Friday, May 24, 2013

ဒီမိုကရေစီ အစိုးရ တစ်ရပ်ဖြစ်သော K.I.O

By-facebook-shared Äħ Ṗḥṻ's photo.
WUNGPAWNG: GUMRAWN GUMTSA: MUNGDAN
~~~ ဒီမိုကရေစီ အစိုးရ တစ်ရပ်ဖြစ်သော K.I.O ~~~

မကြာခဏပဲ ကြားရပါတယ် ကေအိုင်အေ ကိုသူခိုးဓါးပြ လို့ပြောကြတယ်
သူ့ရဲ့ရပ်တည်ချက်က ရှင်းပါတယ် ကချင်ပြည်နယ်ကို ကချင်တွေအုပ်ချုပ်
စီမံဖန်တီးခွင့်၊ တန်းတူညီတူခွင့်၊ ဖက်ဒရယ်စနစ် တို့ဖြစ်ပါတယ်၊၊ အဲဒီမှာ
သောင်းကျန်းသူ ဆိုထိုက်တဲ့ အချက်တစ်ချက်မှ မတွေ့ပါဘူး၊၊ အားလုံးက
ဖြစ်သင့်တဲ့ အချက်တွေပါပဲ၊၊ သေသေချာချာ လေ့လာကြည့်တော့ သူဟာ
အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်၊၊ K.I.A ဆိုတာ စစ်တပ်
တစ်ခုဖြစ်ပြီးတော့ K.I.O အောက်မှာ တခြားအုပ်ချုပ်ရေး အဖွဲ့အစည်းများ
စွာရှိပါသေးတယ်၊၊ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်၊။

ကျုပ်ဒီနေ့ပြောချင်တာကတော့ ဗမာစစ်တပ်ဟာ ကေအိုင်အေကို သူပုန်
ဓါးပြလို့စွပ်စွဲနေလင့်ကစား ဘာပြုလို့အပြတ်မတိုက်ရဲတာလဲ ဆိုတာက
ကေအိုင်အေရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကြောင့်ပဲဖြစ်ပါတယ်၊၊ အကယ်
၍အခုအခြေအနေမှာ ကေအိုင်အေကို အပြတ်တိုက်ခဲ့မယ်ဆိုရင် ကေအိုင်အေ
ရဲ့တုံ့ပြန်မှုက အစိုးရတစ်ရပ်အနေနဲ့ မဖြစ်နိုင်တော့ပဲ တကယ့်သူပုန်တစ်ရပ်
အနေနဲ့ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်၊၊ အကြမ်းဖက်သမားစစ်စစ်တွေရဲ့ ဝိသေသလက္ခဏာ ဆိုတာ အားလုံး လည်းသိတဲ့အတိုင်းပဲ မကောင်းသူထိပ် ကောင်းသူထိပ်ပါ၊၊ ဒီအခြေအနေတစ် ခုကို ဗမာစစ်တပ်က ကြောက်နေတယ်
လို့ မြင်ပါတယ်၊၊ အဲဒီအခြေအနေထိဖြစ်သွားပြီဆို၇င်တော့ ဗမာနဲ့ ကချင်ဟာ
ထာဝရ ရန်သူပဲလို့ ကျုပ်အတိအလင်းဆိုရဲတယ်၊၊ မှန်ကန်တဲ့အဖွဲ့အစည်း
တစ်ရပ်ကို သူပုန်ဓါးပြလို့ စွပ်စွဲခြင်းသည် ဘယ်တောမှ မငြိမ်းမယ့် အမုန်းမီး
တစ်ခုကို စတင်နေခြင်းလို့ပဲ မြင်ပါတယ်၊၊

Read more »

လူသားအရင်းအမြစ် စီမံခန့်ခွဲမှု

(အောက်က ဆောင်းပါး အပေါ်မှာ ဒူဝါ အနေနဲ့ ပြန်ထပ်ဖြည့်လိုတာက... မြန်မာပြည်အစိုးရ ရဲ့ နှစ် ၅၀ သက်တမ်း တစ်လျှောက်မှာ အနှိမ့်ဆုံး အဆင့်ကို ထိုးကျခဲ့တာ ဘယ်လို လူတွေ အုပ်ချုပ်ခဲ့လို့လဲ ဆိုတာ အခြေခံကျကျ စဉ်းစားရမယ်။ နိုင်ငံတကာမှာ ဆိုရင် ဘယ် သက္ကသိုလ်ကျောင်းထွက်တွေက ဘယ်လောက်တော်တယ်၊ ဘယ်လောက် နိုင်ငံအတွက် စွမ်းဆောင် နိုင်တယ်၊ တီထွင်ကြံဆမှု ဘယ်လောက်ရှိတယ် ဆိုတာနဲ့ တိုင်းတာပြီး အဲဒီ သက္ကသိုလ်ကျောင်းထွက်တွေကို နေရာပေးတယ်။ မြန်မာ့ နိုင်ငံ့အရေး ကို နှစ်ပေါင်း ၅၀ ကျော် တာဝန်ယူလာတဲ့ အဖွဲ့တွေဟာ ဘယ်ကျောင်းက ထွက်သလဲ ဆိုတာ အရင်းအမြစ်ရှာပြီး အဲဒီ ကျောင်းထွက်တွေကို နေရာ မပေးနဲ့တော့... ရှင်းနေတာပဲ။ သူတို့ တတ်လို့ ဖွံ့ဖြိုးမယ် ဆိုရင် နှစ်ပေါင်း ၅၀ ကျော် ဆိုတာ လုံလောက်ယုံ မကဘူး၊ ပိုတောင် နေပြီ။ အခုထိကို အဲဒီ ကျောင်းထွက်တွေက နေရာကောင်းမှန်သမျှ ကြီးစိုးထားတော့ ဘယ်လိုလုပ် လူမှန်နေရာမှန် ရနိုင်တော့မလဲ... )

===========

လူသားအရင်းအမြစ် စီမံခန့်ခွဲမှု
(Eleven Media Group)

တစ်ချိန်က အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှုအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် အာရှကျားနိုင်ငံဖြစ်ရန် အခွင့်အရေး ရှိခဲ့ပြီးမှ အုပ်ချုပ်ပုံ စနစ်အမှားကြောင့် ချွတ်ခြုံကျသွားခဲ့ရသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအမျိုးမျိုးတွင် နှစ်ပေါင်းများစွာ နောက်ကျခဲ့ပြီးနောက် ဓားမနောက်ပိတ် ဖြစ်သွားခဲ့ရသည်။ လူလတ်တန်းစား ပညာတတ် အများစုမှာလည်း ရေကြည်ရာ မြက်နုရှာရင်း ပြည်ပနိုင်ငံများသို့ ဦးနှောက်ယိုစီး ခဲ့ကြသည်။

သမ္မတဦးသိန်းစိန် လက်ထက်၌ မြန်မာနိုင်ငံဖွား ပြည်ပရောက် အတတ်ပညာရှင် အသိပညာရှင်များကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် ဖိတ်ခေါ်မှုတွေကို ဆက်တိုက် ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါဆုံး အလွှာသည် အသိပညာ၊ အတတ်ပညာရှင် အများစု ပါဝင်သည့် လူလတ်တန်းစား အလွှာများ ဖြစ်ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့သော လူလတ်တန်းစား အလွှာများ ပြန်လည်ဝင်ရောက်မှုက အရေးပါသည်ဟု ယူဆသည်။

ပြည်ပရောက်များကို ဖိတ်ခေါ်နေသကဲ့သို့ ပြည်တွင်းမှ အသိပညာရှင် အတတ်ပညာရှင် များကိုလည်း အကျိုးရှိစွာ အသုံးချနိုင်ရန်၊ အရည်အချင်း မြှင့်တင်ပေးနိုင်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်နေသကဲ့သို့ ရှိရင်းစွဲ ပညာရှင်များကိုလည်း အကျိုးရှိစွာ အသုံးချနိုင်မှု Human Resource Management တွင် များစွာ လိုအပ်လျက် ရှိပါသည်။ လူမှန် နေရာမှန် မဟုတ်ဘဲ ဖြစ်ပျက်နေသော ပြဿနာများကို တိုင်းပြည်၏ ကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည်။

ထို့ကြောင့် ပြည်ပရောက် အသိပညာရှင် အတတ်ပညာရှင်များကို ဖိတ်ခေါ်နေသည့် နည်းတူ ပြည်တွင်းရှိ တတ်သိပညာရှင်များ အကျိုးရှိစွာ အသုံးချခြင်း၊ လူမှန်နေရာမှန် ဖြစ်စေသော လူလတ်တန်းစား ဗဟိုပြု လူသားရင်းမြစ် စီမံခန့်ခွဲမှုများ ပြုလုပ်ခြင်းဖြင့် လူသားရင်းမြစ် တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

Read more »

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော

“ဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသား လူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီး ကနေ ချုပ်ကိုင် ထားတယ် အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲဆက်လုပ်နေတယ်တစ်ပြည်လုံးအတိုင်း အတာနဲ့ လူမျိုးကြီးတွေနဲ့ လူမျိုးငယ်တွေကြားထဲ မှာ သွေးထိုးသပ်လျိုထားတယ် သျှမ်း၊ ကချင်ဘယ်နေရာ မှာပဲကြည့်ကြည့် လူမျိုးစုတွေငယ်တွေ ကြားထဲမှာ ပြဿနာတွေဖြစ်အောင်လုပ်ထားတယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားမယ်ဆို လို့ရှိရင် အစိုး ရရဲ့ အခြေခံကျတဲ့ ဒီ Mind set ကို ဖြုတ်ရမယ်”

“အဲဒါနဲ့တစ်ဆက်တည်းပဲ “၀သပ”က လက်နက်အင်အားတွေဖြည့်ဆည်းတယ် ပြန်ကြည့်ရင် ပဏာမ အပစ်အခတ် ရပ်ဆဲ ရေးအဆင့် ခိုင်မာတဲ့အဆင့်မဟုတ်သေးဘူး ဒီကနေ့ MPC ရယ် ၊ လွှတ်တော်ရယ် ၊ စစ်တပ်ရယ် ၊ အစိုးရရယ် ဒီအဖွဲ့ အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒမရှိဘူး လှည့်လိုက်ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ်ဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်းစစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ” ဦးအောင်ကျော်ဇော

Read more »

Thursday, May 23, 2013

ဦးသိန်းစိန် ကို လူမျိုးပေါင်စုံမှဆန္ဒပြကြကန့်ကွက် Click on video link

ဦးသိန်းစိန် ကို လူမျိုးပေါင်စုံမှဆန္ဒပြကြကန့်ကွက် Washington ရောက် မြန်မိာုင်ငံသားများအားလုံးရဲ့ ရင်ဖွင့်သံ N-GUN JA WAမှ ကူယူဖေါ်ပြသည်

Read more »

Wednesday, May 22, 2013

Myanmar: A revolution in progress

CNN's Christiane Amanpour speaks with President Thein Sein of Myanmar in an exclusive interview.

Read more »

Tuesday, May 21, 2013

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ
 Published 21.05.2013
အမေရိကန် ပြည်ထောင်စုကို တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

Read more »

Kachin Alliance photo

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn2/969719_657730007585810_1313935172_n.jpg

Read more »

Monday, May 20, 2013

KIO,ဒုတိယဥက္ကဌ ၊ UNFC အဖွဲ. London ကို ရောက်ရှိ

KIO,ဒုတိယဥက္ကဌ ၊ UNFC အဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်သော UNFC အဖွဲ့ တို့ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့သို့ အင်္ဂလန် နှင့် မြောက်အိုင်ယာလန်တို့၏ လက်နက်ကိုင်တော်လှန်ရေး၊ကိုယ်ပိုင်အုပ်ချုပ်ရေးပြသာနာများအားဖြေရှင်ပုံ အားလေ့လာရန် အတွက်
 ယနေ့(19.5.2013)ရက်နေ့ London ကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DU KABA NBAN LA, KIO NINGBAW MALAI, UNFC NINGBAW HTE RAU LAWM WA AI AMYU BAW SANG DAT KASA HPUNG NI DAI NA DE LONDON MARE DE ATSAM SHA DU WA LU SAI LAM CHYE LU.

bY: (Kachin Land)

Read more »

Bumese in USA Protest President Thein Sein ( click on Video link)

ဝါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ ကြံ့ဖွတ်သမ္မတဦးသိန်းစိန်ဟာ ညနေဘက် မြန်မာသံရုံးရောက်လာက မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ မြန်မာအရေးလှုပ်ရှားသူ များရဲ့ ဆန့်ကျင် ဆန္ဒပြခံရ ( ရုပ်သံ) — in Washington, DC.

Read more »

Sunday, May 19, 2013

ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ

Sunday, May 19, 2013

အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာ သံရုံး မှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာတော့ သမ္မတ ဦးသိန်းစိန်က လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို ရှင်းပြခဲ့ပြီး တိုင်းပြည်ပြန် လည် ထူထောင်ရေးမှာ ပြည်ပကို ရောက်နေတဲ့ မြန်မာတွေ အားလုံးကပါ ပူးပေါင်းပါဝင်ကူညီဖို့၊
နောက် မြန်မာအပေါ် အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု ဥပဒေ တွေက အသက်ရှိနေသေးပြီး လုံးဝ ရုပ်သိမ်းသွားသေးတဲ့ အခြေအနေမဟုတ်လို့ ဒါတွေကို လုံးဝ ရုတ်သိမ်းသွား စေဖို့ သူကိုယ်တိုင်လာ တာဖြစ်ကြောင်းတွေ ပြောသွားပါ တယ်။

အခုလို လူပေါင်း ၃၀၀ လောက်တက်ရောက် တဲ့ မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံပွဲမှာ ရင်းရင်းနှီး နှီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးသား ထားပါတယ်။

"အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာ မလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန် လင်ကွန်း အထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါ တယ်" လို့ ဦးရဲထွဋ်က ဆိုပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ကို မြန်မာသံရုံးအပြင်ဘက်မှာ ဆန္ဒပြမှုနဲ့ ကြုံဆုံခဲ့ရပါတယ်။

ဒီဆန္ဒပြပွဲဟာ အချိန်တိုအတွင်း ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့တာဖြစ်လို့ လူသိပ်မရှိလှပေမယ့် ဦးဆောင် သူ တွေနဲ့လုပ်တဲ့ ဆန္ဒပြပွဲ မဟုတ်ပဲ အသိစိတ်နဲ့ လုပ်တဲ့ ဆန္ဒပြပွဲဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ဧရာဝတီ ကို ပြောပါတယ်။

“ အခု ဆန္ဒပြတာက ရှစ်လေးလုံး ကျောင်းသား အများစုပါ။ မနက်ဖြန်လည်း VOA ရှေ့မှာ ဆန္ဒပြဖို့ ရှိပါ တယ်” လို့ ကိုဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ အဓိက တောင်းဆိုထောက်ပြတာတွေကတော့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်ထိ ထိ
ရောက်ရောက်လုပ်ဖို့နဲ့ နိုင်ငံတကာကို လိမ်ညာနေတာတွေရပ်ဖို့၊ တိုင်းပြည်ဆင်းရဲနေရတာက စစ်အုပ်စု က ပြည်သူ့ ဆန္ဒတွေနဲ့ ပြည်သူ့အခွင့်အရေးတွေ ပိတ်ဆို့ထားလို့ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

"စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ပါ" "လိမ်ညာမှုတွေ ရပ်တန်းကရပ်ပါ” လို့ သူက ဆိုထား ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရ ၀န်ကြီးတွေလည်း လိုက်ပါလာခဲ့တဲ့ လိုက်ပါလာရင်း အခု အမေရိကန် ခရီးစဉ် မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်သူတွေ အကျိုးရှိတဲ့တွေ့ဆုံမှုတွေ သာဖြစ်သင့် ကြောင်းလည်း ဆန္ဒပြသူတွေက တိုက်တွန်းထားပါတယ်။

ဒီအပြင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဆုတ်ဖယ်ပေးဖို့ ကြိုးကိုင်နေတာတွေ၊ ပြည်သူကို စစ်အုပ်စုက ဖိနှိပ်ပိတ်ပင်မှုတွေ အဆုံးသတ်ပြီး ပြည်သူ့အခွင့်အရေး အပြည့်အ၀ပေးမှသာလျှင် ပြည်သူ ချမ်းသာပြီး တိုင်းပြည်ချမ်းသာလာမှာဖြစ်တာကြောင့် ဒါကို တိုက်တွန်းလိုတယ်လို့ ဆန္ဒပြသူတွေက ဆိုကြ ပါတယ်။

မြန်မာသံရုံးရှေ့ သမ္မတ ဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ- Zaw Win

အေးချမ်းမွန် Credit & Copy From >ဧရာဝတီ< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

Saturday, May 18, 2013

Aten/ Time;;;;;??

De/
       Myitrum Manang ni, Panglung garai n lu shagun ai yaw. Shanglawt Tsing a sumla hte ATEN Poem shagun dat ai. 13.5.2013 gaw, Shanglawt Tsing a 64 ning hpring shangai nhtoi re. Lai wa sai 40 ning jan e gaw, grai tsawm ai mahkawn re da. Ya gaw, Moi na mahkawn she rai mat sai. ATEN Poem hpe hkamsha yu ga i.
                              
                                     JIC
 
Aten

Read more »

Friday, May 17, 2013

ယူနန် ဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ရေး (တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြ )

ယူနန် ဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ရေး Published 17.05.2013 မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေ တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ မြန်မာနိုင်ငံကတဆင့် တင်ပို့မယ့်ရေနံတွေ ကို ချက်လုပ်မယ့် စက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကြောင့် နစ်နာမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေနဲ့ တက်ကြွသူတွေ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

Read more »

A ten du sai

Lani mi Ningbaw Kaba Lahtaw Zau Seng hte Gen. Kriangsak Chomanand (Thai Commander-in-Chief) hkrum shaga ai shaloi Gen. Kriangsak san ai hta, nanhte gaw awmdawm ahkaw ahkang lu na matu gasat ai i, nga ai. Ningbaw Kaba bai htai ai hta, Myenmung hpe British ni uphkang wa ai kaw na shanglawt jaw sai. Raitimung grau matse ai Myen asuya a kata de shang mat saga ai. Dai majaw Myenmung ting hpe shalawt la nhtawm, htingbu mungdan ni hte ngwi pyaw simsa nna mahku mahkau shangang shakang lu na matu yaw shada ai majaw KIO ngu shamying ai lam sanglang dan ai shaloi, General gaw, nanhte hte ganawn mai sai, nga ai.

--------------------------------
PYILAN:- Dai ni na mali nhtoi kaja hta nam-up sa jahta lawm ai myitsu salang ni gaw nam na ashu ashan malen pyen u ni hkrai rai ga ai. Raitimung, grup yin kaw shanu nga ai shinggyim myusha ni a matu mung malawm magawm myit shalawm ya ai jasat hte ningmu garan kachyan hkat ga, ngu mayu ai. Shanhte a ntsa myit tau ya ai shawang myit hpe anhte shawng madun lu ai rai yang aten galu hta ngangkang ai jinghku jingyu ni byin tai wa lu na re.
Ganawn mazum lam hta anhte gaw kadai hpe mung masu magaw, roi sha, mya sha ai akyang n rawng ga ai majaw dai zawn re akyang rawng ai ni hpe ja ja ninghkap ga ai. Mungkan chyam pyen hkawm nna hkaja wa yu ai shaloi, masha nkau gaw matse labye myit hte kaga amyu ni hpe roi sha, shamyit kau wa masai. Tara kade n lang timung, roi sha katut ai ni mahtang yak ai hpe jan lu ai lam n nga, magrau grang ai myit n rawng, Karai Kasang hpe malap mali re ai ni chyawm gaw mungkan kaw shanhte a myusha lam yan shamat sha kau ai amyu mun sen lam nga wa masai.
Myenmung a labau kaw Pyu, Kanyan amyu ni nga wa ai lam mu wa yu sai raitim shanhte gaw myit kya ai hpan ni re majaw shanhte a amyu hpe Myen ni a kata de shabyawng bang la kau hkrum manu ai. Dai hte maren moi shawng de lawu ga na masha bawsang nkau hpe Myen amyu de shabyawng la lu magang sai shaloi, British ni Myenmung hpe sa zing la ai marang e, shanhte a amyu mying bai danhkung wa lu masai. Raitimung Myen asuya gaw, sai kaw nan matse labye myit rawng nga ma ai majaw shanglawt lu ai shani kaw nna bum nga masha ni hpe shamyit kau na masing bai lang wa ai hpe dai ni na ten hta asan sha jawm mu nga ga ai.
PRANGTAI:- Salang Pyilan a ningmu hpe tsepkawp madi shadaw ai. Ja chyum laika kawYuda amyu ni gaw shaning tsa lam mayam amyu byin wa ma ai hta n-ga, mungkan majan lahkawng ten hta German Nazi hpyen ni e, kade sat sharu kau hkrum wa masai raitimung, magrau grang ai myit rawng nna tinang a amyu hpe manu tawn makawp maga wa let, Karai Kasang kaw ngangkang ai kam sham myit hte manoi manat wa ma ai majaw hpang jahtum shanhte gaw ngangkang danhkung ai mungdan gaw-gap la lu masai.
Gen. Than Shwe myit lawm ai hta hkan nna, Liberation Tigers of Tamil Eelan (LTTE) rawt malan hpung hte KIO a shingdu lam hpe gindaw yu ga. LTTE hpe 5 May 1976 shani Velupillai Prabhkaran woi awn hpang wa sai. Grup yin kaw na jawm madi shadaw la ai madang hta hkan nna LTTE gaw nbungli kade, nammukdara lai di ai sanghpawli kade, maigan mungdan hkan na laknak ntaw ntsang kade mari lu ma ai. India kata kaw hpyen training dabang 32 hpaw nna hpyendap hpe shachying wa ma ai marang e, hpyen n-gun sen lam maden wa lu ma ai. Dai zawn rai n-gun kaba wa ai hte maren, shinggyim masha ni n ra ai hta n-ga, Karai Kasang n ra ai bungli ni galaw wa masai. 1991 ning hta chyeju madu rai nga ai Indian Prime Minister Rajiv Gandhi hpe gyam sat kau ai zawn, 1993 ning hta tai hpyen rai nga ai Sri Lankan President Ranasinghe Premadasa hpe mung gyam sat kau masai. 378 lang suiside attack galaw ai kaw nseng n ang ai mungmasha ni a asak law law si hkrum wa masai. LTTE gaw shawng nnan awmdawm ahkaw ahkang lu na matu gasat wa ma ai raitim, 2002 kaw Regional Autonomy madang de shayawm nna asuya hte bawngban ai kaw Norway mungdan gaw mediator hku shang lawm ya wa sai. Raitimung, lawhpa ai ni gaw, lu nga sai hpe sum kau chye ma ai rai nna, majan bai matut gasat wa masai.
Dai kaw nna India hte USA lawm ai mungdan 30 jan gaw LTTE hpe terrorists hku masat kau nna LTTE hpe madi shadaw wa ai masing dawm kau let Sri Lankan asuya hpe mahtang garum madi shadaw wa masai. Mungdan nkau kaw na majan hpaji ninghkring ni mung shang lawm wa masai. Shing rai Sri Lankan asuya gaw n-gun kaba, hpaji kaba, zai ladat kaba hte gasat bang wa ma yang, LTTE gaw 26 ning tup n-gun kaba hte gasat wa ai hpang 16 May 2009 shani naw ngam nga ai hpyen hpung marai 11,664 gaw tsep kawp laknak jahkrat ai hte asum hkam kau manu ai.
Dai zawn rai n-gun kaba ai rawt malan hpung hpe asuya kaw na tsep kawp dang kau lu ai hpe mu ai shaloi, Than Shwe gaw na chying myit sharawng nna Sri Lankan de sa nhtawm asuya hpyendap lang ai ladat ni azin ayang hkaja la nna dai ni na ten hta KIO hpe gasat ai kaw wa lang nga masai.
Dai ladat ni gaw;-
1. Rawt malan hpung hte mungmasha a lapran kaw kaning re ai matut mahkai lam mung n nga hkra ladat myu hkum sumhpa hte shingdang kau ai.
2. Rawt malan hpung shada a lapran, mungmasha shada a lapran, rawt malan hpung hte mungmasha a lapran kaw shada ntsen, nju ndawng lam byin pru wa nna kahkyin gumdin lam hten run mat hkra jut shagu kaw sumprat hkan bang, shang shalau ai.
3. Mungmasha kata, rawt malan hpung kata kaw shiga hkum sumhpa shang la ai.
4. LTTE a ja gumhpraw shang lam yawng hpe hkan jahten pat shingdang kau ya ai.
5. Majan hta lahkam langai a hpang langai zing la lu ai shara ni hta hpyen hpung jahkrat wa ai.
6. Mungmasha ni myit daw myit hten nna n jan lu hkra roi rip dam ari jaw ai hta n-ga, shanhte a ja gumhpraw arung arai, u wa yam nga, yi sun hkau na ni zing la ai majaw mungmasha ni gaw asak lawt lu daw rawt malan ginra de hprawng shang hkra galaw ai.
7. Dai ginra de lu sha nshang hkra grup yin hkarang lam, hka lam yawng hpe pat shingdang tawn nna, media hku LTTE hpe jawm jahpyak ai nga yang sumtsan mungdan hkan du nga nna shata shagu jawm garum nga ai jinghku ni a myit hta mung terrorists ni hpe n kam garum ai myit rawng wa hkra galaw ai.
8. Hpyen hpung ni lu malu laknak kaba ni hte shani shana marang htu ai zawn sharu bun ai. Helicopter, jet nbungli ni rocket, bawm ni hte sharu bun ai nga yang, mungmasha ni gaw kawsi hpang gara myit daw hten, awai la n lu sai hpe mu ai rawt malan hpung a myit mung hkan daw hten mat hkra galaw ai. Hten run mat ai myit hpe sharai la nlu sai majaw hpang jahtum LTTE gaw aten galu arang shaw ap nawng wa ai hpyen hpung ni a asak, myusha ni a asak yawng kaman lila asum hkam kau shangun ai. Mahtai gaw ngangkang ai myit hpe shayawm kau ai hta n-ga, hpan wa madu Karai Kasang n lawm ai majaw sum mat masai.
Myenmung kaw nga pra sa wa nga ai amyu bawsang ni hta na Wunpawng myusha ni gaw gara myusha hte mung nbung magrau grang nna dawdan gwi, galaw gwi ai amyu ni re. Jak laknak kaba lang nna maigan mungdan ni hpe hkan zing la mat wa ai British hte Japan hpe gara hku gasat shingdang wa ai lam maram yu yang, myit majan hte laknak majan ni hta ngangkang ai myit jasat lang wa masai. Shing rai dai ni na ten hta KIO hte Wunpawng Myusha ni mung hpu ba hpu shawng ni a kasi lang nna myit majan, laknak majan hpe shen maram nhtawm gasat nga ma ai.
LTTE hta lakap nna KIO a ntsa kaw dinglik yu ai shaloi, “I” ngu ai gaw awmdawm ahkaw ahkang hpe madi madun ai re. Lani mi Ningbaw Kaba Lahtaw Zau Seng hte Gen. Kriangsak Chomanand (Thai Commander-in-Chief) hkrum shaga ai shaloi Gen. Kriangsak san ai hta, nanhte gaw awmdawm ahkaw ahkang lu na matu gasat ai i, nga ai. Ningbaw Kaba bai htai ai hta, Myenmung hpe British ni uphkang wa ai kaw na shanglawt jaw sai. Raitimung grau matse ai Myen asuya a kata de shang mat saga ai. Dai majaw Myenmung ting hpe shalawt la nhtawm, htingbu mungdan ni hte ngwi pyaw simsa nna mahku mahkau shangang shakang lu na matu yaw shada ai majaw KIO ngu shamying ai lam sanglang dan ai shaloi, General gaw, nanhte hte ganawn mai sai, nga ai.
LAGANG:- Salang yan tsun ai ningmu gaw, rawt malan hpung ni hte mungmasha ni gara de matut sa na hpe pyending nan ya ai lachyum pru ai majaw yawng a matu akyu nga sai. Myen asuya gaw Karai Kasang n ra sharawng ai lam kaw ding yang hkawm wa sai majaw shanhte a lam gara kaw wa htum na ngu ai gaw Karai Kasang a myit sha rai na re. Myen a labau kaw rai nbyin yu ai dai ni byin wa sai. Yen nlu ai hpang jahtum majan hte ginchyum dat na ATEN DU SAI. Karai Kasang kaw ja ja kyu hpyi nhtawm, awngdang na hpe kam let gasat sa wa ai kaw shingdu de na lai ladat amyu myu hte atsam htum jawm garum madi shadaw la ai marang e, teng teng awngdang wa na re.
Puk Dun
By JPKS

Read more »

Thursday, May 16, 2013

Panglung Matut (64)

Read more »

Wednesday, May 15, 2013

Alliance visiting

Alliance visiting UK next week

The United Nationalities Federal Council (UNFC) is sending a delegation to the United Kingdom next week, according to UNFC and British embassy sources.
The delegation will be led by the alliance’s chairman Lt-Gen N.Ban La and Secretary General Nai Hong Sa.
Secretary General Nai Hong Sa and Lt-Gen N.Ban La
The main purpose of the visit will be to study about the peace process in Northern Ireland.
According to Encyclopedia Britannica Almanac 2004:
“As a result of continuing social strife in Northern Ireland, it (UK) joined with Ireland in several peace initiatives, which eventually resulted in an agreement to establish an assembly in Northern Ireland. In 1997 referenda approved in Scotland and Wales devolved power to both countries, though both remained part of the United Kingdom.”
The planned visit follows one made by U Aung Min, Vice Chairman, Union Peacemaking Work Committee (UPWC) last month.
By: http://www.english.panglong.org/index.php?option=com_content&view=article&id=5415%3Aalliance-visiting-uk-next-week&catid=85%3Apolitics&Itemid=266

Read more »

MAIGAN KITHKAI NINGTAU LITHKAM DUKABA GAWL LA AUNG A NUMHTET GA

MAIGAN KITHKAI NINGTAU LITHKAM DUKABA GAWL LA AUNG A NUMHTET GA MAIGAN KITHKAI NINGTAU LITHKAM DUKABA GAWL LA AUNG A NUMHTET GA @ DFW TX,U.S.A

Read more »

KIO/KIA HTE MYEN A MAJAN LABAU

simsa lam la ai ten na Gaw sharawt lam mung lawm ai.

Read more »

Tuesday, May 14, 2013

နိုင်ငံရေး ကကြီး ခခွေး

Kachin Duwa

Posted: 11 May 2013 06:29 PM PDT
ဒူဝါက ဖက်ဒရယ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ရေးရင် ဗဟိုအစိုးရ ဆိုတာ ခဏဏ တွေ့ပါလိမ့်မယ်။ တနေရာမှာတော့ စစ်အုပ်စုထဲက အထင်ကရ (အမြဲတမ်း စစ်တပ်ကို ထောက်ခံနေသူ) တစ်ယောက်က Comment ပေးလာတယ်။

ဗဟို.. ဗဟို... နဲ့ ခင်များတို့ ကေအိုင်အေ ဌာနချုပ်လို့များ အောက်မေ့နေလား မသိဘူး.... တဲ့။ ဒါနဲ့ သူ တစ်ယောက်ထဲလား ဆိုတော့ သူ့ကို Like ပေးထားတဲ့ နောက်လိုက်တွေကလဲ မနည်းဘူး ဖြစ်နေတယ်။

ဒီတော့... ဒူဝါ အနေနဲ့ ရီအားထက် ငိုအားသန် ဆိုသလို ဖြစ်သွားပါတယ်။

ကျနော်တို့ကသာ ဒီမိုကရေစီ တို့... ဖက်ဒရယ် တို့... စကားကြီး စကားကျယ်တွေ ပြောနေတာ... သူတို့ခင်မျာ ဗဟို အစိုးရ ဆိုတာတောင် နားမလည်ရှာသေးပဲကိုး....

ဒီတော့ ဒူဝါ အနေနဲ့ နိုင်ငံရေး ကကြီး ခခွေး စဉ်းစားလာရပါတယ်...

ဒီလိုကွဲ့...

တကယ်တော့ ဗဟိုအစိုးရ (Central Government) ဆိုတာ အခြေခံ ဥပဒေ မှာ ထည့်ရေးစရာ မလိုတဲ့ နိုင်ငံတိုင်းမှာ ရှိကို ရှိရမဲ့ အစိုးရ ဖြစ်ပါတယ်။ တခု ကွာခြားတာက အဲဒီ ဗဟိုအစိုးရ ကို ဘယ်လို ဖွဲ့စည်းသလဲ ဆိုတဲ့ ပြဿနာ ပါ။ ဗဟို အစိုးရ မရှိတဲ့ နိုင်ငံ မရှိပါဘူး။ ကေအိုင်အေမှာပဲ ရှိတာ မဟုတ်ဘူးနော်... ကလေးတို့...

ဖက်ဒရယ် လို့ ဆိုနေတာဟာ ဗဟိုအစိုးရ ရှိစရာမလိုတော့ဘူး လို့ ဆိုလိုခြင်း မဟုတ်... အမေရိကန် မှာ ဆိုရင် ဖက်ဒရယ် အစိုးရ လို့ ခေါ်တယ်။ သူ့ ပြည်နယ်လိုက် အစိုးရလဲ ရှိတယ်။ ဒါပေမယ့် ဖက်ဒရယ် အစိုးရ ဟာ တနိုင်ငံလုံး နဲ့ ဆိုင်တဲ့ အစိုးရ ဖြစ်ပါတယ်။

မြန်မာပြည်မှာလဲ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရ တွေ ရှိတယ်... ဒါပေမယ်မဲ့ နေပြည်တော် အစိုးရလဲ ရှိတယ်။ အဲဒီ နေပူတော် အစိုးရ ကို ဗဟို အစိုးရ လို့ ခေါ်တကွဲ့...

သို့သော် အမေရိကန် နဲ့ မတူတာက အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို အမေရိကန် သမ္မတကြီး မခန့်ဘူးကွဲ့.... သူ့ ပြည်နယ်သားတွေပဲ ခန့်တာပါ။ မြန်မာပြည်မှာက ပြည်နယ် နဲ့ တိုင်း အုပ်ချုပ်ရေးမှူး (မြန်မာ့ အခေါ် ၀န်ကြီးချုပ်) တွေကို သာမက ပြည်နယ် ၀န်ကြီး ၀န်လေးအားလုံးကို သမ္မတကြီးက ခန့်ရတယ်ကွဲ့... အင်္ဂလိပ် ကိုလိုနီခေတ်က ဘုရင်ခံမင်းများ အတိုင်းပေါ့ကွယ်... ဒီတော့ ပြည်နယ်သား၊ တိုင်းဒေသကြီး ဒေသခံတွေနဲ့ မဆိုင်တော့ဘူးလေ။ သမ္မတကြီးကို ကိုယ်စားပြုသွားပြီ။ သမ္မတကြီး ခိုင်းသမျှလုပ်ပဲ။ သမ္မတ သဘောကောင်းရင် ဒေသခံတွေ သက်သာမယ်... သမ္မတကြီးက သဘောမတွေ့ရင် ဘာမှ ရမှာ မဟုတ်ဘူး။ ကျားသနားမှ နွားချမ်းသာရမဲ့ အဖြစ်မျိုးကွဲ့။ ကျား ဆိုတာ နွားကို သနားရိုးလား... စဉ်းစား ပေါ့ ကလေးတို့ရယ်..... ကျားက သနားချင်ရင်တောင် သူ့ကလေးတွေကို အစာရှာကျွေးရမယ် ဆိုရင် မခက်ပေဘူးလား....

ဒါကြောင့် တိုင်းရင်းသားတွေ ပြောပြောနေတဲ့ ဖက်ဒရယ် ဆိုတာ ခင်များတို့ ဘဘ တွေ ပြောပြောနေတဲ့ ခွဲထွက်ရေး မဟုတ်ဘူးနော်... ခင်များတို့ရဲ့ မိသားစုတွေရဲ့ အကျိုး အတွက်လဲ ပါတယ်။ ဖက်ဒရယ်လိုနေတာ တိုင်းရင်းသား ပြည်နယ် တွေပဲ မဟုတ်... တိုင်းဒေသကြီးတွေလဲ လိုပါတယ်။ အဲဒါက ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချရေး (Decentralization) ပါ။ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ တိုးတက်လာတဲ့ သမိုင်းကြောင်းကို ပြန်ကောက်ရင် ဗဟိုချုပ်ကိုင်မှု စနစ်လျှော့လိုက်တဲ့ နောက်ပိုင်းက စလာတာပါ။ စီးပွါးရေး၊ လူမှုရေး၊ ကောင်းမွန်တဲ့ အစိုးရ၊ စတဲ့ နိုင်ငံတော် သမ္မတကြီး နှုတ်ဖြားက ပြောပြောနေတဲ့ အရာတွေအားလုံးက ၂၀၀၈ အခြေခံ ဥပဒေ နဲ့ မရနိုင်ဘူးကွဲ့.... ဗဟိုက လုပ်လို့ မရဘူး... အောက်ခြေက လုပ်ရမှာပါ။ အဲဒါကို ပြည်သူအားလုံးပါဝင်မှု (Public Participation) လို့ခေါ်တယ်။

ပြည်သူပါဝင်မှု ဆိုတာနဲ့ ခင်များတို့က လမ်းတံတားဆောက်တဲ့ နေရာ လုပ်အားပေးခိုင်းနေအုံးမယ်.. အဲဒီလို မဟုတ်ဘူးနော်... အဲဒီ အုပ်ချုပ်သူ နယ်ခံ အစိုးရကို နယ်ခံပြည်သူပြည်သားတွေက တိုက်ရိုက်ရွေးချယ်ပိုင်ခွင့် ပါ။

ဒီလောက်ဆိုရင် ရှင်းရောပေါ့... မသိတာ ရှိရင် ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်ကွယ်.....

Read more »

Monday, May 13, 2013

လက်နက်(တိုင်းရင်းသား) နှင့် ငြိမ်းချမ်းရေးပြသာနာ

============================
By: (ရဲဘော်-မင်းဟံ)
ဒီအကြောင်းအရာဆောင်းပါကို ရေးရတာဟာ အပစ်အခတ်ရပ်စဲထားကြတဲ့ တိုင်းရင်းသားတော်လှန်
ရေးအင်အားများနဲ့ စစ်အစိုးရအကြား ငြိမ်းချမ်းရေးပြဿနာဖြေရှင်းရမှာ အမှားအယွင်းမခံနိုင်တဲ့
လက်နက်နဲ့ ကိစ္စအတွက် အမြင်ဖလှယ်လိုခြင်းဖြစ်ပါတယ်။

(န-၀-တ)(န-အ-ဖ)စစ်အစိုးရဟာ သူတို့ရဲ့ အမျိုးသားညီလာခံက ရေးဆွဲချမှတ်ခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေကို တွန်းတွန်းတိုက်တိုက်နဲ့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီအဖွဲ့စည်ပုံအခြေခံဥပဒေကို လမည့် (၂၀၁၀)ခုနှစ်မှာ ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရအနေနဲ့ ပြင်ဆင်စရာရှိတာတွေ အပြီးပြင် ဆင်ထားမှာဖြစ်တယ်။

၎င်းတို့ရဲ့ဖွဲ့စည်ပုံအခြေခံဥပဒေထဲမှာ နိုင်ငံထဲမှာ တပ်မတော်ဆိုတာတစ်ခုထဲရှိရမည် လက်နက်
ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ဦးချုပ်ရဲ့ ကွပ်ကဲမူအောက်မှာရှိရမယ်”လို့ဖော်ပြထားတယ်။
ဒီတော့ကာ အပစ်ခတ်ရပ်အဖွဲ့တွေ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ့ရဲ့ တပ်ဖွဲ့တွေကို သို့မဟုတ်
လက်နက်တွေ ကိုအပ်ဖို့ ပြောလာလိမ့်မယ်။

အခုတောင်အချို့အပစ်အဖွဲ့တွေကို ဒီကိစ္စပြောထာားပြီးဖြစ်တယ်။ အပြောနဲ့တာ မဟုတ် အလုပ်နဲ့လည်း ဖိအားအမျိုးမျိုးပေးလာလိမ့်မယ်။ ဒီတော့ ဒီကိစ္စအပေါ် အမြင်ရှင်းအောင် စဉ်းစားသုံးသပ်ထားဖို့လိုနေပြီး၊ အပစ်ရပ်နဲ့ငြိမ်းချမ်းရေးအဖွဲ့တွေအပြင် ၄င်းတို့ကိုယ်စားပြု ထားတဲ့လူမျိုးစုသူတွေရဲ့ ဘ၀ဟာလက်နက်အပ် (သို့မဟုတ်) တပ်ကိုအပ်လိုက်ရင် ဒင်းတို့ရဲ့ အနာဂတ် ကံကြမ္မာ ဘယ်လို့ဖြစ်သွားမယ်ဆိုတာ ကြိုတင်ရှုမြင် သုံးသပ်ပြီး၊ ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့ အထူးကို လိုအပ်နေပါပြီ။

လက်နက်ရဲ့သဘောသဘာဝ
=================
ကျွန်ုပ်တို့ လူသားအပါဝင် သတ္တလောအထဲမှာ သတ္တ၀ါတွေအားလုံးဟာ ရေရှည်ရှင်သန်ရပ်တည်နိုင်ဖို့
လက်နက်ကိုယ်စီ ရှိကြရတယ်။ အဲဒီလက်နက်တွေထားရှိရ တာဟာ ရည်ရွယ်ချက်အားဖြင့် (၂)မျိုးရှိ တယ်။
တချို့ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ ကျန်တစ်မျိုးက အခြားသူကို ရန်ရှားဖို့ဖြစ်တယ်။

***ခရုတို့်လိပ်တို့ရဲ့ လက်နက်ဟာ သူတို့ရဲ့အခွံပါ။ သာမန်ရန်သူဆိုရင် အခွံထဲဝင်လိုက်ခြင်းအားဖြင့် သူတို့ ကိုယ်ကိုနိုင်ပါနိုင်ပါတယ်။ အချို့သတ္တ၀ါတွေ အပြေးမြန်ခြင်းဟာ သူတို့ကိုယ်ကိုကာကွယ်တဲ့နည်းနာ လက်နက်တစ်မျိုးဖြစ်တယ်။
*** မြတ်နဲ့သစ်ရွက်ပိုးစားတဲ့သမင်၊ဒရယ်၊စိုင်ဆတ်၊ကျွဲနွားတွေရဲ့ဦင်္းချိုးတွေဟာသူတို့ကိုယ်ကိုကာကွယ်ဖို့ အတွက် အဓိကဖြစ်တယ်။ အချို့နေရာတွေမှာ ရန်ရှာဖို့အ တွက်လဲသုံးနိုင်တယ်။

***ကျားတွေခြင်္သေ့တွေရဲ့ ခြေသည်း၊ လက်သည်း၊ သွားတွေအစွယ်တွေဟာ သူတို့ကိုယ်ကို ကာကွယ်တဲ့
ဘက်မှာသုံးနည်းပြီး အခြားတရိစ္ဆာန်တွေကို ရန်ရှာတဲ့ဘက်ကအသုံးများတယ်။

***လူသားတွေရဲ့ခြေလက်တွေဟာ ထိုးကြိတ်ကန်ကျောက်ရာမှာ သုံးနိုင်ပေးမဲ့ အသက်ရှင် ရပ်တည်ရေး အတွက် မရှိမဖြစ်တဲ့အရာမို့လက်နက်စရင်းမသွင်းကြဘူး။

***တုတ်၊ ဓါး၊ လှံ၊ သေနတ်တွေ ကိုတော့ လက်နက်အဖြစ်သတ်မှတ်ပါတယ်။ ဒီဓါး၊ လှံ၊ သေနတ်တွေကို မိမိကိုယ်ကိုကာကွယ်ဖို့သုံးမလား၊ သူတပါးကိုရန်ရှာဖို့သုံးမလားနှစ်မျိုးစလုံးသုံးနိုင်ပါတယ်။

ငှက်တွေထဲမှာ လင်းယုန်၊ စွန်နဲ့၊ သိမ်းငှက်တွေဟာ အခြားငှက်နဲ့ သတ္တ၀ါတွေကို သတ်စားကြတယ်။ ကျားတွေ၊ ခြင်္သေ့တွေကလည်းအခြား သတ္တ၀ါကို သတ်စားတယ်။ သတ္တ၀ါချင်းတူတူ သူတစ်ပါးကို ရန်ရှာသတ်စားတဲ့ အကျင့်စရိုက်မကောင်းဘူး၊ မမှန်းဘူး၊ မတရားဘူးလို့ပြောရမယ်။

ဒါပေမဲ့ မြတ်တွေကိုသာစားတဲ့ သမင်၊ ဒရယ်၊ စိုင်ဆိတ်တွေကို ချိုရှိတာမမှန်ဘူး၊ မတရားဘူးလို့
သတ်မှတ်လို့မရဘူး။ဒီလို့ပဲ လူအချို့ ကိုင်ဆောင်ထားတဲ့လက်နက်တွေဟာ သူတို့ရဲ့ အသက်အိုအိမ်
စည်းစိမ်းတွေ မြို့ရွာနိုင်ငံကို ကာကွယ်ဖို့အတွက်ကိုသာ သုံးရင် ဒါဟာအမှန်တယ်၊ တရားတယ်လို့လ
က်ခံရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့လူသားတွေအတွက် လက်နက်ဆိုတာ သက်မဲ့အရာအသုံးဆောင်ပစ္စည်းပါ၊ ဒီ လက်နက်တွေကို မိမိတို့ရဲ့အကျိုးစီပွားကို ကာကွယ်ဖို့အတွက်သာရင် မှန်ကန်တယ်၊ တရားတယ်၊ ဒီအတွက်ထောက်ခံသင့် တယ်၊အားပေးသင့်တယ်၊ဘာကြောင့်လဲဆိုရင်ကွန်ုပ်တို့လူသားတွေရှင်သန်နိုင်ဖို့ဟာ တောတရိစ္ဆာန်ရိုင်းတွေ ရဲ့ရန်ပြုမူကို ကာကွယ်ဖို့လိုက်အပ်သလို ကွန်ုပ်တို့ လူသားတွေထဲမှာ တိရိစ္ဆာန်ဘာသာစိတ်မျိုးနဲ့ သူတစ်ပါး ရဲ့ ဥစ္စာ ပစ္စည်းကို လုယူလိုတဲ့သူတွေရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။

လူအဖွဲ့စည်းတိုင်းမှာ သူအဖွဲ့စည်းကို ကာကွယ်ဖို့ အဆင့်ရှိတဲ့ လက်နက်တွေရှိ နေကြရင် သူတစ်ပါးကို ရန်မူပြီးလုယူနယ်ချဲ့လိုတဲ့ အဖွဲ့စည်းတွေကို ထိန်းပေးသလို့ဖြစ်စေကာ ကမ္ဘာငြိမ်းချမ်းရေးကိုလည်း အကျိုးပြုစေပါတယ်။

ဒီနေ့ကမ္ဘာမှာလို့ပဲ ညူးကလီးယားလက်နက်တွေ နိုင်ငံတခုထဲမှာမဟုတ်ပဲ နိုင်ငံ (၉)လောက်က ပိုင်းဆိုင်ထားတာဟာ အင်အားချိန်ခွင်လျှာညိုထားသလို့ဖြစ်စေပြီး ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေပါတယ်။

လူသားတွေဟာ ခြံတွေစိုက်ခင်းတွေ စိုက်ပျိုးတဲ့အခါခိုင်လုံတဲ့ခြံစည်းရိုးတွေရှိဖို့ လိုအပ်တယ်။ မရှိဘူး
ဆိုရင် အဲ့ဒီစိုက်ခင်းနဲ့ သီးနှံပင်တွေဟာ သားကောင်းအမျိုးမျိုးရဲ့  ဖျက်စီးခြင်းကိုခံရပြီးပျက်စီသွားမှာပါ။
ဒီလိုပါပဲ လူတစ်ဦးချင်းနဲ့ လူအဖွဲ့စည်းတွေထဲမှာ သူတို့အခွင်ရေးတွေနဲ့ အသက်အိုအိမ် အိမ်စည်းစိမ်တွေ
ကို ကာကွယ်ဖို့လက်နက်ဆိုရတာ ရှိထားသင့်တယ်။

မြွေပွေး၊ မမြေဟောက်တွေမှာအဆိပ်ရှိလို့၊ ပင်လယ်ဂဏာန်းမှာ ညှပ်ဖို့ လက်နက်ကြီးရှိလို့ အခြား သတ္တ၀ါတွေက်သူတို့ကိုအနိုင်ကျင့်ချင်တိုင်း မကျင့်ဝံ့တာ ဖြစ်တယ်။ တရုတ်အမျိုးသားခေါင်းဆောင် ကြီး မော်စီတုံးက “ နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်လာတာဖြစ်တယ်” ဆိုပြီး မြင်လွယ်ပြောထားတာရှိတယ်။

ပြီးတော”အမျိုးသားတရပ်မှာ သူတို့ရဲ့ အမျိုးသားကာကွယ်ရေးတပ် မရှိဘူးဆိုရင် အဲ့ဒီအမျိုးသားအတွက် ဘာမှ မရှိနိုင်ဘူး” လို့ဆိုထားပြန်တယ်။ ဒီတော့အမျိုးသားတရပ်ရဲ့  တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်၊ အခွင့်အရေးတွေရရှိဖို့အတွက်ဖွဲ့စည်းထားတဲ့လက်နက်ကိုတပ်နဲ့လက်နက်တွေကိုစွန့်ုဖို့ဆိုတာ ပြောဖို့ သင့်တဲ့ ကိစ္စလား။
Like · · Promote ·

Read more »

လက်နက်စွန့်သွားတဲ့မြန်မာပြည်ခေ တ်အဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကံကြမ္မာ

Lachid Kachin shared a photo.
လက်နက်စွန့်သွားတဲ့မြန်မာပြည်ခေတ်အဆက်ဆက်က 
==============================
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကံကြမ္မာ  
==========================
 ကျွန်တော်တို့နိုင်ငံသမိုင်းဖြစ်စဉ်ထဲမှာ လက်နက်ချေမူန်းခံရသလို့ ကြေပြုန်းသွားရတဲ့ အဖွဲ့အစည်းရယ်
လို့ မကြားမိသေးဘူး။ ဒါပေမဲ့ လက်နက်ချတာပဲ ဆိုဆို။အလင်းဝင်တာပဲပြောပြော လက်နက်စွန့်သွား
တဲ့အဖွဲ့တွေ  ကြေပြုန်းသွားကြတာ များစွာရှိပါတယ်။

 (၁၉၄၅)ခုနှစ်ထဲမှာ လက်နက်နဲ့ဒီမိုဂလဲလှယ် ဆိုပြီး ပြည်သူရဲဘော်ရှိပါတယ်။ ပါတီ၊ ဦးလှဖေ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊နိုင်အောင်ထွန်း ဦးဆောင်တဲ့ မွန်ပြည်သူ့တပ်၊ ဦးစိန္ဒာ ဦးဆောင်တဲ့ ရခိုင်ပြည်သူ လွတ်မြောက်ရေးပါတီတွေ လက်နက်ချသွားကြတယ်။ 

အဲ့ဒီအဖွဲ့က ခေါင်းဆောင်တွေဟာ(၁၉၆၀)မှာ ရွေးကောက်ပွဲဝင်ပြီး အချို့ဝန်ကြီးတွေဖြစ်၊ အချို့လည်း အမတ်တွေဖြစ်၊ ဒါပေမဲ့(၁၉၆၂)ခုမှာ ထောင်ထဲရောက်သွားကြရတယ်။
 
ဘယ်မှာလဲ အားမခံချက်နဲ့ တော်လှန်ရေးအသီးအပွင့်။ (၁၉၆၃) မှာ ကရင်အမျိုးသားတော်လှန်ရေးထဲ
က သမ္မတလို့ သူ့ အသိုင်း အ၀ိုင်းကခေါ်ဆိုနေတဲ့ မုဆိုးကော်ကဆာစောဟန်တာသားမွေးနဲ့ ဗိုလ်မုး
ကြီးလင်းထင်တို့ရဲ့  (KGB)အဖွဲ့ လက်နက်စွန့်သွားတယ်။ 

ဝင်ခါစမှာ စောဟန်တာမွေးဟာ ရာထူးကြီးကြီးနဲ့ တိုက်တလုံး ကားတစီးရခဲ့တယ်။ ဒါပေမဲ့ ၂-နှစ်လောက် အကြာမှာဗိုလ်လင်းထင်အသတ်ခံရပြီးစောဟန်တာသားမွေးလည်းသာမန်အရပ်သားဘ၀ရောက်သွားခဲ့ရ တယ်။
ပြီတော့  တချိန်တုန်က အယူအဆ ရေးရာမှာ တောက်ပြောင်ခဲ့တဲ့ အလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင်း
သခင်စိုးကြီးလည်း ငြိမ်းချမ်း ရေးတံခါကိုခေါက်ပြီး ဖွင့်မယ်လို့ကြွေးကြော်ကာလက်နက်စွန့်သွားတယ်။
မကြပါဘူး ထောင်ထဲရောက်ပြီး ဘ၀နိဂုံးချုပ်သွားရတယ်။

(၁၉၉၀) ကျော်လောက်မှာစစ်အင်အားတသောင်းလောက်နဲ့လွတ်လပ်တဲ့ရှမ်းပြည်တည်ထောင်မယ်လို့  ကြွေးကြော်ခဲ့တဲ့ခွန်ဆာဟာ(၁၉၉၆)ခုနှစ်ဆန်းပိုင်းမှာလက်နက်ချပြီးစစ်အစိုးရနဲ့ပူးပေါင်းသွားတယ်။ ခွန်ဆာရဲ့ ဦိးတည်ချက်နဲ့ တော်လှန်ရေးအမွေးအနှစ်ဘာတွေဖြစ်ပြီးဘာတွေကျန်ခဲ့တဲ့၊ လေ့လာကြည့်စမ်းပါ။ (၂၀၀၅) ခု နှစ်ထဲမှာရှမ်းပြည်အမျိုးသားတပ်မတော် (SSNA)က တပ်မဟာမုး ကန်နနဲ့ ကွန်းခေတို့ (လားရှိုး-သိန္နီ အခြေစိုက်)သူတို့ တပ်ဖွဲ့ဝင်တချို့နဲ့အတူ လက်နက်အပ်ခဲ့တယ်။
ပလောင်ပြည်နယ်လွန်မြောက်ရေးပါတီ(PSLP)ကဦးအိုက်မွန်းနဲ့(မန်တုံဒေသအခြေစိုက်)အဖွဲ့များလက်နက်အပ်ခဲ့တယ်။လက်နက် အပ်ပြီး မကြာခင်မှာ ပလောင်ဒေသအတွင်း မူးယစ်ဆေးဝါရောင်းဝယ် ဖြန့်ဖြူမူတွေနဲ့ လုယက်မူ၊ အနိုင်ကျင့် မှုတွေ များပြားလာတာကို တွေရှိခံစားကြရတယ်။ (၂၀၀၇)ခုမှာ ပအိုဝ်းနီလို့ အချို့ ခေါ်ကြတဲ့(ရ-လ-လ -ဖ)   ခေါ် (SNPLO) အဖွဲ့အတွင်း အကွဲအပြဲဖြစ်ပြီး ဥက္ကဌဗိုလ်မုးချစ်မောင်နဲ့ အဖွဲ့  လက်နက်အပ် လိုက်ကြ တယ်။ 
အခုတော့အရပ်သားအဆင့်ကိုရောက်သွားပြီး(၂၀၀၈)ထဲမှာ ဥက္ကဌဟောင်း ဦးတာကလယ်နဲ့ ဥက္ကဌဦးစိန်ရွှေ တို့အကြပ်ကိုင်ခံရပြီး လက်နက်အပ်လိုက်ရပြန်တယ် ။ဒီတော့ သူတို့ဟာ ဂဏန်း လက်မကျိုးမြွေ အစွယ် ကျိုးသလို မိမိလူထုအကျိုးတွေကိုဘာမှာပြောပိုင်ခွင့်မရှိတော့ဘူး၊ ဒီလို့အရှေ့ကနှောင်တော်ကြီးတွေ လက်နက်စွန့်ခဲ့လို့ ဘ၀လည်းပျက်၊ဦးတည်ချက်လည်း ပျောက်၊ သမိုင်းအမှိုက်ပုံထဲရောက်ခဲ့ရတာကို တော်လှန်ရေး သံဝေဂ ခိုင်ခိုင်မာမာရခဲ့ကြပြီးလေ။
အခုလက်ရှိ ဦးအောင်မင်း တို့ အဖွဲ့မှ (KIA,SSA,KNU.....)အဖွဲ့တွေကို ပြော ပြောနေကြတဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာတွေ က အား လုံးဒီအဆင်တွေ(ဒီအကွက်၊ဒီအဖြေ) ဘဲထွက်မယ်ဆိုတာ ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ မရိပ်မိခြင်း(သတိမထား)မိခြင်း လော့.....??
(By-မင်းဟံ ၏ဆောင်းပါးအား LachidKachin မှပြန်လည်ဖြည့်စွက်ထားသည်။)

= ကျွန်တော်တို့နိုင်ငံသမိုင်းဖြစ်စဉ်ထဲမှာ လက်နက်ချေမူန်းခံရသလို့ ကြေပြုန်းသွားရတဲ့ အဖွဲ့အစည်းရယ်

ကိုယ်တွေ့ပင်လုံ အဆက် ၆၂

Read more »

Sunday, May 12, 2013

panglung matut - 61

Read more »

Saturday, May 11, 2013

ကချင်တွေလဲ မြန်မာ ပါ

ကချင်တွေလဲ မြန်မာ ပါတဲ့။

ကချင်လူမျိုးတွေလဲ မြန်မာတွေပါ လို့ ပြောပြောနေတာ သတိထားမိပါတယ်။ ဟုတ်ကဲ့.... ကချင်တွေက မြန်မာ ဖြစ်ချင်လို့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်ကတည်းက ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့်... အဲဒီ စာချုပ်အတိုင်း မြန်မာဖြစ်ခွင့်မရခဲ့ဘူး။ ဒုတိယ နိုင်ငံသား ဖြစ်သွားတယ်။ ဘာလို့လဲ ဆိုတော့ ကချင်တွေဟာ ခရစ်ယာန် ဖြစ်လို့ပဲ။ ကျောင်းသားဘ၀ တုန်းက ပူတာအို မှာ ဘူတာရုံပိုင် အလိုရှိတယ်တဲ့ လို့ ပြောင်နောက်တာကို ယုံတဲ့ ဗမာငအ က မြို့နယ်မှူးတွေ တက်ဖြစ်။ သူနဲ့ အလုပ်အတူတူ ၀င်တဲ့ သူ့သူငယ်ချင်းကချင်တွေက ဘ၀ တစ်သက်တာ စာရေးဘ၀ က မတက်တော့ဘူး၊ တဲ့။ စစ်တပ်ထဲမှာ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး ပင်စင်ပေးခံရတာတွေလဲ ရှိတယ်။ ရန်ကုန် စက်မှုသက္ကသိုလ် က နည်းပြဆရာ ကချင်တစ်ယောက် (နာမည်မဖေါ်ပြတော့ပါ) လဲ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး အသက် ၃၀ ကျော်မှာ အထုတ်ခံရတယ်။ နောက်တော့ စင်ကာပူမှာ နာနို နည်းပညာနဲ့ ပါရဂူဘွဲ့ ရပြီး မြန်မာပြည်မပြန်ပဲ အခု စင်ကာပူ မှာ အလုပ်ကောင်းရနေပြီ။

နိုင်ငံတော်အဆင့်က သမ္မတ ကိုယ်တိုင် ဗုဒ္ဓဘွဲ့တွေ အမျိုးမျိုးချီးမြင့်နေတဲ့ အချိန် သာသနာရေး ၀န်ကြီးဌာန က ကချင်တွေရဲ့ ဘာသာ တရား အတွက် တပြားမှ အကုန်အကျ မခံဖူးတဲ့ အပြင်... ဘုရားကျောင်းဆောက်ခွင့်တွေ မရခဲ့ဖူးဘူး။ ကချင်ဘုရားကျောင်းတွေ အများကြီးပဲ လို့ ပြောလိမ့်မယ်။ ဟုတ်ကဲ့.. ဘုရားကျောင်းလို့ နာမည် မတပ်ရပါဘူး။ ရိပ်သာ လို့ပဲ နာမည် တပ်ခိုင်းတာပါ။

ဘုန်းတော်ကြီး ပညာသင်စနစ်ကို ဥပဒေ အရ တရားဝင် ဖြစ်အောင် လုပ်နေတဲ့အချိန်၊ အဲဒီ ဥပဒေမှာ မစ်ရှင်ကျောင်း မဖြစ်ရ လို့ အသိအလင်း ဖေါ်ပြထားတယ်။ ဆိုလိုတာက ခရစ်ယာန်ကျောင် မဖွင့်ရလို့ ဆိုလိုတဲ့သဘော ဖြစ်နေတော့ ကချင်တွေ၊ ချင်းတွေ လို ခရစ်ယာန်တွေက ဘုန်းတော်ကြီးကျောင်းလို ဘာသာရေး အခြေခံတဲ့ ကျောင်း မဖွင့်ရ ဆိုတဲ့ သဘော ဖြစ်သွားတယ်။

ကချင်ခရစ်ယာန် ဆိုတဲ့ မှတ်ပုံတင်ဟာ အမြဲတမ်း ခရီးသွားထောက်ခံစာ ပါရတယ်။ အချိန်မရွေး အစစ်ခံရနိုင်ပါတယ်။ မြစ်ကြီးနား-မန္တလေး ရထားပေါ်မှာ တတွဲလုံး လူမျိုးပေါင်းစုံ (တရုတ်၊ ကုလားမျိုးနွယ်စုံ) ရှိပေမယ့် ပြည်သူ့ရဲ ဆိုသူတွေက မှတ်ပုံတင်ပြခိုင်းပြီး ကချင်ခရစ်ယာန် ဆိုရင် အားလုံးဝိုင်းစစ်တယ်။ ရှိသမျှ ပစ္စည်း အကုန်နှိုက်စစ်ခံရတယ်။ ခရီးသွားထောက်ခံစာ ပြရတယ်။ အခုမှ မဟုတ်၊ လွတ်လပ်ရေး ရပြီး ၁၀ နှစ်နောက်ပိုင်းကစတာပါ။

ရန်ကုန်မြို့မှာ ကချင် ဆိုရင် အိမ်ထောင်စု စာရင်း မလုပ်ပေးဘူး။ မြစ်ကြီးနားမြို့ပေါ်မှာတော့ အောက်ပိုင်းက ဗမာလက်သမား တွေအတွက် ကချင်လယ်တွေသိမ်းပြီး နေရာချပေးတဲ့ အပြင်၊ အိမ်ထောင်စု ပါ အခမဲ့ ချပေးတယ်။ တွက်လိုက်ရင်အများကြီးပါ။
BY: DUWAKACHIN

Read more »

ဦးဏှောက် ဆေးလိုက်ရမယ်.

လွတ်လပ်ခြင်းအတွက် ဦးဏှောက် ဆေးလိုက်ရမယ်...

Photo: လွတ်လပ်ခြင်းအတွက် ဦးဏှောက် ဆေးလိုက်ရမယ်... 
*******************************

လွတ်လပ်စွာ တွေးခေါ်တတ်ဖို့ ဦးဏှောက်ဆေးလိုက်မယ် ဆိုရင်.. ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ် ပညာရပ်တွေကို ရလာတတ်ပါတယ်... 

ဒါပေမယ့်... မူဝါဒ တခုခု ရိုက်သွင်းဖို့ ဦးဏှောက်ဆေးလိုက်ခြင်းဟာ လူ တစ်ယောက်ကို အကျဉ်းထောင်ထဲ ပို့လွတ်လိုက်သလိုပဲ ဘာမှ မသိတော့ဘူး။

ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ် က ဆရာ တစ်ပါးဟာ ကျောင်းသားသစ် (Fresher) အတန်းမှာ အမြဲတမ်း ဦးဦးဖျားဖျား ဘုရားသခင် မရှိတဲ့ အကြောင်း စပြီး လက်ချာပေးတာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ကချင်ခရစ်ယာန် အသိုင်းအ၀န်းမှာ သူ့ရဲ့ အတွေးအခေါ်ကို နားမလည်တဲ့လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။

တကယ်တော့ သူဟာ.. ဓမ္မစာသင်သားတွေကို မိဘ အသိုင်းအ၀ိုင်းက ရလာတဲ့ ယုကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာ အတွေးအခေါ် အားလုံးကို ဆေးကျောပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားမဲ့ ၀ါဒလူတစ်ယောက် အနေနဲ့ စခိုင်းခဲ့တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးခိုင်းတယ်.. တွေးခေါ်ခိုင်းတယ်... စာကြည့်တိုက်မှာ များများ ရှာဖတ်ခိုင်းတယ်... ဓမ္မသက္ကသိုလ်မှာက ဘာသာတရားပေါင်းစုံ စာအုပ်တွေ.. ဒဿန စာအုပ်တွေ၊ လောကနီတိ ဆိုင်ရာ စာအုပ်တွေ၊ နိုင်ငံရေး စာအုပ်တွေ၊ သမိုင်း စာအုပ်တွေ၊ နိုင်ငံတကာ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ ထောင်သောင်းမက ရှိတာပါ...  နောက်ဆုံး ကိုယ့်နည်းကိုယ့်ဟန် စစ်မှန်တဲ့ ယုံကြည်မှုဆိုင်ရာ ဓမ္မ ဒဿန တွေ့အောင် ရှာခိုင်းတယ်.....  တချို့ အတွေးအခေါ် လိုက်မမှီတဲ့ ကျောင်းသားတွေ၊ အင်္ဂလိပ်စာ မနိုင်တဲ့ ကျောင်းသားတွေ၊ ကျောင်းပြီးအောင် ဆက် မတက်နိုင်ခဲ့ဘူး.... တချို့ စာကြိုးစား တဲ့ လူ အနည်းငယ်မျှသာ အဆင့်မြင့် ဓမ္မသက္ကသိုလ် ပညာရပ်တွေကို ဆွတ်ခူးနိုင်ပြီး ဓမ္မဆရာ ဖြစ်လာတဲ့ အကြောင်း ကချင် ဓမ္မဆရာ တစ်ပါး ဟောကြားတာ ကြားဖူးပါတယ်။

နိုင်ငံရေး ဆိုတာလဲ ဘာသာတရားလောက် မလေးနက်ပေမယ့် လွတ်လပ်စွာ တွေးခေါ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ၀ါဒမှိုင်း တခုခု သွပ်သွင်းပေးဖို့ ဦးဏှောက်ဆေးခြင်းခံရတဲ့ လူမဖြစ်ဖို့တော့ လိုပါတယ်။ 

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ဆွေးနွေးခြင်း၊ လေ့လာခြင်း ကင်းမဲ့ဇုန် ဖြစ်နေခဲ့တာ ရာစု နှစ်ဝက် လောက်ရှိလာတဲ့ အခါ၊ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓါတ်ဟာလဲ မြန်မာ့အလင်း သတင်းစာ လို ကောင်းသတင်းပဲ ဖတ်ချင်တဲ့လူတွေ များလာပါတယ်။ 

တကယ်တော့ သတင်းဂျာနယ်တွေမှာ ဆိုးသတင်း မထွက်ဖို့ ဆိုတာ ထက် လက်တွေ့အနေအထားမှာ တကယ်ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်မှာ ကောင်းနေဖို့ အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ အစိုးရ သတင်းစာက ကောင်းသတင်းရေးခဲ့ပေမယ့် မြန်မာပြည်ကြီး ကောင်းမလာ ပါဘူး။ 

လွတ်လပ်ခြင်းဆိုတာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ အရသာ ဖြစ်ပါတယ်။ တချို့လူတွေကတော့ ပိတ်လှောင်မှု အောက်မှာ နေသားကျလာတဲ့အခါ ပျော်လာတယ်။ လွတ်လပ်ခြင်းကို အန္တရယ် လို့မြင်လာတဲ့လူတွေတောင် ရှိလာတယ်။

အဲဒါ ဒီနေ့ မြန်မာ့ ပြဿနာ ပဲ။

by ဒူဝါလွတ်လပ်စွာ တွေးခေါ်တတ်ဖို့ ဦးဏှောက်ဆေးလိုက်မယ် ဆိုရင်.. ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ် ပညာရပ်တွေကို ရလာတတ်ပါတယ်...

ဒါပေမယ့်... မူဝါဒ တခုခု ရိုက်သွင်းဖို့ ဦးဏှောက်ဆေးလိုက်ခြင်းဟာ လူ တစ်ယောက်ကို အကျဉ်းထောင်ထဲ ပို့လွတ်လိုက်သလိုပဲ ဘာမှ မသိတော့ဘူး။

ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ် က ဆရာ တစ်ပါးဟာ ကျောင်းသားသစ် (Fresher) အတန်းမှာ အမြဲတမ်း ဦးဦးဖျားဖျား ဘုရားသခင် မရှိတဲ့ အကြောင်း စပြီး လက်ချာပေးတာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ကချင်ခရစ်ယာန် အသိုင်းအ၀န်းမှာ သူ့ရဲ့ အတွေးအခေါ်ကို နားမလည်တဲ့လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။

တကယ်တော့ သူဟာ.. ဓမ္မစာသင်သားတွေကို မိဘ အသိုင်းအ၀ိုင်းက ရလာတဲ့ ယုကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာ အတွေးအခေါ် အားလုံးကို ဆေးကျောပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားမဲ့ ၀ါဒလူတစ်ယောက် အနေနဲ့ စခိုင်းခဲ့တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးခိုင်းတယ်.. တွေးခေါ်ခိုင်းတယ်... စာကြည့်တိုက်မှာ များများ ရှာဖတ်ခိုင်းတယ်...
ဓမ္မသက္ကသိုလ်မှာက ဘာသာတရားပေါင်းစုံ စာအုပ်တွေ.. ဒဿန စာအုပ်တွေ၊ လောကနီတိ ဆိုင်ရာ စာအုပ်တွေ၊ နိုင်ငံရေး စာအုပ်တွေ၊ သမိုင်း စာအုပ်တွေ၊ နိုင်ငံတကာ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ ထောင်သောင်းမက ရှိတာပါ...  နောက်ဆုံး ကိုယ့်နည်းကိုယ့်ဟန် စစ်မှန်တဲ့ ယုံကြည်မှုဆိုင်ရာ ဓမ္မ ဒဿန တွေ့အောင် ရှာခိုင်းတယ်.....  တချို့ အတွေးအခေါ် လိုက်မမှီတဲ့ ကျောင်းသားတွေ၊ အင်္ဂလိပ်စာ မနိုင်တဲ့ ကျောင်းသားတွေ၊ ကျောင်းပြီးအောင် ဆက် မတက်နိုင်ခဲ့ဘူး.... တချို့ စာကြိုးစား တဲ့ လူ အနည်းငယ်မျှသာ အဆင့်မြင့် ဓမ္မသက္ကသိုလ် ပညာရပ်တွေကို ဆွတ်ခူးနိုင်ပြီး ဓမ္မဆရာ ဖြစ်လာတဲ့ အကြောင်း ကချင် ဓမ္မဆရာ တစ်ပါး ဟောကြားတာ ကြားဖူးပါတယ်။

နိုင်ငံရေး ဆိုတာလဲ ဘာသာတရားလောက် မလေးနက်ပေမယ့် လွတ်လပ်စွာ တွေးခေါ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ၀ါဒမှိုင်း တခုခု သွပ်သွင်းပေးဖို့ ဦးဏှောက်ဆေးခြင်းခံရတဲ့ လူမဖြစ်ဖို့တော့ လိုပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ဆွေးနွေးခြင်း၊ လေ့လာခြင်း ကင်းမဲ့ဇုန် ဖြစ်နေခဲ့တာ ရာစု နှစ်ဝက် လောက်ရှိလာတဲ့ အခါ၊ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓါတ်ဟာလဲ မြန်မာ့အလင်း သတင်းစာ လို ကောင်းသတင်းပဲ ဖတ်ချင်တဲ့လူတွေ များလာပါတယ်။

တကယ်တော့ သတင်းဂျာနယ်တွေမှာ ဆိုးသတင်း မထွက်ဖို့ ဆိုတာ ထက် လက်တွေ့အနေအထားမှာ တကယ်ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်မှာ ကောင်းနေဖို့ အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ အစိုးရ သတင်းစာက ကောင်းသတင်းရေးခဲ့ပေမယ့် မြန်မာပြည်ကြီး ကောင်းမလာ ပါဘူး။

လွတ်လပ်ခြင်းဆိုတာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ အရသာ ဖြစ်ပါတယ်။ တချို့လူတွေကတော့ ပိတ်လှောင်မှု အောက်မှာ နေသားကျလာတဲ့အခါ ပျော်လာတယ်။ လွတ်လပ်ခြင်းကို အန္တရယ် လို့မြင်လာတဲ့လူတွေတောင် ရှိလာတယ်။

အဲဒါ ဒီနေ့ မြန်မာ့ ပြဿနာ ပဲ။
bY/ KACHIN DUWA

Read more »

Panglung Matut 60

Read more »

17 Lang na USA J/W Hkristan Dinghku dabang de saw shaga dat ga ai." 24 - 27. May. 2013. Fruitland Park. Florida. USA."

Rev. Zauya Lahpai, President of Kachin American Association

Read more »

၂၀၁၃ နှစ်လည် ပြည်ထောင်စုအရေး သုံးသပ်ချက်

a photo.Face book
၂၀၁၃ နှစ်လည် ပြည်ထောင်စုအရေး သုံးသပ်ချက်
============================
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုသည့်အကြောင်း မရဲတရဲ ပြောဆိုဆွေးနွေးလာကြတာ မြင်ရသည်။ ကောင်းပါပေ့ .. ကောင်းပါပေ့။ Something is better than nothing ဟုပင် ဆိုကြတာကိုး။
ကျနော်ကတော့ အရေးတကြီး ပြင်ဆင်စရာအချက် တစ်ချက်ကို သတိထားမိသည်။ နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် စစ်ရေးအမြင်ရှိသူဖြစ်ရမည် ဟူသော အချက်ပင် ဖြစ်သည်။ လက်ရှိသမ္မတကြီးကို ကြည့်ပါ။
ကချင်တွေကို ထိုးစစ်မဆင်ရန် အမိန့်ပေးသည့်အခါ (အဲ ဟုတ်ပါဘူး) ညွှန်ကြားသည့်အခါ တပ်မတော်က နယ်မြေစိုးမိုးရေး ပြောင်းလုပ်သည်။ ထိုးစစ်ဆင်ခြင်းမရှိဟု သမ္မတက သတင်းထုတ်ပြန်သည့်အချိန် ကေအိုင်အေ ခြေကုတ်စခန်း(၃)ခုလောက်ကို သိမ်းထားပြီး ဖြစ်သည်။ ထိုးစစ်ဆင်သော်လဲ လေယာဉ်မသုံးပါဟု သမ္မတပြောသည့်အခါ တပ်မတော်၏ လေကြောင်းထိုးစစ် ရုပ်သံသတင်းကို နိုင်ငံခြားသတင်းဌာနများက ထုတ်လွှင့်ပြသနေသည်။ အသုံးပြုပါသော်လည်း အုပ်ချုပ်ရေးလုပ်ငန်းအတွက်သာ သုံးရခြင်းဖြစ်သည်ဟု သမ္မတက ပြောစဉ်၊ တပ်မတော်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ချလိုက်သည်။ မလွှဲမရှောင်သာသဖြင့် (တစ်နည်းဆိုရသော် အခြေအနေ မဟန်သဖြင့်) လေကြောင်းပစ်ကူယူရကြောင်း သတင်းရှင်းလင်းနေစဉ်တွင် ဒေါ်လာသန်းချီကုန်နှင့်ပြီ ဖြစ်သည်။ ကန့်သတ်ထိုးစစ်ကို ရပ်တန့်ကြောင်းကြေညာပြီး နှစ်ရက်၊ သုံးရက်အကြာတွင်မှ ခယာဘွမ်ပို့စ်ကို တပ်ရင်းလိုက်ရင်းပြီး တက်သိမ်းသည်။
တော်ရုံတန်ရုံ စစ်ရေးအမြင်ရှိရုံမက တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လက်ရှိသမ္မတကြီး၏ အမိန့်ညွှန်ကြားချက်များသည်ပင် တပ်မတော်၏ အမိန့်နာခံမှုဆိုတာကြီးကို မမီမကမ်းဖြစ်နေသည်ဖြစ်ရာ စစ်ရေးအမြင် မရှိသူတစ်ဦးသာ သမ္မတဖြစ်လာပါက၊ သမ္မတနှင့် တပ်မတော်အကြား ရင်ကြားကော၊ ဖင်ကြားပါစေ့နိုင်မည် မထင်ပါ။
ထို့ကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုပါက သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် “သမ္မတသည် စစ်ရေးအမြင်ရှိရမည်” ဟူသောအချက်အစား “သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမည်” သို့မဟုတ် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် သမ္မတဖြစ်ရမည်” ဟု ပြင်ဆင်သင့်ကြောင်း နှက်ကြောင်းပေးလိုက်ရပါသည်။

ထာဝရငြိမ်းချမ်းရေး
ငြိမ်းချမ်ရေးဆွေးနွေးပွဲတွေ လုပ်ကြတာ အားရစရာ ကောင်းလှသည်။
သို့သော် အစိုးရက ထာဝရငြိမ်းချမ်းရေးဟု ပြောပြီး၊ ကေအိုင်အိုက စစ်မှန်သောငြိမ်းချမ်းရေးဟု ပြောသည်။
အစိုးရ၏ သဘောကတော့ စစ်မှန်သည်ဖြစ်စေ၊ အတုပင်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ ကောက်ကျစ်သည်ဖြစ်စေ၊ ဒီတစ်ခေါက်တော့ ထာဝရငြိမ်းချမ်းသွားရမည်ဟု ဆိုလိုပုံပေါ်သည်။ တစ်နည်းပြောရသော် သေနတ်ချိန်ထားပြီး ဆွေးနွေးပွဲလုပ်မည်၊ အဆင်မပြေပါက စစ်ရေးအရ ထာဝရငြိမ်းချမ်းပစ်လိုက်မည် ဆိုသည့်သဘောမျိုး ဖြစ်သည်။ ဒေါက်တာစိုင်းမောက်ခမ်းက ထာဝရငြိမ်းချမ်းရေး မရ ရအောင် ယူမည်ဟု ကြုံးဝါးထားပါ၏။ ဘူးလက်မြင့်ဆွေကလဲ လွှတ်တော်ထဲမှာ ဒီအတိုင်း ပြောထားသည်။
ဖြစ်တော့ ဖြစ်နိုင်သည်။ မြောက်ကိုးရီးယား၏ အနုမြူထိပ်ဖူးကြီးကို နေပြည်တော်တွင် လာဖောက်ခွဲလိုက်ပါက ဒင်းတို့တစ်သိုက်လုံး ထာဝရငြိမ်းချမ်းသွားနိုင်ချေ ရှိသည်။

မင်းတို့ရဲ့ ပြည်ထောင်စု
တိုင်းရင်းသားများက ပြည်ထောင်စုကို ဒီလို၊ ဒီလိုတည်ဆောက်မည်ဟု ပြောသည်။ ပြည်မက ဟိုလို၊ ဟိုလို တည်ဆောက်မှ ပြည်ထောင်စုဟု ပြောသည်။ နှစ်ဦးနှစ်ဘက်လုံးက ပြည်ထောင်စုအကြောင်းပြောနေပါလျက်နှင့် ညှိလို့ မရခြင်းသည် ပြည်ထောင်စုနှစ်ခု မတူလို့ပင် ဖြစ်ရမည်။
လက်ရှိပြည်ထောင်စုကြီးကို ကြည့်ရတာ ဗမာအနံ့အသက်ချည်းသာ ဖြစ်သည်။ ကျန်တဲ့ တိုင်းရင်းသားများရဲ့ အရိပ်အယောင် ဘာမှ မတွေ့ရ။ ဗမာတို့ရဲ့နိုင်ငံမှာ ကျန်တိုင်းရင်းသားများ လာရောက်နေထိုင်နေသလို ခံစားနေရတာ မဆန်းပါ။ နေပြည်တော်ဟုခေါ်သော မြို့ကြီးမှ ဗမာမင်းများ၏ လွှတ်တော်သဖွယ် နန်းပြသာဒ်ဆောင်များတွင် လွှတ်တော်တက်ရသည်။ ရှေးဗမာမင်းများ၏ အဆောင်အယောင် ကျိုင်းဆိုတာကြီးကို ထမ်းပြီး ဗမာတိုက်ပုံနှင့်လူ ၀င်လာလျင် မတ်တပ်ရပ်ပေးကြရသည်။ “မှန်ပါ့ ဘုရား” မထူးရသည်ပင် ကံကောင်းလှပြီ။
မိမိတို့ကိုယ်တိုင်က မဟာဗမာဝါဒစွဲကိုင်ပြီး၊ ဗမာယဉ်ကျေးမှုများဖြင့် နိုင်ငံတည်ဆောက်ထားပါလျက် ပြည်ထောင်စုဖြစ်ချင်သေးသည်။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားတို့နှင့် ဆိုင်တာ ဘာမှ မတွေ့ရ။ ဗမာနှင့် တခြားတိုင်းရင်းသားများ၏ အမျိုးသားရေး အခွင့်အရေးကလဲ မိုးနှင့်မြေလို့ ကွာသည်။ တိုင်းရင်းသားများ၏ စိတ်ထဲတွင် မင်းတို့ရဲ့ပြည်ထောင်စုဟု သတ်မှတ်ထားသည်မှာ မဆန်းတော့ချေ။

ဒို့တာဝန်အရေးသုံးပါး
(၁) တစ်ပြည်ထောင်စု မပြိုကွဲရေး
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မခိုင်မာရေး
(၃) တပ်ချုပ်အာဏာ တည်တံ့ခိုင်မြဲရေး
 
မြွေမြွေချင်း ခြေမြင်
တိုင်းရင်းသားဒေသဆီ ဗမာတပ်တွေ ရောက်လာသည်မှာ နှစ် ၆၀ ကျော်ခဲ့ပြီ။ ဗမာတပ်ရောက်လျင် မကြာခင် ဗမာရပ်ကွက်၊ ဗမာရွာဖြစ်လာသည်။ သူတို့ဇာတိဆီ ဘယ်တော့မှ မပြန်တော့။ ရောက်သည့်နေရာမှာ အခြေချသည်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သည်။ ဒေသခံ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေနှင့် ညားသည်။ ကလေးရတော့ ကပြားလေးတွေ ဖြစ်ကုန်သည်။ နောက်မျိုးဆက် တစ်ဆက်လောက်ကြာတော့ ဘာလူမျိုးလို့ ပြောရမည်မှန်း မသိကြတော့။ ဗမာစကားပြော၊ ဗမာယဉ်ကျေးမှုထဲမှာနေပြီး ဗမာဖြစ်ကုန်သည်။ မှတ်ပုံတင်မှာ ရှမ်း-ဗမာ၊ ဗမာ-မွန်၊ ကချင်-ဗမာရေးထားပေမဲ့ ဘယ်ဘက်ကမှ လိုလိုချင်ချင် မရှိ ဖြစ်တတ်သည်။
သေချာသည်မှာ ဤပြည်နယ်၏ မှတ်ပုံတင်ကိုင်ထားသည်မို့ ဤဒေသမှာ မဲပေးနိုင်သည်။ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသားသွေး နည်းနေပြီမို့ ကိုယ်မ၀င်ဆံ့သည့် တိုင်းရင်းသားပါတီများကို မဲပေးမည်လော။ ဖူးဖူးမှုတ်ပါတီကို မဲပေးမည်လော။
ဒီလို ဖြစ်နေတာ နှစ် ၆၀ ကျော်ပြီ။ အရင်က ဗမာမရှိသည့် တိုင်းရင်းသားဒေသတွေမှာ ယခု ဗမာရပ်ကွက်လိုက်ရှိသည်။ ဗမာအများစုနေထိုင်ရာ ဒေသတွေမှာ ဤသို့ တိုင်းရင်းသားများ အုပ်စုလိုက် ရွှေ့ပြောင်းအခြေချနေထိုင်သည်ဆို၍ မရှိချေ။ တိုင်းရင်းသားရွာ ရှိလျင်လည်း ရှေးယခင်ကတည်းက အခြေချနေထိုင်ခဲ့ခြင်းသာ ဖြစ်သည်။
(ရန်ကုန်လို ဒေသဆီ ရွှေ့ပြောင်းလာကြတာတော့ ရှိသည်။ သို့သော် ဒါက ဗမာဒေသဟု ပြောဖို့ ခက်သည်။ မွန်တွေဆီက ဗမာမင်းများ လုယက်သိမ်းပိုက်ထားတာသာ ဖြစ်သည်။ မွန်၊ ရခိုင်၊ ကရင်၊ ဗမာ စုပေါင်းနေထိုင်ကြသည်မို့ ပြည်ထောင်စုနယ်မြေစစ်စစ် ဖြစ်ထိုက်သည့် ဒေသသာဖြစ်သည်။ )
ဗမာလူမျိုးများ တိုင်းရင်းသားဒေသဆီ ပြောင်းရွှေ့အခြေချသလို၊ အရှေ့ဆီက တရုတ်နှင့် အနောက်ဆီက ဘင်္ဂလီတို့ကလဲ တရွေ့ရွေ့ စိမ့်ဝင်လာကြပြီ။ ဗမာတွေ နယ်ချဲ့သလို၊ သိသိသာသာ စစ်တပ်လိုက် (လက်နက်ကိုင်ပြီး) ၀င်လာခြင်း မဟုတ်သေး၊ ဒေသခံတွေကို သေနတ်ပြပြီး ခြိမ်ခြောက်၊ အနိုင်ကျင့်၊ မုဒိမ်းကျင့်တာမျိုး မလုပ်သေး၊ သို့သော် တစိမ့်စိမ့် ငြင်သာစွာ ၀င်လာသည်ကိုပင် ဖင်ပြဲအောင် အော်နေကြပြီ။ မြွေမြွေချင်း ခြေမြင်နေကြသည်။ ဘင်္ဂလီတွေ မဲပေးခွင့်ရသွားမှာ၊ တရုတ်တွေ လွှတ်တော်ထဲ ၀င်ထိုင်မှာ ကြောက်နေကြပြီ။
နှစ်ပေါင်းများစွာ စိမ့်ဝင်ဝါးမျိုခံခဲ့ရသည့် တိုင်းရင်းသားများကို နည်းနည်းတော့ အားနာသင့်သည်ဟု ထင်သည်။

ဝုတ် ၀ုတ် ၀ုတ်
မြန်မာနိုင်ငံသားများမှာ တော်တော် ၀ုတ်နိုင်သူများ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် အချိန်အပေါဆုံး၊ အလုပ်လက်မဲ့အများဆုံး၊ ဖေ့ဘုတ်ပေါ်မှာသာ လေပေါပြီး လက်တွေ့ မလုပ်ဆုံးနိုင်ငံအဖြစ် ပြိုင်ပွဲ ပြုလုပ်ပါက၊ ဤသို့ဤနှယ် ၀ုတ်ကြပုံဖြင့်သာဆိုလျင် သေချာပေါက် ဗိုလ်စွဲနိုင်သည်။
ဝုတ်တာက ကိစ္စမရှိ၊ သူများ ၀ုတ်လို့သာ လိုက်ဝုတ်၊ အမောင် တောင်မှန်း၊ မြောက်မှန်းမသိတာမျိုး ဖြစ်မှာတော့ စိုးရိမ်ပေးပါ၏။
နာမည်ကြီးချင်သည်
သရော်ချင်လို့ သရော်စာရေးပါသည်။
သို့သော် သရော်စာရေးသူချင်း အတူတူ၊ တစ်မူးပိုရှူသည်ကိုတော့ သိပ်ကြည့်မရ။
ဘိန်းစားချင်းအတူတူ ဒေါက်တာဆိတ်ဖွားကတော့ နာမည်ကြီးသွားပြီ။ ကျနော်သည်လည်း သူ့လို နာမည်ကြီးချင်လှသည်။
ထို့ကြောင့် ကျနော်မည်သူဖြစ်ကြောင်းကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးပါရန် လွှတ်တော်အား တိုက်တွန်းလိုက်ရပေ၏။

သဗ္ဗေသတ္တာ ကမ္မတကာ။
ျ
~ မောင်ရေခဲ ~

Friday, May 10, 2013

ကိုယ်တွေ့ပင်လုံ အဆက် ၅၉

Myitrum Manang ni, Panglung matut 59 hpe bai shagun dat ai yaw. Shiga langai mi, Daihpawt kaw na daina de jan du hkra Namhkam mare hte deng mi sha tsan ai shara kaw M ni gaw, Sam hte Balawng hpe aging gasat ai shaloi, anhte KIA Hpyenla ni gasat garum ai lam chye lu ai. Namhkam tsi rung de M hpyenla machyi masha grai du shang wa ai lam na lu ai. JIC.

PANGLUNG 59

Read more »

Thursday, May 9, 2013

တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်

"တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်"

Wednesday, May 8, 2013

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင်တွေကြား အထင်အမြင်လွဲမှားမှုဖြစ်ပွားအောင် အာဏာပိုင်တို့က  လုပ်ဆောင်နေတယ်လို့  အဲဒီအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီမသေက တနင်္လာနေ့မှာ  ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်တို့က လုပ်ဆောင်နေတာလို့ ဧရာဝတီနဲ့  သီးသန့် တွေ့ဆုံရာမှာ သူက ဆိုပါတယ်။ 

ဒါ့အပြင် ဒီကေဘီအေနဲ့ BGF တို့အကြား လတ်တလော တင်းမာမှုဖြစ်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားတွေကိုလည်း ပြောဆိုထားပါတယ်။ 

မြန်မာ့တပ်မတော်ဟာ "တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်" လို့လည်း သူက ပြောပါတယ်။

မြ၀တီမှာရှိတဲ့ သူတို့ရဲ့တပ်စခန်းမှာ တွေ့ဆုံမေးမြန်းထားတာပါ။

Read more »

ဦးအောင်မင်းကပြောတယ်။

Click N watch,, It ( video link)

Read more »

သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်

သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်
===========================

သျှမ်းသံတော်ဆင့်
May 07, '13

လာမည့်နှစ် သန်းခေါင်စာရင်းကောက်ယူရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူထုက စိတ်ဝင် စားနေတဲ့အချက်ကတော့ ဗမာလူဦးရေ အရေအတွက်ဘယ်လောက်၊ တိုင်းရင်းသားဦးရေဘယ်လောက် ရှိတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ 

ဘာလို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် လူဦးရေ အရေအတွက် အပေါ်  တဖက်တလမ်း မူတည် နေတာကြောင့်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာအစိုးရကနေ သန်းခေါင်စာရင်းကောက်ယူမှု တွေရှိခဲ့ဖူးပါတယ်။
လုပ်သားပြည်သူနေ့စဉ်သတင်းစာရဲ့ ဖော်ပြချက်အရ ၁၉၉၃ မှာ မြန်မာနိုင်ငံလူဦးရေ ၄၁.၂၀၄ သန်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဗမာလူဦးရေ  ၂၈.၂၅ သန်းရှိတယ်လို့ဆိုထားတဲ့အတွက်ကြောင့် တနိုင်ငံလုံး ၆၈.၅၆% ရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်   အဆိုပါစစ်တမ်း အရ ဗမာမဟုတ်သော တိုင်းရင်း သား လူဦးရေမှာ ၁၂.၉၅၄ သန်း  ၃၁.၄၄ %  ရှိနေတာတွေ့ရပါတယ်။

သို့သော် မြန်မာအစိုးရရဲ့  သန်းခေါင်စာရင်းကောက်ယူမှုဟာစနစ်တကျ မရှိတဲ့အတွက် ယုံကြည်လို့မရ ဘူးလို့ ပညာရှင်တွေကသုံးသပ်ပါတယ်။ 

၁၈၇၁ ကစပြီး မြန်မာနိုင်ငံ သန်းခေါင်စာရင်းကို ၁၀ နှစ်တကြိမ်  ကောက်ယူခဲ့ပါတယ်။ အဲဒီကောက် ယူမှု တွေထဲကနေ လက်ခံနိုင်တဲ့စစ်တမ်းတခု  လွတ်လပ်ရေး မရခင်ကရှိခဲ့ပါတယ်။  ၁၉၃၁ နဲ့ ၁၉၄၁ မှာဖြစ်ပါတယ်။ အဲဒီတုန်းက စနစ်တကျ ကောက်ယူတာဖြစ်တဲ့အတွက်ကြောင့် လို့ဆိုပါတယ်။

ဒါပေမယ့် ၁၉၄၁ တုန်းက ကောက်ယူခဲ့တဲ့စာရင်းမှာ  အသေးစိတ်အချက်အလက်မရှိတော့ဘူးဖြစ်နေ တယ်။ ၁၉၄၂ မြန်မာနိုင်ငံကို ဂျပန်ဝင်တော့ မှတ်တမ်းနဲ့ စာရင်းအင်း အများစု ပျက်စီးပျောက် ဆုံးသွားပါတယ်။ ဆိုတော့ ၁၉၄၁ စာရင်းမှာ ဘယ်ခရိုင်မှာ ဘယ်လောက်ရှိတယ် ဘယ်ပြည်နယ်မှာ ဘယ်လောက်ရှိတယ်ဆိုတဲ့ စုစုပေါင်းစာရင်းဘဲရှိတယ်။ 

ဒီတော့ ၁၉၃၁ က စစ်တမ်းကိုဘဲ အားကိုးကြရပါတော့တယ်။ အဲဒီမှာ ပါတဲ့စာရင်းအရဆိုရင် တပြည် လုံး မှာ ၁၄,၆၄၇,၇၅၆ ရှိတယ်။  ဗမာက ၈,၅၉၆,၀၃၁ ( ၅၈.၆၈%) ရှိတယ်။ ဆိုတော့ ဗမာမဟုတ်တဲ့ လူက ၆,၀၅၁,၇၂၅  (၄၁.၃၂ % ) မျှရှိခဲ့တယ်။ အခုဆိုရင် ဗမာလူဦးရေက ၇၅ % ရှိတယ်လို့တောင် အချို့က ပြောနေတယ်။ 

၁၉၃၁ စာရင်းအရဆိုရင် ဝ နယ် လူဦးရေ မပါသေးဘူး။ ၁၉၄၁ တုန်းက ဝ ဒေသက လူဦးရေစာရင်း ၈၂,၆၁၄ ရှိတယ်။   ဒီအချက်အလက် တွေ ၁၉၄၄ ကထုတ်တဲ့ Burma Handbook ထဲမှာပါရှိပါတယ်။ ဗြိတိသျှအစိုးရ Dorman Smith ဆင်း မလားမြို့ကိုထွက်ပြေးခိုလှုံစဉ်က စုဆောင်းရေးသားထားတဲ့ စာအုပ်ပါ။  

ဒီ ၁၉၃၁ ခုနှစ်စစ်တမ်းရလဒ်ဟာ  တိုင်းရင်းသားများကောင်စီ ENC က စာတမ်းတွေမှာပါဝင်တဲ့ ဗမာလူမျိုးက ၆၀% ရှိပြီး တိုင်းရင်းသားက ၄၀% ရှိနေ တယ်ဆိုဒါနဲ့ ကိုက်ညီနေတာကိုတွေ့ရပါတယ်။

ဆိုတော့ လာမယ့်နှစ်မှာ သန်းခေါင်စာရင်းကောက်ယူရင် ၁၉၃၁ အတိုင်း မဟုတ်ရင် လက်မခံဘူး လို့တော့ မဆိုသင့်ပါဘူး။

ဒါပေမယ့် တကယ်တမ်းစစ်တမ်းကောက်ယူချိန်ရောက်ရင်တော့ လျှို့ဝှက်မှုဆိုတာမရှိသင့်တော့ပါဘူး။ ကုလသမဂ္ဂ ကမကထပြုတဲ့ မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် ဧပြီလမှာ လုပ်ဖို့ စီစဉ်ထားပြီး ရလဒ် အသေးစိတ်ကို ၂၀၁၅ ခုနှစ်ထဲမှာ ထုတ်ပြန်မယ်လို့သိရပါတယ်။ ဒီအချိန်မှာ လူထုဘက်စိုးရိမ်စိတ်မရှိရလေအောင် သန်းခေါင်စာရင်းအမှန်ရဖို့ - ဘာဖြစ်လို့၊ ဘာအ တွက်၊ ဘယ်လိုပုံစံ၊ ဘယ်လိုမေးခွန်း တွေရှိမယ်ဆိုတာတွေကို လူထုကို ချပြရပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ အချိန်ရောက် နေပါပြီ။ အရင်လို လျှို့ဝှက်ထားနေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်  ထိခိုက်ပါလိမ့်မယ်။ အစိုးရဘက်က ဝှက်ဖဲ ရှိနေသေးသရွေ့ လူထုဘက်ကလဲ စာရင်းမှန်ကို ဘယ်ပေးရဲမလဲ- မဟုတ်လား။