပြင် ရာမညတိုင်းကို ရည်ညွန်းရာ၌ လက်ရှိမွန်ပြည်နယ်ကိုသာ မဖော်ပြသင့်ကြောင်းလည်း ခံစားမိပါသည်။ ရာမညတိုင်း မွန်ပိုင်း(၃)ရပ်ဟု သမိုင်းမှာ အထင်အရှား ပါရှိပြီဖြစ်ပါသည်။
ပြည်ထောင်စုသမိုင်းတစ်ရပ် မပျောက်ပျက်စေရေးအတွက် မွန်ပြည်နယ်အသံလို စစ်တပ်စာမျက်နှာတွေက ဦးဆောင်၍ ပါဝင်တောင်းဆိုသင့်ကြောင်း ယုံကြည်မိပါသည်။

Read more »