Saturday, March 12, 2016

အပိုင်း (၆) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ဘ၀ကောက်ကြောင်း


==========================
(ဤဆောင်းပါးကို Facebook name Mg Mg Soe မှကူးယူဖော်ပြသည်။)
ဖြည့်စွက်ချက်- [လမုန်တူးဂျိုင် ( နောင် KIO ဥက္ကဌ ကွယ်လွန် ) သည်
မုန်လုံသုံးဆင့်ကေဒါကျောင်း ပထမပတ်မှဟု ပြင်ဆင်အပ်ပါ
သည်။ အဆိုပါသုံးဆင့်ကေဒါ ပထမပတ်တွင် ဗိုလ်မှူးဇော်အိမ်
လည်း ပါဝင်သည်။ ဗိုလ်မှူးဇော်အိမ်သည်ထိုစဉ်က KIA တပ်မဟာ ၃ မှူးဖြစ်ပြီး နောင်တွင် KIA ဒုစစ်ဦးစီးချုပ် VCS
တာဝန်ယူခဲ့ပါသည်။]
CPB ၏ KIA သို့လက်နက်အကူအညီ
*********************-************
KIA တို့ ကောက်ကွတ်သင်တန်းကျောင်း8အား
အလေးထားခြင်းမှာအကြောင်းမဲ့တော့မဟုတ်ပေ။
မုန်လုံသင်တန်းကျောင်းမှ အရာရှိများအား CPB
သင်တန်း ၅ လပြီးလျင် တရုတ်ပြည်သို့ ၁ လလှည့်
လည်ကြည့်ရှုရေးသွားရသော်လည်းကောက်ကွတ်
ကျောင်းသင်တန်းဆင်းများအတွက် ထိုကဲ့သို့သော
အစီအစဉ်မရှိ။သို့သော်ထူးခြားသည့် အစီအစဉ်ရှိ
သည်။ ၎င်းမှာသင်တန်းဆင်းပွဲပြီး၍ နောက်တနေ့
တွင် လက်နက်တပ်ဆင်ပေးခြင်းဖြစ်သည်။
သင်တန်းလေးပတ်စလုံး တပတ်လျင် တပ်ခွဲ
၂ ခွဲစာလက်နက်တပ်ဆင်ပေးသည်။ သို့သော်
တပ်ခွဲဖွဲ့စည်းပုံမှာ တရုတ်တပ်ခွဲဖွဲ့စည်းပုံအတိုင်း
တခွဲစာဆိုလျင် လက်နက်ငယ်မျိုးစုံ ၁၂၀ ကျော်
ရှိရာ သင်တန်း တစ်ပတ်လျင် လက်နက်ငယ်မျိုးစုံ
၂၅၀ ခန့်တပ်ဆင်ပေးခဲ့သည်။
တပ်ဆင်ပေးသောလက်နက်ငယ်များမှာ M20 ပစ္စတို M21 semi auto မောင်းပြန်ရိုင်ဖယ် M22 fully auto မောင်းပြန်ရိုင်ဖယ် M14 fully auto မောင်းပြန်ရိုင်ဖယ် M23 စက်ကလေး M 40 ပုခုံးထမ်းလောင်ချာ( ဘဇူကာ )60 mm မော်တာ တို့ဖြစ်သည်။၎င်းတို့နှင့်အတူ ကျည်ဆံ ကျည်ကပ် ချပ်ဝတ် တန်ဆာ (equipment) တပ်ခွဲသုံး ဆေး အိတ် အစရှိသည်တို့ပါ တပါတည်းတပ်ဆင်ပေးခဲ့ သည်။
သို့ဖြစ်ရာ ကောက်ကွတ်သင်တန်းလေးပတ်အ
တွင်း KIA သင်တန်းဆင်းများမှတဆင့် လက်နက်
ငယ်မျိုးစုံ ၁၀၀၀ ခန့်တပ်ဆင်ပေးခဲ့သည်။ ထို့ပြင်
ထိုစဉ် KIA ဌာနချုပ်ရှိရာ ပါကျောက် နားဖေါ့သို့ လက်နက်ငယ် တပ်မဟာတစ်ခုစာနှင့် လက်နက်
ကြီးတပ်ရင်းတစ်ရင်းစာ ထပ်မံပို့ပေးခဲ့သေးသည်
ဟုဆိုပါသည်။ လက်နက်ကြီးများမှာ 57 mm
75mm နောက်ပွင့်အမြောက်များနှင့် 82 mm
မော်တာများဖြစ်သည်။ ဤသို့ဖြင့် KIA သည်လည်း
ထိုင်းနယ်စပ်ထိလည်း ပင်ပမ်းတကြီးသွားသယ်
စရာမလို ငွေကြေးပေးဝယ်စရာလည်းမလိုဘဲ
CPB ထံမှ လက်နက်အမြောက်အများရခဲ့သည်ဟု ဆိုရမည်။သို့သော် KIA တို့အနေနှင့် ထိုင်းနယ်စပ်လမ်းကြောင်းအား ဖြတ်တောက်မပစ်ပေ။ ဆက်လက်၍ ရတတ်သမျှ သုံးနေဆဲဖြစ်သည်။
KIA တို့အနေနှင့် ထိုသင်တန်းကျောင်း ၂ ခု အ
ပြင် ၁၉၇၉ CPB ပန်ဆန်း ဗဟို၌ ဒေါက်တာလှ
ကျော်ဇောဦးစီးဖွင့်လှစ်သည့် ဆေးကျောင်းသို့
လည်း သင်တန်းသားများစေလွှတ်ခဲ့သည်။
ထိုပြင် သုံးဆင့်ကေဒါ သင်တန်းကျောင်းပြီး
သွားသောအခါ နောက်ဆုံးသင်တန်းကျောင်းအုပ်
အဖြစ်တာဝန်ယူခဲ့သူ CPB အရန်ဗဟိုကော်မတီ
ဝင် ရဲဘော်မောင်မောင်စိန်သည် KIA ဗဟိုဌာန
ချုပ်တွင် CPB ကိုယ်စားလည်အဖြစ်သွားရောက်
တာဝန်ယူခဲ့ပြီး KIA ဌာနချုပ်တွင်ပင် ရောဂါနှင့်
ကွယ်လွန်ခဲ့သည်။
KIA ဗဟိုဌာနချုပ်နှင့် ဗဟိုတပ်များ
ထိုစဉ်က KIA ဗဟိုဌာချုပ်အား ပါကျောက်
နားဖေါ့ဒေသတွင် ဖွင့်လှစ်ထားသည်။
၁၉၇၆ ထိ KIAသည် တပ်မဟာ ၄ ခုနှင့် တပ်
ရင်း ၁၁ ရင်းဖွဲ့စည်းထားသော်လည်း ဗဟိုမှတိုက်
ရိုက် ကိုင်သော သီးသန့်တပ်ရင်းဟူ၍ မရှိပေ။ သက်ဆိုင်ရာနယ်မြေအလိုက် ဖွဲ့စည်းထားသော
တပ်ရင်းများကို စစ်ဆင်ရေးလိုအပ်ချက်အရစုစည်း
ခြင်းမျိုးသာရှိခဲ့သည်။
၁၉၇၇ မှစ၍ ကောက်ကွတ်သင်တန်းဆင်း တပ်
ရင်းများနှင့် လက်နက်များကို အခြေပြု၍ ဗဟိုတပ်
များကို ဖွဲ့စည်းခဲ့သည်။ ကောက်ကွတ်သင်တန်း
ဆင်း ၄ ပတ်အား အခြေပြု၍ ရင်း 251/252/253/
254 တို့ကိုဖွဲ့စည်းခဲ့သည်။ ထို့အတူ ထိုစဉ် KIA
စစ်ဦးစီးချုပ်တာဝန်ယူထားသူ ဗိုလ်ဇော်မိုင်း ဦးစီး
၍ ထိုဗဟိုတပ်များကိုကိုင်ပြီး တိုက်ပွဲများဖေါ်ခဲ့သည်
နားလုံစခန်းသိမ်းတိုက်ပွဲ ဖါးကန့်ကားလမ်းတွင်
စစ်ကြောင်းတခုအား လမ်းဖြတ်ခြုံခိုတိုက်ခိုက်ခြင်း တို့မှာ ထင်ရှားသည်။
နားလုံစခန်းသိမ်းတိုက်ပွဲမှာလက်နက်ကြီးနှင့် ခြေလျင်ပေါင်းစပ်ပြီး တိုက်သောတိုက်ပွဲဖြစ်ပြီး KIA ၏ သမရိုးကျ ပြောက်ကျားစစ်မှ သွေဖီလာ သည့် ပုံမှန်စစ်ဆင်ခြင်းဖြစ်သည်။ သို့သော် ထို တိုက်ပွဲသည် အောင်မြင်မှုမရခဲ့ပေ။စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ ။ အတွေ့ကြုံကောင်းသာ ရခဲ့သည်ဟုဆိုရမည်။ဖါးကန့်ကားလမ်း လမ်းဖြတ်
တိုက်ပွဲကတော့ စိတ်ရှည်စွာစောင့်စားအပင်းပမ်း ခံနိုင်မှုကြောင့် အစိုးရစစ်ကြောင်းတစ်ကြောင်း လုံးအားအောင်မြင်စွာ အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သည်။သို့သော် ထိုကာလက တပ်မဟာ ၂ မှဗိုလ်မှူးလခန်ပန်းအောင်ဦးစီးသည့် ခန္တီးမြို့သိမ်း
တိုက်ပွဲကတော့ အောင်မြင်ခဲ့သည်။
တိကျသော ခုနှစ်သက္ကရာဇ်များဖေါ်ပြရန်အ တွက် ပုံရိပ်များသည် ဝေဝါးခဲ့ပြီဖြစ်သည်။ သို့သော်
ဤအဖြစ်အပျက်များသည် အိပ်ရာဝင် ပုံပြင်များ
ယုံတမ်းပုံပြင်များ လုပ်ဇတ်များတော့မဟုတ်ခဲ့ပါ
ပေ။
KIA မှ CPB သို့ပေးသောအကူအညီ
CPB မှ KIA သို့အကူအညီပေးသည့်နည်းတူ
KIA မှ CPBသို့အကူအညီပြန်ပေးသည့်အကြောင်း
အချင်းအရာများလည်းရှိခဲ့သည်။ ၁၉၇၉ ခုနှစ်
ပန်ဆန်း၌ပြုလုပ်သော CPB ဗဟိုကော်မတီဆွေး
နွေးပွဲပြီးနောက် CPB သည် နောက်ခြေလှမ်းများ
အတွက် CPB အလယ်ပိုင်းဗျူရိုနှင့် မြောက်ပိုင်း
ဗျူရို ပါတီပေါလစ်ဗျူရိုဝင်များဦးဆောင်ဖွဲ့စည်းခဲ့
သည်။
CPB မြောက်ပိုင်းဗျူရိုအား ရဲဘော်အောင်ခေါ်
ဗိုလ်မျိုးမြင့် အသားမဲ ( ကွယ်လွန်) ကဦးဆောင် ကာ ဗဟိုကော်မတီဝင် ရဲဘော်ဖေသောင်း ရဲဘော်
စိုင်းအောင်ဝင်း( ရှမ်းကျောင်းသား) တို့နှင့်ဖွဲ့စည်း
ခဲ့သည်။ဗိုလ်မျိုးမြင့်နှင့် ရဲဘော်ဖေသောင်းတို့မှာ
မူလက CPB မြစ်ဖျားတိုင်းမှ လူဟောင်းများဖြစ်ကာ
မြောက်ပိုင်းတိုင်း၏ နိုင်ငံရေး စစ်ရေးရည်မှန်း
ချက်အဖြစ် CPB မြစ်ဖျားတိုင်းအား ပြန်လည်တည်
ဆောက်ရန် ရည်ရွယ်ထားရှိ၍ ၎င်းတို့အား ရွေး ချယ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။CPB မြောက်ပိုင်း
ဗျူရိုအား သံလွင်အနောက်ခြမ်းရှိ မုန်းကိုးတွင်
အခြေစိုက်ခဲ့ပြီး မြောက်ပိုင်းဗျူရိုလက်အောက်
တွင် ယခင်အရှေ့မြောက်စစ်ဒေသမှ ကွတ်ခိုင်
ခရိုင် နမ့်ခမ်းခရိုင်နှင့် ခရိုင်တပ်များ မုန်းပေါ်ဒေသ
တွင် အခြေစိုက်သည့် တပ်မဟာ ၂ နှင့်သူ၏လက် အောက်ခံတပ်များဖြစ်သည့် ရင်း ၃၀၃၁/၃၀၃၅/
၃၀၃၇/၁၀၇ တပ်ရင်းများ နှင့် ရွှေလီချိုင့်ဝှမ်းဂွင်
တွင် လှုပ်ရှားသည့် ၂၀၂ စစ်ဒေသတို့အား ထည့် သွင်းဖွဲ့စည်းခဲ့သည်။မြောက်ပိုင်းဗျူရိုအနေနှင့်
မူလရှိပြီးဒေသများအပြင် မြစ်ဖျားတိုင်းကိုပါ တိုးချဲ့
ရန်ရည်ရွယ်ချက်ထားရှိခဲ့သည်။
မြစ်ဖျားတိုင်းဆိုသည်မှာ အင်းတော် ဗန်း
မောက် ပင်လယ်ဘူး မော်လိုက်ဒေသကိုဆိုလိုခြင်း
ဖြစ်သည်။ ထိုဒေသကို ကိုယ်တိုင်သွားရောက် အ
ကောင်အထည်ဖေါ်နီုင်မည့်မြစ်ဖျားတိုင်းမှ တပ်မှူး
ဟောင်း ဗိုလ်ကျော်မိုးခေါ် ဗိုလ်အောင်ကျော်မိုးနှင့်
ဗိုလ်အိုက်အောင်ခေါ်ရဲဘော်ယုအောင်တို့သည်
လည်း အရှေ့မြောက်နယ်စပ်သို့ ပြန်လည်ရောက်ရှိ
ပြန်လည်ရောက်ရှိနေသည်ဖြစ်ရာ ရေကန်အသင့် ကြာအသင့်ဟု ဆိုရမည်။
သို့ဖြင့် CPB မြောက်ပိုင်းဗျူရိုသည် နိုင်ငံရေးမှူး
ဗိုလ်ကျော်မိုး တပ်မှူးဗိုလ်အိုက်အောင်တို့ ဦးစီး
သည့် ၁၈၀ တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထို ၁၈၀
တပ်ဖွဲ့ဖွဲ့စည်းရာတွင် ၁၉၇၇ အောက်တိုဘာ၌ CPB သို့ရောက်ရှိလာသည့် ၇၇၁၀ တပ်ဖွဲ့ဝင် ၃၀ ခန့်
အား အခြေပြုဖွဲ့စည်းခဲ့သည်ဟုဆိုရမည်။ အဘယ်
ကြောင့်ဆိုသော် CPB ၏ တပ်သားအများစုမှာ
နယ်စပ်ဒေသမှတိုင်းရင်းသားများသာဖြစ်ပြီး မိုး
ကောင်းမှ ကျောင်းဆရာတစ်ဦးလည်းဖြစ် ရှမ်းနီ
တစ်ဦးလည်းဖြစ်သူ စိုင်းခမ်းလွယ် ဦးစီးသည့်
၇၇၁၀ တပ်ဖွဲ့မှာ မိုးကောင်း မိုးညှင်း ဟိုပင်စသည့်
သံလမ်းရိုးတလျောက်မှ ရှမ်းနီရဲဘော်များနှင့်ဖွဲ့
စည်းထားသည်ဖြစ်ရာ မြစ်ဖျားတိုင်းသို့ ထိုးဖေါက်
မည့် တပ်ဖွဲ့အတွက် လိုက်ဖက်သည့် ရဲဘော်များ
ဖြစ်သည်ဟုဆိုရမည်။
မြစ်ဖျားတိုင်းအား နယ်မြေကျွမ်းကျင်သည့်
တပ်မှူးတပ်သားများရှိသော်လည်း CPB အတွက်
အခက်ခဲမှာ မူစယ်အရှေ့မြောက်ဖက်ရှိ မုန်းကိုးဒေ
သမှ အင်းတော်ဗန်းမောက်ဒေသထိ သွားရမည့်
ခရီးကွာဝေးလှသည့်အပြင် သတင်းမပေါက်ကြား
စေရန်လည်း လိုအပ်သည်။ လမ်းခရီးတွင် KIA
လှုပ်ရှားစိုးမိုးသည့် ဒေသများကိုဖြတ်သန်းရမည်
ဖြစ်ရာ KIA ၏အကူအညီအထူးလိုအပ်ခဲ့သည်။
၁၈၀ တပ်ဖွဲ့သွားမည့်လမ်းကြောင်းမှာ မူစယ်
အရှေ့မြောက်ရှိ မုန်းကိုးမှ ကွတ်ခိုင် နန့်ဖတ်ကာ
ကြားကားလမ်းအားဖြတ်၍ KIA နင့် CPB တို့ဆက်
စပ်လှုပ်ရှားရာ ရွှေလီချိုင့်ဝှမ်းသို့၎င်း ထိုမှတဆင့်
ရွှေလီမြစ်အားဖြတ်၍ နမ့်ခမ်းနှင့် ဗန်းမော်ကြား
သို့၎င်း ထိုမှတဆင့် မိုးမောက် မြို့သစ် ဘက်သို့
ထောင်တက်၍ ၎င်း ထိုမှတဆင့် ဆင်ဘိုအောက်
ဖက်မှဧရာဝီမြစ်အနောက်ဖက်သို့ ဖြတ်၍ ကောက်ကွေ့ချောင်းဂွင် သို့၎င်း ထိုမှ မိုးညှင်း မိုးကောင်း
မီးရထားလမ်းအားဖြတ်၍ သံလမ်းရိုးအနောက်ခြမ်းသို့၎င်း
ထိုမှ အင်းတော် ဗန်းမောက်နယ်သို့၎င်း ထိုးဆင်း ရန် လမ်းကြောင်းရွေးချယ်ခဲ့သည်။ မုန်းကိုးမှ
ထွက်ပြီး မိုးညှင်း မိုးကောင်းသံလမ်းရိုး အနောက် ခြမ်းအထိ KIA ၏ဒေသများဖြစ်ရာ ၁၈၀ တပ်ဖွဲ့ထိုးဖေါက်သွားလာရေးအတွက် KIA ၏ အကူအညီက အရေးပါခဲ့၏။
ရှည်လျားသော လမ်းခရီးတွင် သတင်းလုံခြုံရေး
အတွက်ပါ CPB ၁၈၀ တပ်ဖွဲ့သည် မုန်းကိုးမှထွက် ပြီး မကြာခင်ပင် KIA ယူနီဖေါင်း ပြောင်းဝတ်၍ ၁၉၈၁ အတွင်းထွက်ခွါခဲ့ကြသည်။၎င်းတပ်ဖွဲ့သည်
ကွတ်ခိုင်/မူစယ်ကားလမ်း ရွှေလီမြစ် ဗန်းမော်/နမ့်
ခမ်းကားလမ်း ဗန်းမော်/မြစ်ကြီးနားကားလမ်း
ဧရာဝတီမြစ် မြစ်ကြီးနား/မန္တလေးရထားလမ်း စ
သည်တို့ကို KIA အကူအညီဖြင့် သတင်းမထွက်ဘဲ
သေနတ်သံတချက်မထွက်ဘဲ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ KIA တို့၏ နယ်မြေကျွမ်း
ကျင်ပိုင်နိုင်မှု သတင်းလုံခြုံစိတ်ချမှုအတွက် အသိ
မှတ်ပြုလောက်ပါပေသည်။
သို့သော် CPB ၁၈၀ တပ်ဖွဲ့ ကံမကောင်းခဲ့ဟု
ဆိုရမည်။ မီးရထားလမ်းကူး၍ မိုးကောင်းအ နောက်ခြမ်းသို့ရောက်ပြီးမကြာမှီ ရဲဘော်ကျော်မိုး
၏ဆက်သားဖြစ်သူမှာ အစိုးရထံလက်နက်ချသွား
သည်။ သူနှင့်အတူ ရဲဘော်ကျော်မိုး၏စာရွက်စာ
တမ်းများပါသွားရာ အစိုးရထံ သတင်းပေါက်သွား
တော့သည်။ တကယ်တော့ ၁၉၈၀ ခုနှစ် ၁၈၀ တပ်ဖွဲ့စဖွဲ့ကထဲက မြစ်ဖျားတိုင်းသို့ CPB တို့ထိုး
ဖေါက်မလာမည်ကိုသိထားသော အစိုးရတပ်များ ကလည်း ပြင်ဆင်မှုရှိပြီးဖြစ်သည်။ သတင်းရသည့်
ညတွင်းချင်းပင် တပ်မမှူးဗိုလ်မှူးကြီးဖုန်းမြင့်(နောင် နဝတပြည်ထဲရေးဝန်ကြီး) ဒုတပ်မမှူး ဗိုလ်မှူးကြီး
တင်ဦး(နောင် နဝတ တွင်း ၂) တို့ဦးစီးသည် တပ် မ ၅၅ ဖြင့် ဝိုင်းပတ်ချေမှုံးရေးလုပ်တော့သည်။မပခ
တိုင်းတပ်များက အပေါ်ကပိတ် နမခ တိုင်းတပ်များ
ကအောက်ဘက်ပိတ်ပြီး တပ်မ ၅၅ ကထိုးစစ်ဝင်
သည်။ ပင်းလယ်ဘူး ဗန်းမောက်နယ်ထဲရှိ ယခင်
မြစ်ဖျားတိုင်း CPB လူဟောင်းများကို စုစည်းထိမ်း
သိမ်းလိုက်ပြီး နယ်ခံ ထောက်ခံအားပေးမည့်သူ
များနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီး တပ်မ ၅၅
ကထိုးစစ်ဝင်သည်။ တပ်မ ၅၅ အောင်မြင်မှုရခဲ့
သည်။ ထိုစစ်ဆင်ရေးတွင်ပါဝင်သူများ ချီးမြှောက်ခံ
ရသည်။ထိုစစ်ဆင်ရေးတွင်ပါဝင်သော ခမရ ၁၈
ရင်းမှူး ဗိုလ်မှူးဝင်းမြင့် သည် နောင် နဝတ S 3
အထိတက်လှမ်းခဲ့သည်။
CPB ၁၈၀ အတွက်တော့အထိနာသည်။ လပိုင်းအတွင်း နိုင်ငံရေးမှူး ရဲဘော်ကျော်မိုး တပ်မှူးရဲဘော်ယုအောင်အပါအများအပြားကျဆုံးသည်။ ကျန်တပ်ဖွဲ့ဝင်များ အကွဲကွဲအပြား ဆုတ်ခွါ ရသည်။ အောင်မြင်စွာဆုတ်ခွါနိုင်ခြင်းမျိုးတော့ မဟုတ်။ အကွဲအပြားပြား ဆုတ်ခွါလာသူများ မြောက်ဖက်သို့ ဆုတ်ခွါရင်း KIAနယ်ထဲသို့ ရောက်ရှိရာ KIA ရိက္ခာ ယူနီဖေါင်း နေစရာ
မှအစ အစစအရာရာ စီစဉ်၍ ပြန်လည်ကူညီပေး
ရသည်။ ထိုရဲဘော်များအား ပြန်လည်စုစည်းပေး
ပြီး CPB မြောက်ပိုင်းဗျူရိုသို့ ပြန်ပို့ပေးရသည်။
CPB ၁၈၀ တပ်ဖွဲ့အား အစ အဆုံး KIA တို့ကူညီ လိုက်ရသည်ဟုဆိုရမည်။ ထိုစဉ် KIA တပ်မဟာ ၂ ၌
ဒုတပ်မဟာမှူး BM အဖြစ်တာဝန်ယူနေသူ ဗိုလ်မှူးလခန်
ပန်းအောင်မှ အတော်လေး အလေးထားကူညီပေးခဲ့သည်။
ထိုမျှနှင့်မပြီးသေး။ CPB အနေနှင့် အဆုံးအရှုံး
နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မြစ်ဖျားတိုင်းတိုးချဲ့
ရေးအား လက်မလျော့ခဲ့။ ၁၈၀ တပ်ဖွဲ့ ဒုတပ်မှူး
တာဝန်ယူခဲ့သူ ရဲဘော်အောင်နိုင်မှ ဆက်လက်ဦး
စီး၍ ၁၀၂ တပ်ဖွဲ့ငယ်ဖြင့် မိုးညှင်းအနောက် နန့်စီ
မှော် ဒေသအားအခြေပြု၍ ပြန်လည်ထိုးဖေါက်ရန်
၁၉၈၂/၈၃ မှ စ၍ ပြန်လည်ကြိုးပမ်းရာ KIA တို့
ဆက်လက်ကူညီပေးခဲ့ရသည်။ သွားလာရေး ရိက္ခာ တို့အပြင် ဖျားနာသူများအား ဆေးဝါးကုသ
ပေးခြင်းတို့ပါ တာဝန်ယူပေးခဲ့သည်။
CPB ရဲဘော်တစ်ဦးမှ KIA နာဖေါ့ဌာနချုပ်ရှိ
KIA ဆေးဆရာမလေးများထံ B 6 သွားတောင်းရာ
B 6 မရှိဟု ဆရာမလေးများကဆို၍ ဒါဆိုလဲ B 1
ခြောက်လုံးပေးပါဟုဆိုခဲ့သဖြင့် KIA ဆေးဆရာမလေး
များ အာရုံနောက်ခဲ့ရဘူးသည်။်
ဆက်လက်ဖေါ်ပြပါမည်။
photo credit Mungdungla Wawhkyung
့

Read more »

အပိုင်း ( ၅) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ဘ၀ကောက်ကြောင်း

 ( ဤစာကို Facebook name Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။) CPB မှဖွင့်လှစ်သော KI သင်တန်းကျောင်းများ
*******************
၁၉၇၆ KIA နှင့် CPB သဘောတူညီချက်အရ
၁၉၇၇ တွင် CPB အခြေခံဒေသများအတွင်း KIA
တို့အတွက်ဖွင့်လှစ်သောနိုင်ငံရေးစစ်ရေးသင်တန်း ကျောင်း ၂ ခုပေါ်ပေါက်လာခဲ့သည်။ ပထမ ကျောင်းအား သုံးဆင့်ကေဒါသင်တန်းကျောင်းဟု
ခေါ်သည်။ မုန်လုံခေါ်ဟေမုန်လုံရွာတွင်ဖွင့်လှစ်
သည်။ မုန်လုံရွာသည် ကြူကုတ်ပန်ဆိုင်းနှင့်မုန်း
ကိုးကြားတွင်ရှိသည်။ မုန်လုံတောင်ခေါ် လွယ်ဂျုံ ဘွမ်၏ မြောက်ဖက် တရုတ်ပြည်ဖက်ကို မျက်နှာ မူထားသည့် ဆင်ခြေလျောတွင်ရှိသည်။ CPB အရှေ့ မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင်အတွင်း၌ ရှိသည်။အဆိုပါမုန်လုံတောင်သည် အမြင့်ပေ ၇၀၀၀ကျော်ရှိပြီး ရှမ်းပြည်မြောက်ပိုင်းတွင်အမြင့် ဆုံးဟုဆိုသည်။ မုန်လုံရွာသည်လည်း မြန်မာပြည် ပြည်တွင်းစစ်တွင် ဖျောက်ဖျက်မရသည့် အဖြစ် အပျက်များကြုံခဲ့ရသည့်ရွာဟုဆိုရမည်။
ထိုကျောင်းအား သုံးဆင့်ကေဒါသင်တန်း ကျောင်းဟုခေါ်ခြင်းမှာ ထိုကျောင်းတွင်တက် ရောက်ရန် သတ်မှတ်ထားသည့် KIA အရာရှိအ
ဆင့်အတန်းကိုဖေါ်ပြခြင်းဖြစ်သည်။ ထိုကျောင်း
တွင်တက်ရောက်မည့်သူများမှာ KIA တပ်ဖက်မှ
ဆိုလျင် တပ်ရင်းမှူး တပ်မဟာမှူး နှင့်ဗဟိုအဆင့်
အားသတ်မှတ်ထားပြီး အရပ်ဖက်ပါတီ အုပ်ချုပ်
ရေးမှဆိုလျင် ခရိုင် တိုင်း ဗဟိုအဆင့် ဟူ၍
အထက်အဆင့် ၃ ဆင့်တက်ရောက်ရန်တက်
ရောက်ရန်သတ်မှတ်ထား၍ဖြစ်သည်။
အဆိုပါ သုံးဆင့်ကေဒါသင်တန်းကျောင်း ကျောင်းအုပ်အဖြစ်နှင့် KIA အားသင်တန်းပို့ချရန်
CPB ဗဟိုကော်မတီဖြစ်သူ ဗိုလ်သန်းရွှေမှတာဝန်
ယူပါသည်။ ဗိုလ်သန်းရွေသည် ဂျပန်ခေတ် ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းဆရာအဖြစ်
တာဝန်ယူဘူးသကဲ့သို့ CPB အရှေ့မြောက်စစ်ဒေ
သ နိုင်ငံရေးမှူးအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ အရှေ့မြောက်စစ်ဒေသတွင် ဗိုလ်နော်ဆိုင်းကသူ
နှင့်တွဲ၍ တပ်မှူးကြီးအဖြစ်တာဝန်ယူခဲ့သည်။ ဂျပန်
ခေတ်မှစ၍ နိုင်ငံရေး စစ်ရေးအတွေ့အကြုံ ပြည့်
ဝသူဟုဆိုနိုင်ပြီး အရည်အချင်းရှိသူဖြစ်သည်။
အဆိုပါ KIA အတွက်ဖွင့်လှစ်သော သုံးဆင့်
ကေဒါသင်တန်းကျောင်းအား ၁၉၇၇ ဇန္နဝါရီတွင်
စတင်ဖွင့်လှစ်သည်။ အဆိုပါ သင်တန်းကျောင်း
ပထမပတ်တွင် ထိုစဉ် KIO အတွင်းရေးမှူး လယော်ဇောင်းဟရာ(လက်ရှိ KIO ဥက္ကဌ) ဦးစီး
ပြီး ၁၅ ယောက်တက်ရောက်သည်။ တိုင်းမှူးအ ဆင့်မှ ဆင်ဝါးနော် တပ်ရင်းမှူးအဆင့် ဗိုလ်ကြီး လခန်ပန်းအောင် (ကွယ်လွန်) ဗိုလ်ကြီးအင်ဘန်လ (ယခုဒုဥက္ကဌ) တို့ပါဝင်သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်းကာလကို ၆ လသတ်မှတ်ထားသည်။ ၅ လကို မုန်လုံ၌ သင် တန်းပို့ချ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်
ပြီး တရုတ်ပြည်တွင်း လှည့်လည်လေ့လာကြည့်ရှု
ရေးအစီအစဉ်တစ်လပါဝင်ပါသည်။ နိုင်ငံရေးသ
ဘောတရားများ ပို့ချချက်များမှာ တကယ်တမ်း
ဆိုလျင် KIA တို့နှင့် သဟာဇာတမဖြစ်လှချေ။ သို့
သော်သင်တန်းပို့ချသူ ဗိုလ်သန်းရွှေ၏ စိတ်ရှည်
လက်ရှည် ပြောဆိုဆွေးနွေးမှုများကြောင့် စိတ်ပါ
ဝင်စားမှု အတန်သင့်ရခဲ့သည်။ အပြန်အလှန်ဆွေး
နွေးငြင်းခုံမှုများနှင့် စည်ကားသည်ဟုဆိုနိုင်သည်။
KIA အရာရှိများသည် စစ်သေနင်္ဂင်္ဗျူဟာနှင့် နည်းပရိယာယ်ပြသနာများ CPB ၏တိုက်ပွဲ အ တွေ့အကြုံများစသည့် စစ်ရေးဖက်ဆိုင်ရာတွင်
ပို၍စိတ်ဝင်စားခဲ့သည်ဟုဆိုရမည်။
သဘောတရားရေးသင်တန်းများအပြီးတွင် လက်တွေ့တိုက်ပွဲတခုတိုက်ပြသည့် အစီအစဉ်တခုပါ
ထည့်သွင်းခဲ့သေးသည်။ တိုက်ပွဲမှာ ရွှေကျင်ဝမ်
ခေါ် စီစီဝမ်တာပန်တောင်ကြောပေါ်မှ အစိုးရတပ်
စခန်းတခုအားတိုက်ခိုက်၍ စခန်းသိမ်းတိုက်ပွဲတခု
တိုက်ပြခြင်းဖြစ်သည်။ KIA အရာရှိများအား စစ်
ကွပ်ကဲရေးဌာနရှိ စစ်မြေပြင်သို့ခေါ်သွားပြီး တပ်ဖြန့်ခွဲမှု လက်နက်ကြီးနေရာချမှု လက်နက်ကြီးနှင့်
ခြေလျင်ပေါင်းစပ်မှုများကကို လက်တွေ့စစ်မြေပြင်
တွင် အတွေ့အကြုံရစေခဲ့သည်။ ၁၉၇၇ မေလတွင်
ဖြစ်သည်။
ထိုတိုက်ပွဲသည် KIA အရာရှိများအား အတွေ့ အကြုံ တခုရစေခဲ့သော်လည်း အောင်ပွဲတော့မရခဲ့
ပေ။ ထိုစခန်းသိမ်းတိုက်ပွဲတွင် တက်ထိုးသည့်
CPB ကွတ်ခိုင်ခရိုင်တပ်မှ တပ်ခွဲနိုင်ငံရေးမှူး အင်
ခွန်နော်ကျဆုံးသည်။ တပ်ခွဲမှူး မုန်ဆာလတို့ ပြန်
လည်ဆုတ်ခွါရသည်။ CPB ၏ လက်နက်ကြီးတပ် ဖွဲ့ တန်ပြန်ပြန်လည်အပစ်ခံရသည်။ KIA တို့ တော့ ကောင်းစွာအတွေ့အကြုံရသွားသည်ဟု ဆိုရမည်။
ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ခွဲမှူးမုန်ဆာ
လမှာ ၁၉၉၅ ခန့်တွင် ကိုးကန့်အဖွဲ့မှခွဲထွက်ပြီး MDA မုန်းကိုးကာကွယ်ရေးတပ် ဖွဲ့ကာ မုန်းကိုး မုန်းယားဒေသများတွင် တစင်ထောင်ရပ်တည်ခဲ့ သူဖြစ်သည်။၂၀၀၀ ခန့်တွင် အစိုးရက ဖမ်းဆီး၍နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ မောင်းတော ထောင်တွင်း၌ပင် ကွယ်လွန်သွားခဲ့သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်း ဒုတိယပတ်
အား ၁၉၇၇ သြဂုတ်လတွင် ပြန်လည်ဖွင့်လှစ်
သည်။ လမုန်တူးဂျိုင်ဦးစီး ၃၈ ဦးခန့်တက်ရောက်
သည်။ ၎င်းဒုတိယပတ်၌ လမုန်တူးဂျိုင်(နောင်KIO ဥက္ကဌ တာဝန်ယူပြီးကွယ်လွန်)နှင့်အတူ
လားမားလရိန်( ကွယ်လွန်)ဒေါက်တာလဂျာ( KIO အတွင်းရေးမှူးတာဝန်ယူခဲ့သူ )ဦးဇော်ဆိုင်း(KIC)
တို့နှင့် မရန်ဘရန်ဆိုင်း၏ဇနီး လယော်ဇောင်းဟရာ၏ဇနီး တို့လည်းပါဝင်သည်။သင်တန်းကျောင်းအုပ်အဖြစ် CPB မှ ဗိုလ်သန်းရွှေပင်ဆက်လက်တာဝန်ယူည်။
သုံးဆင်ကေဒါသင်တန်းကျောင်း တတိယ
ပတ်ကား အနဲငယ်အပြောင်းအလဲရှိသည်။ CPB တို့ဗဟိုဌာနချုပ် ပြောင်းရွှေ့ခြင်း တစ်နှစ်နီးပါးကြာသော CPB ဗဟိုကော်မတီအစည်းအဝေး ကျင်းပနေခြင်း သင်တန်းကျောင်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ဗိုလ်သန်းရွှေ ပါတီတွင်းအရေး
ယူခံရပြီး တာဝန်မှချထားခံရခြင်းတို့ကြောင့်ဖြစ်သည်။
ထို့ကြောင့် သုံးဆင့်ကေဒါ သင်တန်းကျောင်းကို
၁၉၈၀ ခန့်တွင် မန်ရှိုး ( မန်ဟီးရိုး ) ဒေသ ကောက်ကွတ်ကျောင်းတွင်ပြန်လည်ဖွင့်လှစ်သည်။
KIA မှ သင်တန်းသား အရာရှိ ၅၀ ခန့်တက် ရောက်သည်။ဗိုလ်မှူးခွန်ချို( နောင် KIC ကုန်သွယ်ရေး ) ဗိုလ်မှူးဇော်ဆန်းတို့ပါဝင်သည်။ တတိယပတ်သင်တန်းအား CPB မှအရန်ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်
မှ ကျောင်းအုပ်အဖြစ်တာဝန်ယူသည်။ နောက်
ဆုံးအပတ်စဉ်သည် ယခင်သင်တန်းနှစ်ပတ် လောက်တော့ အဆင်မပြေခဲ့ပေ။CPB သင်တန်း
ပို့ချချက်မှာလည်း ပြောင်းသွားပြီး CPB ၁၉၇၉
ဗဟိုကော်မတီမှချမှတ်သည့် လမ်းစဉ်များကိုဆွေး
နွေးရာ KIA တို့စိတ်ဝင်စားမှုမရပေ။ ထို့ပြင် သင် တန်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ရဲဘော် မောင်မောင်စိန်မှာ စစ်ရေးဘက်တွင်အားသန်သူမဟုတ်။ ထို့ပြင် အရှေ့မြောက်တိုက်ပွဲပြီးငယ်များတွင်ပါဝင်ခဲ့သူမဟုတ်၍ ဗိုလ်သန်းရွှေကဲ့သို့ စစ်ရေးအမြင်နှင့် အရှေ့မြောက်တိုက်ပွဲကြီးများကို ဆက်စပ်ရှင်းပြသူလောက် KIA များစိတ်မဝင်စားခဲ့ကြပေ။
တတိယပတ်လည်းဖြစ် နောက်ဆုံးပတ်လည်း
ဖြစ်သော သင်တန်းကျောင်း၏သင်တန်းကာလ မှာလည်း ၄ လခန့်သာကြာမြင့်ခဲ့သည်။ ထို့ပြင်တရုတ်ပြည်၌ တိန့်ရှောက်ဖင်တက်လာပြီး ပေါ်လစီ အပြောင်းအလဲကာလဖြစ်ရာ တရုတ်ပြည်
လေ့လာရေးအစီအစဉ်မှာလည်း သိပ်ကြာမြင့်ခြင်း
မရှိတော့ပေ။

ကောက်ကွတ်သင်တန်းကျောင်း

မုန်လုံသုံးဆင့်ကေဒါသင်တန်းကျောင်းနှင့်
အတူ ဖွင့်လှစ်သောသင်တန်းကျောင်းမှာ အလွယ်
တကူ ကောက်ကွတ်သင်တန်းကျောင်းဟုခေါ်
ဟုခေါ်သည်။ထိုသင်တန်းကျောင်း တပ်ရင်းအ လိုက် ဖွဲ့စည်းထားသော KIA တပ်ရင်းအား သင် တန်းပေးရန်ဖြစ်သည်။အဆိုပါသင်တန်းတက်မည့်
တပ်ရင်းအား တပ်ရင်းမှူး တပ်ခွဲမှူး တပ်စုမှူး တပ်
စိတ်မှူး တပ်သားအစရှိသည့် တပ်ရင်းဖွဲ့စည်းပုံဖြင့်
ဖွဲ့စည်းထားသည့် အဆင့်အားလုံးပါသည့် သင် တန်းဖြစ်သည်။ နိုင်ငံရေးသင်တန်းအပြင် အခြေခံ
စစ်ပညာသင်တန်းပါ ပါဝင်သည်။
အဆိုပါသင်တန်းအား CPB၏ အရှေ့မြောက်စစ်
ဒေသ နမ့်ခမ်းခရိုင်တွင် ဖွင့်လှစ်သည်။ ထိုစဉ် CPB နမ့်ခမ်းခရိုင်တွင် နမ့်ခမ်း မူစယ်ကားလမ်းနှင့်
အပြိုင်ရွှေလီမြစ်တဖက်ကမ်းရှိ ရှမ်းရွာ ၂၀ ခန့်ပါ
ဝင်သော မန်ရှိုး(မန်ဟီးရိုး)ဒေသ(ယခု မန်ဟီးရိုး
မြို့နယ်ခွဲ)နှင့် နမ့်ခမ်းအနီးမုန်းဝီးဒေသဖြစ်သည်။ မုန်ဝီးဒေသကတော့ ပြောက်ကျားဒေသဖြစ်ပြီး မန်ရှိုးဒေသကတော့ အခြေခံဒေသဖြစ်သည်။ သင်တန်းကျောင်းကို မန်ရှိုးနှင့် ၃ မိုင်ခန့်အကွာရှိ ကောက်ကွတ်ရွာအနီး၌ဖွင့်လှစ်သည်။ မန်ရှိုးဒေသ
တောင်ဖက်စွန်း ကွန်ဟိုင်းကျေးရွာ မှဖြတ်ထွက် လျင် (တရုတ်ပြည် လုံးတောင်ရွာအနီး) နမ့်ခမ်း
တဖက်ကမ်း မန်ဝိန်းကွင်းမှတဆင့် လဂတ်တော်
ကိုက်ထိပ်လမ်းမှ ကချင်ပြည်နယ်ထဲသို့ရောက် သွားပြီဖြစ်သည်။ ယခုတော့ သစ်မှောင်ခိုများ တွင်
တွင်ကျယ်ကျယ်သုံးနေသောလမ်းဖြစ်သည်။
ဤနေရာကိုစီစဉ်ရခြင်းမှာ သင်တန်းကျောင်းသို့
ကချင်ပြည်နယ်မှ KIA တပ်များကို စေလွှတ်မည်
ဖြစ်သောကြောင့်ဖြစ်သည်။ ရှမ်းမြောက်ရှိ KIA
တပ်မဟာ ၄ မှာ CPB တပ်များနှင့် ၈ နှစ်ခန့် လက်
နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ရာ ထိုဒေသမှတပ်များကို
မစေလွှတ်ဘဲ CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်
ပွါးခြင်းမရှိသည့် ကချင်ပြည်နယ် မှတပ်များကို
စေလွှတ်ရန်စီစဉ်၍ ဖြစ်သည်။ KIO ဥက္ကဌ မရန်ဘ
ရန်ဆိုင်းသည် CPB နှင့် ဆက်ဆံရေးပြသနာကို
အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ဟု ဆိုရမည်။
အဆိုပါကောက်ကွတ်သင်တန်းကျောင်းအား
CPB အရန်ဗဟိုကော်မတီဝင်
့ရဲဘော်စိုင်းအောင်ဝင်း( ကွယ်လွန်) ကတာဝန်ယူ
သည်။ ရဲဘော်စိုင်းအောင်ဝင်းသည် ၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းကာလက ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဗိုလ်ခင်ညွန့်နှင်အတူ့ မန္တ လေးဆောင်တွင် အတူနေခဲ့သူဖြစ်သည်ဟုဆို သည်။၇ ရက် ဇူလိုင်အရေး အ ခင်းအပြီး ပဲခူးရိုးမ CPB ဗဟိုသို့ရောက်ပြီး သခင်သန်းထွန်းမှ စဝ်ရွှေသိုက်၏ဇနီးဖြစ်သူ မဟာဒေဝီထံသို့ဆက်သားအ ဖြစ် စေလွှတ်ခဲ့သည့် ရှမ်းရဲဘော်ဖြစ်သည်။
ကောက်ကွတ်ကျောင်းသည် မုန်လုံကျောင်း
နှင့်မတူ။ မုန်လုံတွင် လူနည်းသဖြင့်သင်တန်းနည်း ပြအဖြစ် ဗိုလ်သန်းရွှေအပြင် လက်ထောက်တစ်ဦး သာ ထားရှိသည်။ထို့ပြင် ရိက္ခာချက်ရေးပြုတ်ရေး
အတွက်လည်း လူနည်းသဖြင့် ပြသနာမကြီး။ လူ
အနဲငယ်သာလိုသည်။ လုံခြုံရေးအတွက်သာ ခွဲမှူးဦးစီးတပ်စု ၂ စုထားရှိသည်။
ကောက်ကွေ့သင်တန်းကျောင်းတွင် သင်တန်း
သားများသဖြင့် လက်ထောက်သင်တန်းနည်းပြ
၂၀ ကျော် ၃၀ ခန့်ထားရသည်။ ထို့ပြင်ဆေးအဖွဲ့
လုံခြုံရေးတပ်စုတစ်စု ရိက္ခာအဖွဲ့တို့ထားရှိရသည်။
တပ်ရင်းတရင်းစာ လူ ၃၅၀ ခန့်အား သင်တန်း
အပတ်စဉ်တခုစာ နေ့ရောညပါ ချက်ပြုတ်ပေးရန်
လူ ၃၀နီးပါးရှိရိက္ခာအဖွဲ့လိုအပ်ရာCPB၏ ကောက် ကွတ်သင်တန်းကျောင်းတွင် CPB မှအင်အား ၁၀၀ နီးပါးတာဝန်ယူခဲ့ရသည်။
ထိုစဉ် CPB မှ သင်တန်းကျောင်း ၂ ခုစလုံးတွင်
လာရောက်တက်သည့် သင်တန်းသားအားလုံး အတွက် ယူနီဖေါင်းဝတ်စုံ အပြည့်အစုံ ၂ စုံစီ
ကျောပိုးအိတ် စောင် ခြင်ထောင် မိုးကာ မှအစ
အပြည့်အစုံထုတ်ပေးသည်။ နေထိုင်ရန်အဆောင်
များ သင်တန်းကာလအတွင်း စာရေးသောက်ရေး
ရိက္ခာ အပြည့်အစုံချက်ပြုတ်ကျွေးမွေးရေးမှအစ
တာဝန်ယူသည်။ ထို့ပြင် သင်တန်းတက်စဉ်ကာလ
နာမကျန်းဖြစ်မှုများအားလုံးအားလည်း တာဝန်ယူ
ရပါသည်။
ကောက်ကွတ်သင်တန်းကျောင်းအပတ်စဉ်တခု
လျင် ၃ လကြာမြင့်သည်။ ၁၉၇၇ ဇန္နဝါရီမှမတ်လ
ကုန်ထိ ပထမပတ် ၁၉၇၇ ဇွန်လမှသြဂုတ်လကုန်
်ထိ ဒုတိယပတ် ၁၉၇၈ တွင် တတိယပတ် ၁၉၇၉
တွင် စတုတ္ထပတ်တို့ဖွင့်လှစ်ခဲ့သည်။ ရှေ့ဆုံးသုံး
ပတ်တွင် သင်တန်းသား ၃၅၀ ကျော်စီတက်ခဲ့ပြီး
နောက်ဆုံးပတ်တွင် သင်တန်းသား ၂၅၀ ကျော်
တက်ရောက်ရာ သင်တန်း ၄ ပတ်အတွင်း KIA စစ်သည်၁၃၀၀ ကျော် သင်တန်းတက် ရောက်ခဲ့ သည်။
အဆိုပါ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ်နှင်ဒုတိယပတ် သင်တန်းတက်သည့်
တပ်ရင်းအား နှစ်ပတ်ဆက် ဦးဆောင်လာသည့်
တပ်မှူးမှာ ဗိုလ်မှူးမရန်ဘရန်တောင်ဖြစ်သည်။အ
မှန်တော့ သူသည် တပ်ရင်းမှူးအဆင့် KIAအရာရှိ
မဟုတ်ချေ။ KIA ဗဟိုမှခေါင်းဆောင်တစ်ဦးဖြစ်
သည်။ ထိုစဉ် KIA တပ်အတွင်းတွင်၌ ခွဲမှူးအဆင့်
အား ဗိုလ် တပ်ရင်းမှူးအဆင့်အား ဗိုလ်ကြီး တပ်မ
ဟာမှူးအဆင့်မှ ဗိုလ်မှူးဟု သတ်မှတ်ထားသေး
သည်။ ဗိုလ်မှူးမရန်ဘရန်တောင်အား ဦးစီးစေ
လွှတ်ခြင်းသည် CPB နှင့်ဆက်ဆံရေးပြေပြစ်စေ
လို၍ ဖြစ်သည်။ယခုတော့ သူလည်းကွယ်လွန်ပြီ ဟုဆိုသည်။
အမှန်တကယ်လည်း ဗိုလ်မှူးမရန်ဘရန်တောင်သည်
အလွန်ဆက်ဆံဆရးပြေပြစ်သူဖြစ်သည်။
ကောက်ကွတ်သင်တန်းကျောင်းဒုတိယပတ်တွင်
ဗိုလ်မှူးဘရန်တောင်နှင့်အတူ တပ်ရေးဗိုလ်ကြီး
အဖြစ်လိုက်ပါလာသူမှာ ဗိုလ်ဂျေဆန်လီဖြစ်သည်။
သူကထိုစဉ် KIA ရင်း ၁ တွင် တပ်ခွဲမှူးဖြစ်သည်။
နောင် KIA ဗဟိုတပ်များ၏ဗျူဟာမှူးအဖြစ်တာ
ဝန်ယူခဲ့ပြီးနောက်ကွယ်လွန်သွားပြီဟုဆိုသည်။
ထိုကောက်ကွတ်ကျောင်း ဒုတိယပတ်တွင် တပ်
ခွဲတစ်ခု၌ တပ်ကြပ် အဖြစ်ပါလာသူတစ်ဦးလည်းရှိ သေးသည်။ သူကတော့ရန်ကုန်စီးပွါးရေးတက္ကသိုလ် မှ ဘွဲ့ရထားပြီး KIA သို့ဝင်ရောက်လာသည် မှာ မကြာသေးသူဖြစ်သည်။
ကိုယ်သဘောနှင့် KIA သို့ဝင်ရောက်သူများတွင်ပါဝင်သည်။
သူအမည်ကို ဂွမ်ထန်ဂမ်ရှောင်ဟု ခေါ်ပြီး ထိုတပ်ကြပ်ကလေးသည်
ယခုတော့ KIA တခုလုံးကိုဦးစီးနေသည့် စစ်ဦးစီ
ချုပ်နှင့် KIC ၏ ဒုဥက္ကဌ ၁ တာဝန်ယူထားသည့်
ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေပေသည်။
ကောက်ကွတ်ကျောင်း စတုတ္ထပတ်၌ သင်တန်းတက်မည့်တပ်ရင်းကို ဦးစီးလာသူမှာ ဗိုလ်ကွန်လီဖြစ်သည်။သူသည် မြစ်ကြီးနား တက္က သိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး CPB နှင့် KIA တိုက်ခိုက်စဉ်ကာလက KIA တပ်မ ဟာ ၄ တွင်ရှိနေပြီး တပ်မဟာမှူး ဗိုလ်မှူး လထော်ဇော်ဒန်ကျဆုံးသည့်တိုက်ပွဲတွင် အနီးကပ်ပါဝင်ခဲ့သူဖြစ်သည်။ ယခုတော့ ပြန်ပေါင်းထုပ် သည့် ဇတ်တွင်လည်း ဇတ်ကောင်တစ်ဦးအဖြစ် ပြန်လည်ပါဝင်ခဲ့သည်ဟု ဆိုရမည်။ ကောက်ကွတ် ကျောင်းစတုတ္ထပတ် သင်တန်းတပ်ရင်း၏ ထူးခြား ချက်တခုမှာ KIA အမျိုးသမီးအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ရူထ ဦးစီးသော အင်အား ၆၀ကျော်ခန့်ရှိသော အမျိုးသမီးတပ်ခွဲတစ်ခွဲပါဝင်လာခြင်းဖြစ်ပေသည်။
ထို့ပြင် စတုတ္ထပတ်တွင် ဘွဲ့ရကချင်လူငယ်တစ်ဦး
ပါဝင်သည်ကိုတွေ့ရသည်။ သူ့အမည်မှာ လဇိန် ဂျေးနောင်ဖြစ်သည်။ ထိုစဉ်က KIA တွင်းရောက် သည်မှာကြာပုံမရသေး။ဒုတပ်ကြပ်အဆင့်ဖြစ်
သည်။နောင် ဥက္ကဌမရန်ဘရန်ဆိုင်း၏ PA ဖြစ်လာ
ပြီး ၂၀၁၂ နှစ် ရွှေလီတွင်ပြုလုပ်သော ငြိမ်းချမ်း
ရေးဆွေးနွေးနွေးပွဲများတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့်
တွေ့လိုက်ရသည်။
ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung
့

Read more »

အပိုင်း ( ၄) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ ၏ ဘ၀ကောက်ကြောင်း


=====================
( ဤစာကို Facebook name - Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။)

KIA ၏အားသာချက်နှင့် အားနည်းချက်
*********************************
ဤကဲ့သို့ KIA အနေနှင့်အင်အားစုဆောင်း၍ ကြီးထွားလာခြင်းနှင့် ပတ် သက်၍ KIAတို့အနေနှင့် တပ်သားသစ်များ အတင်းအကြပ်ဖမ်းဆီး၍
KIA တပ်ထဲဝင်ခိုင်းသည်ဟူသည့် စွပ်စွဲချက်များရှိ သည်။ အမှန်လည်း မဝင်မနေရ စစ်မှုထမ်းစနစ်ကို KIA တို့ကျင့်သုံးခဲ့ကြသည်။ အစောပိုင်းကာလတွင်
ကချင်ပညာတတ်များ ဖမ်းဆီးခေါ်ဆောင်၍ KIA တွင် အမှုထမ်းခိုင်းသည်လည်းရှိသည်။ အံ့သြစရာ
ကောင်းသည်ကတော့ ထိုသူအများစုသည် ထွက်ပြေးခြင်းမပြုဘဲ KIA တွင် တာဝန်ထမ်းဆောင် သွားသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ KIA
အတွက်တော့ အငြင်းပွါးစရာအချက်ဖြစ်ခဲ့သည်။
ဤသို့KIA တွင်းသို့ ကချင်လူငယ်အများအ ပြားဝင်ရောက်လာသည့်အတွက် KIA အတွက်
အလိုအလျောက်ရလာသည့် အားသာချက်မှာ
ကချင်လူထုက KIA အားမိမိဆွေမျိုးသားချင်းများ
၏တပ်အဖြစ် အကာအကွယ်ပေးလာခြင်းဖြစ်ပေ
သည်။ KIA တပ်အတွင်းသို့ရောက်ရှိနေသည့် KIA စသ်သည်များမှာ သူတို့၏ သားသမီးများ
ညီနောင်များ သားချင်းများ ဖြစ်နေကြသည်မဟုတ်
ပါလော။
CPB နှင့် KIA ပူးတွဲလှုပ်ရှားစဉ်ကာလက
နမ့်ခမ်း မူစယ် နန့်ဖတ်ကာကြား ဂွင်ထဲရှိ တောင်
ပေါ်ကချင်ရွာတစ်ရွာသို့ အင်အား ၇၀ ခန့်ရှိ ဗကပ
တပ်ခွဲ ၁ ခွဲ ဝင်ရောက်လာခဲ့သည်။ ရွာအတွင်း တပ်ဖြန့်နေရာယူပြီးနောက် ရွာစောင့်ကိုခေါ်ရ သည်။ ၎င်းနယ်မြေသည် KIA စိုးမိုးဒေသဖြစ်၍
KIA နယ်မြေတာဝန်ခံကို ဆက်သွယ်ပေးရန် အ
ကြောင်းကြားရသည်။ ရိက္ခာကိစ္စ လမ်းကြောင်း
ကိစ္စ များကိုအကြောင်းကြားရမည်။အစိုးရတပ် လှုပ်ရှားမှုသတင်းများကို ညှိနှိုင်းရမည်ဖြစ်သည်။
KIA စခန်းတွေက တောပုန်းစခန်းတွေမို့ ရွာနှင့်
အတော်လှမ်းပုံရသည်။ တော်တော်နှင့်ပေါ်မလာ။
အိမ်ခြေ သုံးဆယ်ခန့်ရှိသော ရွာကလေးသည် တိတ်ဆိတ်နေသည်။ ရွာအတွင်းတွင် လူသူလှုပ်ရှားမှုမတွေ့ရ။ နေ့လည်ခင်းမို့ တောင်ယာအတွင်း
အလုပ်ဆင်းနေပုံရသည်ဟု ယူဆရသည်။
အတန်ကြာမှ KIA နယ်ခံဒိုင်နယ်မှူးနှင့်တပ်စိတ်
တစ်စိတ်ဝင်လာသည်။ ထိုသို့ KUA တပ်စိတ် ရွာ
ထဲဝင်လာမှ တရွာလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်သည်
ကို တွေ့ရသည်။
အိမ်တိုင်းလိုလိုမှ ကချင်လုံမပျိုလေးများ ထွက်လာ
ကြသည်။ ရေထည့်ထားသော ဝါးကျည်တောက် များဖြင့် KIA စစ်သည်များအား ရေထွက်တိုက်ကြ သည်။ထိုအခါ တရွာလုံးတိတ်ဆိတ်နေ၍ ပျင်းရိငြီိး ငွေ့နေသော CPB ရဲဘော်များပြူးပြူးပြာပြာထ၍ ကချင် လုံမငယ်များကို ထ၍ ငေးမောကြရသည်။
သူတို့ဝင်လာစဉ် တဦးတလေမှ အရိပ်အယောင်
တောင်မမြင်ရပေမဲ့ ယခု KIA စစ်သည်များ ဝင်
လာမှ အခြေအနေကပြောင်းသွားသည်။သူမတို့
အတွက် KIA စစ်သည်များသည် သူမတို့၏ သွေး ချင်းများဖြစ်နေသည်မဟုတ်ပါလော။
ဤသည်မှာ နယ်မြေအပြားတွင် KIA စစ်သည်
များ တပ်ဖြန့်နေနိုင်သည့် အားသာချက်ဖြစ်သည်။
KIA အနေနှင့် တပ်မဟာ တပ်ရင်းများဖွဲ့စည်းထား
သည်ဆိုသော်လည်း ပုံမှန်အားဖြင့် အများဆုံး အ
ချိန်များတွင် တပ်စိတ်အထိ တပ်ဖြန့်ခွဲထားလေ့ရှိ
သည်။ ဤသို့တပ်ဖြန့်ခွဲထားခြင်း၏အားသာချက်
မှာ ကျယ်ပြန့်သောမြေအားစိုးမိုးနိုင်ခြင်း အစိုးရ
စစ်တပ်၏သတင်းအား အလွယ်တကူရနိုင်ခြင်း
လူနည်း၍ ရိက္ခာပြသနာကို အလွယ်တကူဖြေရှင်း
နိုင်ခြင်း လူအင်အားအနဲငယ်ဖြင့် ပြောက်ကျား
တိုက်ခိုက်ခြင်း ပစ်ပြေးခြင်းကို ပေါ့ပါးသွက်လက်
စွာလုပ်နိုင်ခြင်းတို့ဖြစ်သည်။ ဤအချက်သည် ခဲ
ယမ်းမီးကျောက်နဲပါးသည့် ပြသနာကိုလည်းဖြေ
ရှင်းပြီးဖြစ်သည်။ စစ်သည်တစ်ယောက်ကို ကျည်
ဆယ်တောင့်လောက်သုံးပြီး နှောက်ယှက်ပစ်ခတ်
ခြင်း အမှည့်ချွေခြင်းမျိုးပြုလုပ်နိုင်ပေသည်။
KIA တို့အနေနှင့် တိုက်ပွဲတခုဖေါ်မှ စစ်ဆင်ရေး တစ်ခုလုပ်မှသာ အင်အားစုစည်းလေ့ရှိသည်။
KIA တို့၏အစောပိုင်းကာလများသည် ခဲယမ်းမီး ကျောက်ချွေတာရသည်ဖြစ်ရာ တပ်စုစည်း၍ တိုက်ပွဲ ကြီးများတိုက်သည်ထက် ဖြန့်ခွဲ၍ ပြောက်ကျားစ
နစ်လှုပ်ရှားသည်က ပိုများသည်ဟုဆိုရမည်။တော
တောင်ထူထပ်သည့် နေရာများတွင်တိုက်ပွဲကြီး တခု ဆင်နွှဲလိုသည့် သူပုန်လက်နက်ကိုင်တပ်ဖွဲ့ များအဖို့ ခဲယမ်းမီးကျောက်စုဆောင်းရန်သာမက
ုစုစည်းသည့်အင်အားပေါ်မူတည်၍ ရိက္ခာစုဆောင်း
ရန်လည်းလိုအပ်ပေသည်။ တခါတရံ ရိက္ခာပေါ်မူ တည်၍ အင်အားကိုစုစည်းရသည်များလည်းရှိ ပေသည်။
သို့ဖြစ်ရာ KIA ၏အစောပိုင်းကာလများသည်
တပ်အင်အားစုစည်းတိုက်ခိုက်ခြင်းအတွက်အကန့်အသတ် ရှိနေရာ တိုက်ပွဲကြီးတိုက်နိုင်ခြင်း ထိုမှ
တဆင့်နယ်မြေဒေသများကို လွတ်မြောက်ဒေသ
အဖြစ်ထိမ်းချုပ်ခြင်းတို့ကို လုပ်ဆောင်ရာတွင် အား
နည်းချက်ရှိသည်ဟုဆိုရမည်။ KIA လှုပ်ရှားစိုး
မိုးရာဒေသအများစုသည် အစိုးရတပ်ရော KIA ပါ
ရောထွေးယှက်တင်လှုပ်ရှားသည့် ပြောက်ကျား
ဒေသကပိုများသည်ဟုဆိုရပေမည်။ ဤသို့ အားနဲ
ချက် အားသာချက်များကြားတွင် KIA တို့ရုန်းကန် ဖြတ်သန်းလာရသည်ဟုဆိုရမည်။
KIA အနေနှင့် တပ်အင်အားစုပြီး တိုက်ပွဲကြီး များ တိုက်ကာ အခြေခံဒေသများမတည်ဆောက်
နိုင်ခဲ့သော်လည်း နယ်မြေအခြေအနေ တော တောင် ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးညံ့ဖျင်း
သည့်အပေါ်အခြေခံ၍ သူတို၏အခြေခံဒေသများ
တည်ဆောက်နိုင်ခဲ့သည်ဟုဆိုရမည်။ သူတို့တည် ဆောက်ပုံမှာ တောတောင်ထူထပ်၍ လမ်းပမ်း
ဆက်သွယ်ရေးခက်ခဲသည့်နေရာများတွင် ရွာပုန်း များ တည်ဆောက်စည်းရုံးထားခြင်းဖြစ်သည်။
အစိုးရတပ်များကလည်း တောင်ပေါ်ရှိ ကချင်ရွာ
များအား သူတို့လက်လှမ်းမှီသည့် နေရာများတွင်
စုစည်းရွာများအဖြစ်စုစည်းကာ KIA နှင့် အဆက် ဖြတ်ရန် ကြိုးစာူလာသည့်အချိန်တွင် KIA က လည်း အစိုးရစစ်တပ်များ လက်လှမ်းမမှီသည့်
တောင်တန်းများပေါ်တွင် သူတို့၏ အခြေခံရွာများ
ကိုတည်ဆောက်ခဲ့သည်။
KIA ၏ ဤသို့ဆောင်ရွက်ခြင်းသည် မြစ်ဆုံအ
ပေါ်ပိုင်း မေခ မလိခ မြစ်ရိုးတလျောက် ဆွမ်ပရာ
ဘွမ်ဒေသများတွင် ထိရောက်သည်ဟု ဆိုနိုင်ပါ
သည်။ ၎င်းဒေသများသည် အစိုးရတပ်များလှုပ်
ရှားသွားလာရန်ခက်ခဲသည့်အားလျော်စွာ KIA
တို့၏ အစိုးရစစ်တပ်လက်လှမ်းမမှီသည့် ရွာပုန်း
များတည်ဆောက်ခြင်းသည် အလုပ်ဖြစ်ခဲ့သည်ဟု
ဆိုရပေမည်။

သို့သော် KIA တို့ အခက်ကြုံရသည့် ကာလ တခုရှိခဲ့သည်။ ၎င်းကာလမှာ အစိုးရစစ်တပ်၏ ထိုးစစ်ကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရယ်
ကြောင့်ဖြစ်သည်။ ၁၉၇၇ သို့မဟုတ် ၁၉၇၈ ကာ
လလောက်ကဖြစ်သည်။ မြစ်ဆုံအထက် မြစ်ဖျား
ဒေသတွင် ကြွက်ဘေးကျသည်။ ကြွက်ဘေးကျ
သည်ဆိုသည်မှာ နှစ်ပေါင်းများစွာအတွင်း တခါ
တရံမှမှ ကျတတ်သောကပ်ဘေးဖြစ်သည်။
ဒေသခံများ၏အဆိုအရ ဝါးများအသီး သီးကာ
ဝါးတောများသုန်းသည့်နှစ်တွင် ပေါ်တတ်သည်ဟုဆိုသည်။ နှစ်ပေါင်း ၄၀ မှ ၆၀ အတွင်းတကြိမ်ကျ
တတ်သည်ဟုဆိုသည်။ ထိုအချိန်တွင် အစာရေစာ
ငတ်ပြတ်နေသော အရေအတွက်ဖေါ်ပြခြင်းငှါ မစွမ်းနိုင်သော ကြွက်အုပ်ကြီးသည် လှိုင်းလုံးကြီး
လိုပေါ်ထွက်လာပြီး စားသောက်၍ ရသော တော
တောင်တွင်းအလေ့ကျပေါက်သောအပင်များ ဖြစ်
စေ လူတိ့စိုက်ထားသောအပင်များဖြစ်စေ အားလုံး
စားသောက်ကြပေတော့သည်။ လှိုင်းလုံးလို အ
မြောက်အများ တရစပ်ဝင်လာသော ကြွက်အုပ်ကြီး ကိုက်ဖြတ်စားသောက်သွားပြီးနောက် လူတို့
စားစရာ အသီးအနှံ ဘာမျှမကျန်သည်အထိ ဖြစ်
ခဲ့ရသည်ဟုဆိုပါသည်။
ထိုကာလက အဆိုပါကြွက်ဘေးသည် KIA
အခြေစိုက်ရာ မြစ်ဆုံအထက် မြစ်ဖျားဒေသတွင်
၎င်း ဗကပတို့အခြေစိုက်ရာ ဝ နယ်မြောက်ပိုင်း
တွင်၎င်း မရှေးမနှောင်းဖြစ်ခဲ့သည်။ဗကပတို့အဖို့
တရုတ်တို့၏ အကူအညီရသဖြင့် အဖတ်ဆယ်
နိုင်ခဲ့သော်လည်း KIA တို့အဖို့ ဒေသခံရွာပုန်းများ
မှ လူထု၏ အငတ်ဘေးကို ဖြေရှင်းရန် ခက်ခဲပေ ရာ ထိုဒေသရွာပုန်းများရှိ လူထုအား မြစ်ကြီးနား
ဘက်ဆီသို့ ဆင်းခွင့်ပေးခဲ့ရသည်ဟု ဆိုပါသည်။
သို့သော် အချို့ရွာများကိုတော့ ယခုတိုင်ထိမ်းသိမ်း
ထားနိုင်ပုံရသေးသည်ဟုဆိုပါသည်။
KIA ခေါင်းဆောင်ပိုင်းအပြောင်းအလဲ
၁၉၇၅ သြဂုတ်လတွင် KIA ဥက္ကဌ လထော်
ဇော်ဆိုင်း ဒုဥက္ကဌ လထော်ဇော်တူး နှင့် အတွင်း
ရေးမှူး ပုန်ရွှေဇော်ဆိုင်းတို့သည် ထိုင်းနိုင်ငံနယ်စပ်
ထန်ငေါ့တွင်ရှိနေစဉ် လက်အောက်အရာရှိတစ်ဦး
ဖြစ်သူ မရန်ဆိုင်းတူ နှင့်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်
မှုကို ခံလိုက်ရသည်။ လထော်ဇော်ဆိုင်း၏ ညီအ
ငယ် ဖြစ်သည့် KIA တပ်မဟာ ၄ မှူး လထော်
ဇော်ဒန်မှာလည်း CPB နှင့်တိုက်ပွဲတွင် ကျဆုံးခဲ့
ပေရာ လထော်ဇော်ဆိုင်းတို့ ညီအကိုများ ကံဆိုး
မိုးမှောင်ကျခဲ့သောနှစ်ဟုဆိုရပေမည်။
ဤသို့ဖြင့် ၁၉၇၆ နှစ်ဆန်းတွင် မရန်ဘရန်ဆိုင်း
ဥက္ကဌအဖြစ်ဆောင်ရွက်သည့် KIO/KIC/KIA
ခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ပြန်
လည်ဖွဲ့စည်းသော ခေါင်းဆောင်ပိုင်းတွင် မရန်ဘ
ရန်ဆိုင်းနှင့်အတူ လယော်ဇောင်းဟရာ လမုန်တူး
ဂျိုင်နှင့် ဇော်မိုင်တို့ပါဝင်ကြသည်။ လယော်ဇောင်း
ဟရာက KIO အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး လမုန်
တူးဂျိုင်နှင့် ဗိုလ်ဇော်မိုင်တို့က တပ်ကိုတာဝန်ယူခဲ့
သည်။
မရန်ဘရန်ဆိုင်း ဥက္ကဌ ဖြစ်လာပြီးနောက် ပထမဦးဆုံးဖြေရှင်းသည့်ပြသနာမှာ CPB ခေါ်
ဗကပနှင့်ပြသနာဖြစ်သည်။ ပထမအချက်က CPB နှင့် အပစ်ခတ်ရပ်ရေးဖြစ်ပြီးဒုတိယအချက်က CPB နှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့ရေးဖြစ်သည်။တတိယ အချက်ကတော့ CPB မှ လက်နက်ခဲယမ်းအကူအညီရရှိရေးဖြစ်သည်။ဤအချက်များကို အလေးထား ကိုင်တွယ်ခဲ့သည့်အတွက် KIA အနေနှင့်စစ်မျက်နှာ ၂ ဖက်ဖွင့်တိုက်နေရာမှစစ်မျက်နှာတဖက်ထဲ ဖြစ်သွားသည်။ ထိုစဉ် အရှေ့မြောက်တွင်အင်အား အကောင်းဆုံးဖြစ်နေသည့် CPB နှင့် လက်တွဲ လိုက်၍ ကျောထောက်နောက်ခံတခုရသွား သည်။ ထို့ပြင် CPB ထံမှလက်နက်ခဲယမ်းရုပ်ဝတ္ထုအကူ အညီရခဲ့သည်။
တစ်ချက်ခုတ်သုံးချက်ပြတ်ဖြစ်သည်။ KIA တည်ထောင်လာခဲ့သူ ထိပ်ပိုင်းခေါင်းဆောင်များ
ကျဆုံးချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြပ်အ
တည်းများကိုကျော်လွှားခဲ့သည်ဟုဆိုနိုင်သည်။ခရစ်ယန်ဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသည့် မရန်ဘရန်ဆိုင်းသည် ကွန်မြူနစ် ဝါဒအားသက်ဝင် ယုံကြည်ရန်မဖြစ်နိုင်ပေ။ သို့သော် သူဦးဆောင်ရ မည့်အဖွဲ့အစည်းအတွက် အသက်ရှုချောင်မည့် သင့်တော်သည့်လမ်းကို ဆုံးဖြတ်ရွေးချယ်နိုင်ခဲ့ဲသည်ဟုဆိုရပေမည်။
ဤသို့ဖြင့် KIA စတင်တည်ထောင်သော ခေါင်း ဆောင်များ ကျဆုံးသွားသော်လည်း ဥက္ကဌဘရန်ဆိုင်း၏ ခေါင်းဆောင်မှုအောက်တွင် KIA သည်
တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်ရပ်တည်နိုင်ခဲ့
သည်ဟုဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
photo.credit Mungdanla Wawhkyung
်
်

Read more »

အပိုင်း ( ၃) ကချင်တိုင်းရင်းသားစစ်သည်များ ၏ ဘ၀ကောက်ကြောင်း


===========================
(ဤစာကို Faebook name - Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်)

KIA နှင့် CPB တို့၏ပဋိပက္ခ
*************************
၁၉၆၇ နှစ်အတွင်း တရုတ်ပြည်အတွင်းသို့ဝင်ရောက်သွားသော မရန်ဘရန်ဆိုင်းအနေနှင့် တရုတ်တို့နှင့်တိုက်ရိုက်ဆက်ဆံဆွေးနွေးရန် ရည်
ရွယ်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ စီစဉ်
ပေးမှုကြောင့် တရုတ်ပြည်တွင်းသို့ ရောက်ရှိနေ သော ဗမာပြည်ကွန်မြူနစ်ပါတီ CPB ဒုဥက္ကဌ
သခင်ဗသိန်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ ထို
အချိန်က ဗကပတို့အနေနှင့် အရှေ့မြောက်ဒေသ သို့ ဝင်ရောက်ရန်ပြင်ဆင်နေချိန်ဖြစ်ရာ KIA နှင့်
ဆွေးနွေးပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့ရန် သဘော
တူခဲ့ကြသည်။ထို့သဘောတူညီချက်ရပြီးနောက်
ဗကပတို့မှ KIA ကိုယ်စားလည်အဖွဲ့အား လက် နက်ငယ် ၈၀၀ ကျော်နှင့် ခဲယမ်းများအကူအညီ ပေးခဲ့ကြသည်။
သို့သော် မရန်ဘရန်ဆိုင်းသဘောတူလာခဲ့
သော ဗကပနှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့မှုအား
လထော်ဇော်တူးနှင့် KIA ခေါင်းဆောင်များက လက်မခံဘဲပယ်ချခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်
လည်း ၁၉၆၈ ခုနှစ် ဗကပ ဝင်ရောက်လာပြီး နောက် ရှမ်းမြောက်တွင် ဗကပနှင့်KIA တို့ကြား
လက်နက်ကိုင် ပဋိပက္ခများ ၈ နှစ်ခန့်ဖြစ်ပွါးလာခဲ့
တော့သည်။
၁၉၆၈ ခုနှစ် တွင်စတင်ခဲ့သော ဗကပ ၃၀၃
စစ်ဒေသနယ်မြေဖြစ်သည့် မူစယ်အရှေ့မြောက် ဖက်နယ်များဖြစ်သည့် မုန်းကိုး ဖေါင်းဆိုင် မုန်းပေါ်
မုန်းယား မုန်းဟောင် မုန်းစီး နမ့်ကျွမ်း ဒေသများ
သည်၎င်း ၂၀၂ စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ခမ်း
နှင့်မိုးမိတ်ကြားရှိ ရွှေလီချိုင့်ဝှမ်းဂွင်သည်၎င်း KIA
တို့စတင်အခြေစိုက် လှုပ်ရှားခဲ့သည့်ဒေသများဖြစ်
ခဲ့ရာ ဗကပနှင့် KIA တို့နယ်မြေစိုးမိုးထိမ်းချုပ်ရန်
အပြိုင်အားထုတ်ကြရင်း လက်နက်ကိုင်ပဋိပက္ခ များဖြစ်ပွါးတော့သည်။
၁၉၆၈ နှစ် ဗကပများဝင်ရောက်လာသည်နှင့်
KIA နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွါးခဲ့ရာ
၁၉၆၈ နိုဝင်ဘာလတွင် မုန်းယား၌ ဗကပတပ်မှူး
လဖိုင်နော်ဆိုင်းနှင့် KIA တပ်မဟာ ၄ မှူး လထော်
ဇော်ဒန် ( လထော်ဇော်ဆိုင်း၏ညီ ) တို့တွေ့ဆုံ ဆွေးနွေးပြီး အပစ်ရပ်ရန်သဘောတူခဲ့ကြသည်။
သို့သော် ၁၉၆၉ တွင် လက်နက်ကိုင်ပဋိပက္ခ များပြန်လည် ဖြစ်ပွါးခဲ့ပြန်သည်။ ၁၉၇၁ နိုဝင်ဘာတွင် KIA အထူးကိုယ်စားလည် လမုန်တူးဂျိုင်နှင့်
ဗကပတပ်မှူးကြီး လဖိုင်နော်ဆိုင်းတို့ မုန်းပေါ်တွင်
ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးပြီး အပစ်ရပ်ရန်
ပြန်လည်သဘောတူခဲ့ကြပြန်သည်။ သို့သော် ထို
အပစ်ရပ်သဘောတူညီချက်သည်လည်း သိပ်ကြာ
ကြာမခံခဲ့ပေ။ ၁၉၇၂ နှစ်ဆန်းပိုင်းတွင် ပြန်လည်၍ လက်နက်ကိုင်ပဋိပက္ခပြန်လည်ဖြစ်ပွါးခဲ့ပြန်ပါသည်။
ဤသို့ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်
တပ် ဗကပနှင့် KIA တို့ စစ်မျက်နှာ ၂ ဖက်စီဖွင့်၍
၃ ဦး ၃ ဖလှယ်တိုက်ခိုက်နေရတော့သည်။ ဤသို့
ဗကပနှင့် KIA တို့အပြင်းအထန်တိုက်ခိုက်လာချိန်
၁၉၇၂ နှစ်တွင် အစိုးရမှ KIA နှင့်အဆက်အသွယ် ပြု၍ ဗကပအားတိုက်ခိုက်ရန် KIAတပ်ဖွဲ့အား ကူညီမှုများပေးခဲ့သည်။ ၁၉၇၂ ဇွန်လမှစ၍ အစိုးရနှင့် KIA တို့ အဆက်အသွယ်ပြုကာ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်လာကြ သည်။
သို့သော် ၁၉၇၂ အောက်တိုဘာ လကုန်ပိုင်း
တွင် ထိုင်းနိုင်ငံနယ်စပ်မှ လက်နက်ခဲယမ်းမီး ကျောက်များသယ်လာသည့် KIA ရင်း ၈ တပ်ရင်း
မှူး ဗိုလ်ကြီးမထုနော် ( ယခု KDA ကောင်းခါး ပသစ ခေါင်းဆောင် ) ဦးစီး အင်အား ၃၀၀ လား မြင်း အကောင် ၂၅၀ ခန့်ပါသည့် စစ်ကြောင်းအား
တန့်ယန်းမြို့နယ်အတွင်း အစိုးရစစ်တပ်မှ ခြေလျင်
တပ်အပြင် လေကြောင်းပါအသုံးပြု၍ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ KIA စစ်ကြောင်းများစွာအထိနာ
ခဲ့ရပြီး အစိုးရနှင့် KIA တို့၏ဆက်ဆံရေး ပြတ်
တောက်သွားခဲ့တော့သည်။
သို့သော်လည်း ဗကပနှင့် KIA တို့၏တိုက်ပွဲများ
လည်းရပ်မသွားချေ။ ပို၍ပင်ပြင်းထန်လာသည်ဟု
ဆိုရမည်။ ၁၉၇၅ မတ်လတွင် KIA တပ်မဟာ ၎
မှူး လထော်ဇော်ဒန်သည် ရွှေလီချိုင့်ဝှမ်းဂွင် နန့်
ဟိုင်းဒေသ၌ ဗကပနင့် ဖြစ်ပွါးသော တိုက်ပွဲတွင်ကျဆုံးခဲ့သည်။
၁၉၇၆ KIO/KIA အတွင်း ခေါင်းဆောင်ပိုင်း
အပြောင်းအလဲဖြစ်ပြီးနောက် KIA နှင့် CPB တို့အ
ပစ်ရပ်ရေး မဟာမိတ်တပ်ပေါင်းစုဖွဲ့ရေးတို့ ပြန်
လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၇၆ မေလခန့်
၌ မုန်းကိုးဒေသ ကောင်းဒပ်တွင် ပြုလုပ်သော
ဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့သည်။ ဤအ
ကြိမ်ဆွေးနွေးပွဲတွင် နှစ်ဖက်နယ်မြေစိုးမိုးမှုနှင့်
ပတ်သက်၍ တိကျသော သတ်မှတ်ပိုင်းခြားမှုများ
ပြုလုပ်ခဲ့သည်။ အလဲအလှယ်များလည်းပြုလုပ်ခဲ့
သည်။ ဥပမာ မိုးမိတ်အထက်ဖက် တုန်းကြီး လွယ်ရဒေသအား KIA က CPB အားပေးပြီး တာမိုးညဲအနီးရှိ မုန်းပေါ်လေး တဝိုက်အား CPBမှ KIA နယ်အဖြစ်အသိအမှတ်ပြုခဲ့သည်။
KIA နှင့် CPB တို့၏လက်နက်ကိုင်ပဋိပက္ခမှာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်သည်။
ကချင်ပြည်နယ်တွင် ချီဗွေ ဆော့လော် ဆဒုံဘက်
ခြမ်းတွင် ဆက်စပ်မှုရှိသော်လည်း ပြသနာသိပ်မ ကြီးခဲ့ပေ။ အသစ်တက်လာသော KIO ဥက္ကဌ မရန်ဘရန်ဆိုင်းသည် ကွန်မြူနစ်ဝါဒကို မနှစ်သက်
သော်လည်း KIA အတွက် လက်တွေ့ကျသော လမ်းကို ရွေးခဲ့သည်ဟုဆိုရမည်။ KIA နှင့် CPB
သဘောတူညီချက်အရ CPB မှ KIA အားနိုင်ငံရေး စစ်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်း အပြင် လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ံကူညီခြင်းလည်းပါသည်။ သို့ဖြစ်ရာ KIA ၏ လက်နက်ခဲယမ်းပြသနာဖြေရှင်းရန် လွယ်ကူသွား သည်ဟု ဆိုရမည်။
ဤအကြိမ် KIA နှင့် CPB တို့၏ သဘောတူ
ညီချက်သည် ခိုင်မြဲသွားသည်။ ၁၉၇၆ မှ ၁၉၈၉
CPB ပြိုကွဲသည့် အချိန်ထိ KIA နှင့် CPB တို့ကြား
တွင် လက်နက်ကိုင်ပဋိပက္ခမရှိတော့ဘဲ KIA နှင့်
CPB တို့ပူးပေါင်း၍ အစိုးရစစ်တပ်အား တိုက်ခိုက် သည်သာ ရှိတော့သည်။
KIO/KIC/KIA
အများကတော့ အလွယ်တကူ KIA ဟုသုံးစွဲ
ကြသော်လည်း ကချင်တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့တွင် အဖွဲ့စည်း ၃ ခုခွဲ၍ ဖွဲ့ထားသည်။ KIOှ
Kachin Independence Organizatjon ကချင်
လွတ်လပ်ရေးအဖွဲ့ က နိုင်ငံရေးပါတီအဖြစ်၎င်း KIC Kachin Independence Council ကချင်
လွတ်လပ်ရေးကောင်စီက အုပ်ချုပ်ရေးအဖွဲ့အဖြစ်၎င်း
KIA Kachin Independence Army ကချင်
လွတ်လပ်ရေးတပ်မတော်ကစစ်တပ်အဖြစ်၎င်းခွဲခြား
ဖွဲ့စည်းထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် လှုပ်ရှားစည်းရုံးခဲ့သော KIA အနေနှင့် သူတို့
၏ နယ်မြေ စစ်တပ်လှုပ်ရှားမှုကို ၁၉၇၂ ခန့်တွင်
အခြေခံအားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုရမည်။
ကချင်ပြည်နယ် မြစ်ဆုံအထက်ဖက်အား မြောက်
ပိုင်းတိုင်းအဖြစ်၎င်း မြစ်ကြီးနားအောက်ဖက် ဧရာ
ဝတီမြစ်အနောက်ခြမ်းအား အနောက်ပိုင်းတိုင်းဟူ
၍၎င်း ဧရာဝတီမြစ်အရှေ့ဖက်ကမ်းအား အရှေ့ပိုင်း
တိုင်းဟူ၍၎င်း ရှမ်းပြည်မြောက်ပိုင်း ယခင် ကချင်
ပြည်ခွဲ Substate သတ်မှတ်ခဲ့သည့်ဒေသအား
တောင်ပိုင်းတိုင်းအဖြစ်၎င်း သတ်မှတ်ခဲ့သည်။
မြောင်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၁
အနောက်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၂
အရှေ့ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၃ တောင်
ပိုင်တိုင်းနယ်မြေတွင် တပ်မဟာ ၄ ဟူ၍ တိုင်းတစ်
ခုတွင် တပ်မဟာတစ်ခုဖွဲ့စည်းလိုက်သည်။
မြောက်ပိုင်းတိုင်းနယ်မြေတွင် အုပ်ချုပ်ရေး
အရ ပူတာအိုခရိုင်အပါ ခရိုင် ၃ ခု ဖွဲ့စည်းပြီး တပ်မဟာ ၁ အောက်တွင် ရင်း ၄/၇/၁၀ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။
အနောက်ပိုင်းတိုင်းနယ်မြေတွင် မြစ်ကြီးနား
ခရိုင် မိုးညှင်းခရိုင်အပါ ခရိုင် ၃ ခုဖွဲ့စည်းပြီး တပ်
မဟာ ၂ လက်အောက်တွင် တပ်ရင်း ၅/၆/၁၁ ဟူ
၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။
အရှေ့ပိုင်းတိုင်းနယ်မြေတွင် ဗန်းမော်ခရိုင်နှင့်
ဆဒုံးခရိုင်ဟူ၍ ခရိုင် ၂ ခုဖွဲ့စည်းသည်။ တပ်မဟာ
၃ လက်အောက်တွင် ရင်း ၁/၃ ဟူ၍ တပ်ရင်း ၂ ရင်း ထားရှိသည်။
တောင်ပိုင်းတိုင်းနယ်မြေတွင် ကွတ်ခိုင်ခရိုင်
လားရှိုးခရိုင် ကိုးတောင်ခရိုင်
ဟူ၍ ခရိုင် ၃ ခုဖွဲ့စည်းသည်။ တပ်ဟာ ၄ အောက် တွင် ရင်း ၂/၈/၉ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်း သည်။
KIA တို့ဖွဲ့စည်းထားပုံအရ တိုင်းတစ်ခုတွင် တပ်မဟာတစ်ခု ခရိုင်တစ်ခုတွင် တပ်ရင်းတစ်ရင်း
မြို့နယ် တစ်ခုတွင် တပ်ခွဲတစ်ခွဲ ဟူ၍ ထပ်မံဖြန့်ခွဲ
ထားရှိသည်ကို တွေ့ရသည်။ ဥပမာဆိုရလျင် KIA
အရှေ့ပိုင်းတိုင်း နှင့် တပ်မဟာ ၃ ဌနခတို့ တွဲ၍ ရှိပြီး ဆဒုံးခရိုင်တွင် ရင်း ၃ ဗန်းမော်ခရိုင်တွင် ရင်း
၁ တို့ဖြန့်ခွဲပြီး မြို့နယ်အလိုက် တပ်ခွဲများထပ်မံဖြန့်
ခွဲသည်။ ပုံမှန်အား ဒေသတွင် တပ်များဖြန့်ခွဲ၍
ပြောက်ကျားစစ်ဆင်လေ့ရှိသည်။ စစ်ဆင်ရေး
အကြီးပြုလုပ်ရန်လိုအပ်မှ တပ်များကိုစုစည်းလေ့ရှိ
သည်။
၁၉၇၂ ဖွဲ့စည်းမှုအရ KIO/KIA ၏
ဥက္ကဌ လထော်ဇော်ဆိုင်း
ဒုဥက္ကဌ လထော်ဇော်တူး
အတွင်းရေးမှူး ပုန်ရွှေဇော်ဆိုင်း
တွဲဘက်အတွင်းရေးမှူး လမုန်တူးဂျိုင်
ဗဟိုကော်မတီဝင်များအဖြစ် လားမားလရိန်
မရန်ဘရန်ဆိုင်း လထော်ဇော်ဒန် မရန်ဘရန်တောင် ဇော်မိုင် ဇော်ဖန် ဇော်ဘွန် ဇော်အိမ်
ခွန်ချို တို့ဖြစ်ကြသည်။
မြောက်ပိုင်းတိုင်းတိုင်းမှူး ထွယ်ရှောင်
တပ်မဟာ ၁ မှူး တူးဂျိုင်
အနောက်ပိုင်းတိုင်းမှူး လားမားလရိန်
တပ်မဟာ ၂ မှူး ဇော်တူး
အရှေ့ပိုင်းတိုင်းမှူး ခွန်ချို
တပ်မဟာ ၃ မှူး ဇော်မိုင်
တောင်ပိုင်းတိုင်းမှူး ဇော်ဖန်
တပ်မဟာ ၄ မှူး ဇော်ဒန်
တို့တာဝန်ယူခဲ့ကြသည်ဟုဆိုသည်။
၁၉၆၁ မှစတင်ဖွဲ့စည်းခဲ့သော KIO/KIA တို့
အနေနှင့် ၁၀ နှစ်ခန့် ရုန်းကန်လှုပ်ရှားပြီးချိန်တွင်
အခြေခံကျသည့် ဖွဲ့စည်းမှု တပ်ဖြန့်မှုကို လုပ်ဆောင် နိုင်ခဲ့သည်ဟုဆိုသည်။
ဆက်လက်ဖေါ်ပြပါမည်

Read more »

အပိုင်း (၂) ကချင်တိုင်းရင်းသားလက်နက်ကိုင် စစ်သည်များ ၏ ဘ၀ကောက်ကြောင်း


==========================
( ဤစာကို Facebook name - Mg Mg Soe ဆောင်းပါးမှ ကူးယူဖော်ပြသည်။)

တကျော့ပြန်ဗိုလ်နော်ဆိုင်းနှင့်ကချင်စစ်သည်များ
*********************************** ၁၉၆၆တရုတ်ယဉ်ကျေးမှုတော်လှန်ရေးနှင့်အူ တရုတ်တို့သည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒကို
ကြွေးကြော်၍ နိုင်ငံတကာတော်လှန်ရေးများကို
ကူညီထောက်ပံ့အားပေးခဲ့သည်။ ထိုစဉ်ပဲခူးရိုးမကိုအခြေစိုက်သော ဗမာပြည်ကွန်မြူနစ်ပါတီဗဟို
သည် တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အ
သွယ်ပြုလုပ်ခဲ့ပြီး ဗကပဗဟိုမှ ဒုဥက္ကဌ သခင်ဗ သိန်းတင် ဦးစီး ဗဟိုကိုယ်စားလည်အဖွဲ့နှင့်တရုတ် ပြည်တွင် သင်တန်းတက်မည့် ဗကပ အဆင့်မြင့်ကေဒါများ သူတို့အား လုံခြုံရေးလိုက်ပို့သော ကင်းတပ်ဖွဲ့ဝင်များသည် ၁၉၅၀ မှ ၁၉၅၃ ကြားတွင် တသုတ်ပြီးတသုတ် တရုတ်ပြည်သို့ရောက်ရှိလာ
ခဲ့ကြသည်။
တရုတ်ပြည်သို့ရောက်ရှိလာသူများအနက်
ဗဟိုကိုယ်စားလည်အဖွဲ့ခေါင်းဆောင် သခင်ဗသိန်းတင်အား ဘေကျင်း၌ ထားရှိပြီးကျန်သင်တန်း တက်မည့်သူများ တရုတ်ပြည် စစ်ချွမ်းပြည်နယ် ၌ ထားရှိ လေ့ကျင့်သင်တန်းပေးထားခဲ့သည်။၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ဗိုလ်ဇေယျ ရဲဘော်အောင်ကြီး အပါ ဗကပ ပါတီကေဒါအချို့ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဒုဥက္ကဌ သခင်ဗသိန်းတင်နှင့်အင်အားအချို့မှာ တရုတါပြည်တွင်ကျန်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်
ရေးအပြီး အရှေ့မြောက်ပိုင်း၌ ဗကပတို့၏ အခြေခံ
စခန်းတခုအား တရုတ်၏အားပေးကူညီမှုဖြင့် ဖေါ်
ဆောင်ရန်အကြောင်းဖန်လာတော့သည်။ ထို့အ
တွက် ဗကပတို့သည် တရုတ်ပြည်ကွန်မြူ
နစ်ပါတီ၏ ဆက်သွယ်အောင်သွယ်ပေးမှုနှင့် ကွေ့
ကျိုးပြည်နယ်တွင် ရှိနေသော ဗိုလ်နော်ဆိုင်းတို့
အဖွဲ့နှင် ဆွေးနွေး စည်းရုံးပူးပေါင်းလိုက်ကြသည်။
ဤသို့ဖြင့် ၁၉၆၈ မှ စတင်လိုက်သော ဗကပ အ ရှေ့မြောက် ၁၀၁ စစ်ဒေသ ပန်ဝါ ၂၀၂ စစ်ဒေသ
ရွှေလီချိုင့်ဝှမ်းဂွင် ၃၀၃ စစ်ဒေသ မုန်းကိုး ဖေါင်း
ဆိုင် မုန်းပေါ် ကြူကုတ်ဒေသ ၄၀၄ စစ်ဒေသ
ကိုးကန့်ဒေသတို့တွင် ဗကပ နှင့်ပူးပေါင်း၍ ဗိုလ်နော်ဆိုင်းနှင့်သူ၏ကချင်စစ်သည်များ ပါဝင်၍ တကြော့ပြန်တိုက်ခိုက်ခဲ့ကြပြန်တော့သည်။ ဤတခေါက်ပြန်ထွက်လာသောအခါ
ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည် ၃၀၀ ကျော်
သာပြန်လာခဲ့သည်ဟုဆိုသည်။အချို့ကား အ ကြောင်းအမျိုးမျိုးကြောင့်ပါမလာနိုင်တော့ပေ။
ဗိုလ်နော်ဆိုင်းသည် ၃၀၃ စစ်ဒေသတပ်မှူးအ
ဖြစ်ဦးစွာဆောင်ရွက်ခဲ့သည်။ ၁၉၇၀ နောက်ပိုင်း
ဝ နယ်သို့ တိုးချဲ့ဝင်ရောက်ပြီးနောက် ၃၀၃စစ်ဒေ
သ ၄၀၄ စစ်ဒေသနှင့် ဝ နယ်တို့အားပေါင်းပြီး
အရှေ့မြောက်စစ်ဒေသဟု ဖွဲ့စည်းလိုက်သောအခါ
အရှေ့မြောက်စစ်ဒေသတပ်မှူးအဖြစ်ဆောင်ရွက်
ခဲ့သည်။ ငယ်စဉ်ကထဲ အမဲလိုက်ဝါသနာထုံပြီး
သေနတ်လက်ဖြောင့်သော ဗိုလ်နော်ဆိုင်းသည်
၁၉၇၂ ဖေဖဝါရီလအတွင်း ဝ နယ်တောင်တန်း တနေရာ၌ အမဲလိုက်ရင်း လျှိုထဲပြုတ်ကျပြီးကွယ်
လွန်ခဲ့သည်ဟု ဆိုပါသည်။
ဗိုလ်နော်ဆိုင်းကွယ်လွန်သွားသော်လည်း သူ
၏ ကချင်စစ်သည်များကတော့ ဗကပ အရှေ့
မြောက်စစ်ဒေသတွင် တာဝန်ကြီးများဆက်လက်
ထမ်းဆောင်ခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်တွင် အသစ်ပြန်ဖွဲ့စည်းသော ဗကပ ဗဟိုကော်မတီတွင်
ဗိုလ်ဇော်မိုင်နှင့် ဗိုလ်ဖရန်ဂန်ဒီး တို့ပါဝင်ခဲ့ကြသည်
အရှေ့မြောက်စစ်ဒေသရှိ တပ်မဟာမှူး ခရိုင်မှူး
တာဝန်များကို အင်ဖန်းဂမ် ဇော်လီ စောထွန်းတင်
ရှဒန် ခမ်းမန် ခွန်နော် စသည့် ဗိုလ်နော်ဆိုင်း၏
ကချင်စစ်သည်များကတာဝန်ယူခဲ့ကြသည်။
အရှေ့မြောက်စစ်ဒေသတွင် မူလသန္ဓေအဖြစ်
စတင်ခဲ့သည့် ရဲဘော်ဟောင်းများအဖြစ် မူလကွန်
မြူနစ်ပါတီမှ ရဲဘော်များနှင့် ဗိုလ်နော်ဆိုင်အဖွဲ့မှ
ကချင်စစ်သည်များကိုသတ်မှတ်ကြသည်။ ၎င်းတို့
တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာ ပြည်နယ်များအား
အစွဲပြု၍ ကွန်မြူနစ်ပါတီမှ ရဲဘော်များအား စစ်ချွမ်း
ရဲဘော်ဟောင်း ဟူ၍၎င်း ဗိုလ်နော်ဆိုင်းအဖွဲ့မှရဲ
ဘော်များအား ကွေ့ကျိုးရဲဘော်ဟောင်းများဟူ၍၎င်း
ခေါ်ဆိုကြပါသည်။
၁၉၈၉ တိုင်းရင်းသားလက်နက်ကိုင်များ
ခွဲထွက်ကြပြီး ဗကပပြိုကွဲသည်။ မူလ ကွေ့ကျိုး
စစ်ချွမ်းပြည်နယ်များတွင် နေထိုင်ခဲ့ကြသော ရဲဘော်ဟောင်းများအား တရုတ်တို့မှ ပြန်လည်နေ
ထိုင်ခွင့်နှင့် ထောက်ပံ့မှုပေးသည်။ အလားတူပင်
ခွဲထွက်သော ကိုးကန့် ဝ မိုင်းလားဒေသမှခေါင်း
ဆောင်များက ဗိုလ်နော်ဆိုင်းတပ်ဖွဲ့မှ ကချင်စစ်
သည်များကို သူတို့၏ဒေသများတွင်နေထိုင်ခွင့် ပေးသကဲ့သို့ ထောက်ပံ့မှုလဲပေးခဲ့ကြသည်။တိုင်း
ရင်းသားအချင်းချင်း စာနာမှုကိုပြခဲ့ကြသည်။
အသက်ရွယ်ပြီးရင့်ပြီဖြစ်ကြသောဗိုလ်နော်ဆိုင်း
၏ ကချင်စစ်သည်များ အနားယူချိန်တန်ပြီဖြစ်ပေ
သည်။ သူတို့ ဘဝတလျောက် အောင်မြင်များစွာ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ကြသည်။ ဂျပန်ခေတ်
မှစ၍ ၁၉၈၉ ထိ တိုက်ရင်းခိုက်ရင်း ရပ်တည်ခဲ့ရ
သည့် ကချင်စစ်သည်များဟုဆိုရမည်။ ပထမဆုံး
အစိုးရအားပုန်ကန်သည့် ကချင်စစ်သည်များဟု
ဆိုရပေမည်။ ယခုအခါတရုတ်ပြည် ကွေ့ကျိုးပြည်
နယ်၌ ဗိုလ်နော်ဆိုင်း၏ကချင်စစ်သည် ကွေ့ကျိုး
ရဲဘော်ဟောင်း ၂၂ ယောက်အသက်ရှင်ကျန်သေး သည်ဟုဆိုပါသည်။ အသက်အရွယ်ကြီးမြင့်၍ သူတို၏ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေကြပေပြီ။
KIA သို့မဟုတ် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၁၉၆၁ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့တွင့် KIA ကို
စတင်ဖွဲ့စည်းသည်။မြန်မာအစိုးရကို ပုန်ကန်ရန် ဖွဲ့
စည်းလိုက်သော ကချင်တိုင်းရင်းသားလက်နက်
ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၎င်း KIA တပ်ဖွဲ့ကို စည်းရုံး
ဖွဲ့စည်းဦးဆောင်သူမှာ ဗိုလ်နော်ဆိုင်းအဖွဲ့မှ ကျန်
နေသူ လထော်ဇော်ဆိုင်းဖြစ်သည်။ လထော်ဇော်
ဆိုင်းသည် ဗိုလ်နော်ဆိုင်းနှင့်အတူ တရုတ်ပြည်ပါ
မသွားဘဲ သံတောင် ဘောဂလိနယ်တွင် KNDO အတူလှုပ်ရှား
နေခဲ့သည်။
ဗိုလ်ဇော်ဆိုင်းသည် ကချင်ပြည်နယ်၌ တော် လှန်ပုန်ကန်မှုများပြုလုပ်ရန် ၁၉၅၇ လောက်မှစ
တင်စည်းရုံး လှုပ်ရှားခဲ့သည်ဟုဆိုသည်။ ရန်ကုန်
တက္ကသိုလ်တွင် တက်ရောက်နေသော သူ၏ညီ လထော်ဇော်တူး နှင့်ကချင်ကျောင်းသားများကို
စည်းရုံးခြင်း အဖွဲ့ငယ်များဖွဲ့ခြင်းများပြုလုပ်ခဲ့သည်
ဟုဆိုသည်။၁၉၅၉ နောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်သို့သွားရောက်၍ စည်း
ရုံးခြင်း တော်လှန်ပုန်ကန်ရာတွင် အခြေစိုက်မည့်
ဒေသများအားလိုက်လံကြည့်ရှုခဲ့သည်ဟုဆိုသည်။
ဤသို့ဖြင့် ၁၉၆၀ အောက်တိုဘာတွင်ရှမ်းပြည် မြောက်ပိုင်း၌ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် KIO
Kachin Independence Organization ကချင်
လွတ်လပ်ရေးအဖွဲ့ ကို တည်ထောင်ခဲ့သည်။ထိုစဉ်
ဦးနုအစိုးရ၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ
အဖြစ်ကြေငြာခြင်း ဖီမော် ဂါလန် ကမ်ဖန် ဒေသ
အား နယ်နမိတ်သတ်မှတ်ရာတွင် တရုတ်ဖက်သို့
ထည့်သွင်းပေးရန် သဘောတူခြင်းများကို ၁၉၆၀
ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ရာ ခရစ်ယန်ဘာသာ
ဝင် ကချင်များအနေနှင့် ဘာသာရေးအရနှိပ်ကွပ်
ခံရမည်ကိုစိုးရိမ်းပူပန်ခြင်း နယ်နမိတ်ခွဲရာတွင်
အစဉ်အလာ ကချင်တို့ပိုင်သော နယ်မြေ ၃ ခုပါ
သွားခြင်းကြောင့် မကြေမချမ်းဖြစ်နေရာ ဗိုလ်ဇော်
ဆိုင်းတို့ စည်းရုံးဖွဲ့စည်းခြင်းများအတွက် တအား
ဖြစ်ခဲ့သည်ဟုဆိုရပေမည်။ ဤသို့ဖြင့် ကချင်သမတ
နိုင်ငံတော် ကချင်အစိုးရတရပ်ကို ထူထောင်နိုင်ရန်
ကချင်တပ်မတော်တရပ်ထူထောင်ရန် စိုင်းပြင်လာပေ
တော့သည်။
ဤသို့ဖြင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတခုဖြစ်သည့် KIA Kachin Indenpendence Army ကချင်လွတ်လပ်ရေးတပ်မ တော်ကို ၁၉၆၁ ဖေဖဝါရီ ၅ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ထိုသို့ဖွဲ့
စည်းရာတွင် လထော်ဇော်ဆိုင်းဦးစီး၍ ညီဖြစ်သူ
လထော်ဇော်တူး လားမားလရိန် လမုန်တူးဂျိုင်တို့
ပါဝင်ကြသည်ဟု ဆိုပါသည်။ အဆိုပါ KIA တပ်ဖွဲ့
စည်းရာတွင် ကူညီရန်အတွက် လထော်ဇော်ဆိုင်း
နှင့်အတူ KNU မှ ဗိုလ်မှူးလတ်လဲ ဆိုသူတစ်ဦး
လည်း လိုက်ပါလာသည်ဟုဆိုပါသည်။
KIA အဖွဲ့အစည်းစတင်ဖွဲ့စည်းသည်နှင့်ငွေကြေး
လိုအပ်သည်ဖြစ်ရာ ၁၉၆၁ မတ်လဆန်းတွင်
လားရှိုးငွေတိုက်အား လထော်ဇော်တူးနှင့် လားမားလရိန်တို့ ဦးဆောင်၍ ဝင်ရောက်စီနင်းတိုက်
ခိုက်ပြီး KIA ၏ ပုန်ကန်မှုကို စတင်လိုက်ကြသည်။
ထို့နောက် ကွတ်ခိုင်အနီးရှိ တောတောင်များ
တွင် စစ်သင်တန်းများဖွင့်လှစ်ခြင်း တပ်သားများ
စုဆောင်းခြင်းများပြုလုပ်ခဲ့ပြီး ၁၉၆၁ မတ်လတွင် လထော်ဇော်ဆိုင်းဦးစီး၍ စံပြတပ်မဟာဖွဲ့စည်းပြီး
ထိုတပ်မဟာအောက်၌်ကချင်ပြည်နယ် ဗန်းမော် မွန်ဘာပါတွင် KIA ရင်း ၁ အား၎င်း ရှမ်းပြည်မြောက်ပိုင်း မုန်စီး မုန်းထန် ဒေသတွင် လားမား လရိန်ဦးစီး ရင်း ၂ အား၎င်း ဖွဲ့စည်းခဲ့သည်။
ထို့နောက် တစတစ အင်အားများပြားလာပြီး
၁၉၆၃ တွင် တပ်မဟာ ၁ ခုနှင့် တပ်ရင်း ၆ ရင်း
အထိဖွဲ့စည်းနိုင်ခဲ့သည်ဟုဆိုသည်။ ၁၉၆၃ ငြိမ်း
ချမ်းရေးဆွေးနွေးပွဲကာလတွင် လထော်ဇော်ဆိုင်း၏ညီ
လထော်ဇော်ဒန်နှင့်အဖွဲ့ ဗန်းမော်မှတဆင့် မန္တ လေးသို့ သွားရောက်၍ မြန်မာစစ်ဖက်မှ တပ်မဟာ ၇ မှူးနှင့်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူ
ညီမှု မရခဲ့ပေ။
၁၉၆၄ ခုနှစ်တွင် လထော်ဇော်ဆိုင်းဦးစီးပြီး
မန်စီ မွန်ဘာပါတွင် တပ်မဟာ ၂ ကိုဖွဲ့စည်းသည်။
လက်အောက်ခံတပ်ရင်းများအဖြစ် ရင်း ၁/၂/၅
တို့ပါဝင်သည်ဟုဆိုသည်။ တချိန်တည်းတွင် လထော်ဇော်တူးဦးစီး၍ တပ်မဟာ ၁ ကို မဂျီဘွမ်
တွင်ဖွဲ့စည်းခဲ့ပြီး လက်အောက်ခံတပ်ရင်းအဖြစ်
ရင်း ၃/၄/၆ တို့ပါဝင်သည်ဟုဆိုသည်။ တဆက်
တည်းတွင် ပူတာအိုဒေသ၌ တပ်ရင်း ၇ အားဖွဲ့ စည်းခဲ့ကြသည်။တချိန်တည်းတွင် VDF Villages
Defence Force ခေါ်ကျေးရွာပြည်သူ့စစ်များကို
ဖွဲ့စည်းခဲ့ကြသည်ဟုဆိုသည်။
ဤသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး KIA တို့
တစထက်တစအားကောင်းလာရာ မြန်မာအစိုးရ
ပြင်းထန်သော ထိုးစစ်များကို 1964/65/66 အ တွင်း ပြုလုပ်ခဲ့ရာ KIA များကျဆုံးမှုရှိခဲ့သကဲ့သို့
အများအပြား ဖမ်းမိခြင်း လက်နက်ချခြင်းများရှိခဲ့
သည်ဟု အစိုးရသတင်းများမှဖေါ်ပြပါသည်
KIA အနေနှင့် လူသူစုဆောင်းရန်လွံယ်ကူသော်
လည်း လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရရှိ
ရန်ခက်ခဲနေပေသည်။ဤအချက်သည် မြန်မာစစ်
ဖက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပါက လက်
နက်ခဲယမ်းလိုအပ်ချက်ကြီးမားလာပေတော့သည်။
လပ်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရရှိနိုင်ရန်
လထော်ဇော်ဆိုင်းနှင့်အင်အားအချို့
သည် ၁၉၆၅ နှစ်ကုန်ပိုင်းတွင် ထိုင်းနယ်စပ်သို့
ထွက်ခွါခဲ့သည်။လထော်ဇော်ဆိုင်းနှင့်အတူ KIA
အင်အား ၃၀၀ ခန့် လားမြင်း ၁၀၀ ခန့်ပါသွားပြီး
၃ လခန့်အကြား ထိုင်းနိုင်ငံနယ်စပ် ထန်ငေါ့သို့
ရောက်ရှိပြီး စခန်းဖွင့်လှစ်ခဲ့သည်။ ယင်းစခန်းမှ
နိုင်ငံရပ်ခြားနှင့်ဆက်ဆံခြင်း လက်နက်ခဲယမ်းမီး
ကျောက်များ ဝယ်ယူစုဆောင်းပြီး ရှမ်းမြောက်နှင့်
ကချင်ပြည်နယ်သို့ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။
ဤသို့ဖြင့် KIA သည်ထိုင်းနယ်စပ်မှ လက်နက်ခဲ ယမ်းဝယ်ယူဖြည့်တင်းခြင်းကို စတင်လုပ်ဆောင်
နိုင်ခဲ့သည်ဟုဆိုရပါမည်။သို့သော်ထိုလမ်းကြောင်း
သည် ဝေးကွာ၍ ပင်ပမ်းသည့်ပြင် အန္တရယ်များ
သည့်လမ်းကြောင်းဖြစ်သည်။ ထိုင်းနယ်စပ်မှ ရှမ်း
မြောက်ရောက်သည်အထိ အစိုးရတပ်ပိတ်ဆို့မှု
များအပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်များ
ပါရှိရာ အဆင်ပြေသည့် အခေါက်များရှိသကဲ့သို့
အဆင်မပြေသည့်အခေါက်များလည်း ရှိခဲ့သည်ကို
တွေ့ရသည်။
အလားတူပင် KIO ၏ နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ယူထားသူ မရန်ဘရန်ဆိုင်း သည် ၁၉၆၆ တွင်အိန္ဒိယသို့၎င်း ၁၉၆၇ ဇူလိုင်တွင် တရုတ်ပြည်သို့၎င်း သွားရောက်၍အဆက်အသွယ် ရှာခြင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။ KIA တို့အဖို့ နိုင်ငံတကာနှင့်အဆက်အသွယ်ရရန် စတင်ကြိုးပမ်းသည့်ကာလလည်းဖြစ်သကဲ့သို့ စုစည်းမိလာသည့်အင်အားများကို လက်နက်ခဲ ယမ်းတပ်ဆင်ပေးနိုင်ရန် လမ်းကြောင်းရှာဖွေလုံး ပမ်းသည့်ကာလလည်းဖြစ်ပေသည်။
ဆက်လက်ဖေါ်ပြပါမည်

Read more »

ကချင်တိုင်းရင်းသားလက်နက်ကိုင် စစ်သည်များ ၏ ဘ၀ကောက်ကြောင်း (1)

အပိုင်း (၁)
ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ ၏ ဘ၀ကောက်ကြောင်း
=========================
( ဤစာကို Facebook name Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။)
နိဒါန်း
******
ဦးစွာ ပြောကြားလိုသည်မှာ မိမိ၏ဤစာ သမိုင်းမဟုတ်ပါ။သမိုင်းအထောက်အထား
အချက်အလက်များကို စုစည်းသုံးသပ်တင်ပြခြင်း
မျိုးလည်းမဟုတ်ပါ။ မိမိနှင့် မိမိမိတ်ဆွေများ ရဲဘော် ရဲဘက်များ ဖြတ်သန်းတွေ့ကြုံခဲ့ရ ထိတွေ့
ခဲ့ရသည်များကို လက်ဆင့်ကမ်းခြင်းမျှသာဖြစ်ပါ သည်။ ပြီးပြည့်စုံသော ပန်းချီကားတချပ်ကို ရေးဆွဲ
ခြင်းမျိုးမဟုတ်ဘဲ ကောက်ကြောင်းတခု ပုံကြမ်း
တခုကို ရေးခြစ်ပြခြင်းမျှသာဖြစ်ပါသည်။ သို့သော် လက်လှမ်းမှီသမျှကိုတော့ ထည့်သွင်းဖေါ်ပြရန် ကြိုး
စားခဲ့ပါသည်။
လွမ်းမောဘွယ်များ သင်ခန်းစာများ သတိရ ဘွယ်များ နာကျည်းဘွယ်များ စိတ်ပျက်ဘွယ်များ
အမှားများ အမှန်များ ကောက်ကျစ်စဉ်းလဲမှုများ
ရိုးသားဖြောင့်မတ်မှုများ အောင်ပွဲများ ရှုံးနိမ့်မှုများ စသည်များစွာဖြင့် ပြည့်နှက်နေသော ပုံရိပ်တခုဟု ဆိုရပေမည်။
ကချင်
ကချင်တိုင်းရင်းသားတို့သည် ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပျံ့နှံ့နေထိုင်ကြသည်
ထို့အတူပင် တရုတ်ပြည်နှင့် အိန္ဒိယပြည်တွင် လည်း ကချင်လူမျိုးများနေထိုင်ကြသည်ကို တွေ့ရ
သည်။ ကချင်ဝန်ပေါင် မျိုးနွယ်စုများထဲတွင် ဂျင်းဖေါ
လချိတ် ခေါ် လရှီ လော်ဝေါ် ခေါ် မရူ ဇိုင်ဝါး ခေါ် အဇီး လီဆူး ရဝမ် နှင့် ခနုံ တို့ပါဝင်ကြသည်။ ထို
၇ မျိုးထဲမှ ခနုံမှာ ယခုအခါ လူဦးရေအနဲဆုံးအဖြစ်
ရှိနေသည်ဟုဆိုသည်။ ရဝမ် နှင့် လီဆူး တို့မှာ
ကချင်မျိုးနွယ်စုထဲ ပါမပါ ယခုအခါ အငြင်းပွါးနေ
သည်ကိုတွေ့ရသည်။ သို့သော် ကချင်လူမျိုးအနေ
နှင့် မျိုးနွယ် ၇ ခုပါဝင်သည်ဟု အများကလက်ခံ
ထားကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင်စစ်သည်များ
အစောဆုံး ခေတ်သစ်စစ်သားများမှာ အင်္ဂ လိပ် အုပ်စိုးစဉ်က ဗြိတိသျှအစိုးရစစ်တပ်တွင် ဝင်ရောက်အမှုထမ်းခဲ့
သူများဖြစ်သည်ဟုဆိုရမည်။ သို့သော် အရေအ တွက်နည်းသေးပြီး အလုံးအရင်းနှင့် အမြောက် အများတော့မဟုတ်သေးဟုဆိုရမည်။တကယ်
တမ်းကချင်စစ်သည်အများအပြား ဝင်ရောက်အမှု ထမ်းခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကချင်ပြည်နယ်၌ မဟာမိတ်စစ်တပ်နှင့်အတူ ဂျပန်တို့ အား တိုက်ပွဲဝင်ခဲ့စဉ်ကဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်သို့ ဂျပန်
များဝင်ရောက်လာပြီးနောက် ကချင်ပြည်နယ်အ
တွင်းရှိ လီဒိုလမ်းမကြီးသည်၎င်း ဝင်းဂိတ်စစ်ဆင်
ရေးသည်၎င်း စစ်ပွဲတွင် အရေးပါခဲ့သည်။ထို့အတူ
ဒေသခံ ကချင်များသည်လည်း မဟာမိတ်တပ်၏
ကချင်ရိန်းဂျားစစ်သည်များအဖြစ် ထင်ပေါ်ခဲ့သည်။
ကချင်ရိန်းဂျားများသည် ဒေသခံများဖြစ်သည့် အား
လျော်စွာ နယ်မြေတောတောင်ဒေသကျွမ်းကျင်ခြင်း
ဒေသရာသီဥတုနှင့် သဟဇာတဖြစ်ခြင်း မြင့်မား
မတ်စောက်သော နက်ရှိုင်းသောတောတောင်များ အတွင်း ကျွမ်းကျင်စွာသွားလာနိုင်ခြင်းတို့အပြင် တူမီး ဒူးလေး တိုအားကိုင်ဆောင်၍ မိရိုးဖလာအမဲလိုက်လာသူများဖြစ်သည်အားလျော်
စွာ တောတောင်အတွင်း ခြေသံလုံလုံဖြင့် ရန်သူ့
အနားကို ချဉ်းကပ်နိုင်သည့် ပြောက်ကျားစစ်သည်
ကောင်းများဖြစ်လာခဲ့ပြီး မဟာမိတ်တပ်အတွက် အားထားရသည့်စစ်သည်များဖြစ်ခဲ့ကြသည်။
လက်လှမ်းမှီသမျှဆိုရင် ကချင်ပြည်နယ်အတွင်း
၌ ကချင်ရိန်းဂျားတပ်ရင်း ၅ ရင်း ရှမ်းပြည်နယ်
မြောက်ပိုင်းတွင် ကချင်ရိန်ဂျားတပ်ရင်း ၃ ရင်း
ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။
သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးအပြီး မဟာ
မိတ်တပ်မှ ပင်စင်ခံစားခွင့်ရသူ ကချင်ရိန်ဂျားစစ်
သည် များစွာရှိခဲ့သည်ဟု ကြားသိရသည်။ အချို့
ကတော့ လွတ်လပ်ရေးရပြီး မြန်မာအစိုးရစစ်တပ်
တွင် ဆက်လက်အမှုထမ်းကြသည်။ သို့ဖြစ်ရာ
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွင် စတင်အမှုထမ်းခဲ့ကြသော ကချင်ရိန်းဂျားစစ်သည်
များသည် အစောဆုံးခေတ်သစ် ကချင်စစ်သည်များဟုဆိုရပေမည်။
လွတ်လပ်ရေးရပြီးအစိုးရစစ်တပ်မှကချင်စစ်သည်များ

လွတ်လပ်ရေးရပြီး မြန်မာပြည်၏ ဖဆပလ ခေတ်အစိုးရစစ်တပ်တွင် တိုင်းရင်းသား သေနတ်
ကိုင်တပ်ရင်းများဖွဲ့စည်းခဲ့သည်။ ကရင်သနက များ
ကတော့ ၁၉၄၉ ကရင်ပုန်ကန်တွင် ပါသွားခဲ့သည်
ရှမ်း သနက ၁ ရင်း ကယားသနက ၂ ရင်း ကချင်
သနက ၄ ရင်း ချင်းသနက ၅ ရင်းကတော့ ၁၉၈၈ အရေးအခင်းအပြီး နအဖ ခေတ်ဦးအထိရှိခဲ့သည်။ မူလအစိုးရစစ်တပ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသား အလိုက်အခြေပြုသည့် တပ်များ ဂေါ်ရခါးများကို
အခြေပြုဖွဲ့စည်း၍ ဂေါ်ရခါးတပ်ရင်းဟု ခေါ်ဆိုသော
ခလရ ၄ စသည်တို့အား နောက်ပိုင်းတွင် ရောနှော
ဖွဲ့စည်းခဲ့ကြသည်။ နအဖခေတ်မှစ၍ တိုင်းရင်း
သားအမည်နှင့်တပ်များအား ခလရ/ခမရများအ
ဖြစ်အမည်ပြောင်းလဲခဲ့သည်။
ထိုသို့လွတ်လပ်ရေးရပြီး အစိုးရစစ်တပ်အ
တွင် မနဲလှသော ကချင်စစ်သည်များ ဝင်ရောက်
အမှုထမ်းခဲ့သည်ဟုဆိုရမည်။ မြန်မာစစ်တပ်အ စောပိုင်းဗိုလ်သင်တန်းကျောင်းအုပ်အဖြစ် ကချင်
လူမျိုး ဓိုလ်မှူးကြီးတစ်ဦးတာဝန်ယူခဲ့သည်။ ဗိုလ်
မှူးကြီးအယ်လ်ခွန်နောင်ဟုထင်ပါသည်။ မဆလ
ခေတ် ကချင်ပြည်နယ်ပါတီကောင်စီတွင်တာဝန်
ယူခဲ့သော ဦးဖေါ်ယူခါးသည်လည်း မြန်မာအစိုးရ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့ဘူး သူဖြစ်ပါသည်။အစိုးရစစ်တပ်တွင်ရာထူးတာဝန် အမြင့်ဆုံးယူခဲ့ဘူးသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူတာဝန်ယူခဲ့ဘူးသူ ဗိုလ်မှူးချုပ် L ကွန် ဖန်ဟုဆိုရပေမည်။
နအဖ ခေတ်ဦးတွင် ကချင်ထဲမှာ စစ်ဖက်အရာ
ရှိကြီး ဆို၍ ဗိုလ်မှူးကြီးလဗျပန်းအောင် တစ် ယောက်သာတွေ့ရပြီး သူလည်း ခဝတ ဥက္ကဌ အဖြစ်နယ်ဘက်သို့ရောက်သွားသည်ကိုတွေ့ရ
သည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရစစ်တပ်
တွင် စစ်မှုထမ်းခဲ့ကြသည့် ကချင်စစ်သည်များထဲမှ နောက်ဆုံးအသုတ်ဖြစ်ပုံရသည်။ ၁၉၆၁ ခုနှစ် KIA ပေါ်လာပြီးနောက်ပိုင်းအစိုးရစစ်တပ်တွင်၎င်း DSA တွင်၎င်း ဝင်ရောက်သည့် ကချင်စစ်သည်များ တစတစရော့နည်းသွားပြီး ယခုအခါ မရှိသလောက်ဖြစ်သွားပြီဟုဆိုရပေမည်။ မည်သို့
ဆိုစေ လွတ်လပ်ရေးရပြီးစ မြန်မာအစိုးရစစ်တပ်
ကချင်သနကတပ်ရင်းများနှင့်အတူ ကချင်စစ်သည်
များ စစ်မှုထမ်းခဲ့သည့်ကာလတခု ရှိခဲ့ဘူးပေသည်။
လဖိုင်နော်ဆိုင်းနှင့်ကချင်စစ်သည်များ
လဖိုင်နော်ဆိုင်းသည် ဒုတိယကမ္ဘာစစ်အ တွင်း ဂျပန်အားခုခံတိုက်ခဲ့သော ကချင်ရိန်ဂျား
စစ်သည်တစ်ဦးဖြစ်သည်။ ဂျပန်ဆန့်ကျင်စစ်ကာ
လအတွင်း သူရဲကောင်းမှတ်တမ်းဝင်အဖြစ် ၂ ကြိမ် ချီးမြှင့်ခံခဲ့ရသည်ဟုဆိုပါသည်။လွတ်လပ်ရေး
ရပြီးဖွဲ့စည်းသော ကချင်သနက ၁ တွင် တပ်ခွဲမှူး
ဗိုလ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
သို့သော် ပြည်တွင်းစစ်စပြီး မကြာခင်တွင် အစိုးရအား ပြန်လည်ပုန်ကန်ခဲ့သူဖြစ်သည်။တ
ဖက်ကတော့သူအား သူပုန်ဆိုပေလိမ့်မည်။ တဖက်ကတော့သူအား တော်လှန်သူဟုဆိုပေလိမ့်
မည်။မည်သို့ဆိုစေ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်
စစ်သည်များသည် ကချင်လူမျိုးထဲမှ ပထမဆုံး
အစိုးရအားပုန်ကန်သူများအဖြစ် မှတ်တမ်းတင်ရ ပေမည်။
အစိုးရ၏ညွှန်ကြားချက်အရ KNU နှင့် ဗကပကို
တိုက်ခိုက်ရမည့် ဗိုလ်နော်ဆိုင်းသည် အမိန့်ကိုဖီ
ဆန်ခဲ့ပြီး အစိုးရကိုပုန်ကန်ခဲ့သည်။ ၁၉၄၉ ဖေဖ ဝါရီလအတွင်း ပျဉ်းမနားသို့ရောက်ရှိနေသော ဗိုလ်နော်ဆိုင်းဦးစီးအင်အား ၇၀၀ ခန့်သည် KNU နှင့်ပေါင်း၍ မြို့လှ ရေတာရှည် တပ်ကုန်း ရမည်း သင်း သာစည် မိတ္ထီလာတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မိတ္ထီလာမှ လေယာဉ် ၂ စီးဖြင့် မေမြို့ ( ပြင်ဦး
လွင် ) သို့သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ သည်။မြန်မာပြည်တွင်းစစ်တွင်း အစောဆုံး လေ
ကြောင်းစစ်ချီစစ်ဆင်ခြင်းဟုဆိုရမည်။ မေမြို့သို့
သွားရောက်ခြင်း ထိုစဉ် KNU တို့ပုန်ကန်မှုကြောင့်
အစိုးရတပ်တွင်း နှင့် အစိုးရဌာနတွင်းရှိ ကရင်လူ
မျိုး မိသားစုများ ကလေးလူကြီး စုစုပေါင်း ထောင်ဂ ဏန်းမျှ မေမြို့တွင် အကျယ်ချုပ်
ထားရှိသည်ကို ကယ်တင်နိုင်ရန်ဟုဆိုသည်။ အ
လားတူပင် မိတ္ထီလာတွင်လည်း အစိုးရကထိမ်း သိမ်း ထားသည့် ကရင်စစ်သား ၁၅၀ခန့်ကိုလွှတ် ပေးခဲ့သည်ဟုဆိုပါသည်။ ထိုကရင်စစ်သားထဲမှ
အချို့သည် KNU ပူးပေါင်းသူရှိသကဲ့သို့ ဇာတိပြန်
သူများလည်းရှိကာ တချို့ကတော့ ဗိုလ်နော်ဆိုင်း
တပ်နှင့် လိုက်ပါခဲ့ကြသည်။
မေမြို့ ( ပြင်ဦးလွင် ) သိမ်းပြီးနောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် KNU/ CPB တို့နှင့်ပူးပေါင်း ၍ မန္တလေးနှင့်တောင်ငူ ပဲခူးမြို့များအား မတ်လ အတွင်းတိုက်ခိုက်ခဲ့ကြသေးသည်ဟုဆိုပါသည်။
ထို့နောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် ၁၉၄၉
သြဂုတ်အတွင်း၌ လားရှိုး ကွတ်ခိုင်တို့ကို တိုက်
ခိုက်ခဲ့ကြသည်ဟုဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း
သို့တက်လာသော ဗိုလ်နော်ဆိုင်းသည် နိုင်ငံရေး
ရည်မှန်းချက်တခုပါ ပါလာသည်။ ၎င်းမှာ လွတ်
လပ်သော ကချင်အစိုးရနှင့် ကချင်တပ်မတော်
Pawng Yawng Asuya နှင့် Pawng Yawng
Defence Force ဖွဲ့စည်းရန်ဖြစ်သည်။( ယခုအခါ
ကချင်မျိုးနွယ်စုအားလုံးအား ဝင်ပေါင် ဟုသုံးနှုံး
သော်လည်း ထိုစဉ်က ပေါင်ယောင်ဟု သုံးစွဲသည်)
ထို့အတွက် နမ့်ခမ်းမြို့အားလည်း တိုက်ခိုက်
သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ဗန်းမော်မှ
တဆင့် ကချင်ပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင်
များအား ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဗိုလ်နော်
ဆိုင်းတပ်ဖွဲ့အား နယ်မြေခံအချို့မှ ပုးပေါင်းထောက်
ခံခဲ့မှုရှိသော်လည်း ကချင်ပြည်နယ်ခေါင်းဆောင် များက ထောက်ခံမှုမပေးခဲ့ပေ။ ထို့ပြင် ဗိုလ်နော်
ဆိုင်းတပ်အားရင်ဆိုင်နိုင်ရန် ကချင်နိုင်ငံရေးခေါင်း
ဆောင်ပိုင်းက ကချင်စစ်သားဟောင်းများအား စု
စည်း၍ အရေးပေါ်ကချင် ၁/၂ ( Eergency Kachin 1/2 )အားဖွဲ့စည်းခြင်း ကချင်သနက တပ်
ရင်း ၃ ရင်းအား ပြန်ခေါ်ယူခြင်းများပြုလုပ်ပြင်ဆင်
ခဲ့ကြသည်။ သို့ဖြစ်ရာ ကချင်နိုင်ငံရေးခေါင်းဆောင်
များ၏ ထောက်ခံမှုမရသည့်အပြင်
်အချင်းချင်းစစ်ခင်းရမည့်အခြေအနေသို့ဆိုက်ခဲ့
သည်။ ဤသို့အကြပ်အတည်းထဲသို့ဆိုက်ရောက်
သွားသည့် ဗိုလ်နော်ဆိုင်းသည် ၁၉၅၀ ဧပြီလ
အတွင်း အင်အား ၅၀၀ အားခေါင်းဆောင်၍ တရုတ်ပြည်ထဲသို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့သည်။
မိုးမိတ်အထက်ဖက် လွယ်ရဒူဝါ လထော်ခွန်
ထွန်းသည် အင်အား ၁၀၀ ခန့်စုစည်းပြီး ၁၉၄၉
နိုဝင်ဘာတွင် မန်တုန် ကိုးတောင် ရဲစခန်းနှင့် အမတ်ရုံးအားသိမ်းပိုက်ပြီး ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်
ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဆက်အ သွယ်မရဘဲ နောက်ဆုံးအစိုးရတပ်များ၏အဖမ်း
ဆီးခံလိုက်ရသည်ဟုဆိုပါသည်။
လထော်ဇော်ဆိုင်းသည် လားရှိုးနယ်သား
ဖြစ်ပြီး ဗိုလ်နော်ဆိုင်းတပ်များ လားရှိုးနယ်ဘက်
တက်လာသောအခါ ပါဝင်ပူးပေါင်းခဲ့သည်။လားရှိုး
တိုက်ပွဲအပြီး ဒဏ်ရာရသူများ လုံခြုံသည့်နေရာ တွင် စောင့်ရှောက်ရန်ကျန်နေခဲ့သော ဗိုလ်ဇော်ဆိုင်းနှင့် အင်အား ၆၀ ခန့်သည် ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့ တရုတ်ပြည်တွင်း ဝင်ရောက်သွားသောအခါ လိုက်ပါမသွားဘဲ ကရင်ပြည်နယ်သို့ ထွက်ခွါပြီး သံတောင် ဘောဂလိနယ်ဘက်တွင် KNDO နှင့် ပူးပေါင်းနေထိုင်လှုပ်ရှားခဲ့သည်။
တရုတ်ပြည်တွင်း နိုင်ငံရေးခိုလှုံခွင့်ယူသွား
သည့် ဗိုလ်နော်ဆိုင်း အဖွဲ့အား တရုတ်အစိုးရက
မြန်မာနယ်စပ်နှင့်ဝေးကွာသည့် အတွင်းပိုင်းပြည်
နယ်တခုဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင်နေရာချ
ထားပေးခဲ့သည်။ ထိုစဉ်က တရုတ်ပြည်လွတ်
မြောက်စကာလဖြစ်သည့်အတွက် တရုတ်ပြည်၏
စီးပွါးရေးမှာလည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်ရာ
ဗိုလ်နော်ဆိုင်းနှင့်သူ၏လူများသည် ခက်ခဲပင်ပမ်း
စွာ ဘဝကိုရုန်းကန်ရပ်တည်ခဲ့ရသည်ဟု ဆိုပါ သည်။
တရုတ်ပြည်၏ ပြဒါးမိုင်းတွင်းများ၌ မိုင်းတွင်းလုပ်သားများ
အဖြစ်ပါ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရသော ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည်များသည် ဆယ်နှစ်
ကျော် တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာမှ မြန်မာပြည်
စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိရန်အကြောင်းဖန်ခဲ့ပြန်ပါသည်။ှ
ဆက်လက်ဖေါ်ပြပါမည်။

Read more »

Friday, March 11, 2016

" မြစ်ဆုံဒေသ ၏ ဘူမိဗေဒ"


===============
ဒီဒေသရဲ့ ဘူမိဗေဒ တည်ဆောက်ပုံကို ပြောပြဘို့ အတွက် ပထမဦးစွာ အောက်ပါ အကြောင်းအရာ များကိုပြောပါရစေ။
"ကမ္ဘာ့ ကျောက်ချပ်ကြီးများအကြောင်း"
ကမ္ဘာ့ အပေါ်ယံအလွှာကို Lithosphere လို့ ခေါ်ပြီး (Crust +Uppermost soil) အောက်ဘက်မှာ ထုထည် မိုင် ၃၀ မှ ၁၀၀ ထိ ထူတဲ့ Crust ဆိုတဲ့ ကျောက်ချပ်လွှာ ပေါ်မှာ မြေ နုန်း သဲ စသည့် ကျနော်တို့ရဲ့ဖဝါးအောက်က မြေထုက ဖုန်းလွမ်းထားပါတယ်။ ကြက်ဥတစ်လုံးရဲ့ အခွံလိုပဲ တစ်ကမ္ဘာလုံးကို Crust ကျောက်လွှာချပ်ကြီးကနေ ဖုံ်းးအုပ်ပေးထားပါတယ်။
သို့သော်လည်း တဆက်တစပ်တည်း ညီညာချောမွေ့စွာ တည်ရှိတာမဟုတ်ပဲ ကျောက်သားများ ကျိုးပဲ့ပြီး အဓိက ကျောက်ချပ် ကြီး ၁၅ ချပ်နဲ့ ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားပါတယ်။
ကျောက်ချပ်များ တစ်ချပ်နဲ့ တစ်ချပ်ဟာ ထိစပ်နေပြီး ဘေ့စ်ဘော ဘောလုံးတစ်လုံးမှာ ချုပ်ရိုးကြောင်းများနဲ့သီချုပ်ပြီး ဆက်စပ်ထားသလိုပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
ဥရောပ တိုက်နှင့် အာရှတိုက် တို့ ဟာ ကျောက်ချပ် တစ်ခုတည်းပေါ်မှာ တည်ရှိပြီး (Eurasian Plate)ယူရေးဆီးယန်း ပလိတ်(ဥရောပ- အာရှ ကျောက်လွှာ ချပ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ အဲဒီ Eurasian Plate ရဲ့ အာရှတိုကှ်ဘက်အခြမ်းမှာ တည်ရှိကြပါတယ်။
အိန္ဒိယ တိုက် ၊အိန္ဒိယ သမုဒ္ဒရာ နှင့် ဘင်္ဂလားပင်လယ်တို့ဟာ Indian Plate ခေါ်တဲ့ အိန္ဒိယ ကျောက်ချပ် ပေါ်မှာ တည်ရှိပါတယ်။
ဟိမဝန္ဒာ တောင်တန်း တလျှောက်ကနေ အရှေ့ဘက်တိဘက် ကုန်းမြင့် ဒေသဟာ မြန်မာ နိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ၊ ထိုဒေသတလျှောက်ဟာ Eurasia Plate နှင့် India Plate တို့၏ ကျောက်ချပ် ၂ လွှာ ထိစပ် ပေါင်းဆုံ အနားစပ် (Convergent Plate Boundary ) ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင် ရိုးမအတိုင်း အနားသတ်ဟာ Indian Plate ကျောက်ချပ်ရဲ့ အရှေ့ဘက် အနားသတ်နဲ့ ထိစပ်နေတဲ့ ကျောက်ချပ်လွှာ ၂ ခုရဲ့ ထိစပ်ပေါင်းစုံ အနားစပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်ဟာ အဲဒီလို ရှုပ်ထွေးတဲ့ ထိစပ်ပေါင်းဆုံ အနားစပ် မှာ တည်ရှိတာ ဖြစ်ပါတယ်။
"Continental Drift"
ကျောက်ချပ်များ ရွေ့လျှား မှု နှင့် ၎င်း၏ အကျိုးဆက်
ကမ္ဘာကျောက်ချပ်ကြီးများဟာ ရွေ့လျှားနေကြတာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာဘက်ခြမ်းက ကွဲကွာ အနားစပ်မှာ ကမ္ဘာ့အတွင်းပိုင်း Mantle Layer မှကျောက်ရည်ပူများဟာ အလှည့်မှန်မှန် ထိုးဝင်အေးခဲပြီး ကျောက် ချပ်ကို အခြားတစ်ဘက်ကို ရွေ့လျှားစေတာပဲဖြစ်ပါတယ်။
ကျောက်ချပ်ရဲ့ အခြားအနားစွန်း တစ်ဘက်ဟာလည်း သူနဲ့ထိစပ်နေတဲ့ ကျောက်ချပ်အနားစွန်းတစ်ဘက်ရဲ့ အောက်ကို ငုတ်လျှိုးဝင်လျှက် Mantle Layer အလွှာအတွင်းသို့ အရည်ပျော် သွားရပါတယ်။
"ကျောက်လွှာထု ချပ်ကြီးများရွေ့လျှား မှု (Continental Drift) နှင့် မြေငလျှင်ဆက်စပ်ဖြစ်ပေါ်မှု"
ထုမိုင် ၃၀ မှာ ၁၀၀ ခန့်ထူတဲ့ ကမ္ဘာ့ ကျောက်လွှာ ထု ချပ်ကြီးများဟာ ကမ္ဘာ့ တိုက်ကြီးများ နှင့် သမုဒ္ဒရာ ချိုင့်ဝှမ်းကြီးများကို အတူတကွသယ်ဆောင်ကာ ပဉ္စလက်ဆန်စွာ (မျက်လှည့် ဆန်ဆန်) မျောပါ ရွေ့လျှားလျှက် ရှိကြပါတယ်။ တောင်တန်းကြီးများနှင့် ကျွန်းစုတန်းများကလည်း အတူတကွ ဖိညှပ် အတွန်းခံရတဲ့ စောင်များ တွန့်လိပ်ကျိုးကြေသလိုမျိုး ဖြစ်ပေါ်လျှက် ရှိကာ (ဒါဟာ တောင်ကုန်း တောင်တန်းတွေ ဖြစ်ပေါ်လာပုံပါ။) သမုဒ္ဒရာ ကြီးများကလည်း ကျယ်ပြန်ခြင်း ကျုံ့ဝင်ခြင်းတွေ ဖြစ်ပေါ်ကြပါတယ်။ (This Changing Earth, တင်မြင့်/နွားထိုးကြီး)
ယခုကဲ့သို့ ရွေ့လျှားနေမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာဟာ ကျယ်ပြန့် လာနေရသလို မြေထဲပင်လယ်ဟာ ကြုံ့ဝင်လာနေပါတယ်။
အာဖရိကတိုက်က မြောက်ဘက်သို့ တအိအိရွေ့လျှားနေပါတယ်။ တောင် အမေရိကနှင့် မြောက်အမေရိကတို့က အနောက်ဘက်ကို ရွေ့လျှားနေကြပြီး မြေထဲပင်လယ်ဟာ ကြုံ့ဝင်လျှက် ရှိပါတယ်။
အတိတ်နှစ် ၁၃၅ သန်းခန့်က အာဖရိကတိုက် ၊ အန္တာတိကတိုက် နှင့် အိန္ဒိယ တိုက်တို့ဟာ တဆက်တစပ်တည်း တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ ခန့်ကစလို အိန္ဒိယ တိုက်ဟာ အရှေ့မြောက်ဘက်ကို စတင်ရွေ့လျှားခဲ့ရာ ယခုနေရာနှင့် မိုင် ၅၀၀၀ ခန့်ကွာဝေးတဲ့ နေရာကနေ စတင်ရွေ့လျှားခဲ့ပါတယ်။ အတိတ်နှစ် သန်း ၄၀ ခန့်မှာ အိန္ဒိယ ကျောက်ချပ်ဟာ ဥရောပအာရှ ကျောက်ချပ်နဲ့ ထိပ်တိုက် ဆုံမိခဲ့ကြပါတယ်။
အဲဒီလို ဆောင့်တိုက်ခဲ့မှုက ဟိမဝန္တာ တောင်းတန်းနဲ့ တိဘက် ကုန်းမြင့်ဒေသကို မြင်တက်စေခဲ့ပါတယ်။(ဟိမဝန္တာ တောင်တန်းနှင့် တိဘက်ကုန်းမြင့် ဒေသတို့ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်)။ Indian plate ရဲ့ အရှေ့ဘက် အနားသပ်မှာ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမှာ ရခိုင်တောင်တန်း ချင်းတောင်တန်း နှင့် နာဂတောင်တန်းတို့ကိုလည်း မြင့်တက်စေခဲ့ပါတယ်။ (တနည်း-ဖြစ်ပေါ်စေခဲ့ပါတယ်)
အိန္ဒိယ ကျောက်ချပ်ဟာ ဟိမဝန္တာ တောင်တန်းတွေ ရှိရာ တိဘက်ကုန်းမြင့် ဒေသကျောက်လွှာ အောက်မှာ ၁ နှစ်ကို ၄ စင်တီမီတာ နှုန်းနဲ့ လျှော နစ်ဝင်လျှက် ရှိပါတယ်။
ထိုနည်းတူ ရခိုင်ရိုးမ၊ ချင်းတောင်တန်း နာဂ တောင်တန်းတွေဟာ လည်း ၁ နှစ်မှာ ၁ လက်မ မှ ၁ လက်မခွဲခန့်မြင့်တက်လျှက် ရှိကြပါတယ်။
ယခုကဲ့သို့ Indian Plate နဲ့ Eurasian Plate တို့ရဲ့ ထိပ်တိုက် ဆောင့် တိုက်ခဲ့မှုကြောင့် မြန်မာ့ မြေရဲ့ အလယ် ၉၆°E အတိုင်း ကျောက်ချပ်လွှာ ကွဲအက်ခဲ့ပါတယ်။ မြောက်ဘက် တိဘက် ကုန်းမြင့်ဒေသကနေ တောင်ဘက် ကပ္ပလီပင်လယ်ပြင်ထိ အရှည် ကီလိုမီတာ ၁၅၀၀ ရှိတဲ့ ကြီးမားတဲ့ မြေငလျင်ပေါင်း များစွာကို ဖန်တီးပေးနိုင်တဲ့ စစ်ကိုင်း ပြတ်ရွေ့ ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ဟာဘေးတိုက် လျှောရွေ့ ပြတ်ရွေ့(Dextral Fault) အမျိုးအစားဖြစ်ပြီး မြန်မာ ကျောက်ချပ်လွှာကို အနောက်ဘက် က Burma Plate နှင့် အရှေ့ဘက်ခြမ်းကို Sanda Plate အဖြစ် ၂ ပိုင်း ကွဲထွက်စေခဲ့ပါတယ်။
" Continental ၏အကျိုးဆက်တစ်ခု ဖြစ်သော မြေငလျင် ဖြစ်ပေါ်ပုံ"
*** ထိုသို့ ကမ္ဘာ့ ကျောက်ချပ်လွှာကြီးများ ရွေ့လျှားကြရာမှ ကျောက်လွှာ ချပ်ကြီးများရဲ့ အနားသတ် ဘေးနယ်နိမိတ် များ အချင်းချင်း ယှဉ်စပ်ကာ ထိခိုက် လှုပ်ရှားမှု ကြောင့် "မြေငလျှင်ကြော ဗဟိုပြုရာ ရပ်ဝန်းများ ဖြစ်ပေါ်ပြီး -မြေငလျင် များ လှုပ်ခတ်စေတာ ပဲဖြစ်ပါတယ်။***
" ယာယီမျှသာ ပိတ်မိနေတဲ့ ဖိအား နှင့် တွန်းအားများရဲ့ စွမ်းပကားက ကျွန်တော်တို့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှပါတယ်။ ကျောက်လွှာများက ဖိအားနှင့် တွန်းအားများ ဒဏ် ခံရတဲ့အခါ တွန့်လိပ်ကာ ကြိတ်ခံပြီး နောက်ဆုံးမှာ ခံနိုင်မှုကို ကျော်လွန်တာကြောင့် ရုတ်တရက် ကျိုးပြတ်ကာ ရွေ့လျှားကြပါတယ်။ ကျောက်လွှာများ ကျိုးပြတ်မှု အကျိုးဆက် ဖြစ်တဲ့ မြေငလျင် လှိုင်းများက ဆက်တိုက်ပင် တုံခါ မှု ကို ပို့လွှတ်ပါတယ်။" (This Changing Earth, တင်မြင့် နွားထိုးကြီး)
ယခုဖော်ပြခဲ့တာတွေဟာ Continental Drift ကြောင့် မြေငလျင် ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။
"မေခ မလိခ မြစ်ဆုံဒေသ ၏ ဘူမိဗေဒ တည်ဆောက်ပုံ"
မြန်မာ့ မြေမှာ စစ်ကိုင်းပြတ်ရွေဟာ ၉၆° E အတိုင်း တောင် မြောက် တန်းလျှက် မြောက်ဘက်တွင် တိဘက် ကုန်းမြင့် မှ အစပြုလို့ တောင်ဘက်တွင် ကပ္ပလီ ပင်လယ်ပြင် အထိ ရှည်လျားပါတယ်။
အိန္ဒိယ ကျောက်ချပ်ဟာ တိဘက်ကုန်းမြင့် အောက် ဥရောပ-အာရှ ကျောက်လွှာ အနားစွန်းမှာ ထိစပ်ပေါင်းဆုံအနားစပ် ဖြစ်ပါတယ်။၎င်း အနားစပ်နှင့် ၎င်း အနားစပ် အတိုင်း တောင်ဘက်သို့ ချိုးကွေ့လာတဲ့ စစ်ကိုင်းပြတ်ရွေ့ တလျှောက်ဟာ မြေငလျှင်များ ဖြစ်ပေါ်ရာ အဓိက မြေငလျင်ဇုံ ပဲဖြစ်ပါတယ်။
မြန်မာပြည်ဟာ ယခုကဲ့သို့ Alpide Belt လို့ ခေါ်တဲ့ အယ်ပိုက် မြေငလျင် ရပ်ဝန်းဒေသ မှာ တည်ရှိတာပဲဖြစ်ပါတယ်။
မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံဒေသဟာ စစ်ကိုင်းပြတ်ရွေ့၏မြောက်ဘက်ပိုင်း နေရာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအပိုင်းမှာ အန္ဒိယ ကျောက်ချပ်တို့ စတင် တိုက်မိချိန်ကတည်းက ဆောင့်တိုက်မိတဲ့ အရှိန်ကို အပြင်းဆုံး ခံစားခဲ့ရတဲ့ နေရာ ဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ဟာ အက်ကြောင်း များစွာ နဲ့ ပြတ်ရွေ့ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။
မေခ မလိခ မြစ်တို့ ကိုယ်တိုင်ကပင် ပြတ်ရွေ့ကြောင်းတွေအနေအထားရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ချောင်း များပဲဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း အတည့် တဖန် ဘေးချင်းယှဉ်လျှက် တဖန် စီးဆင်း ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။
"စိုးရိမ်ဘွယ်ရာ အနာဂတ် အလားအလာ"
ပထဝီအနေအထားအရ ယခုလောက် စိုးရိမ်ဘွယ်ရာ မြေတည်ငြိမ်မှု မရှိတဲ့နေရာမှာ ဆည်တမံများ တည်ဆောက်မည်ဆို လျှင် အင်မတန် မိုက်မဲမှု ပဲဖြစ်ပါတယ်။
အိန္ဒယ ကျောက်ချပ်ဟာ ၁ နှစ်မှာ ၄ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်အတိုင်း ရွေ့လျှားနေသလို စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဘက် ခြမ်း Burma Plate ဟာလည်း ၁ နှစ်မှာ ၁.၈ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်သို့ ဘေးတိုက် ရွေ့လျှက် ရှိပါတယ်။ ဒီလို ရွေ့လျှားမှုကြောင့် ဖြစ်ပေါ် လာတဲ့ ဖိအား နဲ့ တွန်းအားများဟာ ကျွန်တော်တိုဲ့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှ ပါတယ်ဆိုတာ ပညာရှင်များက ပြောပြခဲ့ပြီး ဖြစ်ပါတယ်။
"ကုန်းတွင်းပိုင်း Tsunami"
ပင်လယ် သမုဒ္ဒရာ များရဲ့ အသူတစ်ရာ ချောက်ကြီးတွေဟာ ကျောက်ချပ်ကြီးများရဲ့ ကွဲကွာအနားစပ် များဖြစ်ကြပါတယ်။ ထိုနေရာများမှာ ငလျှင်
လှုပ်ခတ်ခဲ့တဲ့အခါ ပင်လယ်ပြင်မှာ အလွန် အင်မတန် ကြီးမားတဲ့ လှိုင်းလုံးကြီးများ ရိုက်ခတ်တာကို ဆူနာမီ လှိုင်းလို့ ခေါ်ပါတယ်။
ထိုကဲ့သို့သော ဆူနာမီလှိုင်းလုံးများအား ပင်လယ်မှ ဆူနာမီရဲ့ အရှိန်ကြောင့်သော် လည်းကောင်း၊ ကုန်းတွင်းပိုင်းမှာ ဗဟိုပြု ပြီး မြေငလျှင်လှုပ်ခတ်မှု ကြောင့် လည်းကောင်း---
မြစ်ချောင်း အင်းအိုင် နှင့် ဆည်တမံကြီးတွေမှာ လည်း ဆူနာမီလှိုင်းများ ဖြစ်ပေါ် လေ့ ရှိပါတယ်။
" ခြုံငုံ သုံးသပ်ချက်"
မြစ်ဆုံဒေသဟာ စစ်ကိုင်း ပြတ်ရွေ့ရဲ့ အကြီးမားဆုံး ပြတ်ရွေ့နေရာ တစ်ခုဖြစ်ပါတယ်။ ပြတ်ရွေ့ကြောင်း များစွာ တည်ရှိတဲ့အပြင် ၎င်းနေရာကိုယ်တိုင်ပင် မြေငလျှင် ဖြစ်ပေါ်တတ်တဲ့ ဇုံဖြစ်သလို အိန္ဒိယ- တိဘက် - တရုတ် မြေငလျင်ဖြစ်ပေါ်ရာဇုံနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါသည်။
ထိုနေရာတွင် ဆည်တမံများတည်ဆောက်ခဲ့ပါက မြေငလျှင်လှုပ်ခတ်လျှင် ဆည်တမံများ ကျိုးကြစေပြီး ရေလွှမ်းမိုးမှု ကြီးမားမှာ ဖြစ်သည့် အပြင် ---
ပင်လယ် သမုဒ္ဒရာ တွေမှာ ဖြစ်တတ်တဲ့ ဆူနာမီ ရေ လှိုင်းတွေထက် ကြီးမားပြီး ပြင်ထန်တဲ့ ကုန်းတွင်းပိုင်း ဆူနာမီ ရေလှိုင်းများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးကို အတူတကွခေါ်ဆောင်လျှက် ကပ္ပလီပင်လယ်ပြင်အောက်မှာ စုပုံနေထိုင်စေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်ခင်ဗျာ။
Credit to
-ဆရာ ဦးတင်မြင့် (နွားထိုးကြီး)
- Dr Win Swe (Who researched the Saging Fault)
ပို၍ နားလည်စေရန် ကျွန်တော်ရေးသားခဲ့သော ဘူမိဗေဒ ဆိုင်ရာ ပိုစ့်များကို ပြန်လည်ဖတ်ရှု ရန် လမ်းညွှန် လိုက်ပါသည်။
မြန်မာနိုင်ငံသားအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ
မူရင်းစာရေးသူ_သန်းဇော် (နတ်မောက်)
References
1- "ရွေ့လျားပြောင်းလဲနေတဲ့ ကျွန်တော်တို့ ကမ္ဘာ ၊ This Changing Earth."တင်မြင့်(နွားထိုးကြီး)
2~ Tectonic Map of Myanmar
2012, Soe Thura Tun &
Maung Thein
3~Tectonic geomorphology
of Southernmost Sagaing
Fault and Surface Rupture
associated with May 1930
Pegu (Bago) Earthquate,Myanmar (Tsutsumi,H,& Sato, T-2009
4~Natural hazard potentials
in the Myanmar.(Win Swe &San Hla Thaw 2011)
5~Earthquake Hazard along
the Sagaing Fault. (tintlwinswe.blogspot.com)
6~ ဓာတ်ပုံများကို အထက်ပါ website များနှင့် ဆက်စပ် Link များမှ ကူးယူဖော်ပြပါသည်။
Comment

Read more »