Saturday, March 31, 2012

Mung masa sumtsaw matut+++

Hkawp myitrum manang ni,
Tai ni gaw laknak kaba n-gun, hpyen masha n-gun hte sha myit n dik dum nna, byin dik ai shanhte a  share shagan tsu numla  ni hpe bai woi lung wa ai sha n-ga, tsadan bungli chye galaw ai tsadan mayam ni hpe mung woi lung wa rai, Kachin hpe n dang dang hkra shakri na hku galaw nga ma ai da. KK gaw , nbung e shapoi kau ai mahkaw zawn shapoi kau ya u ga.Chyaru lu ai ni kaw chyawm me grai shang mai ai re da. Dai she kyu grau bai hpyi ra sai. Shawnglam a matu Myu Shayi ni 30 ya shani kaw na lusha ni shagun jaw nga saga ai.
Daini na Ga shagawp Mungmasa Sum Tsaw (Myen) hpumdim dat dat sai yaw.
Thanks

Read more »

Friday, March 30, 2012

Kachin refugees in Burma struggle for independence -Video

BBC news Video click on link
 Ethnic Kachin people in Burma have been struggling for independence and the right to their own language and religion for more than half a century.
Recent political changes in Burma could pave the way for democratic change for some, but for most refugees living in camps in the so-called Kachin State, the fight continues.

Read more »

Thursday, March 29, 2012

Tsin yam ni hpe kawan ai lam

San htai lamang RVA
Hpyen Yen ni hpe sa garum ya nga ai Catholic Hpung na Jau,Bro, Sara ni hte san htai galaw ai.
Click and Download+++
f.cl.ly
--------------------
Laiza Catholic nawku hpung Wa Jau Nbwi hte wa hkrum ai aten. Wa Jau mung shi buga hpung kata byin nga ai re majaw hpyen yen lanawn lakawn lamang hta grai shakut nga ai.

Read more »

Kachin Independence Organizatiion's War against Drugs in Northern Burma:


Kachin Independence Organizatiion's War against Drugs in Northern Burma: Destroying opium poppy fields in Kachin state. The vast majority of this year's opium crop in Kachin state was grown in territory controlled by the government, according to ...

Read more »

Mungmasa sumtsaw matut 6(3)

Hkawp myit rum manang ni,
Talogyi maga de, Tai Hpyenla ni 100 daram , KIA hpyenhkying lang nna, shamu shamawt hkawm nga ma ai lam ( shat hpyi sha hkawm ai lam ) ni na lu ai. Daini na ga shagawp mani na Mungmasa sumtsaw  matut 3 re yaw.

Read more »

ရွေးကောက်ပွဲကို ကေအိုင်အို နှောင့်ယှက်မှာ မဟုတ်

KIA
ကေအိုင်အေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပေမဲ့ ပြေလည်မှု မရသေး
ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ကြောင်း လိုအပ်တဲ့ အကူအညီတွေပေးမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကေအိုင်အိုနဲ့ တွေ့ချင်ကြောင်း ကမ်းလှမ်းထားတာရှိပြီး ကေအိုင်အိုဘက်ကလည်း တွေ့ဆုံဖို့ ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။
ရွေးကောက်ပွဲ ကိစ္စ အတွက်သာမက ကျန်တဲ့ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက်ပါ တွေ့ဆုံချင်တဲ့ ဆန္ဒရှိကြောင်းပြောပါတယ်။
အစိုးရကတော့ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်မြို့တွေမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။
ကေအိုင်အေ ဒုတိယ စစ်ဉီးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ကတော့ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်မြို့တွေပေါ်က မဲရုံနေရာတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေနဲ့ မနီးကြောင်း ပြောပါတယ်။
အစိုးရဘက်ကလည်း အဲဒီဒေသတွေရဲ့ လုံခြုံရေး အတွက် သူတို့နဲ့ ဆွေးနွေးဖူးတာမရှိကြောင်းလည်း ပြောပါတယ်။
သူတို့ ကေအိုင်အေအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ သဘောထားမရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အကူအညီပေးခဲ့ဖူးတာတွေ ရှိကြောင်း ပြောပါတယ်။
BBC
http://www.bbc.co.uk/burmese/burma/2012/03/120328_kachin.shtml

Read more »

Tuesday, March 27, 2012

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသများ ဆိုပါလား

ဦးမျိုး(ဥပဒေ) – မြန်မာနိုင်ငံတွင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ နိုင်ငံလွတ်လပ်ရေး ရကတည်းက ယနေ့ထိ တခါမှ မပေါ်ပေါက်ခဲ့ ဘူးသေးချေ။ (၁၉၄၇) ခုနှစ် အခြေခံ ဥပဒေသည်ပင်လျှင် ပြည်ထောင်စုဥပဒေ မစစ်ခဲ့သေးပေ။ လွတ်လပ်ရေး အရယူနိုင်ရန် ပင်လုံစိတ်ဓာတ်ဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်သည်။
၎င်းကိုပြင်ဆင်ရန် (ဝါ) ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲရန် ပြည်သူ့လွတ်တော် ပါလီမန် အစည်းအဝေးက (၁၉၆၀) ပြည့်နှစ်   နိုဝင်ဘာ (၁၀) ရက်နေ့တွင် အဖွဲ့ဝင် (၂၉) ဦးပါသော အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဥပဒေအရ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ တာဝန် (၃) ရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။
စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ရန်ကြိုးပမ်းနေသည့် အချိန်ကာလမှာပင် ဗိုလ်နေဝင်း စစ်အုပ်စုက (၁၉၆၂) ခုနှစ်တွင် စစ်အာဏာသိမ်းကာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့သည်။ ဗိုလ်နေဝင်း၏ (၁၉၇၄) ခုနှစ် မဆလ ပြည်ထောင်စု အခြေခံ ဥပဒေနှင့် ယခု ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် နအဖ ပြည်ထောင်စုအခြေခံဥပဒေမှာလည်း အတူတူနှင့်အနူနူပင်ဖြစ်သည်။အဘယ်ကြောင့် နည်း။ ဗိုလ်နေဝင်း၏ (၁၉၇၄) ခုနှစ် အခြေခံဥပဒေပုဒ်မ (၃၁) အရနှင့် ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် အခြေခံဥပဒေပုဒ်မ (၄၉) အရ- တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ခု ပိုင်းခြားသတ်မှတ်ချက်မှာ တထပ်တည်းတူနေကြ၍ဖြစ်ပါသည်။ အားလုံး တစ်ပြည်ထောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မည်သည့် စစ်အာဏာရှင် စနစ်ကမျှ ပြည်ထောင်စုကို လုံးဝမလိုလားကြောင်း တိုင်းရင်းသားအားလုံးက သိနှင့်နေကြပြီးဖြစ်သည်။
(၁၉၇၄) ခုနှစ် အခြေခံ ဥပဒေထက် ပိုဆိုးသည်က (၂၀၀၈) ခုနှစ် တစ်ပြည်ထောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုဒ်မများကို ပြဋ္ဌာန်းလာသည်။ ဥပဒေနောက်ထပ်တိုး၍ ကြောက်စရာကောင်းလောက်အောင် (Divide and rule) ခွဲခြား ဖိနှိပ်ရန်ပြဋ္ဌာန်းလာသောကြောင့် ဖြစ်သည်။ အကောင်းဘက်ကို ဦးတည်သလော၊ အဆိုးဘက်ကို ဦးတည်ရှေ့ရှုနေပါသလော၊ ဆန်းစစ်သုံးသပ်ရပါမည်။
(၂၀၀၈) အခြေခံဥပဒေ ပုဒ်မ (၅၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်။
(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကိုစုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟုဖော်ပြထားသည်။
တိုင်းဒေသကြီး  လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း။ ပုဒ်မ (၁၆၁) (ဃ) တွင် ပုဒ်မခွဲ (က) နှင့် (ခ) သို့မ ဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတပုံ နှင့်ညီမျှသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ။
ဟုဖော်ပြထားသည်။ စစ်တပ်မှ သုံးပုံတစ်ပုံ (၂၅% ထက်များ) နေရာယူထားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ (၂၆၁) (ဃ) တွင် နိုင်ငံတော် သမ္မတက အမည် စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ဟုပြဋ္ဌာန်းထားသည်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၉) အရ တိုင်းဒေသကြီး (၇) ခုသတ်မှတ် ထားသဖြင့် ပုဒ်မ (၂၆၁) (ဃ) အရ တိုင်းဒေသကြီး ၀န်ကြီးချုပ် (၇) ဦးကို သမ္မတက ခန့်အပ်ထားပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန် က ယခုတလော ပြောဆိုဖွင့်ဟလာပါသည်။ ဗမာလည်းတိုင်းရင်းသားလူမျိုးတမျိုး ဖြစ်သည်ကို ယခုမှ ဘာကြောင့် ပြောပါ သလဲ။ လူမျိုးတမျိုး (ဝါ) ပြည်နယ်ဝန်ကြီးချုပ်တဦး ခန့်အပ်ထားသည့်ကာလတွင် ဗမာလူမျိုးတမျိုး (ဝါ) ဗမာပြည်နယ်ဖွဲ့စည်းပုံ ဗမာဝန်ကြီးချုပ်တစ်ဦးကိုသာ ခန့်ထားချင်၍လော။ သို့ဆိုပါလျှင် ၀န်ကြီးချုပ် (၆) ဦးနေရာနှင့် ဌာနအတွက် တိုင်းပြည်ကပေးနေ ရသည့် လစာငွေ သိန်းပေါင်းမြောက်မြားစွာ သက်သာသွားဖွယ်ရာရှိပါသည်။ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်ရာလည်း  ရောက်ပါမည်။ ဗမာပြည်နယ်ကို သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းဝံ့ပါမည်လော။ လူမျိုးစုတိုင်း၏ တန်းတူရေးကို လက်တွေ့ အကောင် အထည်ဖော်ဝံ့ပါမည်လော။ ပြည်ထောင်စုစစ်စစ်ကို လိုလား လျှင်၊ နိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးကို လိုလားလျှင် လက်တွေ့လုပ် ရဲ ကိုင်ရဲရှိရပါမည်။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံက နိုင်ငံရေးအရ အာရုံစိုက်နေကြလေပြီ။
ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်၍ ပုဒ်မ (၁၉၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့တိုင်း သို့မဟုတ် ဒေသအတွက် ဇယား (၃) တွင် ဖော်ပြထားသော ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းသည် ဟုဖော်ပြသည်။ ဇယား (၃) တွင် ဥပဒေပြု စာရင်းကို အောက်ပါ အတိုင်း တွေ့ရှိရသည်။
(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ။
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
(၃) ပြည်သူ့ ကျန်းမာရေး၊
(၄) စည်ပင်သာယာရေးလုပ်ငန်း၊
(၅) မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊
(၆) စားကျက်မြေများ ထိန်းသိမ်းရေး၊
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။
(၉) မြို့နှင့် ကျေးရွာများ အတွင်း ရေနှင့်လျှပ်စစ်မီး ဆိုင်ရာ ကိစ္စ၊
(၁၀) မြို့များနှင့် ကျေးရွာများ၏ စျေးများဆိုင်ရာ ကိစ္စ ဟုဖော်ပြထားသည်။
အထက်ပါ ဥပဒေပြုစာရင်း (၁၀) ခုကိုသာလျှင် ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသများဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ “ဝ” လူမျိုးစုများ တင်ပြခွင့်ရမည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အမျိုးသားလူမျိုးစု အခွင့်အရေးနှင့် ပတ်သက်၍ မည်သည့်   ပြဋ္ဌာန်း ချက်ကိုမှ ပြဋ္ဌာန်းရန်တင်ပြပိုင်ခွင့်မရှိပါ။ လူမျိုးစုများအား စစ်တပ်မှ သုံးပုံတပုံ ကိုယ်စားလှယ်များက အနီးကပ် ဖိနှိပ် ခွဲခြား အုပ်ချုပ်ရန်အတွက် သီးသန့် ပြဋ္ဌာန်းလာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်း က သက်သေပြခဲ့ပြီး ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေးကဏ္ဍ အာဏာခွဲဝေရေးအပိုင်း နှင့်ပတ်သက်၍ အပစ်ရပ် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်း (၁၃) ဖွဲ့ စုပေါင်းပြီး ညောင်နှစ်ပင်အမျိုးသားညီလာခံသို့ (၂၀၀၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့က တက်ရောက် တင်ပြ ခဲ့ကြသည်။ တင်ပြခဲ့သော အချက်များမှာ-
(၁) ထပ်တူ ဥပဒေပြု စာရင်း ထားရှိရေး၊
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး၊
(၃) ဥပဒေပြု ကဏ္ဍမှာ တိုင်းရင်းသားလူမျိုးစုကို သီးခြားထားရှိရေး၊
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေး ဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး၊
(၅) ပြည်နယ်လွှတ်တော်တွေမှာ စာပေ၊ ယဉ်ကျေးမှု နှင့်ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး၊
(၆) တိုင်းရင်းသားတွေ့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းနိုင်ရေးနှင့်
(၇) ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ သီးခြားရေးဆွဲ ပြဋ္ဌာန်း ကျင့်သုံးခွင့်ရှိရေး တို့ဖြစ်သည်။
လူမျိုးစု ခေါင်းဆောင်များ တရားဝင် တင်ပြချက်များအား တချက်ကိုမျှ လေးစားခြင်းမရှိဘဲ၊ ဥပဒေပြုစာရင်း (၁၀) ခုကိုသာ ဇ ယား (၃) ဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းလာသည်။ လူမျိုးစု နယ်မြေများကို ခွဲခြားလိုက်ရုံမျှဖြင့် လူမျိုးစုပြဿနာ များ ပြေလည်သွားပြီဟု လက်ခံထားချက်မှာ အင်မတိအင်မတန် မှားယွင်းချက် ဖြစ်ပါသည်။ မည်သည့် အမျိုးသား လူမျိုးစုကိုမျှ   ကောင်းကျိုး မပေး၍ ဖြစ်ပါသည်။
အမျိုးသား ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေများနှင့် စပ်လျဉ်းပြီး တပြည်ထောင်စနစ်ကို ကျင့်သုံးသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေကို လေ့လာခြင်းအားဖြင့် နှိုင်းယှဉ်ကြည့်၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အလိမ်အညာ ပြည်ထောင်စုအမည်ခံသော စစ်အာဏာရှင်များ၏မျက်လှည့်ပြပွဲ သက်ဆိုးမရှည် နိုင်ရန် ဖော်ထုတ်ပြဖို့ လိုအပ်ပါသည်။
အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆဌမ အကြိမ်မြောက်ပြည့်သူ့ကွန်ဂရက်၊ ဒုတိယအကြိမ် အစည်းအဝေးက (၁၉၈၄) ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ သမ္မတ၏ အမိန့်အမှတ် (၁၃) အရ ထုတ်ပြန်ကြေညာ၍ (၁၉၈၄) ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင် ကျင့်သုံးခဲ့ပါသည်။ ဥပဒေပါ ပုဒ်မ အချို့ကိုတင်ပြပါ သည်။
ဥပဒေ၏ နိဒါန်းတွင် – “အမျိုးသား အသီးသီး တန်းတူညီမျှမှု၊ စည်းလုံးညီညွတ်မှုနှင့် အတူတကွ တိုးတက် ကြီးပွားစေရေး မူအရ လိုက်နာကျင့်သုံးရာ၌လည်းကောင်း၊ လူနည်းစု အမျိုးသားများ၏ အခွင့်အရေးကို နိုင်ငံတော်၏ အပြည့်အဝ အလေးထားမှုနှင့် အာမခံ မှုကို ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးက ဖော်ဆောင်သည်။”
“အမျိုးသား သွေးစည်းရေးကိုထိန်းသိမ်းထားရှိရန် ကြိုးပမ်းရာတွင် လူမျိုးကြီးဝါဒ အဓိကအားဖြင့် ဟန်လူမျိုးကြီးဝါဒကို ဆန့်ကျင် တိုက်ခိုက်သွားရမည်။ တချိန်တည်းတွင် ဒေသန္တရလူမျိုးရေး ဝါဒကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားရမည်။”
“အမျိုးသား အသီးသီး အတူတကွ ဖွ့ံဖြိုးတိုးတက်ရေး၊ သွေးစည်းညီညွတ်ရေးနှင့် စည်ပင်ဝပြောရေးအတွက်လုပ်ဆောင်ရမည်။”  ဟုဖော်ပြထားသည်။
ပုဒ်မ (၁)။   ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။
ပုဒ်မ (၉)။   ။ နိုင်ငံတော်၏အထက်အဆင့် အစိုးရအဖွဲ့အစည်းများနှင့် အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများရှိ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းများသည် တရုတ်ပြည်၏ အမျိုးသားအားလုံး တန်းတူရေး၊ သွေးစည်းရေး၊ အပြန်အ လှန် ကူညီရေး ဟူသည့် ဆိုရှယ်လစ်ဆက်ဆံရေး စနစ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေရမည်။
မည်သည့်အမျိုးသားကိုမဆို လူမျိုးခွဲခြားမှုနှင့် ဖိနှိပ်မှုကို ပိတ်ပင်ထားမြစ်ရမည်။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲသည့် သို့မဟုတ် အမျိုးသားသွေးကွဲရေးကို လှုံ့ဆော်သည့် မည်သည့်လုပ်ရပ်ကိုမဆို ပိတ်ပင်တားမြစ်ရမည်။
ပုဒ်မ (၁၀)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရအဖွဲ့အစည်းများသည် ၎င်းဒေသရှိ အမျိုးသားများ၏ ကိုယ်ပိုင်ဘာသာစကားကို လွတ်လပ်စွာရေးသား ပြောဆို အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်စေရန် အာမခံရမည်။ မိမိ တို့၏ ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာ အမှုအကျင့်များကို လွတ်လပ်စွာ ထိန်းသိမ်းခွင့်နှင့် ပြုပြင်ပြောင်းလဲခွင့် ရှိရေးကိုလည်း အာမခံရမည်။
ပုဒ်မ (၁၈)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတခု၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းအောက်ရှိ ဌာနများမှ ကေဒါများကို ဖြစ်နိုင်သမျှ ၎င်းဒေသရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးနေသော နိုင်ငံသား လူမျိုးစုများနှင့် အခြားလူနည်းစုအမျိုးသားထဲမှ ရွေးချယ်ခန့်အပ်ရမည်။
ပုဒ်မ (၂၄)။   ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရ အဖွဲ့အစည်းများသည် နိုင်ငံတော်၏ စစ်ဘက်ရေးရာ စနစ်များနှင့် ဒေသ၏ လက်တွေ့လိုအပ်ချက်အရ နိုင်ငံတော်ကောင်စီ၏ အတည်ပြုချက်ကို ရယူပြီး အများပြည် သူငြိမ်ဝပ် ပိပြားရေး ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဒေသန္တရ ပြည်သူ့လုံခြံုရေး တပ်ဖွဲ့များကို ဖွဲ့စည်းနိုင်သည်။
ပုဒ်မ (၃၀) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများ၏ ရငွေနှင့် သုံးငွေများကို ၎င်းနယ်မြေများအား အထူးအခွင့် အရေး  ပေးမှု မူအရ နိုင်ငံတော် ကောင်စီက တိတိကျကျ သတ်မှတ်ပေးရမည်။
အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေတခုတည်း နိုင်ငံတော်၏စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မိမိ၏ ဘတ်ဂျက်ထဲမှ အသုံးစရိတ်ကေငွေအတွက် အရံ ရန်ပုံငွေ ဖယ်ထားရမည်။ ၎င်းဘတ်ဂျက်ထဲမှ အရံရန်ပုံငွေ အချိုးအစားသည် တခြားဒေသ၏ ဘတ်ဂျက်များထဲမှ အရံရန်ပုံငွေ အချိုးအစားထက် ပိုမြှင့်၍ ပေးရမည်။
ပုဒ်မ (၃၇)။  ။ လူနည်းစု အမျိုးသား ကျောင်းသား အများဆုံးရှိသည့် ကျောင်းများတွင် ဖြစ်နိုင်သမျှ အခါတိုင်း ၊၎င်းတို့၏ မိခင်ဘာသာစကားသုံး ကျောင်းသင်္ခဏ်းစာအုပ်များကို အသုံးပြုသင့်သည်။ သင်ကြားရေး ကြားခံအဖြစ်လည်း ဤဘာသာစကားကို သုံး စွဲစေသင့်သည်။ တရုတ် (ဟန်ဘာသာစကား) သင်တန်းများကို မူလတန်း အတန်းမျိုးများ သို့မဟုတ် အထက်တန်းများ အတွက်   ပေကျင်း အသံထွက်ပေါ်တွင် အခြေခံထားသည့် အများသုံးစကား ဖူထုံးဝှါ ပျံ့နှံစေရန် သင်ကြားပေးရမည်။
ပုဒ်မ (၄၉) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေများရှိ နိုင်ငံဝန်ထမ်းများကို ဒေသအတွင်း အများသုံး အပြော သို့မဟုတ်  အရေးဘာသာ စကားနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုမို၍ ကျွမ်းကျင်တတ်မြောက်ပါက ဆုချီးမြှင့် ပေးအပ်ရမည်။
ပုဒ်မ (၆၅) ။  ။ နိုင်ငံတော်က လူမျိုးစု တက္ကသိုလ်များကို ထူထောင်ရမည်။ အခြား အဆင့်မြင့်ပညာရေး တက္ကသိုလ်များတွင် လည်း    လူနည်းစု အမျိုးသား  ကျောင်းသားများကိုသာ လက်ခံသော ၊ လူမျိုးစု အဓိကထားသော သင်တန်းများနှင့် ကျောင်းဝင် ခွင့် အကြိုသင်တန်းများကို တည်ထောင်ပေးရမည်။
-ဦးစားပေး ကျောင်းဝင်ခွင့်နှင့် ဦးစားပေး အလုပ်ခန့် အပ်ခြင်း စနစ်များကိုလည်း ချမှတ်နိုင်သည်။ ကျောင်းဝင်လက်ခံရာတွင် အဆင့်မြင့် ပညာရေး တက္ကသိုလ်များနှင့် စက်မှုအထက်တန်းကျောင်းများက လူနည်းစု အမျိုးသားကျောင်းသားများအတွက်   ကျောင်းဝင်ခွင့် စံနှုန်းနှင့် အရည်အချင်း သတ်မှတ်ချက်တို့ကို သင့်တော်စွာ နှိမ့်ချပေးရမည်။
-       ဟူ၍ ပြဌာန်းထားချက်များကို တွေ့ရှိရပါသည်။
တခြားနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တစ်ပြည်ထောင်စုတွင်ပင်လျှင် အထက်ပါအခွင့်အရေးများကို လူမျိုးစုများအတွက် ပေးအပ် ပြဌာန်းထားသည်ကိုတွေ့ရပါသည်။ ပြည်ထောင်စုစနစ်ကိုသွားမည့် မြန်မာနိုင်ငံအနေဖြင့်ဆိုပါမူ ထိုထက်ပင် ပိုမိုပြည့်စုံရန် လိုအပ်မည် ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေတွင် ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ” အတွက် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးလောက်ကိုပင်လျှင် ဘာတစ်ခုမှ ပေးအပ်ပြဌာန်းထားခြင်းမရှိသည်ကို အပွင့်လင်းဆုံး တွေ့မြင် နေရပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ နှိုင်းယှဉ်လေ့လာနိုင်ပါရန် တင်ပြခြင်းသာဖြစ်ပါ သည်။ နိုင်ငံလွတ်လပ်ရေးကို အရယူနိုင်ခဲ့သော လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် လွတ်လပ်ရေးနှင့်အတူ တောင်းဆိုခဲ့သည့် ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့် ၊ ကိုယ်ပိုင်းပြဌာန်းခွင့် အခွင့်အရေး လုံးဝ (လုံးဝ) ပျောက်ဆုံးနေပါသည်။ ဝေးသော – သာ၍ဝေး   သော – ဟိုတစ်ဖက်ကမ်းမှာ – ဟုသာ ထင်မှတ်ရပါတော့မည်။ နိုးနိုးကြားကြား ရှိရန်လိုပါသည်။
ဦးမျိုး ( ဥပဒေ)
၂၅.၃.၂၀၁၂

Read more »

Burma: Burma Army ransacks church in Bhamo district

Sin Lum Pang Mu church
Sin Lum Pang Mu church
On 13 March the Burma Army ransacked Sin Lum Pang Mu Baptist Church in Pang Mu village, located in Bhamo district. 
According to Reverend Jangmaw Gam Maw, pastor of Pang Mu Church, soldiers from the 33rd battalion of the Burma Army’s 88th Infantry Division burned bibles, destroyed church property, and stole a video player, loudspeakers and villagers’ belongings. The soldiers claimed that the property belonged to a Kachin Independence Army outpost. They also took money from the church donation boxes.
The pastor and over 1,000 church members from Pang Mu village had abandoned the village for Mai Ja Yang IDP camp on 19 November 2011.
On 10 March, Burma Army soldiers disrupted a Christian conference and threatened a Member of Parliament (MP) at gunpoint in western Burma’s Chin State, according to the Chin Human Rights Organization (CHRO).

Read more »

Mung Masa sumtsaw (IV )

Myit rum manang ni,
Shanglawt Tsing gaw, Shawnglam Share Ninghkring ni lusha garut hkra hkra, Myu hte Mungdan a matu shakut nga ai hpe chyu majen nna, Maroi nni masin n si ai hte, lusha gam akyu hpyi lawm ai; shat mung jum hte sha, sha yu ai; lani mi hkying hkum 4 sha yup yu ai rai yang, hkamjan lu ai majaw, grai n-gun lu nga ai raitim, shani shagu Ga shagawp n lu gawp mat na tsang ai majaw lusha man man sha, man man yup rai bai shakut taw nga sai. 25 ya shana gaw yuptung e ph. shang wa ai,"Daina Laiza hpe atsai nat kau sana re da; MKA kaw tsun garu nga ma ai" da law! Hkum rai mayu,Shanglawt Tsing ni woi mun rawng pyi n ngu kau ya ai rai sa. Grau pyi she yup paw. Daini na Ga shagawp gaw, Mungmasa Sumtsaw matut re yaw.

Read more »

UN ni hpyen yen tsin yam ni hpang de du

Read more »

Monday, March 26, 2012

Anhte lusha gam akyu hpyi shagu, KK madat ya ai.Kyu hpyi ding yang rai ga

Myit rum manang ni
Majan shiga chyeju shakawn ga...... da. Anhte lusha gam akyu hpyi shagu, KK madat ya ai. Tai ni gaw Yama lu nna n yup hkra hkra KIA hkam da ai bawm hkan tsan nna, maga lahkawng KIA hpe matep gasat ai ladat lang ma ai da.Raitim Tai ni maga de mung laja lana machyi hkala ai; Tsit Chyawng Mhu du hkra hkrat sum ai shiga, Byimwa(Sinlum maga) de na na lu ai. Anhte a Share ninghkring ni gaw shata 9-10, na hkra masha galai la hkat ai lam mung n nga, lusha n grung, kade she pu ba raitim,    nde mi hkam jan lu ai gaw KK a chyeju san san she rai sai. Mungkan ting kaw na myusha ni mung kyu hpyi dum ai lam shiga ni n-gun mi alu shana wa ma ai. Grai n-gun lu ai. Share ninghkring ni a matu matut akyu hpyi ga i.KK bau sin u ga.
JIC: read more+++

Read more »

ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ

By: မန်ကျည်ဒိန်ယိန်း


ကချင်ပြည်နယ်က ဖားကန့် မိုးကောင်း ဗန်းမော်  မဲဆန္ဒနယ် ၃ ခုကို လုံခြုံရေးမကောင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗြုံးစား ကြေညာလိုက်တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၅ နေရာသာ ကျန်တော့တယ်။ တနည်းပြောရရင် ပြည်သူ့လွှတ်တော်မှာ ကြားဖြတ်အတွက် နေရာ ၄၀ လစ်လပ်နေရာကနေ ခု ၃၇ နေရာသာ ကျန်တော့တယ်ဆိုတဲ့ သဘောဖြစ်တယ်။

လုံခြုံရေးမကောင်းဘူးလို့ အစိုးရကပြောပေမဲ့ ကေအိုင်အေကတော့ ကချင် မဲဆန္ဒနယ် ၃ နယ်မှာ ဘာမှလုံခြုံရေးပြဿနာမရှိဘူးလို့ပြောတယ်။ ဘယ်သူတွေဘယ်လိုပြောပြော လုံခြုံရေးမကောင်းဘူးဆိုတာကို ကောင်းပါတယ်ပြောဖို့ သက်သေပြဖို့ ကေအိုင်အေလဲ မတတ်နိုင်ပါ။ ကေအိုင်အေက လုံခြုံရေးကောင်းတယ်ဆိုရင် ခုချက်ခြင်း ဦးသိန်းစိန်အစိုးရက ဗုံးပေါက်ပြနိုင်တာမို့ မဟုတ်မှန်းသိသိနဲ့ ခံကြရမှာဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ ဘာကြောင့် အကောက်ကြံသလဲ ဆန်းစစ်ကြည့်သင့်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေကို လေ့လာကြည့်ရင် လစ်လပ်နေရာအားလုံး ပြည်သူ့လွှတ်တော်မှာသာ ဖြစ်ပါတယ်။




နိုင်ငံရေးရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရအတွက် လောလောဆည် ဆူးညောင့်ဖြစ်နေပါတယ်။ ကေအိုင်အေကို အစိုးရလိုချင်သလို ပုံသွင်းကြိုးကိုင်လို့ မရတဲ့အတွက် ဘာလုံခြုံရေးပြဿနာမှ မရှိတဲ့ ကချင်မဲဆန္ဒနယ် ၃ ခုကို ကြားဖြတ်ရွေကောက်ပွဲ ကျင်းပခွင့်ပိတ်ပြီး ကေအိုင်အေကို ဒဏ်ခတ်ဘို့ ဦးသိန်းစိန်အစိုးရက တွက်ချက် ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

ကေအိုင်အေကို ပစ်မှတ်ထားပြီ

ဒေါက်တာတူးဂျာက မိုးကောင်းကနေ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာတူးဂျာဟာ ဘာနာမယ်နဲ့ ပါတီဖွဲ့ဖွဲ့ စင်စစ် ကေအိုင်အေနဲ့ ဆက်စပ်တယ်ဆိုတာ အများအသိဖြစ်တယ်။ ဒါကြောင့် ကေအိုင်အေကို ဒဏ်ခတ်ဘို့ဆိုရင် လွှတ်တော်နိုင်ငံရေးကို အာသာငမ်းငမ်း ၀င်ချင်နေတဲ့ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်မှဖြစ်မယ်။ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်ဘို့အတွက် သူပြိုင်မဲ့ မိုးကောင်းမဲဆန္ဒနယ်ကို ပိတ်နိုင်ဘို့ အစိုးရက အကောက်ကြံရမှာဖြစ်တယ်။



ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်က တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း ၀င်ခွင့်မပေးရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။၂၀၁၀ မတိုင်တုံးက နိုင်ငံရေးအခြေအနေက စစ်အစိုးရစိတ်ကြိုက် လုပ်ချင်သလို လုပ်ခွင့်ရထားတာမို့ တူးဂျာတို့ပါတီကို နယ်ခြားစောင့်တပ်နဲ့ အလဲအလှယ်လုပ်မရတဲ့အဆုံး ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ပါတီထောင်ခွင့် ပိတ်ခဲ့တယ်။ တခါ တသီးပုဂ္ဂလအမတ်လောင်းလျှောက်တော့လဲ အကြောင်းပြချက်မရှိပဲ တူးဂျာကို ပယ်ခဲ့ပြီးဖြစ်တယ်။ အဲဒီတုံးကလဲ အောင်သောင်းဦးစီးပြီး အကောက်ကြံခဲ့တာ ဖြစ်တယ်။

ခုကျတော့ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်က ကချင်အပေါ် အာရုံစိုက်နေချိန်ဖြစ်တယ်။ ဒေါ်စုကြောင့် အစိုးရမှာ လဲဂျီင်္တီမေစီ ရနေချိန်ဖြစ်တယ်။ အာဆီယံဥက္ကဌအတွက် သိက္ခာတက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ ကချင်ပြည်တွင်းစစ် အရေးအခင်းကလဲ နိုင်ငံတကာသိဖြစ်နေတယ်။

ဒါကြောင့် တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း လျှောက်တာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချရင် ပေါ်တင်ဖြစ်နေမယ်။ လက်စားချေတယ်ဆိုတာ သိပ်ကိုထင်ရှားပြီး အများအာရုံစိုက်စရာဖြစ်မယ်။ ဒီမှာတင် မိုးကောင်းမဲဆန္ဒနယ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ကြားဖြတ်မကျင်းပဖြစ်ကြောင်း ကြေငြာရင် တူးဂျာပါ အလိုလို သတ်ပြီးဖြစ်မယ်။ နိုင်ငံရေးထဲ သိပ်ဝင်ချင်နေတဲ့ ကေအိုင်အိုကို နိုင်ငံရေးက ပထုတ်ပြီး မခံချင်အောင်လုပ်တဲ့သဘောပဲ။

အန်အယ်ဒီပါ ဒဏ်ခတ်ပြီ

မိုးကောင်းတခုထဲကွက်ပီး ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရင် အမြင်မလှတဲ့အတွက် ဖားကန့်နဲ့ ဗန်းမော်ပါထဲ့မှ ကချင်ကေအိုင်အေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သလိုလို အပြစ်တင်ဖို့ အကွက်ရမယ်။ င်္ဒီမှာတင် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို လုံခြုံရေးမကောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဖျက်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ ကြံ့ဖွံ့ပါတီက အမတ်လောင်း ၃ ဦးပါ ပါနေတဲ့အတွက် ကိုယ့်ဘက်က ဘယ်လောက်အထိနာမလဲပါ ဦးသိန်းစိန်အစိုးရကတွက်မှာဖြစ်တယ်။ တကယ်တော့ လစ်လပ်နေရာ ၄၈ နေရာလုံးမပြိုင်လဲ ကြံ့ဖွံက လွှတ်တော်မှာ အသာစီးရနေမှာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းအတွက် ရည်စူးလို့သာ နိုင်ထားတဲ့ မဲဆန္ဒနယ်တွေ လက်မလွတ်အောင် ခုလို သူ့အမတ်လောင်းတွေ ပြိုင်ခိုင်းတာဖြစ်တယ်။

တူးဂျာနဲ့ ကေအိုင်အေကို ပညာပေးဖို့အတွက် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံး မကျင်းပတဲ့အတွက် ဆွမ်းခံရင်း ငှက်သင့်တာ အန်အယ်ဒီဖြစ်တယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ အန်အယ်ဒီက ၀င်ပြိုင်တဲ့အတွက် အမတ်လောင်း ၃ ဦး မပြိုင်ရပဲ ဆုံးရှုံးသွားတယ်။ အမေရိကန်မှာ သွားပီးအာချောင်တဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာကိုပါ အစိုးရက ကြိုက်ပုံမရတဲ့အတွက် သူ့ကိုပါ အလိုလို နိုင်ငံရေးသတ်ပြီးသားဖြစ်သွားမယ်။ ဒါကြောင့် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို ရွေးကောက်ပွဲမကျင်းပတဲ့အတွက် အစိုးရဖြစ်စေချင်တာတွေ တချက်ခုတ် ၃ ချက်ပြတ် ကိစ္စပြီင်္းသွားတယ်လို့ ဆိုနိုင်တယ်။

အန်အယ်ဒီဘက်တွက်ရင် ကချင် ၃ နေရာ လက်လွှတ်ရတဲ့ပြင် စစ်ကိုင်း (၇) က ဦးစောလှိုင်ကိုပါ ကော်မရှင်က ထုတ်ထားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ၄ နာရီ လွတ်သွားတယ်။ တနည်းပြောရရင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရဲ့ ၈% ကို မပြိုင်ရဘဲ လက်လွတ်ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ အမတ်ဖြစ်ပြီးသား မြတ်ဥာဏစိုးကို အချောင်ရတဲ့အတွက် ၃နေရာသာ ဆုံးရှုံးတယ်လို့ ကြံဖန်ပြောရင်လဲရတယ်။

ကျန်ပါတီတွေပိုအထိနာ

လစ်လပ်နေရာ ၄၈ နေရာလုံး ၀င်ပြိုင်နိုင်တာ ကြံ့ဖွံနဲ့အန်အယ်ဒီသာရှိတာမို့ ရာခိုင်နှုန်းနဲ့တွက်ရင် အမတ်နေရာနည်းနည်းသာပြိုင်နိုင်တဲ့ပါတီတွေ ဥပမာ NDF တို့ NUP တစညတို့လို ပါတီတွေအဘို့  ကချင်မှာ ဆုံးရှုံးမှု ပိုကြီးမားတာ သေချာနေတယ်။

ဒါကြံ့ဖွံပါတီဘက်က ညစ်ကွက်တခုသာဖြစ်တယ်။ နောက်ထပ်လာစရာတွေ အများကြီး မှန်းထားသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ကချင်ပြည်နယ်မှာ ၈၉ အုပ်စုရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စုစာရင်းကိုတော့ ကော်မရှင်က ခုထိ မထုတ်ပြန်သေးပါ။

ကြားဖြတ်မကျင်းပနိုင်တဲ့ တခြားနယ်မြေတွေ

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ ရှိတယ်လို့ ကြေငြာရတာကိုက အစိုးရအဖို့ နိုင်ငံရေး တပန်းရှုံးတယ်။ ငြိမ်းချမ်းရေးစကား ဘယ်လောက်ကြီးပြောနေနေ ပြည်တွင်းစစ်ရှိနေတယ်ဆိုတာ ၀န်ခံရာရောက်တယ်။ တကဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့-

-ကချင်ပြည်နယ်မှာ အင်ဂျန်းယန် ၂ နဲ့ ဆွမ်ပရာဘွမ် ၂ တို့ဖြစ်တယ်။
-ရှမ်းပြည်နယ်မှာ မိုင်းလား၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်း ၅ မြို့နယ်ဖြစ်တယ်။  ထူးခြားချက်က မိုင်းလားမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူမရှိဘူးလို့ သိရတယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကတော့
-ရှမ်းပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လုံခြုံရေးအခြေအနေ

၂၀၁၀ ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ ကျင်းပဘို့ အခြေအနေမရှိတဲ့ ပြည်နယ်တွေက ကချင် ကယား ရှမ်း မွန်နဲ့ ကရင်ပြည်နယ်တွေ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေက ရှမ်းပြည် ၀နယ်မှာ လေးမြို့နယ်ရှိပါတယ်။ ပန်ဆန်း နားဖန်း ပန်ဝိုင် မိုင်းမော လေးမြိုနယ်ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက မဲဆန္ဒနယ်တခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်တာဆိုလို့ ၀ လေးမြို့နယ်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။



ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်းက ကချင်ပြည်နယ်မှာ ၆၈၊ ကယားမှာ ၉ အုပ်စု ရှမ်းပြည်နယ်မှာ ၅၉ အုပ်စု မွန်ပြည်နယ်မှာ ၉ အုပ်စုနဲ့ ကရင်ပြည်နယ်မှာ ၁၅၅ အုပ်စုရှိပါတယ် စုစုပေါင်း ပြည်နယ် ၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၃၀၀ ရှိပါတယ်။

ကချင်ပြည်နယ်ကိုလေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိပါတယ် ၀ိုင်းမော် အင်ဂျန်းယန် ဆော့လော် ချဖွေ တနိုင်း ဆွမ်ပရာဘွမ် မန်စီ မိုးမောက်နဲ့ ရွှေကူ ၉ မြို့နယ်ထဲက ကျေးရွာအုပ်စုတွေပါ ပါဝင်တယ်။
ဒီ ၉ မြို့နယ်ဟာ အထူုးသဖြင့် ကချင်အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အို အုပ်ချုပ်နေတဲ့ဒေသတွေဖြစ်တာမို့ ခုလို ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ယူဆတဲ့အကြောင်း ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ယူဆတယ်။



စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားတဲ့ ကျေးရွာအုပ်စုတွေဟာ ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေလို့ ဦးဇခုန်တိန့်ယိန်းပြောတဲ့အတွက် စစ်အစိုးရ ရွေးကောက်ပွဲတွေကို ကေအိုင်အိုနယ်မြေတွေမှာ လက်မခံဘူးဆိုတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကေအိုင်အိုကတော့ ကချင်ပြည်သူတွေကို ရွေးကောက်ပွဲအတွက် မဲပေးပါလို့ တိုက်တွန်းတာမရှိသလို ကန့်ကွက်ပါလို့လဲ တိုက်တွန်းမထားပါဘုးလို့ ကေအိုင် ဒု နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးလွန်းဒေါင်းက ထောက်ပြခဲ့တယ်။

ကရင်ပြည်နယ်ကိုကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ ခုရှိပါတယ်။
အဓိကမြို့နယ်တွေက ဖားအံ လှိုင်းဘွဲ့ သံတောင်ကြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၆ မြိုနယ်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေက ကျေးရွာအုပ်စုတွေဟာ ကေအန်ယူ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ဘို့ ရှောင်သလား မသိရပေမဲ့ ကေအန်ယူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောတယ်။

၁၉၉၀ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေ

၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရှမ်းပြည်နယ် ၆ မြို့နယ်ဖြစ်တဲ့ ကုန်းကြမ်း။ နားဖန် ပန်ဝိုင် ပန်ယန်း မိုင်းမောနဲ့ မန့်ဖန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး- သဘောကတော့ ၀ထိန်းချုပ်တဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ပြန်ကြည့်ရင် ၁၉၈၉ မှာ ဗပက ပြိဲုကွဲပီး ၀နဲ့ကိုးကန့်စတဲ့ လက်နက်ကိုင်တွေ ခွဲထွက်ပီး တစင်ထောင်တဲ့အချိန်ဖြစ်ပါတယ်။ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲပီး အနှစ် ၂၀ကျော်တဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ၀နယ်က လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖြစ်ပြန်ပါတယ်။ ဒီထဲမှာ နားဖန်း ပန်ဝိုင် မိုင်းမော် ၃ မြို့နယ်ဟာ ၉၀ ခုနှစ် ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အစိုးရမျက်နှာပျက်ရပြီ

ချုပ်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ ဆိုတာ နည်းတဲ့ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲနောက်ကွယ်မှာ စစ်အစိုးရဘက်က နိုင်ငံရေးပြေလည်အောင် မကိုင်နိုင်တာကို မီးမောင်းထိုးပြနေသလို ဖြစ်နေတယ်။ တနည်းပြောရရင် ၉၀ ခုနှစ် ရွေးကောက်လုပ်ပီး အနှစ် ၂၀ကျော်ကြာတဲ့ အချိန် နောက်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ တိုးလာတဲ့သဘော ဖြစ်နေပါတယ်။

ဝအုပ်ချုပ်တဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်လျော့သွားရုံမက တိုင်းဒေသကြီးမဲဆန္ဒနယ် အရေအတွက်ပါ လျော့သွားတာမို့ စစ်အစိုးရအဘို့ မျက်နှာပျက်စရာ ဖြစ်သွားတာ မငြင်းနိုင်တဲ့အချက်ပါ။
ပိုဆိုးတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်ထဲက လေးမြိုနယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရုံမက ကျန် ၂ မြို့နယ်မှာလဲ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေရှိပါတယ်လို့ ထပ်မံကြေငြာရတဲ့အတွက် အစိုးရအဘို့ မျက်နှာပျက်စရာဖြစ်ခဲ့တယ်။

Read more »

အိမ်ပြန်ပါရစေ.March2012- Kachin IDP Video


IDP in Myitkyina, Waimaw, Kachin state, Myanmar
By: Sumprabum

Read more »

Sunday, March 25, 2012

Who will protect us


Who will protect us if we surrender to the Burmese? There is no guarantee that our neighbouring countries will protect us. Now is really crucial time for the Kachin people."

Welcome To Free Kachin

Read more »

M.K.B.A ရဲ့ ကြေငြာချက်

By:http://kachinboy.blogspot.com/2012/03/w.html

Read more »

KIA ကို အဆိပ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည်''

ရွှေဟင်္သာ သတင်းဌာန

မြစ်ကြီးနား ဗန်းမော်ကားလမ်းအနီးက ကန်ဒေါင်ယန် ကျေးရွာနားတွင် ဖြစ်ပွားခဲ့သည့် မတ်လ (၁၉) ရက်နေ့ တိုက်ပွဲ၌ အဆိပ်ငွေ့ ကျည်သုံးခဲ့သည်ဟု ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
KIA_Ar_Pond_Village
ဤ တိုက်ပွဲမတိုင်ခင်ကလည်း မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်က ကေအိုင်အေ တပ်မဟာ (၅) တောင်ကုန်း စခန်းတခုကို ခမရ ၄၆၀၊ ခမရ ၃၉၀ အစိုးရတပ်များက သိမ်းပိုက်ရန် (၄-၅) ရက် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် မတ်လ (၂၂) ရက်နေ့ မနက်ပိုင်း ( ၇း၃၀) နာရီ မှ (၉း၃၀) နာရီတွင်လည်း ကောက်ဂျန်ကျေးရွာ( ရှမ်းရွာ) ဘက်မှ ဘန်ဒေါင် -ဧဒင်ကျေးရွာဘက်သို့ ရောက်လာသော ခလရ (၃ရ) (၄၀)၊ ခမရ (၃၈၈) ပူးပေါင်းတပ်ဖွဲ့ များနှင့် ကေအိုင်အေ တပ်မဟာ (၅) တပ်ဖွဲ့ တို့ နန်ဆန်ခနှင့် ဧဒင်ကျေးရွာ ပါတ်ဝန်းကျင်တွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုပါသည်။

အလားတူ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအနီးရှိ အင်ပေါင်ကျေးရွာ နှင့် ကန်တော်ယန် ကျေးရွာအကြား တွင် ရောက် ရှိနေသော အစိုးရ ခလရ (၂၆၀), ခမရ (၃၈၉)၊ (၃၉၀) ပူးပေါင်း တပ်ဖွဲ့ များ ကို ကေအိုင်အေ တပ်ရင်း (၂၅၅) မှ တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ပါသည်။
အစိုးရစစ်တပ်သုံး ကျည်ဆံများ(ဓါတ်ပုံ kachin news)
အစိုးရစစ်တပ်သုံး ကျည်ဆံများ(ဓါတ်ပုံ kachin news)

ဤကဲ့သို့ (၅) ရက်ကြာတိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာနေခဲ့ရာက ဓါတုအဆိပ်ငွေ့ ကျည်များ အဆက် မပြတ် ပစ်ခတ် လာခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

ကေအိုင်အိုသည်၊ အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့် မတ်လလည်တုန်းကလည်း နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သို့သော် တပ်နေရာချထားရေး သဘောထားတွင် ညှိနှိုင်း ၍မရသဖြင့် နောက်ထပ်ဆွေးနွေး သွား ရန်ကိုသာ သဘောတူခဲ့ရပါသည်။ ကေအိုင်အေနှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ် ကတည်းက အပစ်အခတ်ရပ်စဲခဲ့ပြီး ဖြစ် သော်လည်း ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်းရာက ပြီးခဲ့သည့် (၂၀၁၁) ခုနှစ် ဇွန်လတွင် ပြန်လည် တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပါသည်။ 
http://siamtai.com/profiles/blog/show?id=2262632%3ABlogPost%3A114691&xgs=1&xg_source=msg_share_post

Read more »

ပြည်သူ့လွတ်တော် ကိုယ်စလှယ် ဒေါ်ဒွဲဘူ သို့ပေးစာ။

" ဟို အပစ်မရပ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးလို့ မရပါဘူး ဒါက ကျွန်မအမြင်ပါ။ ဒါကတော့ ကျွန်မတို့က ယုံကြည့်မှုဆိုတာ အချင်းချင်းတည်ဆောက်ဖို့ လိုပါတယ်။....... ဟို ကျမတို့ မောင်နှမချင်း ဖြစ်တဲ့အပေါ်မှာ ဒီယုံကြည်မှု ပေါ်မှာ မူတည်ပါတယ်။ဒီလို အချင်းချင်း ယုံကြည်မှုမရှိဘူးဆိုရင် နောက်ပိုင်း ဆက်ဆွေးနွေးဖို့ က ခက်ခဲပါတယ်။ အဲတော့ တကယ်ဘဲ ကိုယ်ပြည်နယ်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးမှာ လက်တွဲပါဝင်ချင်တယ်ဆိုရင်တော့ အချင်းချင်း ယုံကြည်စွာနဲ့ လက်တွဲဖို့ လိုအပ်တယ်လိုမြင်ပါတယ်.။"
ပြည်သူ့လွတ်တော် ကိုယ်စလှယ် ဒေါ်ဒွဲဘူရဲ့ ပြောစကားပါ။
ကချင်ထဲက ကချင်တယောက်လွတ်တော်ကို ရောက်ပြီဆိုတော့ ကိုယ့်ပြည်နယ်ရေး ဘက်မလိုက်ဘဲ အမှန်ကို အမှန်အတိုင်း လွတ်တော်ကို တင်ပြနိုင်မယ်၊တင်ပြရဲမယ် ဆိုရင် သိပ်ကို ဂုဏ်ယူစရာကောင်းမှာပါ။
ပထမ ဦးဆုံးအနေနဲ့ ဒေါ်ဒွဲဘူ ရဲ့ စကား "အပစ်မရပ်ဘဲနဲ့တော့ နိုင်ငံရေး ဆွေးနွေးလို့ မရဘူး။ဒါ ကျွန်မ အမြင်ပါ။"
ကျွန်တော်လည်း ကချင်တယောက်ဆိုတော့ ဆိုရေးရှိက ဆိုရတော့မှာပါဘဲ။
ကျွန်တော်အနေနဲ့ အပစ်မရပ်လည်း နိုင်ငံရေး ဆွေးနွေးလို့ ရပါတယ် လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သားတွေ အစိုးရဘက်ကကော KIA ဘက်ကပါ နိုင်ငံရေး စားပွဲဝိုင်းကို လာနိုင်ကြမှာမဟုတ်လို့ပါဘဲ။ ကပ်သပ်ပြီးပြောနေတာမဟုတ်ပါဘူး။ ဒီနေရာမှာ စစ်ရေးနဲ့ နိုင်ငံရေးကို ခွဲခြားမြင်ရမှာပါ။ရောထွေးလို့ မရပါဘူး။ စစ်ဖြစ်ခဲ့ တဲ့ ကမ္ဘာ့ သမိုင်းတွေမှာ ကြည့်ရင်လည်း ဒီလိုပါဘဲ။
တိုက်ရင်းနဲ့ ဆွေးနွေးခဲ့ကြတာပါဘဲ။ တခါတလေများ ဆွေးနွေးပွဲတွေ အောင်မြင်လို့ ငြိမ်းချမ်းရေးတောင်ရနေပြီ ဟိုရှေ့တန်းက စစ်သားတွေက ဘာသတင်းမှ မကြားရလို့ တိုက်ကြတုန်း ခိုက်ကြတုန်းပါဘဲ။သာဓကတွေ အများကြီးရှိပါတယ်။ အဲဒီ အပစ်အခတ် အရင်ရပ် ပြီး နိုင်ငံရေး ဆက်ဆွေးနွေးမယ် ဆိုတဲ့ စကားကို KIA ယုံလို့ နမော်နမဲ့ နေလို့ကတော့ ဟိုအရင် KNU တွေ အင်းစိန် ကျ ခဲ့တဲ့ အဖြစ်မျိုးမလွဲမသေ ကြုံရမှာပါ။
နောက် "အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်"။ သိပ်ကို မှန်တဲ့ စကားပါ။
ယုံကြည်မှုရှိမှ ဘာမဆို အောင်အောင်မြင်မြင်လုပ်ဆောင်နေနိုင်မှာပါ။
ကချင်တွေ ဗိုလ်ချူပ်အောင်ဆန်းကို ယုံကြည့် သလိုဘဲ လက်ရှိအစိုးရကို ယုံကြည်ချင်ပါတယ်။
ကချင်တွေ ဘာလို့ ဗိုလ်ချူပ်အောင်ဆန်း ကို ယုံကြည်သလဲ မေးချင်ပါတယ်။
ဒါက ရှင်းရှင်လေးပါ။ ဗိုလ်ချူပ်အောင်ဆန်း ရဲ့ လုပ်ဆောင်ခဲ့သမျှ ကိုမြင်တွေ့၊ကြားသိခဲ့ရလို့ ယုံကြည်ခဲ့ကြတာပါ။
ဒါဆိုရင် ဒီနေ့ အစိုးရကို ကချင်တွေ ယုံကြည်ရအာင်
ဒီအစိုးရရဲ့ ဘယ်လုပ်ဆောင်ချက်ကို ကြည့်ပြီး ယုံကြည်ရမလဲ။
ဒီအစိုးရရဲ့ ဘယ်အပြုအမူတွေ ကို နားစွင့် ကြားသိရပြီး ယုံကြည်ရမလဲ။
ကချင်တွေ အစိုးရကို ယုံကြည်နိုင်လောက်စရာ ဘာရှိလဲ။
ကချင်တွေ မပြောပါနဲ့။ တခြား အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ကော နိုင်ငံရေး ဆွေးနွေးနိုင်ပြီလား။
ဒီနေ့ရပ် မနက်ဖြန် ပြန်ပစ် ဒီသံသရာ ကုန်စေချင်ပါပြီ။
ကချင်တွေအားလုံး ပြည်ထောင်စုကြီးအောက်မှာ ဥမကွဲ သိုက်မပျက်ဘဲနဲ့ နေချင်ပါတယ်။
ကချင်တွေအားလုံး ဒီအစိုးရအပေါ် ဘယ်လို ယုံကြည်ရမယ်ဆိုတာ လေးသိချင်ပါတယ်။
နောက်တခုက ဒေါ်ဒွဲဘူး မယုံရင် စမ်းကြည့်ပေါ့။ဒေါ်ဒွဲဘူ သမီး(သို့)သား ကို ဒေါ်ဒွဲဘူ လက်က ဒုတ်တချောင်း ကိုင်ပြီး မုန့်ကျွေးမယ်လာခဲ့လို့ ခေါ်ကြည့်ပါလား။လာ မလား၊မလားဘူး လား ဆိုတာ ဒေါ်ဒွဲဘူ သိမှာပါ။
နောက် တစ်ခု ယုံယုံကြည်ကြည် နဲ့ လက်တွဲဖို့ လိုအပ်တယ်။
မှန်ပါတယ် ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် လူဆိုတာ တယောက်နဲ့ တယောက် ယုံကြည်ဖို့ ဆိုတာ အပြုအမှု၊ဆက်ဆံ မှုတွေပေါ်မှာ အခြေခံပါတယ်။
လွတ်တော်အမတ် ဒေါ်ဒွဲဘူ နားလည်လွယ်အောင် ဥပမာလေး တစ်ခုပေးစမ်းပါရစေ။
ဒေါ်ဒွဲဘူရဲ့ ချစ်သည်းညှာ လင်တော်မောင်က အသစ်သစ်ကလေးနဲ့ ပျော်နေတာကို ဒေါ်ဒွဲဘူအနေနဲ့
မျက်စိနဲ့တပ်အပ် မြင်ခဲ့၊သိခဲ့ ဖူးသည် ဆိုပါစို့။ လင်တော်မောင်ရဲ့ နောက်တခါမလုပ်တော့ပါဘူးဆိုတဲ့ စကားကို
ဒေါ်ဒွဲဘူး ယုံနိုင်ပါမည်လား။ပထမ တခါ အတွက် ယုံနိုင်ပါသည်။ထားပါတော့။ နောက်ထပ် တခါ အဲဒီအဖြစ်အပျက်မျိုး ပျော်တော်ဆက်နေရာမှာ ပြန်တွေ့ပါသည် ဆိုပါတော့ ဒေါ်ဒွဲဘူ မည်သို့ ခံစားရမှာပါလိမ့်။
နောက်တခါ မလုပ်တော့ပါဘူးဆိုတဲ့ စကားကို ဒေါ်ဒွဲဘူ ယုံနိုင်ပါအုန်းမလား။ တကယ်လို့ ယုံနိုင်ပါသည် ဆိုလျင် ဘာ့ကြောင့်များ ယုံနိုင်ပါသလဲ။ မယုံနိုင်ပါ ဘူးဆိုလျင် ဘာကြောင့်များ မယုံ နိုင်ပါသလဲ ဆိုတာ ဒေါ်ဒွဲဘူ ကိုယ်တိုင်အဖြေရှိနေပါလိမ့်မယ်။
နောက် စကားပုံလေး တစ်ခုက
ပထမညာခံ ရပါက ညာတဲ့သူရဲ့ အပြစ်။
ဒုတိယတခါ ထပ်ညာခံရပါက နှစ်ယောက်လုံး ရဲ့ အပြစ်။
တတိယတခါ ထပ်ညာခံပါက ညာခံရသူရဲ့ အပြစ်ဘဲပါတော့တယ် တဲ့ဗျာ။
ကဲ အဲဒီလို အဖုအထစ်လေးတွေ ရှိခဲ့ကြတော့ ယုံယုံကြည်ကြည်ဆိုတဲ့ စကား လေထဲမှာဘဲ ပျောက်ကွယ်သွားမှာပေါ့။
အစိုးရအနေနဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းတိုးတက်စေချင်တယ်ဆိုတာ ယုံပါတယ်။
ကချင်တွေအနေနဲ့ကလည်း နေပြည်တော်ကြီး တိုးတက်စည်ပင် ၀ပြောနေတာ မြင်ချင်တွေ့ချင်ပါတယ်။
ဒီတော့ ကိုယ့်နေရာ ကို ငြိမ်းချမ်း၊တိုးတက်၊စည်ပင်ဝပြောအောင်လုပ်ကြ ပြီးမှ ယုံယုံကြည်ကြည် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတည်ဆောက်ကြ။မကောင်းဘူးလားဗျာ။
ဒီလိုပါဘဲ အစိုးရ အဆက်ဆက်နဲ့ KIA ဆက်ဆံရေးနှစ်သည် ကြာခဲ့ပါပြီ။
နောက်ဆုံး အနေနဲ့ အစိုးရကအမှန်တကယ် အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးလိုတယ်ဆိုရင်
အစိုးရတပ်တွေ အပစ်ရပ်ပြီး နေလိုက်ပါ။ဒါတောင်မှ KIA က လိုက်တိုက်တယ် နေဆိုရင်
ကျွန်တော်အနေနဲ့ ပြောစရာမရှိပါဘူး။KIAကို ကန့်ကွက်ပါတယ်။
KIA ကို အစိုးရစစ်အင် အားနဲ့ တိုက်ခိုက်ချေမှန်းနိုင်တယ် ဆိုတာလဲ သိပါတယ်။
ဒါမှမဟုတ် အပစ်ရပ် တယ်ဆိုတာ နိုင်ငံရေးဆွေးနွေးဖို့ မဟုတ်ဘဲ။
တပ်အင်အားဖြည့်တင်းဖို့၊ရန်သူအလစ် ၀င်သုတ်ဖို့၊တပ်ကူပို့ဖို့ ဆိုရင်တော့
KIAကို ပြောချင်တာကတော့ လိုင်ဇာ တစ်တည်း ကချင်ပြည်မဟုတ်ပါဘူး။
နော်မန်ဒီ ခံတပ်ကြီးတောင် ပြိုကွဲ သွားခဲ့ဖူးတယ်။တိုက်ခြင်းက ဘဲ အောင်နိုင်ခြင်းကို ရစေတယ် ဆိုတဲ့ စကား
ကြားဖူးပါရဲ့ဗျာ။
ဒါကတော့ ကချင်ပြည် မံစီမြို့နယ် အင်ဘာပါဆိုတဲ့ ရွာလေးက ကျွဲကျောင်းသား အဆင့်သာသာ ကျွန်တော်ရဲ့ အမြင်ပါ။

ဒီးဒိုး။
၁၇၊၀၃၊၂၀၁၂။

Read more »

Rare Earths Kachin ????

Rare Earths

Ndai kajai gum hkawng ai Nhprang gaw an hte jing hpaw mung e mung pru ai zawn nga na lu ai.

Read more++full story+++click

US, EU and Japan challenge China on rare earths at WTO

President Obama: "If China would simply let the market work on its own, we would have no objections''
The US, Japan and the European Union have filed a case against China at the World Trade Organization, challenging its restrictions on rare earth exports.
US President Barack Obama accused China of breaking agreed trade rules as he announced the case at the White House.
Beijing has set quotas for exports of rare earths, which are critical to the manufacture of high-tech products from hybrid cars to flat-screen TVs.
It is the first WTO case to be filed jointly by the US, EU and Japan.
They argue that by limiting exports, China, which produces more than 95% of the world's rare earth metals, has pushed up prices.
Environmental concerns?
The co-ordinated complaints are the first step in a process that could ultimately lead to sanctions against China.
Continue reading the main story

What are rare earths?

  • Despite their name, rare earths are not particularly rare
  • They are a collection of 17 elements: scandium, yttrium, and some 15 lanthanides
  • Some are as common as copper or zinc, while even the rarest occur in greater quantities than gold or platinum
  • They are essential in the manufacture of many electronic goods
"We've got to take control of our energy future and we cannot let that energy industry take root in some other country because they were allowed to break the rules," Mr Obama said in Tuesday's Rose Garden press conference.
"If China would simply let the market work on its own we would have no objections. But their policies currently are preventing that from happening. And they go against the very rules that China agreed to follow."
In the press conference, Mr Obama also said his new trade enforcement unit - which he established last month, with China the primary target - was ramping up its operations.
"When it is necessary, I will take action if our workers and our businesses are being subjected to unfair practices," Mr Obama added.
Beijing has denied the allegations in the WTO case, saying that it enforced the quotas to ensure there was no environmental damage caused due to excessive mining.
China's Industry Minister, Miao Wei, told state media agency Xinhua that the country was "actively preparing to defend ourselves" against the WTO complaints and denied the quotas were trade protectionism.
"We feel sorry for their decision to complain to the WTO," Mr Miao said.
Chinese foreign ministry spokesman Liu Weimin said: "We think the policy is in line with WTO rules.
"Exports have been stable. China will continue to export, and will manage rare earths based on WTO rules."
China controls almost the entire world supply of rare earths
The filing focuses on 17 rare earth minerals which are essential for making products such as smart phones and camera lenses, as well as many renewable energy devices.
The rare earth complaints follow a WTO ruling earlier this year in favour of the EU. It found China had illegally restricted exports of other materials, such as bauxite, zinc and magnesium.
"Despite the clear ruling of the WTO in our first dispute on raw materials, China has made no attempt to remove the other export restrictions," said EU Trade Commissioner Karel De Gucht.
"This leaves us no choice but to challenge China's export regime again to ensure fair access for our businesses to these materials."
The EU imports 350m euros ($458m) of rare earth minerals from China each year.
The US trade representative's office argues that quotas are one way that China engages in trade protectionism on rare earths, including export duties and pricing requirements.
Welcoming Chinese Vice-President Xi Jinping to the White House last month, Mr Obama warned that China must play by the same rules as other major powers in the world economy.

Read more »

Saturday, March 24, 2012

Kyu hpyi shaja ga

Myit rum manang ni,
                   Anhte myit masin hpraw san ai daram Tai ni myit magaw ai gaw dan leng la ai. Mungmasa gaman bawngban masu ai she re hka! Mungkan de myawkle madun na matu bawngban masu ai she rai nga malu ai.
                   Kyu hpyi shaja ga. Shanhte gaw Kachin amyu shamyit masing hta lai kaga masing n nga ai lam dan leng malu ai. Dap dung 3 de Tai ni lam 2 maga matep gasat nga ai. Ba 3 Lagatbum a matu aja awa hpyi na. Ba,1,2,3, 4,5 shara shagu, htu shadut wa nga ai lam na lu ai. Npawn hpe wang da ma ai. Namsanyang, maga de na shiga mahtai garai n na ai; KIA, Laknak shagrung sai, masha n-gun ni mung jat lu sai. Shiga kaja na lu na kyu jawm hpyi ga. Ginjaw a matu kyu hpyi ga.Daini na gashagawp, "Iya Kyu Hpyi Ga " ngu ai re.
                                                                             Chyeju kaba sai          
                                                                                                          JIC: Read more+++click

Read more »

Friday, March 23, 2012

Yehowa sha dang lu na re

Myit rum manang ni ,
          Majan shiga grai kahtet kamawt byin nga sai. Grai tsang ra ai shara kaw du taw sai. Yehowa sha dang lu na re . Lusha gam akyu hpyi nga ga ai. Nawku jawng shagu hta, Hpungmasha ni shani shana hpring nga ai. Awng Padang a matu re. Yehowa gaw shi a Hpung Shingkang shadan shadawng na re kam sham ai .
JIC Reead more++click full

Read more »

Yawng Shang lawm n-gun dat lawm ai a akyu ara

Resettled Ethnic Refugees in the U.S. Call for Greater Action to 
End Systematic Human Rights Abuses against Ethnic People of Burma
Thanks to all who signed the petition! With the help of the resettled refugee communities from 67 cities in 29 states, we were able to gather nearly 5,000 signatures urging Ambassador Mitchell to use his position as the U.S. Special Representative and Policy Coordinator for Burma to pressure the Burmese regime to stop committing widespread and systematic human rights abuses against ethnic people. 

Today, the petition was delivered to Ambassador Mitchell in his office at the U.S. Department of State by Aung Din and Myra Dahgaypaw, Executive Director and Campaign Coordinator respectively for USCB, and Gum San Maung, President of the Kachin National Organization U.S.A. This petition was signed by 8 ethnic nationalities including Chin, Arakan, Kachin, Shan, Karenni, Mon, Burman and Karen.
Click here to read the press release and the letter to Ambassador Mitchell. 

"It was heartbreaking to hear their first-hand stories about different kinds of human rights abuses they had to
 endure at the hands of the Burmese army. However, they also appreciate the opportunity they have now that
they can speak out for their families, relatives, friends and their other fellow ethnic people, especially in
Kachin state," said Myra Dahgaypaw. 

Most of the refugees from Burma that have resettled in the U.S. come from ethnic nationality areas where
Burma's army has systematically used forced labor, forced relocation, extrajudicial killings, sexual violence and
more to control communities and resources for decades. Many of them have lived as an internally displaced
person for years before they reached the refugees camps at the Thailand-Burma border. Many of them lost
 their loved ones due to civil war.

This petition raised legitimate concern that while the main focus of international diplomatic efforts has been
 on some limited reforms affecting central Burma, insufficient attention is being paid to developments in ethnic areas.Widespread human rights abuses still continue on regular basis at the armed conflict areas.
In the absence of armed conflict, there are abuses related to forced labor, forced relocation and land confiscation.

The current ceasefires do not create peace for ethnic civilians. They do not guarantee safety for civilians.
 Read this report on how forced labor, torture and military activity are still happening in Karen State. Attacks in
 Kachin areas has been going on for over nine months, and has forced 75,000 people to flee their homes.
For more details on Kachin situation,
read "Untold Miseries" Wartime Abuses and Forced Displacement in Burma's Kachin State, 
a new report by Human Rights Watch. 
Read more+++PDF file++click on++++

Read more »