Friday, October 31, 2014

ကမ္ဘာကျော်လီဒိုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုထား


==================================================
ရန်ကုန်၊ အောက်တိုဘာ ၂၉
ကမ္ဘာ ကျော် လီဒိုလမ်းမကြီးကို လေးလမ်း သွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် ပြည် တွင်းရှိ မြောက်ပိုင်း တော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်မိန်ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ BOT စနစ် ဖြင့် လုပ်ကိုင်ရန် ကမ်းလှမ်းထားချက် အားစစ်ဆေးနေပြီး မူဝါဒနှင့်ကိုက်ညီ ပါက လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောသည်။
အောက်တိုဘာ ၂၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဆွေ၏ လီဒိုလမ်းမကြီး အား အဆင့်မြှင့်တင်သွားရန် အစီအ စဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယင်းကဲ့သို့ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
''မြစ်ကြီးနား-နမ္မတီး-တနိုင်း- ပန်ဆောင်-လီဒိုလမ်းမကြီးကို အ ဆင့်မြှင့်တင် လုပ်ဆောင်သွားရန်အ တွက် အိန္ဒိယအစိုးရအဖွဲ့မှလည်း ကောင်း၊ မြောက်ပိုင်းတော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီလီမိတက်မှ တရုတ် နိုင်ငံ ထိန်မိန်ဆောက်လုပ်ရေးကုမ္ပ ဏီနှင့်ပူးပေါင်း၍လည်းကောင်း ကွင်း ဆင်းစစ်ဆေးပြီး အဆင့်မြှင့်တင်ရန် လေ့လာဆောင်ရွက်လျက်ရှိပါတယ်။
မြောက်ပိုင်း တော်ဝင်ကျောက်စိမ်းနဂါးကုမ္ပဏီလီမိတက်နဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့မှာရှိတဲ့ ထိန်မိန်လမ်းဖောက်လုပ်ရေးကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းပြီး မြစ်ကြီးနား- နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း မကြီးကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းအား စီမံကိန်းအဖြစ်ရင်း နှီးမြှုပ်နှံပြီး ဘီအိုတီစနစ်ဖြင့်ဆောင် ရွက်လိုကြောင်း ဘီအိုတီမူဝါဒ ၂၁ ချက်နဲ့အညီ တင်ပြလာပါတယ်။
အဆို ပါတင်ပြချက်ကို အသေးစိတ်စစ်ဆေး ပြီး မူဝါဒနှင့်ကိုက်ညီပါက ၄င်း ကုမ္ပဏီကို ဘီအိုတီစနစ်ဖြင့်ဆောင်ရွက် ခွင့်ပြုမှာဖြစ်ပါတယ်''ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က လွှတ်တော်အတွင်းပြော သည်။
ယင်းလီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ က အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ လီဒို မြို့မှ ဟူးကောင်းတောင်ကြား၊ ပန် ဆောင်တောင်ကြားတွေကို ဖြတ်သန်း ပြီး လီဒို-ပန်ဆောင်-တနိုင်း-နမ္မတီး မှတစ်ဆင့် ကချင်ပြည်နယ် မြစ်ကြီး နားမြို့အထိ မြန်မာပြည်အတွင်း ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်ပြီး ယင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့အထိ ပေါက်ရောက်သော မိုင်ပေါင်း ၁ဝ၇၉မိုင်အထိ ရှည်လျား သည့် လမ်းမကြီးဖြစ်သည်။
၁၉၄၂ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတင် ဖောက်လုပ်စဉ်က ယင်းလမ်မကြီးကို ဦးစီးကွပ်ကဲခဲ့သူ အိန္ဒိယ-မြန်မာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချုပ် အမေရိကန်စစ်ဗိုလ်ချုပ် စတီးဝဲလ် ကို ဂုဏ်ပြုကာ စတီးဝဲလ်လမ်းမကြီး အဖြစ်လည်းကောင်း၊ နောင်တွင်လီဒို လမ်းမကြီးအဖြစ်လည်းကောင်း ခေါ် တွင်ခဲ့ပြီး ၁၉၄၅ခုနှစ်တွင် လုပ်ငန်း ပြီးစီးခဲ့သည်။
လီဒိုလမ်းမကြီး ဖောက်လုပ်စဉ် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့သည်ဟု ယင်းအချိန်က ဗြိတိသျှနိုင်ငံခြားရေး ရုံးမှ ထုတ်ပြန်ခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဖောက် လုပ်ခဲ့သည့် ယင်းလမ်းမကြီးသည် အမေရိကန် မဟာမိတ်တပ်များအ တွက် အသုံးဝင်ခဲ့သည့် လမ်းမကြီး ဖြစ်ခြင်း၊ လမ်းမကြီးဖောက်လုပ်စဉ် အခက်အခဲများနှင့် ချွေးတပ်သား များစွာသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ကြောင့် ကမ္ဘာကျော်ခဲ့သည်။
ယခင်က ယင်းလီဒိုလမ်းမကြီး ကို ပြန်လည်အဆင်မြှင့်တင် လုပ် ဆောင်ရန် လီဒိုဟိုင်းဝေးဆောက် လုပ်ရေးလုပ်ငန်းမှ ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုခဲ့သော် လည်း ယင်းလီဒိုဆောက်လုပ်ရေး လုပ်ငန်းစုသည် စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၂ဝ၁၄ခုနှစ် သြဂုတ် ၂ဝ ရက်မှ စတင်ကာ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းပြန်လည် လွှဲယူခဲ့သည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။
ယင်းလီဒိုလမ်းမကြီး လွယ်ကူ စွာသွားလာနိုင်ရေး အဆင့်မြှင့်တင် ခြင်းဆောင်ရွက်နိုင်ပါက တရုတ်- မြန်မာ-အိန္ဒိယ သုံးနိုင်ငံကုန်သွယ် ခြင်းလုပ်ငန်းနှင့် မဟာဗျူဟာကျ သည့် လမ်းမကြီးအဖြစ် အသုံးချနိုင် ဖွယ်ရှိနေကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Read more »

Obama ,Myenmar


As Burma prepares to welcome US President Barack Obama to Naypyidaw in November, human rights groups and activists have been urging Obama to press Burma’s government to improve the country’s socio-political environment.
US-based activist organization United to End Genocide (UEG), for example, is making extensive efforts to lobby the president to address the plight of the Rohingyas during his visit to Burma.





DVB.NO


အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်ခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို...
BURMESE.VOANEWS.COM|BY ဗွီအိုအေ (မြန်မာပိုင်း)

Obama asked to ‘just say their name’DVB











Read more »

ကိုနောင်နောင် ကြွေးကြော်သံနှင့်အတူ

ကြွေးကြော်သံနှင့်အတူ(၃၀-၁၀-၂၀၁၄) ကျောက်တံတ္တားတရားရုံးသို့ မနက်၉နာရီ ရုံးထွက်လါစဉ်။......၀င်းကို

Read more »

Thursday, October 30, 2014

NGOs call for govt probe on Roi Ja disappearance


Kachin farmer Dau Lum holds a picture of his wife, who was abducted by the Burmese military in 2011 (Photo: Edward Chung Ho)Kachin farmer Dau Lum holds a picture of his wife, who was abducted by the Burmese military in 2011 (Photo: Edward Chung Ho)
More than 120 civic organisations have petitioned the Burmese government to probe into the alleged abduction and disappearance of Sumlut Roi Ja, a Kachin woman, who went missing exactly three years ago today.
The 124 Burmese and international organisations that are signatories to the petition have urged the Burmese government to: “Establish an independent and impartial parliamentary commission with a mandate to investigate the disappearance of Sumlut Roi Ja and identify the perpetrators.”
On 28 October 2011, the Burmese army’s Light Infantry Battalion 321 allegedly picked up Sumlut Roi Ja along with her husband and father-in-law near Hkaibang Village, Momauk Township, Kachin State, on allegations of involvement with the Kachin Independence Organisation (KIA).
Speaking to DVB last year, her husband Dau Lam said that he and his father managed to break free of their ropes and get away by jumping down a ravine, narrowly escaping a hail of gunfire in the process. Roi Ja who was being closely guarded by the troops, was unable to get away, he said. She has not been seen since.+

Read more »

အတူယှဉ်တွဲရေးနဲ့ အတူပေါင်းစည်းရေး?????


ပထမဦးဆုံးအနေနဲ့ ဒီမေးခွန်းကို မေးကြပါစို့။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတွေကို ဘယ်လိုများ ဖွဲ့စည်းကြပါသလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေကို ပုံစံတခုထဲမှာ အကျုံးဝင်သွားအောင်ဆိုပြီး ရစ်ကာက တနည်းတဖုံနဲ့ ချဲ့ထွင်စဉ်းစား (concept-stretching) လုပ်လာရပါတော့တယ်။ ဥပမာ၊ ဖက်ဒရယ်နည်းကျ ပေးယူညှိနှိုင်းမှု (federal-bargain) တွေနဲ့ ပေါ်ပေါက်လာတာကြောင့် ဆိုဗီယက်ပြည်ထောင်စုက သူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ဖက်ဒရယ် ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖက်ဒရယ်နည်းကျ ပေးယူညှိနှိုင်းမှုလို့ ခေါ်တွင်တာက သမိုင်း၊ ဘာသာစကားနဲ့ သီအိုရီကို လိုရာဆြွဲပီး မမှန်မကန် ပြောဆိုတာ ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မတိုင်ခင်မှာ သူတို့ ၃ ခုက လွတ်လပ်တဲ့ သီးခြားနိုင်ငံတွေပါ။ နောက်ပိုင်းကျမှသာ အမှတ် ၁၁ တပ်နီတော်ရဲ့ သိမ်းပိုက်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်မှာဆိုရင် ပေးယူညှိနှိုင်းမှုတွေကို လက်ခံပြီး နောက်တပတ်အကြာမှာ အမျိုးသားရေးဝါဒီ ၀န်ကြီးချုပ်နဲ့ တပ်မတော်အကြီးအကဲ နှစ်ယောက်လုံးက ကွပ်မျက်ခံလိုက်ရပါတယ်။
တကျောင်းတဂါထာ ကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံရေး ကြောင်းကျိုးဆင်ခြင်မှု ယုတ္တိဗေဒကနေ ပေါက်ဖွားလာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေလည်း ရှိကြပါတယ်။ သူတို့ကိုတော့ ကျနော်က အတူပေါင်းစည်း ဖက်ဒရယ် holding together တွေလို့ ခေါ်ပါမယ်။ ၁၉၄၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ ၁၉၆၉ ခုနှစ်တုန်းက ဘယ်လ်ဂျီယမ်နဲ့ ၁၉၇၅ ခုနှစ်တုန်းက စပိန်နိုင်ငံတွေမှာ Unitary စရိုက်လက္ခဏာတွေ အထင်အရှားရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ အဲဒီနိုင်ငံတွေ (ယဉ်ကျေးမှုတွေလည်း အစုံအလင်ရှိပါတယ်) မှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက သူတို့တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် တစုတစည်းတည်း ရှိနေအောင် ထိန်းထားဖို့ဆိုရင် ဗဟိုမှာ ရှိနေတဲ့အာဏာတွေကို အောက်ခြေကို အခြေခံ နည်းကျကျ ခွဲဝေပေးထားဖို့ လိုအပ်ပြီး ပြိုကွဲမှာ စိုးရိမ်နေရတဲ့ ပြည်နယ်တွေကို ဖက်ဒရေးရှင်းတွေအဖြစ် စုဖွဲ့လိုက်တာက တခုတည်းသော အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၅၀ ပြည့်နှစ် အိန္ဒိယ အခြေခံဥပဒေ၊ ၁၉၇၈ စပိန် အခြေခံဥပဒေနဲ့ ၁၉၉၃ ဘယ်လ်ဂျမ် အခြေခံဥပဒေတွေအားလုံးကဖက်ဒရယ် စနစ်အတွက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဖက်ဒရယ် စနစ်ကို ဖြစ်တည်စေခဲ့တဲ့ အတူယှဉ်တွဲ စရိုက်လက္ခဏာတွေက အိန္ဒိယ ဖက်ဒရယ်လစ်ဇင်ကို ဖြစ်တည်စေခဲ့တဲ့ အတူပေါင်းစည်း စရိုက်လက္ခဏာတွေနဲ့ မတူပါ။ သူတို့ ၂ ခု ဘယ်လိုကွာခြားတယ် ဆိုတာကို သိစေနိုင်ဖို့ အတူပေါင်းစည်း စရိုက်လက္ခဏာတွေကို အကျဉ်းချုပ် စစ်ဆေးကြည့်ရအောင်ပါ။ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် အခြေခံဥပဒေကို ရည်ရွယ်ရေးဆွဲထားတယ်လို့ မူကြမ်းရေးဆွဲရေး ကော်မတီဥက္ကဌ ဘီ၊ အာ၊ အမ်ဘ်ဒက်ကာ (B. R. Ambedkar) က အိန္ဒိယရဲ့ အခြေခံဥပဒေမူကြမ်းကို ဥပဒေပြုလွှတ်တော်အမတ်တွေ ဝေဖန်စဉ်းစားနိုင်အောင် တင်သွင်းတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ တိုင်းပြည်မပြိုကွဲအောင် ဆိုတဲ့သဘောပါပဲ။ အိန္ဒိယ ခြေခံဥပဒေကို ရေးဆွဲရာမှာ ထားတဲ့အခြေခံမူတွေနဲ့ နည်းစနစ်တွေက အမေရိကန်ဖက်ဒရယ်ကို ရေးဆွဲတုန်းက ရှိခဲ့တာတွေနဲ့ အခြေခံ ကျကျကိုပဲ ကွာခြားတယ်လို့ သူကပြောခဲ့ပါတယ်။ အကြောင်းကတော့ ဖက်ဒရယ်ကို မတည်ထောင်ခင် အိန္ဒိယ ပြည်နယ်တွေ ရခဲ့တဲ့ အချုပ်အခြာအာဏာ လွတ်လပ်ခွင့်က ဖက်ဒရယ်မတိုင်ခင် အမေရိကန်ပြည်နယ်တွေ ရခဲ့တာထက် နည်းနေတာကြောင့်ပါ။
အိန္ဒိယပြည်နယ်တွေ ရထားခဲ့တဲ့ အချုပ်အခြာအာဏာ လွတ်လပ်ခွင့်က နည်းနေတာကြောင့် စေ့စပ်ညှိနှိုင်းရာမှာလည်း အားပျော့သွားပါတယ်။ အိန္ဒိယကို ဖက်ဒရယ်စနစ်နဲ့ တည်ထောင်ခဲ့ပေမဲ့ ပေါ်ထွက်လာတဲ့ ဖက်ဒရယ်စနစ်က ပြည်နယ်တွေ အချင်းချင်းကြား သဘောတူညီချက်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ဥပဒေပြုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် ပေါ်ထွက်လာတာပါလို့ လွှတ်တော်ကို အမ်ဘ်ဒက်ကာ ပြောခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယ အခြေခံဥပဒေ လွှတ်တော်ကော်မတီကို ပညာရှင် မိုဟစ်တ်ဘတ်ချာယာ သေချာလေ့လာ သုံးသပ်ထားတာရှိပါတယ်။
အဲဒီသုံးသပ်ချက်အရ အခြေခံဥပဒေ မူကြမ်းကို တင်သွင်းတဲ့အချိန် ၁၉၄၈ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ၂ ခြမ်းကွဲပြီးနေပါပြီ။ ပဒေသရာဇ် မင်းသားတွေ အုပ်ချုပ်တဲ့ ပြည်နယ် ၅၆၈ ခုလောက်ကိုလည်း (ပေါင်းစည်းရမှာ နောက်တွန့်နေလို့ တခါတလေမှာ အတင်းအကျပ် လုပ်ဆောင်ရတာတောင် ရှိခဲ့ပါတယ်။) ပေါင်းစည်းပြီးသွားပါပြီလို့ လေ့လာမှုထဲမှာ တင်ပြထားပါတယ်။ ကိုယ်ပိုင်အချုပ်အခြာအာဏာ အတော်အသင့်ရှိခဲ့တဲ့ ပြည်နယ်တွေကြားမှာ ပေးယူညှိနှိုင်းမှုတွေကို ဘာကြောင့် ဘယ်လိုလုပ်ဆောင်ရသလဲ ဆိုတာအပေါ် မူတည်ပြီး ဖက်ဒရယ်တွေ တည်တံ့ခိုင်မြဲတယ်၊ မခိုင်မြဲဘူးဆိုတာ ကွာခြားသွားတာကြောင့် အပေးအယူလုပ်ကြတဲ့ အခြေအနေတွေက အရေးကြီးတယ်လို့ ရစ်ကာ ယူဆပါတယ်။ ဒါပေမယ့် အိန္ဒိယဖက်ဒရယ်ကို တည်ထောင်ချိန်မှာ အဲဒီအရေးကြီးတဲ့ အခြေအနေတွေ မရှိတော့ပါ။
ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်တည်လာပုံက ဆင့်ကဲပြောင်းလဲသွားတဲ့ဖြစ်စဉ် (continuum) မျိုးလို့ ယူဆလာနိုင်ပါတယ်။ ပြောင်းလဲမှုရဲ့ တဖက်အစွန်းမှာတော့ ပေးယူညှိနှိုင်းမှုတွေကို ကိုယ်ပိုင်ဆန္ဒသက်သက်နဲ့ လုပ်ကြတဲ့ နိုင်ငံတွေရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အသင့်ရထားတဲ့ ပြည်နယ်တွေတခုချင်းစီက ကိုယ်ပိုင် စရိုက်လက္ခဏာတွေကို တဖက်မှာ ထိန်းသိမ်းထားရင်း တခြားတဖက်မှာတော့ သူတို့အသီးသီးစီရဲ့ အချုပ်အခြာ အာဏာတွေကို “အလယ်ပုံထား” သုံးစွဲဖို့ အတူတကွ စုဝေးခဲ့ကြပါတယ်။ အဲဒီအတွက် ဥပမာနိုင်ငံတွေကတော့ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဖြစ်ပါတယ်။ ပြောင်းလဲမှုရဲ့ တခြားဖက်အစွန်းမှာ ဥပမာအဖြစ် ပြစရာတွေကတော့ အိန္ဒိယ၊ စပိန်နဲ့ ဘယ်လ်ဂျမ်တို့ ဖြစ်ပါတယ်။ အားလုံး အတူစုစည်း ဖက်ဒရယ်နိုင်ငံတွေပါ။
အတူသွတ်သွင်း ဖက်ဒရယ်လို့ (putting together) ကျနော် နာမည်ပေးထားတဲ့ ဖက်ဒရယ် နောက်တမျိုးလည်း ရှိပါသေးတယ်။ ဒီမိုကရေစီ မကျင့်သုံးတဲ့ ဗဟိုချုပ်ကိုင် အာဏာတခုက လွတ်လပ်တဲ့နိုင်ငံတွေကို တိုင်းရင်းသားလူမျိုးစုံ ဖက်ဒရယ်နိုင်ငံအဖြစ် အတင်းအကျပ် သွတ်သွင်းပြီး ဖြစ်တည်လာတဲ့ နိုင်ငံမျိုးပါ။ အဲဒီအတွက် ဆိုဗီယက်ပြည်ထောင်စုကို ဥပမာပြလို့ရပါတယ်။ ဖက်ဒရယ်နိုင်ငံတွေကို အကြောင်းပြချက် အမျိုးမျိုး၊ ရည်မှန်းချက်အမျိုးမျိုးအတွက် တည်ထောင်ထားကြတာ ဖြစ်လို့ ဖွဲ့စည်း တည်ဆောက်ထားပုံတွေကလည်း အခြေခံကျကျကို ကွဲပြားနေကြတာ
အံ့သြစရာတော့ မဟုတ်ပါ။ ဒါကြောင့်မို့ နောက်တတဆင့်ကို ကူးပြောင်းလေ့လာကြရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
(အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် Gladstone Professor of Government အဖြစ် ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ယခုအခါ ကိုလံဘီယာ တက္ကသိုလ်တွင် Wallace Sayre Professor of Government အဖြစ် ဆောင်ရွက်နေသည်။ ဂျော့ဂ်ျဝါရှင်တန် တက္ကသိုလ်တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလက ပို့ချခဲ့သော စီးရီးများကို အခြေခံပြီး ယခု အက်ဆေးကို ရေးသားခြင်း ဖြစ်သည်။ အခု အက်ဆေးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)
(Credit to Irrawady)

Read more »

၂၀၀၈ နာဂစ်ဥပဒေဟာ ကျွန် အုပ်ချုပ်ရေးသာ ဖြစ်တဲ့ အကြောင်း နှိုင်းယှဉ်ပြပါမယ် ဗြိတိသျှရဲ့ ဒိုင်အာခီ

မှတ်သားစရာမို့ ကော်ပီကူးပြီး တင်လိုက်တယ်
credit: @Min soe naing

============
မြန်မာတို့၏ အမျိုးသားရေး လှုပ်ရှားမှု တစတစ ကျယ်ပြန့်လာပြီး၊
မြန်မာတို့က ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် တောင်းဆိုလာသောအခါ၊
ဗြိတိသျှအစိုးရက ဒိုင်အာခီအုပ်ချုပ်ရေးကို ဖန်တီးပေးခဲ့တယ်
၁၉၂၃ မှ ၁၉၃၇ အထိ ဆယ့်လေးနှစ်ကြာခဲ့သည့် ဒိုင်အာခီအုပ်ချုပ်ရေးမှာ
ဗြိတိသျှအစိုးရကိုယ်စား ဘုရင်ခံက ခန့်အပ်သော အမတ်များနှင့်
ပြည်သူက ရွေးကောက်ပေးသော အမတ်များ ပူးတွဲအုပ်ချုပ်သည့် စနစ်ဖြစ်တယ်။
ဒိုင်အာခီ ဥပဒေပြုကောင်စီ (လွှတ်တော်) တွင် အမတ် ၁၀၃ ဦးရှိသည့်အနက်၊
၂၂ ဦးကို ဘုရင်ခံက ခန့်သည်။ ရာထူးအလျောက်ပါရသူ နှစ်ဦးရှိသည်။
ကျန် ၇၉ ဦးကို ပြည်သူက ရွေးကောက်ပေးရတယ်
ဒိုင်အာခီ အုပ်ချုပ်ရေးကောင်စီတွင် ၀န်ကြီး လေးဦးရှိရာ၊
နှစ်ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်တယ်
ကျန်နှစ်ဦးမှာ ဥပဒေပြုကောင်စီက ထောက်ခံတင်ပြပြီး
ဘုရင်ခံက ခန့်သည့် အမတ်နှစ်ဦး ဖြစ်တယ်
ဘုရင်ခံ တိုက်ရိုက်ခန့် ၀န်ကြီးများက ပြည်ထဲရေးနှင့် ဘဏ္ဍာရေးကို ရယူပြီး၊
အမတ်ဝန်ကြီးများက ပညာရေးနှင့် သစ်တောရေးကို ယူရတယ်
ဒိုင်အာခီအုပ်ချုပ်ရေးဌာနများကို သီးသန့်နှင့် လက်ပြောင်းဟူ၍ ခွဲခြားထားတယ်။
သီးသန့်ဌာနများကို ဘုရင်ခံက အုပ်ချုပ်ပြီး၊
လက်ပြောင်းဌာနများကိုသာ အမတ်ဝန်ကြီးများက အုပ်ချုပ်တယ်။
သီးသန့်တွင် အရေးကြီးသည့် ပြည်ထဲရေး, ဘဏ္ဍာရေး, ကာကွယ်ရေး, နိုင်ငံခြားရေး, အခွန် စသည်တို့ ပါဝင်တယ်။
လက်ပြောင်းမှာ ပညာရေး, ကျန်းမာရေး, ယစ်မျိုး, သစ်တော စသည်တို့ ဖြစ်တယ်။
ဒိုင်အာခီ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ စီမံဆောင်ရွက်ချက် မှန်သမျှသည်
ဘုရင်ခံက ကျေနပ်၍ လက်ခံမှ အတည်ဖြစ်တယ်။
ဘုရင်ခံက မကြိုက်လျှင် ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်တယ်။
အမတ်များသို့ ခွဲဝေပေးထားသော အုပ်ချုပ်ရေးအာဏာများကိုလည်း ဘုရင်ခံက အချိန်မရွေး ရုတ်သိမ်းနိုင်တယ်
ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ် အမတ်များမှာ ဘုရင်ခံ၏ အတိုင်ပင်ခံမျှသာဖြစ်၍
ထိုပုဂ္ဂိုလ်များကို မြန်မာတို့က `မင်းတိုင်ပင် အမတ်´ ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်တယ်။
ထိုအချိန်က မြန်မာတို့ တောင်းဆိုနေသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခေါ် ဟုမ္မရူး ဖြစ်တယ်။
ဗြိတိသျှပေးသည့် ဒိုင်အာခီသည် မြန်မာတို့ တောင်းဆိုနေသည့် ဟုမ္မရူးနှင့် အလွန်ကွာခြားနေ၍
အမျိုးသားရေးစိတ် ပြင်းပြသော ခေါင်းဆောင်များနှင့် လူထုအများစုက ဒိုင်အာခီကို ဆန့်ကျင် သပိတ်မှောက်ခဲ့တယ်။
ဂျီစီဘီအေမှ ခွဲထွက်လိုက်သည့် ၂၁ ဦးအဖွဲ့နှင့် အခြား အနည်းငယ်ကသာ ဒိုင်အာခီကို လက်ခံပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်
စစ်တပ်ဒိုင်အာခီ
==========
နာဂစ် ၂၀၀၈ အခြေခံဥပဒေဟာ ဒိုင်အာခီအုပ်ချုပ်ရေးနှင့် နင်လားငါလား ဖြစ်နေတယ်။
လွှတ်တော်နှစ်ရပ်စလုံးတွင် ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သော ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီ ပါဝင်တယ်။
သမ္မတနှင့် ဒုသမ္မတ နှစ်ဦး ပေါင်းသုံးဦးအနက် တဦးက စစ်ဦးစီးချုပ်ခန့် စစ်ဗိုလ် ဖြစ်တယ်။
ပြည်ထဲရေး, ကာကွယ်ရေး, နယ်စပ်ဒေသ ၀န်ကြီးများက စစ်ဦးစီးချုပ်ခန့် စစ်ဗိုလ် ဖြစ်တယ်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် စစ်ဦးစီးချုပ်နှင့် ပြည်သူ့ကိုယ်စားလှယ် ပူးတွဲလုပ်ဆောင်ရမည့် စနစ်ဖြစ်၍
ဒိုင်အာခီအုပ်ချုပ်ရေး ဟုသာ ခေါ်ဆိုထိုက်ပါတယ်။
ဗြိတိသျှ ဒိုင်အာခီ၏ ဘုရင်ခံနေရာတွင် စစ်တပ်ဒိုင်အာခီက စစ်ဦးစီးချုပ်ကို အစားထိုးလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဘုရင်ခံက ဗီတိုအာဏာဖြင့် အားလုံးကို ထိန်းချုပ်ထား သကဲ့သို့
စစ်ဦးစီးချုပ်က အခြေခံဥပဒေဖြင့် အားလုံးကို ထိန်းချုပ်ထားပါတယ်။
စစ်တပ်ဖက ဗြိတိသျှထက် သာလွန်သည့်အချက်မှာ
`အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ´ ကို ဖွဲ့စည်းထားပြီး
စစ်ဦးစီးချုပ်က ထိန်းချုပ်ထားရန်နှင့် စစ်တပ်က အချိန်မရွေး အာဏာသိမ်းနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်တယ်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များမှာ
ဥပဒေပြုရေးတွင် စစ်ဗိုလ်ကိုယ်စားလှယ်တို့ သဘောမတူလျှင် ဘာမှ ပြင်ဆင်လုပ်ကိုင်ခွင့် ရမည် မဟုတ်။
စစ်ဗိုလ်ကိုယ်စားလှယ် ဆိုသည်မှာလည်း စစ်ဦးစီးချုပ်ကိုယ်စား မဲလာပေးသူသာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တို့မှာ ဟန်ရေးပြသက်သက်
မင်းတိုင်ပင် အမတ် သို့မဟုတ် `ဗိုလ်တိုင်ပင် အမတ်´ များသာ ဖြစ်လာကြမည် ဖြစ်ပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ, ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ နှင့် ခရိုင်များအထိ
စစ်ဗိုလ်အမတ်များက ပါဝင်နေပါတယ်။
စစ်တပ်က ပြည်ထောင်စုအဆင့်မှ ခရိုင်အဆင့်အထိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်နေမည် ဖြစ်သော်လည်း
စစ်တပ်အရေးအရာနှင့် ပတ်သက်၍မူ ပြည်သူ့ကိုယ်စားလှယ်များက လုံးဝ တို့ထိခွင့် မရပါ။
စစ်တပ်က နိုင်ငံတော်၏ ဥပဒေပြုရေး, အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်အောက်တွင် မရှိဘဲ၊
လုံးဝ သီးခြား ရပ်တည်နေမည် ဖြစ်တယ်။
ထိုအချက်မှာ ဗီတိုအာဏာ သုံးနေစရာ မလိုတော့ဘဲ `နိုင်ငံတော်´၏ အထက်တွင် ခွထိုင်လိုက်ခြင်းပင် ဖြစ်ပါတယ်။
လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ဆယ်ကျော် တရာလောက်က ဖြစ်ပေါ်ခဲ့သော,
ဗြိတိသျှနယ်ချဲ့က သူပိုင် ကိုလိုနီနယ်များတွင် အနိုင်အထက် ကျင့်သုံးခဲ့သော,
လက်တွေ့ အကျိုးမပြု၍ လူ့ကမ္ဘာက စွန့်ပစ်ပြီးဖြစ်သော
ဒိုင်အာခီအုပ်ချုပ်ရေးကို
စစ်ဗိုလ်များက တူးဖော် ဖုန်သုတ် ရွှေချ၍ အသုံးပြုနေခြင်းသာ ဖြစ်ပါတယ်
===================
ဒိုင်အာခီအုပ်ချုပ်ရေးက မြန်မာတို့၏ အမျိုးသားတပ်ပေါင်းစုကြီးဖြစ်သည့် ဂျီစီဘီအေကို အစိတ်စိတ် ပြိုကွဲစေခဲ့တယ်။
ဗြိတိသျှအား လက်နက်ကိုင်တော်လှန်သည့် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကို ပေါ်ပေါက်စေခဲ့တယ်
ဝင်းပေၞမောင် ဆောင်းပါးမှ ဆီလျော်ရာ ကောက်နှုတ်ထားပါတယ်။

Read more »

Sumlut Roi Ja 【国外资讯】国内外家政团组织要求政府调查春雷瑞嘉案件

Yunnan mungdaw na Jinghpaw shiga hta bang ai Myen hpyendap ntara ai, maroi nni masin nsi roi sat kau ai Sutlut Roi Ja a lam shiga.
http://mp.weixin.qq.com/s?__biz=MjM5NzU1MjQ3NQ==&mid=200772723&idx=5&sn=a6df3faa262b8c8fea799bc13b315ef4#rd
Like
By:Kachinland

【国外资讯】国内外家政团组织要求政府调查春雷瑞嘉案件 

2014-10-28  景颇网编辑部  景颇学会
新朋友:点击标题下面的“景颇学会”关注我们
老朋友:点击右上角分享按钮,多分享支持
搜索景颇学会微信号: jingponet
QQ群:370019525 景颇网
新浪博客红哥新闻 201410 28
国内外家政团体要求春雷瑞嘉案件。缅甸国内外123家政团体要求政府调查克钦妇女春雷瑞嘉被缅军绑架轮奸失踪案件。
102788代学生组织领衔缅甸全国123家政团组织,要求联邦政府认真调查28岁克钦妇女春雷瑞嘉,被缅甸政府军321营非法绑架轮奸失踪案件。
2011102828岁的克钦妇女春雷瑞嘉与丈夫木如道隆、公公木如泽道在中缅边境雷杰镇穆山地区玉米地劳作时被缅甸政府军绑架(丈夫公公逃脱),之后当地民众目击春雷瑞嘉遭缅甸政府军集体轮奸数日后消失。春雷瑞嘉的亲人及克钦社团多方奔走,向政府、法庭控诉均无结果。

Read more »

ဆွမ်လွတ်ရွယ်ဂျား ကိစ္စမှာ ဆုတောင်း

123 Civil Society Organizations on Monday urged Burmese government to investigate the untraceable disappearance of Sumlut Roi Ja, 28, at the hands of Burmese army’s 321st Light Infantry Battalion troops on October 28, 2011.
· 
အဟမ်း.... ဂျီးဒေါ် အနေနဲ့ ကိုယ့် ကက်သလစ်ကို ကိုယ် နှစ်ပေါင်းများစွာ ဆန်ရင်းနာနာဖွတ် လုပ်လာတာ အဆင်ပြေသွားသည်။ 
အချိန်ကိုက်ဘဲ ရဟန်းမင်းကြီးကလည်း တရားမျှတမှုအတွက် advocacy မလုပ်မနေရဖြစ်အောင် တကမ္ဘာလုံးမှ ကက်သလစ် အသင်းတော်များကို နှိုးဆော်နေသည်။ ဂျီးဒေါ် ဆုတောင်းပြည့်သည်။
ဆွမ်လွတ်ရွယ်ဂျား ကိစ္စမှာClink on link
- မြစ်ကြီးနားကက်သလစ်အသင်းတော် သာသနာပိုင် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် ကိုယ်တိုင် လက်မှတ်ထိုးပေးသည်သာမက။
- မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်အဖွဲ့ချုပ်- တရားမျှတရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်
- hမန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်အဖွဲ့ချုပ်- - Karuna Myanmar Social Service တို့လည်း endorse လုပ်ပေးပါတယ်။ 
အပေါ်ကတော့ လှုပ်နေပြီ။ အောက်က ကက်သလစ် ဘာသာဝင် ကြီးငယ်မဆို လှုပ်ကြပါအုံးစို့ရဲ့။
နိုင်ငံသားတိုင်း တရားသော ဥပဒေအောက်တွင် လုံခြုံရမည်။
LikeLike ·  · 

Read more »