Thursday, December 11, 2014

စစ်ရှိန် လျှော့ချရေး အတွက် အစိုးရနှင့် ညှိနှိုင်းမှုတွင် KIO တက်ရောက်မည် မဟုတ်


10 December 2014 
Kachin News Group
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ KIO တို့အကြား ပစ်ခတ် တိုက်ခိုက်မှုနှင့် စစ်ရှိန်လျှော့ချနိုင်ရန်အတွက် ဖွဲ့စည်းထားသော နှစ်ဖက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ကေအိုင်အိုဘက်မှ တက်ရောက်မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။
“ကျနော်တို့ ဒီတခါတော့ ရက်အကန့်အသတ်မရှိ ရွှေ့ထားတဲ့သဘောဖြစ်တယ်။ ၁၉ ရက်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အို ကနေ အစိုးရကို စာရေးထားတာ ရှိတယ်။ ဒီတခေါက်တော့ ဦးအောင်မင်းနဲ့ ဒီဟာနဲ့ပတ်သက်လို့ ညှိနှိုင်းဖြေရှင်းဖို့ လုပ်ပြီးမှဘဲ ကျနော်တို့နောက်ပိုင်း ပြန်လုပ်မှာပါ” ဟု သူက ပြောသည်။
ဗိုလ်လောင်းများ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဖြေရှင်းရန် KIO က အစိုးရထံ စာရေးသားပေးပို့ခဲ့သော်လည်း ယခုထိ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးကြောင်း သူက ပြောသည်။
နိုဝင်ဘာလ ၁၉ ရက်က အစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIO ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးမှသာလျှင် ပဋိပက္ခဖြေရှင်းရေးအဖွဲ့တို့ ဆက်လက် ဆွေးနွေးသွားရန် လိုလားကြောင်း ပဋိပက္ခဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
ပြီးခဲ့သည့် မေလမှစတင်၍ အစိုးရနှင့် KIO တို့ လစဉ် ပထမပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO ပဋိပက္ခဖြေရှင်းရေးအဖွဲ့က တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်တော့မည် မဟုတ်ကြောင်း သူက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ အောက်တိုဘာလအတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်းခဲ့သဖြင့် နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာသည်ဟု KIO ဘက်မှ ထုတ်ဖော်ပြောဆိုထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် KIO တို့ နှစ်ဖက် ၅ ဦးစီပါဝင်၍ သဘောတူ ဖွဲ့စည်းထားသည့် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို မြစ်ကြီးနားမြို့ရှိ KIO ၏ နည်းပညာအထောက်အကူပြု အဖွဲ့ရုံးခန်းတွင် ပြီးခဲ့သည့် မေလ ၂၈ ရက်က ဖွဲ့စည်းခဲ့သည်။
ထိုပဋိပက္ခဖြေရှင်းရေးအဖွဲ့တွင် အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် က ခေါင်းဆောင်အဖြစ်ပါဝင်ပြီး KIO ဘက်မှ ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်အဖြစ် ပါဝင်သည်ဟု သိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလက UPWC နှင့် KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန်အတွက် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလု့း အကျူံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
====
KNLA စစ်ဦးစီးမှူးပထမတန်းအဖြစ် ဗိုလ်မှူးစောလှငွေအား ယာယီတာဝန်ပေးအပ်
December 10, 2014 • Posted in သတင်း
DSC_0070 
ဒီဇင်ဘာ ၁၀ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏ ယာယီ စစ်ဦးစီးမှူးပထမတန်း G-1 အဖြစ် ကရင်အမျိုးသားအစည်းအ ရုံး(ကေအဲန်ယူ)တွင် ယခင် တွဲဘက်အတွင်းရေးမှူး(၁)ဖြစ်ခဲ့သူ ဗိုလ်မှူးစောလှငွေအား ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၂၀ရက်မှ ၂၂ရက်နေ့အထိ ဗဟိုစစ်ဋ္ဌာနချုပ်၌ ပြုလုပ်ခဲ့သော ကေအဲန်ယူ တပ်ဖက်ဆိုင်ရာ ၆လပတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
လတ်တလော စစ်ဦးစီးမှူး ပထမတန်း G-1 အဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၇၁အရွယ်ရှိပြီဖြစ်သော ဗိုလ်ချုပ်စောမဲ့ အေစိန်မှာ အနားယူတော့မည်ဖြစ်၍ ဗိုလ်မှူးစောလှငွေအား ယင်းသို့ အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ တွဲ ဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ အတည်ပြု ပြောဆိုလိုက်သည်။
“ကျနော်တို့ အဲဒီအစည်းအဝေးမှာ ကေအဲန်ယူ တပ်မဟာအသီးသီးက တက်လာတဲ့ တပ်မှူး၊ တပ်ဗိုလ်တွေက အဆိုပြုပြီး အား လုံးသဘောတူညီချက်အရ ဒီတာဝန်ကို ယာယီအနေနဲ့ ဗိုလ်မှူးစောလှငွေကို ခန့်အပ်တဲ့သဘောဖြစ်ပါတယ်။ ဗိုလ်ချုပ်မဲအေစိန် ကတော့ အနားယူသွားပေမယ့် KNLA ရဲ့ စစ်ဖက်ဆိုင်ရာ အကြံပေးအဖြစ် ဆက်ရှိနေဦးမှာပါ”ဟု ပဒိုစောသောသီဘွဲကဆိုသည်။
အဆိုပါတာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်စောမဲအေစိန်က “ကျနော့်ကရင်အမျိုးသားအတွက် တော်လှန်ရေးကို နှစ်ပေါင်း (၅၀)ကျော် တာဝန်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ အခုက အသက်အရွယ်အရရော ကျန်းမာရေးအရရော အနားယူရမှာဖြစ်သလို နောက် လူငယ်ခေါင်းဆောင်တွေကိုလည်း လက်ဆင့်ကမ်း တာဝန်ပေးခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ကေအဲန်ယူ တပ်ဖက်ဆိုင်ရာ အရာရှိများ အသက် ၆၅နှစ်ပြည့်ပါက တပ်ပိုင်းဆိုင်ရာ တာဝန်မှ အနားယူရမည်ဟု ဆုံးဖြတ်ချက်ချ အတည်ပြုထားခဲ့သည်။ ဗိုလ်ချုပ်စောမဲ အေစိန်မှာ ၂၀၀၈ခုနှစ်က ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ သေ့ကော်ထာ့စခန်းတွင် ကျင်းပခဲ့သော (၁၄)ကြိမ်မြောက် ကေ အဲန်ယူကွန်ဂရက်အပြီးတွင် စစ်ဦးစီးမှူး ပထမတန်း G-1 တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးစောလှငွေအား ယခုကဲ့သို့ ယာယီ ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။
၎င်းယာယီခန့်အပ်မှုကို လာမည့် ၂၀၁၅ခုနှစ်အတွင်း KNLA ၏ (၆)လပတ် အစည်းအဝေး ထပ်မံ ပြုလုပ်သည့်အခါ ဗိုလ်မှူးစော လှငွေအား G-1 အဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက အတည်ပြု သတ်မှတ်သွားရန်ရှိသည်ဟု သိရသည်။ KNLA တွင် အဆင့်လိုက် စစ်ဦးစီးမှူး ၃ဦးရှိရာ ၎င်းတို့မှာ စစ်ဦးစီးမှူး ပထမတန်း G-1(ယာယီ)အဖြစ် ဗိုလ်မှူးစောလှငွေ၊ စစ်ဦးစီး မှူး ဒုတိယတန်း G-2 အဖြစ် ဗိုလ်မှူးကြီးစောဒိုမိုရွှေနှင့် စစ်ဦးစီးမှူး တတိယတန်း G-3 အဖြစ် ဗိုလ်မှူးစောတာမလာသောတို့ ဖြစ် ကြသည်။
ဗိုလ်မှူးစောလှငွေသည် ကေအဲန်ယူ၌ တောင်ငူခရိုင်၊ တပ်မဟာ(၂)တွင် ရုံးထိုင်မှူးအပြင် ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို (၁၄)ကြိမ်မြောက်ကွန်ဂရက်တွင် တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ရွေး ကောက်ခံခဲ့ရပြီး ၂၀၁၂ခုနှစ်အထိ လေးနှစ်ကြာ တာဝန်ယူခဲ့သည်။

Read more »

Tuesday, December 9, 2014

Who Are Kachin?

Kachin အကြောင်းတစေ့တစောင်း သမိုင်း၊ ရိုးရာ နှင့် ယဉ်ကျေးမှု

Read more »

Sunday, December 7, 2014

Protest against Nov. 19th Unprovoked Attack By Burmese Army Saturday, December 6th 2014 New York City, U.S.A

အမေရိကအခြေစိုက် UN ရုံး,PERMANENT MISSION OF MYANMAR ရုံးရှေ့၌ တိုင်းရင်းသားများ ဆန္ဒပြ

 

Kachin, Karen, Chin, Mon, Myanmar, and Rakhine ethnic nationalities from Florida, Tennessee, Michigan, Georgia, Nebraska, New York, Pennsylvania, and Maryland participated in today's protest against Burma Army's unprovoked attack on November 19 that killed 23 cadets and wounded 20 others at KIO Officer Training School ground. Some protesters came from as far as Canada to join today's protest.

About 150 ethnic nationalities from Burma today held a protest in front of United Nation headquarters in New York.
Pounding rains did not deter protesters from demanding UN and international community to speak for the rights of ethnic nationalities and seek justice for those fallen on November 19 at KIO Officer Training Academy.


Yaten USA Mungdan kaw e Kachin Alliance woi let n gun madun nga ai.

Masha n gun 150 jan ,Canada mung dan na wunpong myusha ni mung sadu shang lawm,
Myen mungdan na တိုင်းရင်းသားAmyubawsang ni shang lawm ai lam chye lu ai.
Kashung mung kashung Marang mung bai htu re du hkra ladaw npyaw ai ten rai tim Myu hte mung dan a matu grai shakut let USA na myu sha ni ,ap nawng nga ma ai,




Read more »

Saturday, December 6, 2014

ပြည်ပဂီတလမ်းကြောင်းထိ ထိုးဖောက်နိုင်တဲ့ အမွန်း ဘာတွေချပြနေသလဲ

ပြည်ပဂီတလမ်းကြောင်းထိ ထိုးဖောက်နိုင်တဲ့ အမွန်း ဘာတွေချပြနေသလဲ

Posted by: Video-editer on December 5, 2014 at 20:11 PM 
အမေရိကန်ပြည်ထောင်စု လော့အိန်ဂျယ်လစ်အခြေစိုက် Power Musicနဲ့လက်တွဲပြီး နိုင်ငံတကာဂီတစီးကြောင်းထဲ ထိုးဖောက်ဝင်ရောက်နေတဲ့ ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းရဲ့ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဒီဇင်ဘာ ၄ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ အမွန်းတစ်ယောက် ဘယ်လိုဂီတပုံကို ချပြဖို့ ကြိုးစားနေသလဲ။
၂ဝ၁ဝကစလို့ ဂီတလမ်းပေါ်လျှောက်လာခဲ့တဲ့ အဆိုတော် အမွန်းက ၄နှစ်အတွင်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး ကိုယ်ပိုင်ဟန်ဂီတပုံစံတစ်ခု ပရိသတ်ကိုချပြရတာ ကြိုက်တာမို့ အားစိုက်ထုတ်ပြီးဖန်တီးထားတဲ့ ဂီတစစ်စစ်တွေကိုပဲ ချပြဖို့အရေး ကြိုးစားနေတယ်လို့ ပြောပါတယ်။
အဆိုတော် အမွန်းဟာ မြန်မာနိုင်ငံအတွင်း မင်းပေးတဲ့အချစ် တစ်ကိုယ်တော်သီချင်း အယ်လ်ဘမ်ကို ထွက်ရှိထားသလို လော့အန်ဂျယ်လစ်အခြေစိုက် Power Music ကုမ္ပဏီနဲ့လည်း လက်တွဲနေသလို မနီလာအခြေစိုက် Universal Record ကနေ သူ့ရဲ့သီချင်းတွေထွက်လာဖို့ ရှိတယ်လို့ Exclusive Concert ကျင်းပတဲ့နေ့က ပြောဆိုခဲ့ပါတယ်။
အမွန်းဟာ ၂ဝ၁၁မှာ Me and Ma ဆိုတဲ့ အမျိုးသမီး Band နဲ့လက်တွဲခဲ့ပြီး သူတို့အဖွဲ့ဟာ နိုင်ငံတကာကို ထိုးဖောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ပေါ့ပ်အဖွဲ့အဖြစ် လူသိများလာခဲ့ပါတယ်။ ဟောလီးဝုဒ်မှာ အသံသွင်းခွင့်ရရှိပြီး သီချင်းဖြန့်ခွင့်ရတဲ့ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့ဖြစ်လာပြီး ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရနေပါတယ်။
ပြည်တွင်းကနေ နိုင်ငံတကာအဆင့်ထိ စနစ်တကျထိုးဖောက်သွားနိုင်တဲ့ အမွန်းရဲ့အနုပညာကို ခံစားချင်လို့ လာရောက်အားပေးတဲ့ ကိုကျော်ဟန်လင်းက နိုင်ငံတကာ ဂီတကုမ္ပဏီကြီးတွေနဲ့ လက်တွဲပြီး သီချင်းတွေ ဖန်တီးနေသလို ဈေးကွက်အရလည်း အတိုင်းအတာတစ်ခုထိ အောင်မြင်နေတဲ့ အမွန်းအတွက် ဝမ်းသာပီတိ ဖြစ်မိတယ်လို့ ဆိုပါတယ်။
အမွန်းရဲ့ ဂီတပုံစံကလည်း အခုခေတ် Trend ဖြစ်တဲ့ Electro ပုံစံ K Popကိုမှ ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ချပြနိုင်တာမို့ ကြိုက်တယ်လို့ ပြောပါတယ်။
http://kamayutmedia.com/video/entertainment/2236

Read more »

Friday, December 5, 2014

Beyond the sectarian fighting lies Myanmar's dark drugs problem.

Beyond the sectarian fighting lies Myanmar's dark drugs problem. By Ivan Watson and Tim Schwarz, CNN December 3, 2014

Read more »

Politicians have their priorities..



Read more »

ဗိုလ်ချုပ်ဂွမ်မော် ပြောသော Nov,(19)အစိုးရတပ်၏ ပစ်ခတ်မှု အဖြစ်မှန်

ဗိုလ်ချုပ်ဂွမ်မော် ပြောသော Nov,(19)အစိုးရတပ်၏ ပစ်ခတ်မှု အဖြစ်မှန် ဗိုလ်ချုပ်ဂွမ်မော် ပြောသော Nov,(19)အစိုးရတပ်၏ ပစ်ခတ်မှု အဖြစ်မှန် ကချင်လွှတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် နှင့် နိုဝင်လာ ၁၉ ရက်နေ့မှာ အစိုးရစစ်တပ်က KIA ရဲ့ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခက်ခဲ့တဲ့အပေါ် အင်တာဗျူးမေးထားတဲ့ ရုပ်သံ။ (Situ Zeya - DVB ) —

Read more »

ကချင် နှင့် ခေတ်အဆက်ဆက်မှ ဗမာခေါင်းများ


===========================
ရန်ကုန်အစိုးရလို့ခေါ်ခံရတုန်းက ကာကွယ်ရေးဝန်ကြီးက ဆမားဒူဝါ ဆင်ဝါးနောင်လေ၊ ကချင်တပ်ရင်း စုစုပေါင်း (၅)ရင်းအပြင် ကချင်ပြည်ကတောင် စစ်ကူထပ်ခေါ်ရသေးတာပဲ၊ 
ဗိုလ်ချူပ်အောင်ဆန်း ဂျပန်စစ်တပ်အကူနဲ့ ဗမာ့တပ်မတော်မဖွဲ့ခင်တည်းက ကချင်တပ်ရင်းတွေရှိပြီးသား၊ 
ပထမကမ္ဘာစစ်မှာတောင် အင်္ဂလိပ်စစ်တပ်မှာ အမှုထမ်းတဲ့ ကချင်တပ်ရင်းက ကချင်စစ်သား (၂၈၉)ယောက် မက်ဆိုပိုတေးမီးယား (ယနေ့ အီရတ်) မှာသွားတိုက်ခဲ့သေးတယ်၊ တရုပ်ဖြူကျူးကျော်တုန်းကလည်း ကချင်တပ်ရင်းတွေ တိုက်ခဲ့သေးတာပဲ၊ နောက်တော့ အောင်ဆန်းကိုယ်စားပြုခဲ့တဲ့ ဗမာလူမျိုးနဲ့ ဗမာပြည်မက ပြည်ထောင်စုတည်ဆောက်ဖို့ချူပ်ဆိုခဲ့တဲ့ ပင်လုံစာချူပ်နဲ့ အောင်ဆန်း ဂတိတွေကို ဖောက်ဖျက်ခဲ့လို့ ကချင်တော်လှန်ရေးစလာတာဖြစ်တယ်၊ 
ဂတိတည်မလားလို့ (၁၀) နှစ်ကျော်ပြီး နောက် (၅) နှစ်ထိစောင့်လည်း ဘာမှမထူးလို့ တော်လှန်ရေးစတာဖြစ်တယ်၊ အောင်ဆန်းဘာကိုလိမ်တယ်ဆိုတယ် ကျူပ်ပြောထားတာ ဘယ်သူတယောက်ကမှလည်း ဖြေရှင်းချက်မပေးနိုင်ကြပါလား ဘယ်လိုဖြစ်တာလည်း၊ တောင်ပြော မြောက်ပြောပဲပြောနေကြတယ်၊ ထပ်ပြောမယ်နော်၊
အောင်ဆန်း အင်္ဂလန်ကို သွားတော့ ဘယ်တိုင်းရင်းသားတွေကိုများ တိုင်ပင်ခဲ့လည်း၊
xxxxxxxxxxxxxxxxxxxxxxxxx 
အင်္ဂလန်ရောက်တော့လည်း တိုင်းရင်းသားပြည်တွေကို ပိုင်ဆိုးပိုင်နှင်း သွားတောင်းတာ ဘာသဘောလည်း၊ မရမှန်းသိတော့ ပြန်လာပြီး မျက်နှာချိုသွေးနဲ့ ကချင်တွေစီအရင်လာပြီး ပြည်ထောင်စုတည်ဆောက်ရအောင်တဲ့ ဒူဝါကြီးတို့ ကချင်ပြည်ကို ဒူဝါကြီးတို့ ကိုယ်တိုင် အုပ်ချူပ်စေရပါမယ်လို့ ပြောခဲ့တဲ့ဂတိ ဘယ်မှာလည်း၊ ကျူပ်တို့ ဗမာတွေကို အင်္ဂလိပ်က အုပ်ချူပ်တာမကြိုက်သလို ခင်များတို့ ကချင်၊ ချင်း၊ သျှမ်းတွေကိုလည်း ကျူပ်တို့ ဗမာတွေ လာအုပ်ချူပ်မှာ မဟုတ်ဘူးဆိုတဲ့ 
ပင်လုံမှာပြောခဲ့တဲ့ ဂတိ ဒီနေ့ ဘယ်ဗမာတယောက်ကများလိုက်နာတာရှိလည်း၊
xxxxxxxxxxxxxxxxxxxxxxxx
အောင်ဆန်းမရှိတော့လို့ဆိုတာ ခိုင်မာတဲ့ ဆင်ခြေမဟုတ်ဘူး တာဝန်ယူမှု မရှိတဲ့လူတွေ ပေါ့ပျက်ပျက်ပြောတဲ့စကားပဲဖြစ်သွားမယ်၊ 
""ရန်ကုန်အစိုးရလို့ ခေါ်ရလောက်အောင်ပြန်တိုက်တာကြတော့ရော သူမရှိတော့လို့ လား ဘယ်လို အကြောင်းပြချက်ပေးမတုန်း"" 
ဘာကိုဆိုလိုခြင်တာလည်း နားမလည်ဘူး သူမရှိလည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုတဲ့ သဘောလား၊ ဘာကိုဆိုလိုတာလည်း မရှင်းဘူး၊ ကျူပ်တောက်လျှောက်ပြောနေတာကို ဘယ်သူတဦးတယောက်ကမှ မရှင်းနိုင်ပဲ၊ တောင်ပြော မြောက်ပြော ပြောနေတာ စိတ်ပျက်ဖို့ကောင်းတယ်၊ ခင်များတို့ပြောတာကို ကျူပ်က တုန့်ပြန်နိုင်ပေမဲ့ ဘယ်တယောက်ကမှ ကျူပ်ပြောတာ မတုန့်ပြန်နိုင်ပါလား၊ ဘယ်လိုဖြစ်တာလည်း၊
(KNDO )အကြောင်းသိခြင်ရင် ကရင်တွေကို သွားမေးပါ၊ သူတို့က ကောင်းကောင်းရှင်းပြနိုင်ပါလိမ့်မယ်၊ 
ဗိုလ်အောင်ဆန်းဦးဆောင်တဲ့ (BIA) တွေ ဂျပန်အဖေနဲ့ အတူဝင်လာတုန်းက ကရင် အရပ်သူအရပ်သား တသောင်း တထောင်ကျော်ကို အင်္ဂလိပ်သစ္စာခံတွေဆိုပြီး သတ်ပြစ်တာ ဘာဖြစ်လို့လည်း၊ ရဲဘောသုံးကျိပ်ထဲက ဗိုလ်မှူးချူပ်ကျော်ဇော်ကတော့ ကရင်တွေကို တောင်းပန်ခဲ့လေရဲ့ ဧရာဝတီတိုင်းဘက်မှာ သူကိုယ်တိုင်ဦးဆောင်တဲ့ တပ်ရင်းကနေ ကရင်အရပ်သူအရပ်သားတွေကို သတ်ပြစ်တဲ့ အတွက် သူတောင်းပန်ခဲ့တာပါ၊ 
ဗိုလ်ချူပ်မြတို့ကတော့ ခွင့်လွတ်ခဲ့ပါတယ်၊ ဗိုလ်အောင်ဆန်းကို ကျူပ်မြင်တဲ့ အမြင်အတိုင်းရေးတာ ဘာမှ ထွင်စရာမလိုဘူး၊ အောင်ဆန်းက သူပေးတဲ့ဂတိ နောင်ဆယ်နှစ်ကြာမှ သူအသက်ရှိသေးမှ ဆိုတာ အဓိပ္ပာယ်မဲ့တဲ့ စကားပါ၊
အောင်ဆန်းဟာ ဗမာလူမျိုးနဲ့ ဗမာပြည်မကို ကိုယ်စားပြုတယ်လို့ အကြိမ်ကြိမ်ပြောပြီးသား၊ လွတ်လပ်ရေးမရခင် သူသေသွားလည်း သူ့ကို ဗမာလူမျိုးတွေက လွတ်လပ်ရေး ဖခင်လို့ ဘာကြောင့်ပြောနေရတာလည်း ခင်များစကားကို ပြန်ကောက်ရင် သူဟာလွတ်လပ်ရေး ဖခင်မဟုတ်ဘူးပေါ့၊
လွတ်လပ်ရေးမရခင်သူသေသွားပြီးပြီလေ၊
(လွတ်လပ်ရေးတော့ အတူယူခဲ့ပြီး လွတ်လပ်ရေးရတော့ အောင်ဆန်းတယောက်ပဲ လွတ်လပ်ရေးဖခင်ဖြစ်သွားတယ် တရားကျဖို့ကောင်းလိုက်တာ) 
သူမရှိလည်း သူကိုယ်စားပြုခဲ့တဲ့ ဗမာလူမျိုးနဲ့ ဗမာပြည်မက သူ့ချူပ်ဆိုခဲ့တဲ့ စာချူပ်၊ သူပြုခဲ့တဲ့ ဂတိကို ထိမ်းသိမ်း လိုက်နာစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လေ၊ ပြောထားတယ် 
တိုင်းရင်းသားတွေလွတ်လပ်ရေးရဖို့ အောင်ဆန်းမလိုဘူး၊ အောင်ဆန်းကလည်း ငါမပါရင် မင်းတို့တိုင်းရင်းသားတွေ လွတ်လပ်ရေး မရဘူးလို့မပြောခဲ့ဘူး၊
xxxxxxxxxxxxxxxxxxxxxxxxx
လွတ်လပ်ရေး အတူယူရအောင်လို့ပဲပြောခဲ့တာ၊ အင်္ဂလိပ်ကလည်း တောင်တန်းဒေသတွေကို (၁၀) နှစ်ကြာမှ လွတ်လပ်ရေးယူပါလို့ပြောခဲ့တာ (၁၀) နှစ်အတွင်းမှာ တိုင်းပြည်အုပ်ချူပ်ရေးပိုင်းဆိုင်ရာတွေကို သင်ပေးမယ်လို့ပြောခဲ့တာ၊ အင်္ဂလိပ်စကားကို နားထောင်ခဲ့ရင် (၁၉၅၈)မှာ တောင်တန်းဒေသအားလုံး လွတ်လပ်ရေးရပြီ၊ ဗမာပြည်နဲ့ ပြည်ထောင်စုတည်ဆောက်တဲ့ အကျိုးကတော့ ကောင်းကျိုးထက် ဆိုးကျိုးကြီးပဲ၊ 
ကချင်ပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများ တရုပ်လက်ထဲပါသွားပြီ၊ စစ်ကိုင်းတိုင်းထဲလည်းပါသွားပြီ၊ နိဂုံးအနေနဲ့တော့ အောင်ဆန်းမရှိတော့လို့ဆိုရင် ဒီနေ့ပြည်ထောင်စုဟာ အတုအယောင်ပေါ့ (လက်ရှိလည်း အတုပါပဲ၊ အစစ်ဖြစ်တို့ တိုင်းရင်းသားတွေကျိုးစားနေဆဲ၊ မရရင်တော့ ဗမာပြည်မ မပါတဲ့ သီးခြားတိုင်းရင်းသားများ ပြည်ထောင်စုကို တည်ဆောက်ယုံပဲ)
သူမရှိတော့လိုဆိုရင်တော့ ပြည်ထောင်စုဆိုတာလည်းမရှိတော့ဘူးလို့ အဓိပ္ပာယ်ထွက်တာပေါ့နော်။
copy from(Naw Kareng)

Read more »

Thursday, December 4, 2014

UNFC လုပ်ဆောင်ချက် ပံ့ပိုးနိုင်ရေး ဖက်ဒရယ် ပြည်ထောင်စုတပ်ဖွဲ့စည်း


by VOA
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မထိခိုက်အောင် ထိန်းသိမ်းကြီးကြပ်ဖို့ ရည်ရွယ်ချက်နဲ့ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ပထမအကြိမ် အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကနေ ဘယ်လိုထူးခြားမှုတွေ ရှိနေသလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကနေ စုဖွဲ့ထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး ကျင်းပရတဲ့ အခြေအနေနဲ့ ပက်သက်လို့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ရဲ့ အကြံပေးအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။
“FUA ဆိုတာ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူတဲ့ တပ်ဖွဲ့ဖြစ်တဲ့အခါကျတော့ အခုလက်ရှိ UNFC ကနေပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီလမ်းကြောင်းပေါ်မှာ သွားနေတဲ့အခါကျတော့ FUA ကလည်း ဒီလမ်းကြောင်းကို အထောက်အကူပြုဖို့ အထောက်အကူဖြစ်စေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလက်ရှိ စုဖွဲ့မှုကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာအောင် လုပ်ရမယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာပြီးရင် သဘောတူညီချက်ကို ဖောက်ဖျက်မှုမရှိအောင် ထိန်းသိမ်းကွပ်ကဲရမယ်၊ ထိန်းသိမ်းရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ပံ့ပိုးရမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် လုပ်နိုင်အောင် ကာကွယ်ရမယ် စသဖြင့် ဒီလမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်။ ဒီဖက်ဒရယ်တပ်ဖွဲ့တွေဟာ အဖွဲ့အစည်း ၁၂ ဖွဲ့ ပါဝင်ပြီးတော့ အခု ကျနော်တို့ စုပေါင်းပြီးတော့ အလုပ်လုပ်ကြတဲ့ သဘောပါ။”
FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဟာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။
နိုဝင်ဘာလကုန်မှာ ကျင်းပတဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ UNFC ရဲ့ ကာကွယ်ရေးဌာနဆိုင်ရာ တာဝန်ခံ၊ ဒုတိယတာဝန်ခံတို့ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အဖွဲ့ဝင်အသီးသီးက စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေအပြင် အကြံပေးပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးကနေ တပ်မတော် စစ်ဦးစီးအဖွဲ့တို့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်ဒေသတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသ စစ်ဦးစီးချုပ်ကတော့ KNU–KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ဦးဆောင်သွားမှာဖြစ်သလို မြောက်ပိုင်းစစ်ဒေသကို KIO က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂန်ရှောင်ကနေ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံးဟာ UNFC အဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုပေမဲ့လည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တွင်းမှာ ပါဝင်နေပါသေးတယ်။ ဒီစစ်ဒေသကို ဖွဲ့စည်းရတာဟာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ကြားကာလမှာ တပ်မတော်ကနေ ထိုးစစ်ဆင်လာမယ့်အပေါ် ကာကွယ်ဖို့ ဖွဲ့စည်းထားတယ်လို့လည်း အစည်းအဝေး တက်ရောက်သူ အမည်မဖော်လိုသူ အကြီးတန်း စစ်ဘက်အရာရှိတဦးက ပြောပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးကို လုံးဝ လက်မခံဘူးလို့ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဆေးဖိုးမူတူးတို့အဖွဲ့နဲ့ နိုဝင်ဘာလကုန် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောဆိုခဲ့ပါတယ်။
UNFC အနေနဲ့ အခုလို ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းတဲ့ ကိစ္စရပ်နဲ့ပက်သက်ပြီး ကွဲလွဲချက်ရှိနေတဲ့ အနေအထားအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့အမြင်ကို မေးမြန်းရဦးမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။
“သူဆိုလိုတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတာ အနာဂတ်မှာ ဖွဲ့စည်းမယ့်ဟာကိုပဲ ညွှန်းသလား၊ သို့တည်းမဟုတ် လက်ရှိ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိနေတဲ့ အဖွဲ့ပေါ့ဗျာ ဖက်ဒရယ်တပ်ဖွဲ့တွေကိုပဲ ညွှန်းသလားပေါ့ အဲ့ဒီ ၂ ခုတော့ ကျနော်တို့က မရှင်းသေးတော့ သူက ရောပြီးတော့ပဲ ပြောလိုက်သလားတော့ မသိဘူးပေါ့လေ။”
လက်ရှိ အနေအထားအရ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ တိကျရေရာတဲ့အဖြေ မရရှိသေးသလို တိုင်းရင်းသားဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း NCCT အနေနဲ့ အခက်အခဲကြားထဲကနေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
“ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေအားလုံး တပ်ဖွဲ့တွေအားလုံးကတော့ နိုင်ငံရေးဆွေးနွေးပွဲက ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တော့ နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိအောင် ကျနော်တို့ အစွမ်းကုန် ကြိုးစားကြမှာပါ။ အဖျက်အမှောင့်တွေ ရှိသော်လည်းပဲ လက်လျှော့မှာတော့ မဟုတ်ဘူးဗျ။”
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်မတော် CNF၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ လားဟူအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး၊ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ မိုင်းလားအဖွဲ့တွေကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။
ဒီဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ အစည်းအဝေးကနေ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KIO ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတဲ့ကိစ္စ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တာဖါဆောင်း ကူးတို့ဆိပ်ဒေသကို အင်အားသုံးပြီး သိမ်းပိုက်ခဲ့တဲ့ကိစ္စ၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို ထိုးစစ်ဆင်နေတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် ဖြန့်ဝေခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးပမ်းနေတဲ့ ကာလမှာ စစ်ဆင်မှုတွေ ရန်လိုမှုတွေ ရပ်ဆိုင်းပေးဖို့ကိုလည်း ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ကနေ တောင်းဆိုခဲ့ပါတယ်။
နိုင်ကွန်းအိန်ရဲ့ သတင်းပေးပို့ချက်မှာပါဝင်တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမြင်ကို ဆက်ပြီး တင်ပြလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း မကြာသေးခင်က နေပြည်တော်ကို ရောက်ရှိစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သီးခြားတွေ့ဆုံမေးမြန်းရာမှာ ဒီအကြောင်းကိုလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခု ဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒ်ီနေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်-ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်း…ပြဿနာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ-တဲ့။ wording ကတော့ ကျနော် အတိအကျ မဟုတ်ဘူးပေါ့နော်၊ အဲဒီသဘောပေါ့- ရှုပ်တယ်၊ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းလေး သူစခဲ့တာပါ။ ဒီစကားလုံးလေး ကျနော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့် အစား တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ၊ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြောနေတဲ့ ဖယ်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖယ်ဒရယ် UNFC ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အချက်အလက် နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့မတူဘူး၊ ကွဲပြားမှုရှိနေတာကို သွားတွေ့တယ်။ ခုနကပြောတဲ့ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့ ။ ဖယ်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့၊ ဖယ်ဒရယ် ယူနီယံအာမီကလည်း သူတို့ ဖွဲ့ဖို့အတွက် ဖွဲ့ထားတာ၊ အဲ့ဒီခုနက ဖယ်ဒရယ် ပြည်ထောင် - UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျနော်တို့ဆီမှာလည်း တပ်မတော်ရှိတာပေါ့၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ အမျိုးသားတပ်မတော်ဆိုတာ ရှိတယ်၊ ကျနော်တို့ဆီမှာ ဆို ကျနော်တို့ တပ်မတော်ပေါ့၊ ဘယ်နိုင်ငံမှာ ကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ်၊ နှစ်ခု သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှ မရှိဘူး။ Even အမေရိကန်လည်းမရှိဘူး၊ အိမ်းနီးနားချင်း အိန္ဒိယလည်း မရှိဘူး၊ တရုတ်လည်းမရှိဘူး၊ ထိုင်းလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်လည်း မရှိပါဘူး၊ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော်တို့တပ်မတော်ပေါ့၊ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်၊ အရာရှိထဲမှာဆိုရင် (၄၅၀၀) တိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဲ ကျွန်တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲ့တော့ ဒီ နေရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ် တပ်မတော်တပ်မတော်လို့ပြောရင် ကျနော်တို့ တပ်မတော်မှာလည်း စစ်မှုထမ်းတဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေရှိတယ်၊ မည်သည့်တိုင်းရင်းသားမဆို ၁၈ နှစ်ပြည့်ပြီးတဲ့ မိမိသဘောဆန္ဒအလျှောက်ပြည့်တဲ့ ၊ ဆန္ဒအလျှောက် တာဝန်ထမ်းဆောင်တဲ့ ၁၈ နှစ်ပြည့်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆိုရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ ရှိတာပေါ့ဗျာ၊ ၁၃ ချက်ပေါ့၊ ၁၃ ချက်နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြုမယ်၊ အသက် ၁၈ နှစ် ပြည့်ပြီးမယ် အဲ ဆိုလို့ရှိရင်တော့ မည်သည့် တိုင်းရင်းသားမဆို တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲလုပ်လို့လည်းရပါတယ်၊ စစ်မှုထမ်းစည်းမျဉ်စဉ်းကမ်းနဲ့ ပေါင်းမယ်ဆိုရင် ဒါ အများကြီးဖြစ်တာပေါ့၊ အဲ့တော့ ဒီမှာတင် သူတို့နဲ့ ကျနော်တို့က နည်းနည်းလေး သဘေားထားလေးတွေ မတူတာလေးတွေဖြစ်လာတာပေါ့၊ အရင်တုန်းက ကျနော်တို့ဆီမှာလည်း တိုင်းရင်းသားတပ်တွေရှိပါတယ်။ ဥပမာ အရင် ဗမာ့ သေနတ်ကိုင်တပ်ရင်းတို့၊ ရှမ်းသေနတ်ကိုင်တပ်ရင်းတို့၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ အရင်က လွပ်လပ်ရေးမရခင်က ကျနော်တို့ လွပ်လပ်ရေးရတဲ့အချိန်မှာတပါတည်း ပါလာတဲ့ တပ်တွေရှိတယ်။ ဒါတွေလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါကြောင့်လည်း လူကြီးတွေက အရင်တပ်မတော် အကြီးအကဲတွေက ဒါလေးတွေကို နံပါတ်တစ်အရ လူတွေကိုပြောင်းလဲ ဖွဲ့စည်းတာပေါ့၊ တခါ ခြေလျှင် ခြေမြန်တွေနဲ့ နံမည်ပြောင်းပြီးတော့ တပ်မတော်ပုံစံတခုတည်းနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ စည်းစည်းလုံးလုံးရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်ဆိုတာ ကွဲနေလို့ မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုဘဲ ရှိဖို့သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။
ဦးသန်းလွင်ထွန်း။ ။ အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော်၊ ဒါပေမယ့်လည်း တဘက် အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စုတပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး - ကျနော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိတယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့လည်းကပြား၊ တချို့လည်း တိုင်းရင်းသား စစ်စစ်တွေ ရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစပြီးတော့ အရာခံဗိုလ်အထိ အခြားအဆင့်ပေါ့။ ရှိတယ် ။ အရာရှိဆိုလို့ရှိရင်လည်း စောစောက ပြောသလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။

Read more »

ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ


04 December 2014 post by KNG News 
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းသောင်းမြို့နယ် ဘန်းမိုင် ဆာမခီကျေးရွာရှိ ကချင်တိုင်းရင်းသားများ၏ ၆ ကြိမ်မြောက် Wunli Hkridip ကချင်မနောပွဲကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၇ နှစ်ပြည့် ဂုဏ်ပြုသော အခမ်းအနားကို ထိုင်းအစိုးရ အရာရှိတစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီးကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ်လရော်က မနောပွဲ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
“ဒီမနက် ၉ နာရီကနေ ထိုင်းစစ်တပ်က အရာရှိတဦး ဦးဆောင်ပြီး ထိုင်းဘုရင်မွေးနေ့ကို ဂုဏ်ပြုအခမ်းအနားလုပ်တယ်။ မနောပွဲကိုတော့ ဆွတ်ဒူဘောမ်ဝမ်လရော်ကနေ ဖွင့်လှစ်ပြီး မနော ကကြပါတယ်၊ ၁၂ နာရီကျော်မှာ ပြီးပါတယ်" ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ဦးခေါင်ဟောင်း က ပြောသည်။
မနောပွဲအခမ်းအနားသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကချင် အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ် လရော်နှင့် ဒုဥက္ကဌ ဦးအင်ဆန်တူးအောင် တို့လည်း တက်ရောက်ခဲ့သည်။
ထို့ပြင် ထိုင်းအစိုးရ အထူးစစ်တပ်ဖွဲ့မှ ဖျော်ဖြေရေးအဖွဲ့များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ၊ ရင်ကျန်း၊ မန်ရှီ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်၊ စင်္ကပူ၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်တို့မှ ကချင်တိုင်းရင်းသား စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
၂၀၀၂ ခုနှစ်မှစတင်၍ ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့အားဂုဏ်ပြုသောအားဖြင့် ကချင်တိုင်းရင်းသားများက ၂ နှစ်လျှင်တစ်ကြိမ် ကချင်မနောပွဲကို ကျင်းပခဲ့ရာ ယခုနှစ်တွင် ၆ ကြိမ်မြောက် မနောပွဲ ကျင်းပခြင်း ဖြစ်သည်။
အဓိကအားဖြင့် ထိုင်းဘုရင် ဘူမိဘောအသက်ရှည် ကျန်းမာစေရန်၊ ထိုင်းနိုင်ငံရေး တည်ငြိမ်အေးချမ်းစေရန်၊ ရပ်ဝေးမြေ ရောက်ရှိနေသော ကချင်တိုင်းရင်းသားများဆုံဆည်းခြင်း၊ ကချင်ရိုးရာ ယဉ်ကျေးမှုကို တခြားနိုင်ငံတကာက သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဦးခေါင်ဟောင်း က ပြောသည်။
ယနေ့တွင် Wunli Hkridip မနောပွဲသို့ လူပေါင်း ၁၀၀၀ ကျော် တက်ရောက်လာပြီး လူပေါင်း ၇၀၀ ခန့်သည် နှစ်နာရီကျော်ကြာ ကချင်မနောပွဲ ကပြခဲ့ကြသည်ဟု သူက ဆိုသည်။
လာမည့် ဒီဇင်ဘာလ ၇ ရက်တွင်မူ မနောပွဲတက်ရောက်လာသူများက မိမိတို့ တိုင်းပြည် ငြိမ်းချမ်းလာစေရန်၊ ကျဆုံးသွားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲဘော်များ၊ ရှေ့တန်းတွင် ရောက်နေသည့် ရဲဘော်များအတွက် ဆုတောင်းပွဲလည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ကချင်မနောပွဲကို ကျင်းပနေသော်လည်း မြန်မာပြည်တွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ထပ်တူခံစားရသည်ဟု သူက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရက ၆၇ ကြိမ်မြောက် ကချင်မနောပွဲ ကျင်းပရန် စီစဉ်နေမှုကိုလည်းပြည်တွင်း အခြေအနေတည်ငြိမ်ခြင်း မရှိသေးသဖြင့် မနောပွဲ ကျင်းပခြင်းကို ကချင်လူထုက ကန့်ကွက်ခဲ့မှုကိုလည်း ထိုင်းနိုင်ငံရောက် ကချင်လူထုကလည်း ကန့်ကွက်ကြောင်း ဦးခေါင်ဟောင်းက ပြောသည်။
“ကျနော်တို့ ကချင်တွေ ကိုယ်တိုင် ဦးဆောင်ပြီးလုပ်မယ်ဆိုရင်တော့ လုပ်ဖို့ အားပေးတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကျနော်တို့လည်း သွားတက်မယ်။ ဒါပေမဲ့ သူများတွေ ပိုက်ဆံပေးပြီး လုပ်ခိုင်းမယ်ဆိုရင်တော့ တန်ဖိုးကြီးတဲ့ ကျနော်တို့ ရိုးရာကို ငွေနဲ့ ဝယ်မရဘူး။ ဒီလို ပိုက်ဆံပေးပြီး လုပ်မယ်ဆိုရင်တော့ အားမပေးဘူး” ဟု သူက ပြောသည်။
မနက်ဖြန် ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင်၏ ၈၇ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုသော အခမ်းအနား ကျင်းပ၍ ကချင်ထောင်ကာ အက ပြိုင်ပွဲများ ကျင်းပခြင်း၊ ညပိုင်းတွင် ထိုင်းအစိုးရ စစ်တပ်မှဖျော်ဖြေရေးအဖွဲ့မှ ကပြ ဖျော်ဖြေခြင်း၊ လူမျိုးစုအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက် ကပြခြင်း၊ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံတကာမှ ရောက်ရှိလာသောကချင်ရိုးရာယဉ်ကျေးမှု ကိုယ်စားလှယ်များ၏ အစည်းအဝေး ပြုလုပ်ပြီး ညပိုင်းတွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသော Yak Tim Pyaw Tim Rau (RAU) အဖွဲ့များ၊ ကချင်ရိုးရာအကအဖွဲ့များ၏ ကပြဖျော်ဖြေမည့် အစီအစဉ်များ ပြုလုပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ စတင်ကျင်းပသော ကချင်မနောပွဲသည် ၆ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ 
ထိုင်းဘုရင်ကသည် မိမိနိုင်ငံသား မဟုတ်သော်လည်း ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုရုံသာမက ထိုင်းဘုရင်၏ စီမံကိန်းအရ ကောက်ပဲသီးနှံစိုက်ပျိုးရန်မျိုးစေ့များ ဖြန့်ဝေပေးကာ ထွက်လာသည့် သီးနှံများကိုလည်း ဈေးနှုန်းကောင်းကောင်းပေး၍ ၀ယ်ပေးသည်ဟု ဦးခေါင်ဟောင်း က ပြောသည်။
ယခင်နှစ်များထက် ထူးခြားမှုမှာ မနောပွဲတွင် မြန်မာနိုင်ငံ၊ တရုတ်၊ အန္ဒိယနိုင်ငံ၊ ဂျပန်နှင့် ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားများနှင့် အခြား တိုင်းရင်းသားများ အပါအဝင်စုစုပေါင်း ၂၀၀၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားသည်ဟုသိရသည်။
ထိုင်းဘုရင်က ဘန်းမိုင် ဆာမခီကျေးရွာတွင် ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုခဲ့သည်မှာ နှစ်ပေါင်း ၃၂ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး လက်ရှိ အိမ်ခြေပေါင်း ၁၂၀ ကျော်ရှိကာ ဂျိန်းဖော၊ လီဆူ၊ လောင်ဝေါ်၊ ရဝမ်၊ လချိတ်၊ အဇီး(ဇိုင်ဝါး)စသည့် ကချင်မျိုးနွယ်စုများ နေထိုင်နေခြင်း ဖြစ်သည်။


Read more »

New York Time, Searching for Burmese Jade, and Finding Misery.

China's appetite for jade is growing. But the gemstone's journey from Myanmar's mines to China's consumers follows a trail of addiction, infection and exploitation. Watch more: http://nyti.ms/12pgtDK

Read more »

"လက်နက်ကြီးတပ်ဆင်ထားသည့် ခရာဘွမ်မှအစိုးရတပ်စခန်း များအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေ စီပါတီမှ သဘောထားချက်ထုတ်ပြန်"


· 

Kachin wave
အစိုးရ နှင့် ကေအိုင်အိုကြားယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရန်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် ကျင်းပနိုင်ရန်အတွက် အစိုးရတပ်မတော်မှ ကေအိုင်အိုဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်၌တပ်စွဲထားသည့် ရှေ့ တန်းတပ်စခန်းများအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ သဘောထားချက် ထုတ်ပြန် လိုက် သည်။
“ အခုလိုစစ်ရေးအရဖိအားပေးရင် ကေအိုင်အေကအစိုးရကိုယုံမှာမဟုတ်ဘူး။ယုံကြည်မှုမရှိတော့ ငြိမ်းချမ်းရေး ရဖို့လည်းခက်တယ်။အစိုးရတွေက အကြပ်ကိုင်ပြီးရမယ်ထင်တယ်။”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာမှဆိုသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်းဝင်းအတွင်း၌ အစိုးစစ်တပ် မှလက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေကြေဒဏ်ရာရသူများပြားခဲ့သည်။ 
ထိုသို့ကြားသိရသဖြင့် ပြည်သူ များသည် စစ်ပြန်လည်ဖြစ်ပွားလာသဖြင့် လွန်စွာထိတ်လန့်တုန်လှုပ်သွား ရကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်တပ်များနီးနီးကပ်ကပ်ရှိနေခြင်းသည် စစ်ဖြစ်ပွားရခြင်းအဓိကအကြောင်း အရင်း ဖြစ်သည်။ 
ထို့ကြောင့်တိုက်ပွဲများကိုရှောင်ရှားရန်အတွက် ရှေ့တန်းတပ်စခန်းများကို ဆုတ်ခွာပေးရန်လိုအပ် ကြောင်း စာတွင်ပါရှိသည်။
အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းရေးလိုချင်ပါသည်ဟု ပါးစပ်မှတစ်ဖွဖွပြောဆိုနေကြသော တာဝန်ရှိပုဂ္ဂိုလ်တချို့၏ အပြောနှင့်အလုပ်ကိုက်ညီမှုမရှိသော လုပ်ရပ်ဖြစ်သည်ဟု အများကရှုမြင်သည်။ထို့ကြောင့် နောင်တွင် ယင်းကဲ့ သို့သောအဖြစ်ဆိုးမျိုး ထပ်မံမပေါ်ပေါက်လာအောင် သက်ဆိုင်တာဝန်ရှိသူများအနေနှင့် အထူးသတိထားဆင် ခြင်သင့်ကြောင်းပါရှိသည်။
ငြိမ်းချမ်းရေးသည်သာ ပြည်သူတစ်ရပ်လုံး၏ဘုံလိုလားချက်နှင့် ဘုံပန်းတိုင်ဖြစ်သဖြင့်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့်လက်ရှိဖြစ်ပွားနေသောစစ်ရေးတင်းမာမှုကိုစိတ်ရှည်သဘောထားကြီးစွာ ကိုင်တွယ်ဖြေရှင်းပြီး UPWC နှင့် NCCTတို့၏တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးဆက်လက် ကျင်းပပြုလုပ်သွားရန် တိုက်တွန်းလိုက်ကြောင်းသဘောထားအမြင်ထုတ်ပြန်လိုက်သည်။

Read more »

Wednesday, December 3, 2014

No.1 lang na Jinghpaw pilot a sumla



Ndai gaw Duwa Zau Mai (1st Kachin Pilot) a sumla rai nga ai. She hpe kumhpa jaw ai gaw Hka Dap na Du Kaba langai rai nga ai.

.... Sumla kaw ka da ai laika....
Shawng nnan lang na Jinghpaw pilot,Duwa Zau Mai hpe 1961 ning April 8 ya shani,Pyen li hkang ai hpaji hpe chye chyang sai majaw,Commondore Than pee 'Wing' ngu ai Sing-kaw dazik ap ya wu ai.

Hkra de na sumla hte kaga manang ni hta grau chye chyang ai majaw shagrau jaw ya ai.Gumhpraw hte galaw ai Mungkan sumla kumhpa hte rau Duwa Zau Mai hpe mu lu ai.

Read more »

Tuesday, December 2, 2014

Invitation to Kachin Demonstration ( Dec .06 .2014 New York)

By: https://www.facebook.com/pages/Kachin-Alliance/481817461843733?ref=br_tf

Read more »

Forest Law Enforcement Governance and Trade (FLEGT)

Anhte a buga hpe FLEGT mying hte, yawng mayawng dut sha kau ya na tsang ai majaw, gara hku jawm makawp maga na hpe myit yu wa saga ngu, saw shaga dat nngai.

Hkungga ai Myit Rum ni,

Forest Law Enforcement Governance and Trade (FLEGT) hpe EU hte galaw
na matu Myanmar Mungdan asuya kaw nna, Bilateral Treaty signed galaw
da sai hpe yawng chye na sai shadu ai.

Ndai kaw ahkyak ai ga si n kau myi hpe shaw dan mayu nngai.

Forest ... Kaja wa Trade galaw na matu kaja ai nam maling ni gara
shara kaw naw ngam ai kun?? Yawng chye na ai hku nga yang, Ethnic
Areas, especially in armed conflict area hta sha, kaja dik ai nam
maling ni ngam sai. Myen mung a 19% daram sha rai sai, nga tsun nga ma
ai.

Law Enforcement nga yang, existing law ni gaw, anhte buga na yu shun
hkau na ni hpe n sawn bang da ya ai.

Governance... Dai nam maling ni a hpe hpreng hparan na matu gaw, dai
buga madu ni hte seng ai, ngu mu mada ai rai tim, Law hku nna gaw, n
rai taw nga ai.

FLEGT kaw, hpang jahtum na "Trade" nga ai gasi gaw, ahkyak dik rai nga
ai. Forest products, grau nna Timber/mai lung hpe "Legal/ tara shang"
dut sha na matu rai nga ai. Tara shang dut sha yang, manu grau lu na
re ai majaw, grai kaja nga ai.

Raitim, "Legal" nga ai gasi hpe, existing framework kata kaw sha
dawdan na, nga ai majaw, Federal, Self Determination hte nhtan shai
ai. Myu sha laknak lang uhpung uhpawng ni dut sha ai hpe gaw "illegal"
nga tsun wa na rai nga ai.

Dai majaw, ngai na ningmu gaw, "FLEGT = Selling Forest Products
including Timber from Ethnic controlled area by Central Government in
the name of Legal Trading" sha re.Content ma kaja tim, woi galaw ai
process nau forceful galaw ai. Awareness hte consultation atsawm n
galaw ai sha, jawm myit hkrum na matu shagwi ai gaw, Census/Yuptung
jahpan na zawn sha rai nga ai. Indonesia kaw Preparation Period 7
years na ai. Myen mung kaw gaw, ya ju ya hkyeng woi galaw na matu
shakut shadut taw ai. Dai gaw Peace Process hpe mung hkra machyi
shangun na sha re.

FLEGT a lam hpe Myitkyina kaw 2 ya tup sanglang bawngban ngut sai lam
chye lu ai.

Ngai gaw, Yangon kaw 28-29th November 2014 shani galaw ai bawngban
hpawng kaw sa lawm nngai. Panel kaw nang shang dung nna, FLEGT galaw
na n galaw na hpe National Dialogue hta bawngban dawdan na matu, aja
awa tsun lai wa sai.

Asuya kaw nna gaw, CSO 20 hpe shang lawm na matu Nay Pyi Daw de
January shata hta shaga na re. Ya duhkra shanglawm na matu tsun da ai
16 organisations rai masai. Wunpawng ni gaw n lawm ai.

American ni mung, ganoi maren sha rai na re.

Dai majaw, majan n zim tim, anhte a buga hpe FLEGT mying hte, yawng
mayawng dut sha kau ya na tsang ai majaw, gara hku jawm makawp maga na
hpe myit yu wa saga ngu, saw shaga dat nngai.

Lawu na link ni kaw mai hti la nga ai.

http://www.mernmyanmar.org/flegt-workshop.php
http://shapingsustainablemarkets.iied.org/eu-forest-law-enforcement-governance-and-trade-flegt-process-developing-countries
http://www.mizzima.com/mizzima-news/environment/item/14432-myanmar-eu-discuss-forestry-cooperation/14432-myanmar-eu-discuss-forestry-cooperation

Read more »

Monday, December 1, 2014

မြန်မာသံတော်ဆင့် နှင့် ဗိုလ်ချုပ် ဆွမ်လွတ်ဂွန်မော် အင်တာဗျူး

Read more »

Sweet December (song )

Read more »