Friday, December 26, 2025

“ကျော်ကြားထင်ရှား ကချင်မှတ်တိုင်များ''

ဒုတိယကမ္ဘာစစ်အတွင်း 
ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို 
“ကျော်ကြားထင်ရှား ကချင်မှတ်တိုင်များ'' 
အမည်ရှိသည့် စာအုပ်ကို နှစ်ပေါင်း (၁၇) နှစ်တိုင်အောင် အချိန်ယူ၍ ပြုစုကာ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ 

❇️ ဖက်ဆစ်ဂျပန်စစ်သည်တော် 
သုံးသိန်းကျော်  မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာကတည်းကပင်၊ ကချင်ပြောက်ကျားများသည် သောင်းဂဏန်းမျှသာ ရှိခဲ့ကြသော်လည်း အစွမ်းကုန် တိုက်
ထုတ်ခဲ့ကြလေသည်။ 

❇️ ဤစာအုပ်တွင် ၁၈၈၅ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်ပိုင်း ကချင်များသည် နေမဝင်အင်ပါယာအား ပိုင်ဆိုင်ခဲ့ကြသည့် ဗြိတိသျှအင်္ဂလိပ်များကိုလည်း နှစ်ပေါင်း (၄၂) တိုင်အောင် မည်ကဲ့သို့ ခုခံတိုက်ခိုက်ခဲ့ကြသည့် လူသိနည်းသော အဖြစ်သနစ်မှန်များကိုလည်း ဖတ်ရှုကြရမည်။

❇️ အာသံ၊ မဏိပူရ စစ်ပွဲသို့ မဟာဗန္ဓုလနှင့် ကချင်တပ်များ မည်ကဲ့သို့ စစ်ချီတိုက်ခိုက် အနိုင်ယူခဲ့ပုံ၊ မြန်မာ့လွတ်လပ်ရေးကို ရရှိနိုင်ရန်အတွက် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ကချင်နိုင်ငံရေး ခေါင်းဆောင်များ၏ အမြော်အမြင်ရှိရှိဖြင့် မည်သို့ကြိုးစားပါဝင်လုပ်ဆောင်ခဲ့ကြသည်ကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့ကြရမည် ဖြစ်ပါသည်။ 

❇️ ၎င်းအပြင် ''စစ်သူရဲကောင်း သူရဘွဲ့ရ ကချင် လက်တင်နင်ဖော်ဝုမ်လတောင် (
Lt.Hpauwung La Tawng) တစ်ယောက်တည်းဖြင့် ၁၉၅၃ ခုနှစ်
တွင် အင်းလေးဒေသ၌ ဗမာပြည်ကွန်မြူနစ် သောင်းကျန်းသူ အယောက်သုံးရာတို့ဖြင့် တစ်နေကုန် တိုက်ခိုက်၍ အနိုင်ယူခဲ့ပုံ၊ 

❇️ အသက် ၁၄ နှစ်ရှိ အညတရ ရဲဘော်လေး Ngai Tawng ၏ ရင်နင့်
ဖွယ်ရာ ဖြစ်ရပ်မှန်နှင့် 

❇️ ကချင်စစ်အရာရှိများဖြစ်ကြသောပြင်ဦးလွင်စစ်တက္ကသိုလ် DSA ကျောင်းအုပ်ဗိုလ်မှူးကြီး LAHPAI KHUN NAWNG (MC)

❇️ သန်းခေါင်းစာရင်း မင်းကြီးဝဏ္ဏ
ကျော်ထင် Duwa Major Shan Lone (MC), Myitkyina D.C. LAHPAI Zau June (MC) နှင့် D.C Kumjr Tawng (MC). Die Hard ဗိုလ်သက်ပြင်း၊ Maji Tu (MC), နှင့် 
စာရေးသူ၏ဖခင် Havildar Lasi Sam Naw (CMA) တို့၏ ဒုတိယကမ္ဘာစစ်အတောအတွင်း၌ မည်ကဲ့သို့ စွန့်စားခဲ့ကြပုံများနှင့် 

❇️ အဘယ်ကြောင့် အမေရိကန်သမ္မတ 
D.Eisenhower မှ Kachin Rangers များကို 
V.Battle HONORS ချီးမြှင့်ခဲ့ရသနည်း

❇️ ကချင်ပြည်နယ်၏အကြောင်းများနှင့် နာမည်ကြီး LEDO လမ်းမ ကြီးအကြောင်းတို့ကိုလည်း ဖတ်ရှုကြရမည် ဖြစ်ပါသည်။

❇️ စတီးဝဲလ်လမ်းမကြီးတစ်လျှောက်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအကြောင်း

❇️ ကုန်းဘောင်မင်းဆက် (၁၁) ဆက်နှင့် ကချင်ဒူဝါများ၏ ဆက်ဆံရေးအကြောင်း

❇️ စစ်သူကြီးမဟာဗန္ဓုလဟာ ကချင်လူမျိုးဖြစ်တယ်လို့ ယူဆရတဲ့တွေ့ရှိချက်မျာအကြောင်း 

❇️ သမိုင်းတစ်လျှောက် ထူးချွန်ပြောင်မြောက်ခဲ့ကြသော ကချင်ဘုန်းတော်ကြီးများအကြောင်း၊ ကချင်လူမျိုးတို့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်လာပုံ

❇️ ကချင်လူမျိုးတိုင်း သိရှိထားသင့်သော အရေးကြီးနေ့စွဲဖြစ်ရပ်များ

❇️ ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင်-အမေရိကန်ပူးပေါင်းတပ်များ (American Kachin 
Rangers Force), Northern Kachin Levies (NKL)  တွင် ပါဝင်ခဲ့ကြသော ကချင်ရဲဘော်များအကြောင်း၊ 

❇️ တိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော်လည်း အမည်နာမပင် မှတ်တမ်း မကျန်ခဲ့ရသော ဝမ်းနည်းဖွယ် အညတရရဲဘော်များအကြောင်း၊

❇️ Dr. Gordon Seagrave နှင့် အတူတကွ 
လက်တွဲလုပ်ကိုင်ခဲ့သောBronze Star ဆုရ ကချင်အမျိုးသမီးသူနာပြုများအကြောင်း၊ 

❇️ Chindits, Mars Task Force, Z Force and Australian အကြောင်းများနှင့် 
ဒုတိယကမ္ဘစစ်အတွင်း အရေးကြီးသော စစ်ဆင်ရေးကာလတွင် အသုံးပြုခဲ့သော အော်ပရေးရှင်းများအကြောင်း

❇️ ဒေသခံကချင်လူမျိုးအပေါ်မှာ ဖိနှိပ်ချုပ်ချယ်၊ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမူခဲ့သောကြောင့် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်ရဲ့ အရေးကြီးသော စစ်မျက်နှာမှာ မရှုမလှ ကျရှုံးခဲ့ရသည့်အကြောင်း

❇️ ကချင်ဒေသထွက်တန်ဖိုးမဖြတ်နိုင်သော 
သဘာဝသယံဇာတ၊ ပန်းမန်များနှင့်  မြေရှားသတ္ထုအကြောင်း

❇️ အထူးသဖြင့် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်အထိ ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့ကြသော ကချင်လူမျိုးများစွာထဲမှ ကျော်ကြားထင်ရှားသူများအကြောင်းကို အမှတ်တရဓာတ်ပုံများစွာဖြင့် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း လေ့လာမှုအမြင်၊  သုတေသနအထောက်အထားအကိုးအကားပြည့်စုံစွာနဲ့ 
ရေးသားထားပါတယ်။ 

စာရေးသူ - လဆီးဘောက်နော်
စာအုပ်အမည် - ကျော်ကြားထင်ရှားကချင်မှတ်တိုင်များ (ပထမတွဲ + ဒုတိယတွဲ)
( ခွဲ မရောင်းပါ)
စာအုပ်တန်ဖိုး စုစုပေါင်း - ၆၀၀၀၀ ကျပ် 
စာမျက်နှာ - ၇၁၄ မျက်နှာ (ပ+ ဒု) 
စာအုပ်ဆိုဒ် - ၆.၈ လက်မ x ၉.၅ လက်မ

ကာလာဓာတ်ပုံဝေဝေဆာဆာဖြင့် 
မြန်မာပြည်မြောက်ပိုင်းအလှအပများနှင့် 
တန်ဖိုးမဖြတ်နိုင်သော သမိုင်းအမွေအနှစ်များစွာ ပေါင်းစပ်ထားသော 

"ကျော်ကြားထင်ရှား ကချင်မှတ်တိုင်များ" 

ကချင်လူမျိုးများနှင့် ပြည်ထောင်စုတစ်ဝှမ်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုများအားလုံး ဖတ်ရှုသင့်ပါတယ်။ 

အိမ်တိုင်ရာရောက် စာအုပ်မှာယူရန်
Website Link 

https://smartsarpay.com/authorBook/46

Read more »