Friday, July 4, 2014

အမေရိကန်တပ်မတော် Gen. Crutchfield မှ နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသား ကာကွယ်ရေး တက္ကသိုလ် (National Defense University) တွင် ပြောကြားခဲ့သော မိန့်ခွန်း

By Duwa Kachin



~၂၅ ရက်၊ ဇွန်လ ၂၀၁၄ 

အားလုံးမင်္ဂလာပါခင်ဗျာ မင်္ဂလာနေ့လယ်ခင်းပါ။အားလုံးနဲ့ဒီနေ့အခုလိုစကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကျွန်တော်ဒီမှာရှိနေခြင်း ဟာကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံရဲ့သံတမန်ရေးရာ ကဏ္ဍသစ်သို့ရောက်ရှိ လာပြီ
ဖြစ်ကြောင်းပြသလိုက်တာပါပဲ။

ကျွန်တော်ဟာ အရာရှိငယ်တစ်ယောက် ဘဝတုန်းက အခုကာကွယ်ရေးတက္ကသိုလ်နဲ့အတော်လေး ဆင်တူတဲ့စစ်တက္ကသိုလ် ကိုတက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်မှာ ကျွန်တော်ရရှိခ့တဲ့ ပညာရေးဟာ
ပြည့်ဝကောင်းမွန်ပြီးကျွန်တော်ရဲ့ အလုပ်အတွက်အများကြီးအကူအညီပေးပါတယ်။ ကျွန်တော် အခုပြော မယ့် မှတ်ချက်စကားဟာဒီပွဲကိုကြွရောက်လာ သူတွေရဲ့လေ့လာသင်ယူမှုနဲ့ နောက် ပိုင်း မှာ ပေါ်ပေါက် လာမယ့် ကြိုးပမ်းချက်များကို အနည်းငယ် အကျိုးပြုနိုင်မယ်လို့ ဆုတောင်းပါတယ်။ ယခုဤနေရာမှာ အားလုံးနဲ့အတူ ရှိနေတာကိုဂုဏ်ယူပါတယ်။ 



ကျွန်တော်ဒီနေရာကို သံတမန်တစ်ဦး၊ အစိုးရအရာရှိတစ်ဦး ဒါမှမဟုတ်နိုင်ငံရေးသမားတစ်ဦးအနေနဲ့ လာရောက် တာ မဟုတ်ပါဘူး။ အရပ်သားအစိုးရရဲ့ဦးဆောင်မှု အောက်မှာ ကောင်းမွန်စွာ လှုပ်ရှားဆောင် ရွက်နေ တဲ့ အမေရိကန် ပြည်ထောင်စု စစ်တပ်ကနိုင်ငံသားစစ်သား တစ်ယောက်အနေနဲ့ လာရောက် တာဖြစ်ပါ တယ်။ ကျွန်တော်တို့ အမေရိကန်တွေ ဒီမို ကရေစီ အုပ်ချုပ်ရေးန့ပဲ ရော်ဖက်ရှင်နယ် ပီသသော စစ်တပ်ကို ဘယ်လို
ကောင်းစွာထိန်းညှိထားသလဲဆိုတာကိုစစ်ဘက်ရေးရာ အရာရှိ တယောက် အနေနဲ့ကြုံတွေ့ခဲ့ရတဲ့ အတွေ့ အကြုံလေးတွေကိုပြောပြမှာပါ။

ပြီးရင်တော့ကျွန်တော့်ကို မေးခွန်းလေးတွေ မေးနိုင်ပါတယ်။ မေးခွန်းတွေကိုဖြေရင်း ကျွန်တော် မသိတာ
လေးတွေကိုအခုကြွရောက်လာသူတွေထံမှ ပြန်လည်သင်ကြားလိုပါတယ်။

လှပတဲ့မြန်မာနိုင်ငံကပြန်တဲ့အခါမှာ ကျွန်တော်တို့စစ်တပ်နှစ်ခုအကြား အဓွန့်ရှည်သောဒိုင်ယာလော့ခ် တစ်ခု တည်ထောင်ရန် အခြေခံအုတ်မြစ်ချဖို့ မျှော်လင့်ချက်တစ်ခုကို ယူဆောင်သွားလိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့စစ်တပ်မှာ ၃၂ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအချိန် အတော အတွင်း မှာအလုပ်ပေါင်းများစွာလုပ်ခဲ့ပြီး အတွေ့အကြုံလည်း အတော်လေးရခဲ့ပါတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်က တိုက်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။

လေယာဉ်ပျံပေါ်ကခုန်ချခြဲ့ပီး AH-64 APACHE ATTACK ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ပါတယ်။ စစ်ဖြစ်နေတဲ့ အချိန်မှာရော ငြိမ်းချမ်းနေတဲ့ အချိန်မှာပါ အမှုထမ်းခဲ့ပါတယ်။

တပ်စိတ်ခေါင်းဆောင်အဖြစ်စတင်ခြဲ့ပီး POST I ရာထူးကိုရရှိခဲ့ပါတယ်။ အခုအချိန်မှာအမေရိကန်စစ်တပ်ရဲ့ အာရှနဲ့ပစိဖိတ်မှလုပ်ငန်းဆောင်တာများကိုကြီးကြပ်ရတဲ့အမေရိကန်ပစ္စိဖိတ် ညွှန်ကြားရေးဌာနရဲ့ ဒုတိယ စစ်ဦးစီးဖြစ်နေပါပြီ။

-အမေရိကန်နိုင်ငံမှစစ်ဘက်ရေးရာအရာရှိတစ်ယောက်အနေနဲ့ကမ္ဘာအနှံ့အပြားမှာတာဝန်ထမ်းဆောင်ခဲ့ပြီး
နိုင်ငံခြားစစ်တပ်အ တော်များများန့ဆဲ က်ဆံခဲ့ပါတယ်။ ဤကဲ့သို့ဆက်ဆံမှုများမှ သဘောကျဖွယ်ရာကောင်းတဲ့ အချက်တစ်ချက်ကတော့ တာဝန်ထမ်းဆောင်ရသော တိုင်းပြည်များ ကွဲပြားသော်လည်းကျွန်တော်တို့ အချင်း ချင်းမှာတူညီမှု များစွာရှိခြင်းပဲဖြစ်ပါတယ်။

သို့သော်လည်း အမေရိကန်နိုင်ငံစစ်တပ်အတွက် ကျွန်တော်ဂုဏ်အယူဆုံးအရာနဲ့ ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့ အင်အားအကြီးဆုံးစစ်တပ်ကို ကျွန်တော်တို့ ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကိုပြောချင်ပါတယ်။

ကျွန်တော်တို့အမေရိကန်နိုင်ငံမှာမတူကွဲပြားတ့လဲူမျိုးစုများစွာရှိတာကြောင့်ကျွန်တော်တို့ရဲ့စစ်တပ်ဟာလည်း
အမေရိကန်လူဦးရေကိုထင်ဟပ်ပါတယ်။ မတူကွဲပြားခြင်းဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးခွန်အားဖြစ်ပါ တယ်။ အမေရိကန်စစ်တပ်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့အလုပ်ဟာလက်နက်တွေ ဒါမှမဟုတ် စနစ်တွေ နဲ့ သာ အခြေခံကျကျ အဓိကအားဖြင့် ပတ်သက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်ဟာလူသားတွေနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်တို့ဦးဆောင်တဲ့ ကျွန်တော်တို့ အမှုထမ်းတဲ့ မတူကွဲပြားတဲ့လူမျိုးများနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်တို့လုပ်သမျှအရာအားလုံးကို ထောက်ကန်ပေးတဲ့ အရေးအကြီးဆုံးအချက်မှာ ကျွန်တော်တို့ ရဲ့ကြီးမားမြင့်မြတ်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်တဲ့ အင်စတီကျူးရှင်းအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် တည်
ဆောက်ပြီးတဲ့ ယုံကြည်မှုကိုထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့စစ်တပ်ကိုပရော်ဖက်ရှင်နယ်ပီသအောင်ဘယ်အရာကလုပ်ဆောင်ပါသလဲ။ ဘယ်လိုအရာတွေကြောင့် ကျွန်တော်တို့ စည်းကမ်းကောင်းအမိန့်နာခံပြီး အထူးသဖြင့် မိမိအလုပ် ကို ကောင်းမွန် စွာ လုပ်ဆောင်နိုင်အောင် အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ဖို့လိုအပ်တဲ့ အရည်အသွေးတွေကို ထိန်းသိမ်း
နိုင် တာလဲ။ အကျဉ်းချုပ်အားဖြင့်အောက်ပါ ရိုးရှင်းတဲ့ အချက်များကြောင့်ဖြစ်ပါတယ်။

၁။ ပရော်ဖက်ရှင်နယ် ပီသမှု စွမ်းရည်၊ တန်ဖိုးများနှင့် အမိန့်အာဏာကို လိုက်နာစေရန် လေ့ကျင့်သင်ကြားပေးမှု ၂။ ကျင့်ဝတ်သိက္ခာကိုတိကျလေးနက်စွာလိုက်နာခြင်းနှင့်လူ့အခွင့်အရေးကိုလေးစားမှု
၃။ မတူကွဲပြားမှုကိုလက်ခံခြင်း
၎။ တရားဥပဒေကိုအလေးထားခြင်း
၅။ အရပ်သားထိန်းချုပ်မှုကိုထောက်ခံခြင်း

ပထမဆုံးအနေဖြင့် ပရော်ဖက်ရှင်နယ်ပီသမှု စွမ်းရည်နှင့် စည်းကမ်းသည်ပညာရေး၊ လေ့ကျင့်သင်ကြားခြင်းနှင့် အတွေ့အကြုံတို့နှင့်နိုင်ငံ၏ တန်ဖိုးများကိုအလေးထားခြင်းမှ ထွက်ပေါ်လာပါတယ်။ ပရော်ဖက်ရှင်နယ် ပီသသော ပညာရေးနှင့် လေ့ကျင့် သင်ကြားခြင်းတို့သည် ယနေ့တွင် ကျွန်တော်တို့မည်ကဲ့သို့ လူမျိုးဖြစ်သည်ကို အဆုံး အဖြတ်ပေးသည်။

စစ်သားတစ်ယောက်၏အရေးကြီးဆုံးကိရိယာမှာ လက်နက်မဟုတ်ပါ။ စစ်ပွဲသို့သူနှင့်အတူယူလာသည့် တန်ဖိုး ထားမှုများဖြစ်တယ်။ အမေရိကန်စစ်တပ်မှလည်း ဤတန်ဖိုးများကို တပ်ဖွဲ့များနားလည်စေရန် ပညာရေးနှင့်
လေ့ကျင့် သင်ကြားခြင်းတို့မှ တဆင့်လုပ်ဆောင်ရန်အလေးထားပါတယ်။

စစ်တပ်တစ်ခုရှိစစ်သားတစ်ယောက်ကို ဤအခြေခံတန်ဖိုးများအသုံးပြု၍စစ်မှန်သော ပရော်ဖက်ရှင်နယ်ပီသသူ တဦး၊ နိုင်ငံတနိုင်ငံအတွက် စစ်သည်တော်ကောင်း တစ်ဦးဖြစ်မဖြစ် ခွဲခြားနိုင်တယ်။ စစ်တပ်တစ်တပ်၏ ပုံရိပ် သည် ထိုစစ်တပ်၏ ဂုဏ်သိက္ခာအရှိဆုံး စစ်သားအပေါ်တွင်မူတည်ပါတယ်။

ထို့ကြောင့် အမေရိကန်နိုင်ငံရှိ အုပ်ချုပ်ရေး အရာရှိချုပ်ကစပြီး တပ်စိတ်မှူးအထိ စစ်တပ်အုပ်ချုပ်ရေးအရာရှိ အားလုံး၏ ပထမဆုံးတာဝန်မှာပြုမူကျင့်ကြံရမည့် ရှင်းလင်းပြတ်သား သည့် စံနှုန်းများချမှတ်၍ မိမိ ကိုယ်တိုင် နမူနာ အဖြစ် ဦးဆောင်ဦးရွက်ပြုကာ ဤစံနှုန်းများကို အားလုံးနားလည်ပြီးအဖွဲ့အစည်း တဖွဲ့လုံးတွင် လိုက်နာ ကျင့်သုံးရန်ဆောင်ရွက်ရမည်ဖြစ် ပါ တယ်။

ကြပ်ကြပ်မတ်မတ်လေ့ကျင့်သင်ကြားခြင်း၊ ပညာရေးနှင့်ကြီးကြပ်ခြင်းတို့ကို လုပ်ဆောင်မှသာအောင်မြင်နိုင် မည် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စစ်တပ်အတွက် တန်ဖိုးများနှင့် စာရိတ္တများအကြောင်းလေ့ကျင့်သင်ကြားပေး
ခြင်း သည် တိုက်ပွဲအတွက် ကွင်းပြင်တွင်လေ့ကျင့်ခန်းဆင်းခြင်း သို့မဟုတ် သေနတ်ပစ်လေ့ကျင့်ခန်း ဆင်းခြင်း ကဲ့သို့ အစစအရာရာအရေးပါပါတယ်။

ကျွန်တော့်တိုင်းပြည်၏ တန်ဖိုးများကိုကိုယ်စားပြုပြီး ဂုဏ်ပြုထားသောလေ့ကျင့်သင်ကြားမှုများကို ရရှိသည့် အတွက် အလွန် ဝမ်းမြောက်မိပါတယ်။ အရာရှိတစ်ယောက်အနေဖြင့် အနာဂတ် မျိုးဆက်၏ စစ်ဘက်ဆိုင်ရာ
ခေါင်းဆောင်များထံ ဤတန်ဖိုးများပေးအပ်နိုင်ရန် ကျွန်တော်ကြိုးစားနေပါတယ်။

ဒုတိယအချက်အနေဖြင့်ကျွန်တော်ဆွေးနွေးလိုသော အကြောင်းအရာမှာ လူ့အခွင့်အရေးနှင့် ကျင့်ဝတ်ပိုင်း အပြုအမူကို ကျွန်တော်တို့လေးစားပုံဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုသည်မှာ နိုင်ငံတကာဥပဒေများတွင်တရားဝင်ပြဌာန်း၍ အကာအကွယ်ပေးထားပြီး လူသား အပြုအမူ စံနှုန်းများကိုသတ်မှတ်သည့်ကမ္ဘာလုံးဆိုင်ရာကိုယ်ကျင့်တရားစည်းကမ်းများဖြစ်ပါတယ်။
-

လူသားတိုင်းရသင့်သည့် အခြေခံအကျဆုံးအခွင့်အရေးများဖြစ်ပါတယ်။ လူမျိုး၊ လိင်၊ ယုံကြည်မှု သို့မဟုတ် လူ့အဖွဲ့အစည်း အတွင်းရှိ အဆင့်အတန်းအပေါ်မူတည်၍ မပြောင်းလဲနိုင်ပါ။ အခွင့်အရေးများတွင် အသက်၊ လွတ်လပ်မှု၊ ပညာရေး၊ လူတစ်ယောက်၏ လုံခြုံရေး၊ ညှင်းပန်းခြင်း၊ ရက်စက်စွာဆက်ဆံမှုနှင့်နှိပ်စက်ခြင်းရန်မှ ကင်းဝေးခြင်း၊ လွတ်လပ်စွာတွေးခေါ်မှု၊ အမြင်၊ သဘောထား၊ ဘာသာရေး၊ ထုတ်ဖော်ပြောဆိုမှုနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ပါဝင်ပါတယ်။

လူ့အဖွဲ့အစည်း၊ အထူးသဖြင့် စစ်တပ်တွင် ဤအခွင့်အရေးများကို လေးစားလိုက်နာခြင်းမရှိသေးပါက လူ့အဖွဲ့ အစည်းသည် အတူတကွဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သေးပါ။ အိမ်နီးချင်းများသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိမည် မဟုတ်ပါ။
လူမျိုးစုများမှာလည်းမျှော်မှန်းထားသည့်အတိုင်း ဖြစ်လာရန်ရုန်းကန်ရပါမည်။ လူ့အခွင့်အရေးကိုလေးစား လိုက်နာပြီး ကာကွယ်ခြင်းသည် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းသိမ်းယုံသာမက လူသားအားလုံးငြိမ်းချမ်းပြီး အကြောက်တရား မရှိဘဲနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ကိုပါဖြစ်ပေါ်စေပါတယ်။ စစ်တပ်သည် လူ့အခွင့်အရေးကို မ လိုက်နာပါကပြည်သူလူထုသည် ၄င်းတို့ ၏စစ်တပ်ကို လေးစားချစ်ခင်လိုစိတ် ရှိမည်မဟုတ်ပါ။

လူ့အခွင့်အရေးနှင့်ဆက်စပ်နေသည်မှာ မြင့်မားသော ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကိုထိန်းသိမ်းခြင်းဖြစ်ပါ တယ်။ ခုနကပြောခဲ့တဲ့အတိုင်း ယုံကြည်မှုရရှိစေရန် (မိမိတိုင်းပြည်တွင်ဖြစ်စေနိုင်ငံခြားတွင်ဖြစ်စေ) စစ်တိုက်ရန် လိုအပ်သည့်အခါ ကျွန်တော်တို့ဟာ မြင့်မားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကို ဆုပ်ကိုင်ထားရန် လိုအပ်ပါ တယ်။

ဤစံနှုန်းများနှင့်အညီရန်လို တဲ့အင်အားစုများကိုအရပ်သားများမှထောက်ခံသည့် တိုင်အောင်အရပ်သားများကို ထိခိုက်မှု မရှိစေရန် တတ်နိုင်သမျှ လုပ်ဆောင်ရပါတယ်။

ဤစည်းမျဉ်းကိုအမေရိကန်နှင့်နိုင်ငံတကာဥပဒေများ ဥပမာအားဖြင့် ဂျနီဗာညီလာခံတွင်နိုင်ငံ အားလုံး လိုက်နာရ မည် ဟူ၍ထုတ်ပြန်ထားပါတယ်။ သို့သော်ဤသည်မှာ တရားဥပဒေနှင့် ကိုယ်ကျင့်တရားအတွက်စည်းမျည်း တစ်ခုထက်ပိုပါတယ်။ ကျွန်တော်တို့ လေ့လာမှုများအရ ဤစည်းမျဉ်းသည်စစ်ဆင်ရေးအတွက် လိုအပ်ချက် တစ်ခုလည်းဖြစ်ပါတယ်။ အရပ်သား လူဦးရေကို တိုက်ခိုက်ပါက ၄င်းတို့ထံမှထောက်ခံမှုကို ကျွန်တော်တို့ ဆုံးရှုံးပြီး ကျွန်တော်တို့၏ ရန်သူမှာ ပိုမို၍လူကြိုက်များလာပါလိမ့်မယ်။ ကျွန်တော်တို့ တောင့်ခံနိုင်ရန် ပိုမိုခက်ခဲပြီး မိမိတို့၏တပ်ဖွဲ့များကို ပိုမိုကြီးမားသည့် အန္တရာယ်အတွင်း ကျရောက်စေပါလိမ့်မယ်။

ကျွန်တော်ဟာစစ်ပွဲများကိုမြင်ဖူးပြီးတပ်ဖွဲ့များကို တိုက်ပွဲတွင်ဦးဆောင်ဖူးပါတယ်။ စစ်ပွဲကို နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတဲ့ လူတွေနားလည်ကြပါလိမ့်မယ်။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပြောတာဟာ တစ်ကယ့် တိုက်ပွဲမှာ လိုက်နာဖို့ထက် ပိုမိုလွယ်ကူပါတယ်။ ရန်သူရဲ့အပစ်ခံနေရတဲ့၊ သူ့ရဲ့ရဲဘော်များဘေးမှာ တိုက်ပွဲ ကျတာကို မြင်နေရတဲ့ စစ်သားတစ်ယောက်ဟာ စိတ်ထင်တာကို လုပ်တတ်ပါတယ်။ ဒါဟာ လူ့သဘာဝ လည်း
ဖြစ်ပါတယ်။ စိတ်အလိုလိုက်ခြင်းဟာစ ည်းကမ်းကို အနိုင်ယူသွားတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုကို ဘယ်လို ကိုယ်တွယ်ဖြေရှင်းပြီး ပြင်ဆင်မလဲဆိုတဲ့ အချက်ဟာနိုင်ငံတကာက ရိုသေလေးစားပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့စစ်တပ်ဟုတ် မဟုတ် အဆုံးအဖြတ်ပေးနိုင်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာပြီး ပြည့်စုံခြင်းမရှိသေးဘူးဆိုတာကို ကျွန်တော်အလေးအနက်ထားပြီး ပြောလိုပါ တယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ အမှားအယွင်းလုပ်တတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း တစ်ခု
ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်ရဲ့အမှားတွေထံမှသင်ခန်းစာယူပြင်ဆင်ပြီး အမြဲတမ်း တိုးတက်ချင်နေတဲ့ စိတ် ထား၊ ကြိုးပမ်းမှုအတွက် ကျွန်တော် အလွန်ဂုဏ်ယူကြောင်းပြောလိုပါတယ်။ ကျွန်တော်ထင်သာမြင်သာတဲ့ ဥပမာပေးပါမယ်။

ကျွန်တော်တို့အီရတ်မှာ စစ်စတင်တိုက်တုန်းက အရပ်သားတွေကို ညှင်းပမ်းနှိပ်စက်တဲ့ ပြဿနာတွေရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကိုလည်း ထိခိုက်ပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်နေတဲ့ ရန်သူတွေအတွက် တပ်သားစု
ဆောင်းဖို့ အခြေအနေကောင်းသွားပါတယ်။ ရန်သူက ဝါဒဖြန့်ဖို့ အခွင့်အရေးရသွားပြီး အမေရိကန်စစ်တပ် ရဲ့နိုင်ငံတကာမှာရှိတဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ဒေသခံတွေဟာကျွန်တော်တို့န့ဲ အတူတကွ အလုပ်လုပ်ဖို့
နေနေသာသာ အညံ့ခံဖို့တောင် မလိုလားကြတော့ပါဘူး။

ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကိုလည်း မလွယ်ကူစေဘဲ ပိုမိုခက်ခဲ သွားစေပါတယ်။ အီရတ်မှာ ရှိတဲ့ တပ်ဖွဲ့တွေကို ဗိုလ်ချုပ် DAVID PETRAEUS တာဝန်ယူတဲ့အခါမှာ သူ ပထမဆုံးပြောခ့တဲ့ စကားတစ်ခွန်းက ကျွန်တော်တို့
နှိပ်စက်မှုတွေကို သည်းညည်းခံမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။

တစ်ယောက်ယောက်က ညှင်းပန်းနှိပ်စက်တဲ့ အခါမှာ ကျန်သူတွေ အားလုံးပါခံရပါတယ်။ ဒီလိုနှိပ်စက်မှုတွေဟာ ကိုယ်ကျင့်တရားအရ သာမက စစ်ဆင်ရေး ကိုလည်း မဟာဗျူဟာပို င်းအရထိခိုက်စေပါတယ်။ တင်းတင်း ကြပ်ကြပ်ကြီးကြပ်ခြင်းနှင့်တာဝန်ယူခြင်း အပါအဝင်သေသေချာချာ ဆောင်ရွက်ခြင်းကြောင့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကိုပြန်ဆည်နိုင်ခဲ့ပါတယ်။ အခြေအနေကို အသာစီးရအောင်ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်ဟာကျွန်တော်တို့စစ်တပ်ရဲ့တန်ဖိုးများနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေလိုလားပြီး ကျွန်တော်တို့အဖွဲ့အစည်းကို ဂုဏ်သိက္ခာရှိစေတဲ့ အမြင့်မားဆုံး စံနှုန်းများနှင့်ကိုက်ညီစေရန် တစ်ရက်ချင်းစီ ကျွန်တော်တို့အလုပ် လုပ်ခဲ့ရတာတွေ အပေါ်မှာအလွန်ပဲ ဂုဏ်ယူမိပါတယ်။

တတိယအချက် အနေနဲ့ အမေရိကန်နိုင်ငံ၏ စစ်တပ်မှာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်း၏ လက္ခဏာ အမျိုးမျိုး၊ အမေရိကန်နိုင်ငံမှာ တွေ့နိုင်မယ့်နောက်ခံ အမျိုးမျိုးဖြင့်လူပုဂ္ဂိုလ်တို့ကိုတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေ အာဖရိကန်၊ အမေရိကန်နဲ့အခြားသော လူနည်းစု၊ မကြာသေးခင်က လိင်တူဆက်ဆံသော အမေရိကန်တွေကို စစ်တပ်ထဲမှာ အောင်မြင်စွာ စုဝေးထားနိုင်ပါတယ်။ ကျန်တဲ့အမေရိကန်လူ့အဖွဲ့အစည်းရဲ့ သည်းခံခြင်း တရား လက်စွဲပုံကို ကျွန်တော်တို့စစ်တပ်ကိုကြည့်ခြင်းဖြင့်သိသာပါတယ်။

ဤကဲ့သို့စုဝေးထားခြင်းမှာ ကျွန်တော်တို့ရဲ့ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ကိုထိခိုက်ခြင်းမရှိဘဲ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ထောင့်ပေါင်း စုံကအားသာချက်များဖြင့် တန်ဖိုးတက်စေပါတယ်။

ကျွန်တော်ဟာ အမေရိကန်နိုင်ငံစစ်တပ်ရဲ့အားလုံး စုဝေး ပူးပေါင်းရေး၊ သည်းခံမှုနှင့်ပါဝင်ရေးတို့အပေါ် အလေး
ပေးမှု ရဲ့သက်ရှိ ဥပမာတစ်ခုဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ဘိုးဘွားတွေဟာဒေသခံအမေရိကန်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာအသေးငယ်ဆုံး နဲ့အဆင်းရဲဆုံးဒေသခံအုပ်စုဖြစ်ပါတယ်။ နိုင်ငံသားမည်သူမဆို ကျွန်တော်တို့ရဲ့စစ်တပ်ထဲဝင်လို့ ရပြီး အားလုံး ဟာ အငယ်ဆုံးအရာရှိ သို့မဟုတ် စာရင်းသွင်း လူသစ်အဖြစ် စကြသောကြောင့် ကျွန်တော်ဟာ အခြားသူတွေ လိုပဲ အောင်မြင်ဖို့ အခွင့်အလမ်းရခဲ့ပါတယ်။

ကျွန်တော့်ရဲ့လူကြီးများဟာ ကျွန်တော့်အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ အမိန့် ကို ဆောင်ရွက်
နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနဲ့ ကျွန်တော့်ရဲ့တပ်သားတွေနဲ့ အလုပ်အကျွေးပြုတဲ့ လူထုရဲ့ ယုံကြည်မှု ရရှိခြင်း စတာတွေကိုသာကြည့်ပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်ဒီနေရာကို ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ယောက်အနေ နဲ့ ရောက်နိုင်ပါပြီ။

စတုတ္ထအချက်အနေနဲ့ ပရော်ဖက်ရှင်ကျတဲ့ စစ်တပ်ဆိုတာဟာပြည်တွင်းနဲ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ဥပဒေ
တွေ ကို လိုက်နာပြီး အခြားသူများကိုလည်း ဥပဒေ လိုက်နာစေရန် လုပ်ဆောင်ရပါမယ်။ နိုင်ငံသားများကို အကာ အကွယ်ပေးခြင်း၊ ၄င်းတို့၏ အခွင့်အရေးများနှင့် ဥစ္စာပစ္စည်းများ စသည်တို့ ပါဝင်ပါတယ်။

ပရော်ဖက်ရှင်နယ် ကျသော စစ်တပ်သည် ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေချိုးဖောက်တဲ့တပ်ဖွဲ့များကို မျှတစွာ၊ မှန်ကန်စွာနှင့် မျက်နှာမလိုက်ဘဲ အပြစ် ပေးရမှာဖြစ်ပါတယ်။

သင်ကြားထားမှုများမှ၊ စစ်ပွဲနှင့် လူသားဥပဒေများမှသွေဖယ်၍ ပြုလုပ်သော စစ်တပ်ကိုအရှက်ရစေမည့် အာဏာ အလွဲသုံးစားပြုခြင်း ကဲ့သို့သောလုပ်ဆောင်မှုများကို စုံစမ်းဖော်ထုတ်ရန် ထိရောက်သော စနစ်ရှိရပါမယ်။ ဥပဒေ ချိုးဖောက်သည့် သူများကိုဖော်ထုတ်၍ ဒဏ်ပေးနိုင်ရန်ဤစနစ်မှ စီစဉ်ရမည်ဖြစ်ပါတယ်။

ဤကဲ့သို့ပြစ်မှုချိုးဖောက်သည့် တပ်သားများကိုအပြစ်ပေးပါက တပ်တွင်းစည်းလုံးမှု၊ ယုံကြည်မှုလျော့ကျသွား မည်ကို စိုးရိမ်ကြောင်း တစ်ခါတစ်ရံ ကြားရပါသည်။ အမေရိကန် စစ်တပ်မှာတော့ပြောင်းပြန်သာ မှန်ကန်ပါတယ် ဆိုတာကို တွေ့ရပါတယ်။

ဤဖြစ်ရပ်များကို လျှင်လျှင်မြန်မြန်ဖြင့်ပွင့်လင်းမြင်သာစွာ ဖြေရှင်းခြင်းမရှိပါက စည်းကမ်းပိုင်း ယိုယွင်း ၍ ဌာနချုပ်နှင့် ဗဟိုဌာနတွင်သက်ရောက်မှုရှိပြီး စစ်ဆင်ရေးသည် ကျရှုံးနိုင်ပါသည်။

အမေရိကန်ရှိ စနစ်တွင် အကယ်၍ အမေရိကန်စစ်သားတစ်ယောက် သို့မဟုတ် ယူနစ်သည် အင်အား ချိုးဖောက် သုံးစွဲခြင်း သို့မဟုတ် စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ၌ စည်းမျဉ်းချိုးဖောက်ခြင်း သို့မဟုတ် စစ် မတိုက်သော ဝန်ထမ်း၏လုံခြုံရေးအားအန္တရာယ်ပေးခြင်းတို့ကိုလုပ်ဆောင်သည်ဟု သံသယရှိပါက အသိအမှတ်ပြု လွတ်လပ် သည့် တရားစီရင်ရေး စနစ်မှတဆင့် အချက်အလက်များကို စစ်ဆေး၍ သင့်တော်သော ဆုံးဖြတ်ချက် တစ်ခုကို လိုအပ်သလိုချမှတ်ရန်လျှင်လျှင်မြန်မြန်ဖြင့်တရားမျှမျှတတလုပ်ဆောင် ရန်အရေးကြီးသည်ဟု ကျွန်တော်တို့မှ ယူဆပါတယ်။

နောက်ဆုံးအနေဖြင့် အမေရိကန်နိုင်ငံ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျသည့် တပ်တစ်ခုဖြစ်စေသည့် အဓိက အုတ်မြစ်မှာ အမေရိကန်စစ်တပ်သည် အရပ်သားအစိုးရ၏ လက်အောက်တွင်ရှိနေသောကြာင့်ဖြစ်ပါတယ် ။

နိုင်ငံတော်ကာကွယ်ရေး အတွက် ကျွန်တော်တို့နိုင်ငံကို တည်ထောင်သူများသည် လူထုမှရွေးချယ်လိုက်သည့်
ခေါင်းဆောင်များ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်သည့် စစ်သားများနှင့် ကျွန်တော်တို့၏ စစ်တပ်ကို ဖွဲ့စည်းထားပါတယ်။ စစ်သားများသည် လူထုလိုက်နာ ရသည့်စည်းကမ်းများနှင့် ဥပဒေများကို လိုက်နာရပြီး ဒီမိုကရက်တစ်ဖြစ်စဉ်တွင်ပါဝင်ရန်၎င်းတို့၏အခွင့်အရေးများကိုအသုံးချရပါသည်။

ကျွန်တော့်လို စစ်သားတစ်ဦး တစ်ယောက်ချင်းဆီမှ မဲပေးပြီး မိမိ၏ အခွင့်အရေးကို ချစ်မြတ်နိုးနိုင်သော်လည်း အမေရိကန် နိုင်ငံ စစ်တပ်အနေဖြင့် နိုင်ငံရေးဆုံးဖြတ်ချက်များ သို့မဟုတ်မေးခွန်းများတွင် ဝင်ရောက် စွက် ဖက်ခြင်းမရှိပါ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် လူအများ၏ကိုယ်ပိုင်ဆုံးဖြတ်မှုကို အစားထိုးလိုက်ရန် စစ်တပ်တွင်စွမ်းဆောင်နိုင်ရန် ရှိပါသည်။ ဒါပေမယ့် စစ်တပ်သည် လူထုကို အလုပ်အကျွေးပြုရန်သာဖြစ်ပြီးလူထု၏ ဒီမုကရက် တစ်နည်းလမ်း အရဆုံးဖြတ်မှုကိုသာအလေးထားပါသည်။

စစ်ဘက်ဆိုင်ရာအရာရှိ တစ်ယောက်အနေဖြင့် ကျွန်ုပ်၏ စစ်မှုထမ်းဘဝကို အမေရိကန်ပြည်ထောင်စုကို ကျမ်း သစ္စာ ကျိန်ဆိုခြင်းဖြင့် စတင်ခဲ့ပါသည်။ ကျမ်းသစ္စာတွင် ကျွန်ုပ်တို့တိုင်းပြည်၏ အမြင့်ဆုံးသော အရပ်သား
ခေါင်းဆောင်ဖြစ်သည့် သမ္မတနှင့် ကျွန်တော်၏ အထက်အရာရှိများမှ ချမှတ်ပေးအပ်သော တရားဥပဒေနှင့် အညီဖြစ်သည့် အမိန့်များကို လိုက်နာပါမည်ဟု သစ္စာဆိုခဲ့ပါသည်။

ဒီမိုကရက်တစ်နည်းကျကျရွေးကောက်ခံ ထားသော အရပ်သားခေါင်းဆောင်မှုအောက်တွင် ကျွန်တော့်ကို ထားပြီး လူထုမှအထူးပေးအပ်ထားသော အမေရိကန်နိုင်ငံရှိ ဥပဒေများမှ ကျွန်တော်၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ ကျွန်တော်တို့၏ အစိုးရအဖွဲ့တွင် ကျွန်တော်၏ တာဝန်တစ်ရပ်မှာ အရပ်သားအစိုးရ၏ ဦးဆောင်မှုတွင် ပြဿနာများကို ဖြေရှင်း ရန်အကောင်းဆုံးသောစစ်ဘက်ရေးရာ အကြံဥာဏ်များ ပေးအပ်ရေး
ဖြစ်ပါတယ်။

အချို့သောစိန်ခေါ်မှုများအတွက် အဖြေကိုရှာရာတွင် အမြဲတမ်းသဘောတူကြမည် မဟုတ်ပါ။ သို့သော် အခြား
သော စစ်ဘက်ရေးရာ အရာရှိများနည်းတူ ကျွန်တော်သည် ကျွန်တော်၏ ကျမ်းသစ္စာကို ဒီမိုကရေစီအတွက် အထွဋ်အမြတ်ထားရာ တာဝန်အဖြစ် တန်ဖိုးထားပါတယ်။ စစ်ဘက်နှင့် အရပ်သားဘက်မှ အထက်လူကြီးများ
ပေးအပ် သည့် အမိန့်ကိုနာခံပါတယ်။

ဤကဲ့သို့လိုက်နာခြင်းသည် ပြည်သူများများစွာ ဂုဏ်ယူသည့် အင်အားတောင့်တင်းပြီး ထိရောက်သည့် စစ်တပ် တစ်ခုကို အမေရိကန်နိုင်ငံ ထူထောင်နိုင်ရန် ပံ့ပိုးပေးပါတယ်။ အခြားသောနည်းလမ်း တစ်ရပ်ဖြင့် ထိုသို့ဖြစ်ရန် လုပ်ဆောင်နိုင်ခြင်းမရှိပါဟု ကျွန်တော်မှတ်ယူပါတယ်။

နိဂုံးချုပ်အနေဖြင့် ကျွန်တော့်ဆရာဖြစ်သော ဗိုလ်ချုပ်ကြီး Locklear ၏အတွေးအခေါ်ကို ကျွန်တော် လိုက်နာ ပါတယ်။ ဗိုလ်ချုပ်ကြီးသည် "လေ့ကျင့်ပါ၊ ဆက်ဆံပါ၊ ယုံကြည်မှုတည်ဆောက်ပါ" ဟု အမြဲပြောပါတယ်။

ပရော်ဖက်ရှင်နယ် ပီသမှုနှင့် တိုင်းပြည်၏ တန်ဖိုးများကို အလေးထားပြီး ၄င်းတို့၏ တာဝန်များကို ထမ်းဆောင် ရန် အသင့်ဖြစ် နေရေးအတွက် သင်၏ တပ်သားများကို လေ့ကျင့်ပေးပါ၊ ပညာပေးပါ။ သင်ကာကွယ်မှုပေးသော နိုင်ငံသားများနှင့် စစ်သား များကိုလေးစားစွာ၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံပါ။ ထို့နောက် သင်၏ တပ်သားများတွင် သာမကသင်၏တပ်သားများနှင့်အရပ်သား လူ့အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ အကြား ယုံကြည်မှုတည်ဆောက်ပါ။

မြန်မာနိုင်ငံ၏ စစ်တပ်တွင်လည်း စစ်တပ်နှင့် တိုင်းပြည် အပြည့်အဝ အောင်မြင် တိုးတက်ရန်အလားတူ စိတ် ဓာတ် မျိုး ထားရှိကြမည်ဟု ကျွန်တော်အမှန် တကယ် ထင်မြင်ပါတယ်။

သင်တို့ထဲမှအများစုသည် တပ်သားများကိုခက်ခဲသော အခြေအနေများထဲတွင် အမိန့်ပေး၍ ဦးဆောင်ရလိမ့်မည်။ သင်တို့ထဲမှ အတော်များများသည် မြန်မာ တပ်မတော်တွင် အမြင့်ဆုံးရာထူးများ ရရှိကြပါလိမ့်မယ်။ အချို့သော သူများသည် စစ်ဘက်မှတိုင်းပြည်ကို အကျိုးပြုပြီးသည့်အခါ အရပ်သား အစိုးရတွင်လည်း တာဝန်ထမ်းဆောင် ကြပါလိမ့်မယ်။

မည်သည့်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ ပရော်ဖက်ရှင်နယ်ပီသမှုနှင့် တန်ဖိုးများ၊ လူ့အခွင့်အရေး ကိုယ် ကျင့် တရားနှင့် မတူကွဲပြားမှုကို လေးစားလိုက်နာခြင်း၊ တရား ဥပဒေကို လိုက်နာခြင်းနှင့်စစ်တပ်ကို အရပ်သား အစိုးရ၏ လက်အောက်တွင် ထားရှိခြင်းစသော အတွေးအခေါ်များကို ထပ်မံပြန့်ပွားအောင် လုပ်ဆောင်ရန် တာဝန် ရှိလာကြပါလိမ့်မယ်။

ဤနည်းလမ်းအားဖြင့် ပိုမိုပြီး ပရော်ဖက်ရှင်နယ်ကျသည့် စစ်တပ်နှင့် ပိုမိုခိုင်ခံ့သည့် တိုင်းပြည်တစ်ခုကို တည်ဆောက်နိုင်ရန် အကျိုးရှိသော ပြုပြင်ပြောင်းလဲရေး လမ်းစဉ်သို့ သွားနိုင်ရေး အပြောင်းအလဲများကို ဖန်တီးနိုင်ပါလိမ့်မယ်။

အမေရိကန်၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကြုံတွေ့ရသည် များကို အခြေခံ၍ ကျွန်တော်နှိုင်းဆ ဆင်ခြင်ထားခြင်းများဖြစ်ပါသည်။ ကျွန်တော်၏အတွေ့အကြုံသည် သင်တို့၏ အတွေ့အကြုံနှင့်များစွာခြားနားမည်မှာ သံသယ ရှိရန်ပင် မလိုပါ။ ကျွန်တော်တို့တွင်အဖြေအားလုံးရှိပါသည်ဟု ကျွန်တော်

Read more »

ပင်လုံစာချုပ် ကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေး လုပ်ဖို့ ဆိုတာ

By Kachin Duwa


ယောက္ခမ ကို မနှစ်သက်ပဲ ဇနီးသည် နဲ့ တည့်အောင် ပေါင်းမယ် ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ခဏတော့ ရမယ်၊ ကြာကြာတော့ အာမခံလို့ မရပါ။ ဘယ်သမီးကမှ ကိုယ့် အမေ ကို မကောင်းပြောပေးရင် ကြိုက်တာ မရှိပါ။

ပင်လုံစာချုပ် ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတဲ့ သမီးလေး မွေးလာရခြင်း ပါ။ ထိုနည်း၎င်း ပင်လုံစာချုပ် ဆိုတာလဲ ဖက်ဒရယ် ဆိုတဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ကို ခုံမင်ခဲ့တယ်။ 

ယောက္ခမ ကို မျက်နှာလုပ်ချင်ရင် သူ့ရဲ့ ၀တ်စားဆင်ယင်ပုံ ကိုပါ လက်ခံပေးရတာ သဘာဝပဲ မဟုတ်လား။

Read more »

မြန်မာ့ မီဒီယာများကို ဒူဝါ စောင့်ကြည့်နေတာ ကြာပြီ။

By Kachinduwa


ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ ကချင် အရပ်ဖက် အဖွဲ့အစည်းများ အားလုံး နီးပါး တကျော့ပြန် စစ်ပွဲများ ရပ်ဖို့ နည်းမျိုးစုံ နဲ့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

မြစ်ကြီးနားမြို့ပေါ်မှာ တင် လူပေါင်း သောင်းနဲ့ချီ ချီတက်ခဲ့ကြတာပါ။ မီဒီယာ တွေ မသိစရာ အကြောင်းမရှိတာကို ပြောတာပါ။

ဒါပေမယ့်
ဘာဖြစ်လို့ မြန်မာ့ မီဒီယာ တွေမှာ မတွေ့ပါလိမ့်။

မနှစ် (၂၀၁၃) က ကေအိုင်အေ အဖွဲ့ ကို ကြိုဆိုတဲ့ ကချင်လူထုများရဲ့ သတင်း နဲ့ ဓါတ်ပုံကိုတော့ မသိကြဘူး၊ ကေအိုင်အေ အပြန်လမ်းမှာ ကြံ့ဖွတ်အမတ် တစ်ယောက် စော်သြလို့ လူ ၂၀ လောက် လမ်းဘေးမှာ ကေအိုင်အေ ကို ဆန္ဒပြတယ် ဆိုတဲ့ ဓါတ်ပုံတော့ မီဒီယာမှာ ပါလာတာတွေ့ရ ပါတယ်။
အောက်ပြည်က လူတွေရဲ့ ကချင်စစ်ပွဲ ရပ်ဖို့ လမ်းလျှောက်အဖွဲ့မျိုးစုံ ရဲ့ ဓါတ်ပုံတွေကတော့ ခဏခဏ တွေ့ရတတ်ပါတယ်။

သူတို့ကတော့ ဖက်ဒရယ် အကြောင်း မပြောကြဘူးလေ။
ကချင်လူထု အဖွဲ့အစည်း တွေက တညီထဲ ပြောကြတယ်။ ပင်လုံညီလာခံမှာ ပေးထားတဲ့ ကတိ ကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးပါ။ တဲ့။

ဒီနေရာမှာတော့ ဗမာတွေက ညီကြတယ်။ အဲလို သတင်းတွေ လုံးဝပဲ။

Read more »

Thursday, July 3, 2014

U virahtu & U Aung Thaung hkrum shaga ai lam

Mali hka madim, alam gaw teng ai lam tsun nga ai, Kachin peace, a lam gaw njaw ai hku tsun Muslim,??? ???? ????? Sadi ra ai la gaw ding yang rai nga ai.

Read more »

Communal Clash Erupts in Mandalay

Radio Free Asia Myanmar has been hit with another round of communal clashes, this time in the country's second largest city, Mandalay. Five people were injured when Buddhist rioters rampaged through the city's Muslim quarter. Watch the video here: http://youtu.be/fDrERzsZaPI

Read more »

Wednesday, July 2, 2014

Karai Jaw ai Laksan tsawm mung dan

Read more »

"ပြောပြရင် ဒေါပွမှာလား"

Read more »

KBC Kaw na Sara Kaba ni USA de du shang wa sana lam.

By-Facebook-Kbc Kachin
· 
OKBC Masing Hte Maren USA Kaw Hpaw Ninghtan da ai KBC ginjaw hte ading tawk matut ai Lawu de na Buga ni hpe atsam ningja shajat zinlum na matu KBC Kaw na Sara Kaba ni USA de du shang wa sana lam.
1.Indiana KBC (Indianapolis,Indiana)
2.Hanson KBC (Huston,Texas)
3.Texas KBC ( Texas )
4.Michigan KBC ( Grand Rapids, Michigan )
5.Virginia KBC ( Richmond, Virginia )
6.Maryland KBC ( Maryland )
7.Omaha KBC ( Omaha,Nebraska )
8.Washington KBC ( Kent , Washington )
9.North Carolina KBC ( North Carolina )
10.Georgia KBC (Atlanta,Georgia)
KBC Ginjaw na USA Visa lu nna sadu shang lawm na ni gaw ---------
.Rev. Lalawk Gyung Hkawng (KBC Ningbaw)
Rev. Dr. Hkalam Samson Hkalam (KBC AMu Madu)
Rev. Gunhtang La Myen (Mare Hpung, MKA)
Rev. Lahpai Ja Naw (Jan Mai Kawng Buga)
Rev. Mayit Bee Zi (Putao)
Rev. Maran Nan Lung (Manmaw)
Rev. Langjaw Ying Hkaw (Chihpwi)
Rev. Ying Hkaw (Gam Ming, Sam Mung)
Rev. Dawshi Zau Neng (Mandalay)
Sara Kaba ni hte 1 Lang na Michigan Zup hpawng hta alum ala hkrum shangun ai Karai Kasang hpe chyeju shakawn ga ai law.

Read more »

Tuesday, July 1, 2014

တရားမျှတသော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွနေထိုင်နိုင်ရန်


Jinghpaw Wunpawng Amyu Sha Hpung (KNO) a Ningbaw Duwa Bawmwang La Raw kaw nna, Jinghpaw Wunpawng Amyu Sha ni hte Myen mung kaw nga ai amyu baw sang ni hpang de, Rap ra ai Federal munghpawm mungdan kaw rau nga lu na matu ngu ai lam hte seng nna ningmu jaw, tang madun ai lam.

RAP RA AI FEDERAL MUNGHPAWM MUNGDAN KAW RAU NGA LU NA MATU
Anhte Myen mung kaw nga ai amyu bawsang shagu gaw, rap ra ai Federal munghpawm mungdan gaw de nna nga lu na matu gaw:

1) Rap ra ai ahkaw ahkang nga ra ai. 

2) Jinghpaw Wunpawng Amyu sha ni (Kachin) a npu kaw , myen hte kaga amyu ni nmai nga ai zawn, myen ni a npu kaw mung kaga amyu ni kadai mung nmai nga ai. Ndai zawn tara rap ra ai hte ahkaw ahkang garan nna nga ai masa lam yan gaw, Federal mung masa lam yan re ai.

3) Madu a lamu a ga hpe madu amyu ni up hkang lu ai ahkaw ahkang re ai. Dai majaw Federalism hte gaw gap ai Mungdan, masa lam yan byin hkra, mung masa jahkrup la ra ai. 

4) UNFC hpung hte KIO ni myen asuya hte bawngban ai shaloi, Federal mung masa rai ra ai lam hpe, hprut hprut bawngban ra ai. Ndai zawn bawngban ai lam gaw, hpyi shawn ai nre sha, lahkawng maga Federal Mung masa hpe kaja wa galaw ra sai lam hpe, lu galaw na matu, shada da jahkrup ai mung masa bawngban ai lam rai ra ai.

5) KIO kasa ni hte Myen asuya kasa ni bawngban ai lam hta, majan byin nga ai shara shawng shazim la lu hkra, lahkawng maga shakut ra ai lam jawm tsun ai hpe mu ai. Shawng lam majan gasat nga ai shara ni kaw nzim nga ai majaw, majan byin ai lam nre. Lahkawng maga ra sharawng ai mung masa ahkaw ahkang nbung ai majaw byin ai majan re. Dai majaw lahkawng maga bawngban ra ai lam gaw, mung masa ahkaw ahkang lam re ai.

6) Jinghpaw Wunpawng amyu sha ni lata ra ai lam gaw:
a. Myen hte kaga amyu bawsang ni hte rau jawm nga na nga yang, rap ra ai mung masa ahkaw ahkang rai ra ai. 
b. Rap ra ai ahkaw ahkang nnga yang gaw, anhte amyu ni gaw tsepkawp laksan shanglawt lu ai amyu, mungdan rai ra ai.Ndai lam yan kaw, myen asuya hte tawk hprut asan sha bawngban ra ai lam re.

7) Amyu bawsang shada da, sinat wan yam hte majan gasat nna, ngwi pyaw ai munghpawm mungdan gara hku mung nmai gaw ai. Dai majaw shada da majan gasat na masing hpe tsep kawp lahkawng maga nmai myit ai.

8) Ndai mung masa bawngban ai lam hta, kadai wa hpe mung, hkrit kamyin na lam nnga ai. Kaja wa byin ra nga ai lam hpe hkrak hkrak tsun shaga bawngban ra ai.
9) Myen amyu masha ni nan mung, simsa ngwi pyaw ai mungdan gaw sharawt nna, nga mayu sai lam hpe hkrak sha mu lu ai. 

10) Mungdan simsa ngwi pyaw na matu gaw, rapra ai mung masa ahkaw ahkang hpe, mai galaw lu ai mung masa lam yan rai ra ai. Dai majaw rapra ai mung masa lam yan hpe lu la na matu, lahkawng maga myit hpraw san ai hte ndai Federal lam yan hta bawngban jahkrup la ra ai lam rai nga ai.

Duwa Bawmwang Laraw
Ningbaw
Kachin National Council (KNC)
Kachin National Organization (KNO)
----------------------------------------------------------------------------------------

ကချင်အမျိုးသား အစည်းအရုံး (KNO) ဥက ဒူဝါ ဘောမ်ဝမ် လရော်မှ ကချင်တစ်မျိုးသားလုံးနှင့်
  မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားလူမျိုးအားလုံးထံသို့ တရားမျှတသော ဖယ်ဒရယ် 
 ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွနေထိုင်နိုင်ရန် ခေါင်းစဉ်ဖြင့် အမြင်တင်သွင်းတင်ပြခြင်း 
--------------------------------------------------------------------------------------------
တရားမျှတသော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွနေထိုင်နိုင်ရန်
ကျွန်တော်တို့ မြန်မာနိုင်ငံ၌ နေထိုင်ကျသော တိုင်းရင်းသားများအားလုံး တရားမျှတသော ဖယ်ဒရယ်
  ပြည်ထောင်စု နိုင်ငံတော်၌ အတူတကွ နေထိုင်နိုင်ရန်မှာ - 

()     တရားမျှတသော အခွင့်အရေး ရှိရမည်။

()ကချင်လူမျိုးများ လက်အောက်တွင် ဗမာနှင့် အခြားတိုင်းရင်းသားများ နေထိုင်ရန် မဖြစ်နိုင်သလို 
 ဗမာလူမျိုးများ လက်အောက်တွင်လည်း အခြားမည်သည့် လူမျိုးမှနေထိုင်ရန် မဖြစ်နိုင်ပါ။ တရားမျှတပြီး
  တန်းတူအခွင့်အရေး ရရှိခြင်းသည် ဖယ်ဒရယ်စနစ် ပင်ဖြစ်သည်။ 

()မိမိနယ်မြေကို မိမိလူမျိုးကိုယ်တိုင် အုပ်ချုပ်နိုင်သည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် ဖယ်ဒရယ်စနစ်ဖြင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ရန်နှင့် ဖယ်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန် နိုင်ငံရေး ဆွေးနွေးရမည်။ 

()တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)သည် 
 မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖယ်ဒရယ်နိုင်ငံရေးကိုသာ ပြတ်ပြတ်သားသား ဆွေးနွေးရမည်။ ယခုကဲ့သို့ ဆွေးနွေးခြင်းသည် တောင်းဆိုခြင်းမျိုး မဟုတ်ဘဲ နှစ်ဘက်စလုံးမှ ဖယ်ဒရယ် နိုင်ငံရေးကို အမှန်တကယ် ဖော်ဆောင်ရန်နှင့် လုပ်ဆောင်နိုင်ရန် တွေ့ဆုံသော ဆွေးနွေးပွဲ ဖြစ်ရမည်။

()KIO နှင့် မြန်မာအစိုးရ ဆွေးနွေးချက်တွင် စစ်ဆက်လက် ဖြစ်ပွားနေသော နေရာများ၌ 
 စစ်ငြိမ်းနိုင်ရန် နှစ်ဘက်မှ ကြိုးပမ်းရမည့်အကြောင်း တွေ့ရသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင် 
 မငြိမ်မသက်ဖြစ်နေခြင်းကြောင့် စစ်ဖြစ်နေခြင်းမဟုတ်ပါ။ နှစ်ဘက်မှ လိုချင်သော နိုင်ငံရေး 
 အခွင့်အရေး မတူညီခြင်းကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့ကြောင့် 
 နှစ်ဘက်စလုံး တွေ့ဆုံဆွေးနွေးရမည့်အချက်မှာ နိုင်ငံရေးအခွင့်အရေးပင် ဖြစ်သည်။ 

()ကချင်တစ်မျိုးသားလုံး ရွှေးချယ်ရမည့် အချက်မှာ - 
          (ကဗမာနှင့် အခြားတိုင်းရင်းသားများနှင့် အတူနေထိုင်မည်ဆိုလျင် တရားမျှတမှုရှိသော   
                 နိုင်ငံရေး အခွင့်အရေး ရှိရမည်။ 

           (တရားမျှတသော အခွင့်အရေးမရရှိလျင် ကချင်လူမျိုးများသည် သီးခြားလွတ်လပ်သော     
                လူမျိုး၊ လွတ်လပ်သော နိုင်ငံတွင်နေထိုင်ရမည်။ 

( တိုင်းရင်းသားများအချင်းချင်း လက်နက်ကိုင်၍ ပဍိပက္ခဖြေရှင်းခြင်းသည် အေးချမ်းသာယာ
  သောနိုင်ငံကို တည်ဆောက်နိုင်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် လက်နက်ကိုင် ဖြေရှင်းနည်းကို 
 နှစ်ဘက်စလုံးမှ လုံးဝ မစဉ်းစားသင့်ပါ။ 

( နိုင်ငံရေးဆွေးနွေးမှုတွင် မည်သူကိုမျှ ကြောက်ရွံ့နေစရာမလိုပါ။ အမှန်တကယ်ဖြစ်သင့်သော
  အချက်များကို တိတိကျကျ ပြောဆိုဆွေးနွေးရမည်။

( ဗမာလူမျိုးများကိုယ်၌လည်း အေးချမ်းသာယာသောနိုင်ငံကို တည်ထောင်လိုချင်စိတ် ရှိနေကြောင်းကို
  ဧကန်အမှန်တွေ့ရှိရသည်။ 

(၁၀) နိုင်ငံအေးချမ်းသာယာဖို့ရန်အတွက် တရားမျှတမှုရှိသော နိုင်ငံရေးအခွင့်အရေးများ ရရှိအောင်
  လုပ်ဆောင်နိုင်သော နိုင်ငံရေးဖြစ်ရမည်။ ထို့ကြောင့် တရားမျှတမှုရှိသော နိုင်ငံရေးဖြစ်အောင် နှစ်ဘက်မှ စိတ်နှလုံး ဖြူဖြူစင်စင်ဖြင့် ဖယ်ဒရယ်စနစ်ကို အခြေခံ၍ ဆွေးနွေးဖို့ရန် ဖြစ်သည်။


ဒူဝါ ဘေမ်ဝမ်လရော်
ဥကဌ
ကချင်အမျိုးသား  ကောင်စီ (KNC) 
ကချင်းအမျိုးသား အစည်းအရုံး (KNO) 

Read more »

Indigenous ethnic Kachin children

Indigenous ethnic Kachin children take a nap at an IDPs' camp in Northern Myanmar, a southeastern country of Asia. This bamboo hut is their nursery school. The invasion of Burma Army in Kachinland has made their lives in such a way.
image: goldentriangle99/blog.sina.com

Read more »