Pages

Top Menu

Pages

Sunday, December 9, 2018

Today, Myanmar government imprisoned three Kachin activist leaders who led free IDPs movement last April.

ချင် လူငယ်သပိတ်စခန်းခေါင်းဆောင် သုံးဦးအား ထောင်ဒဏ် ၆လနှင့် ငွေဒဏ် ၅သိန်း ချမှတ်
တပ်မတော်အား အသေရေဖျက်သည်ဟုဆိုကာ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခံထားရသော ကချင် လူငယ်သပိတ်ခေါင်းဆောင် သုံးဦးအား မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆လနှင့် ငွေဒဏ် ၅သိန်း ချမှတ်လိုက်ကြောင်းသိရသည်။
တိုက်ပွဲကြားရှိ ပိတ်မိပြည်သူလွတ်မြောက်ရေးအတွက် ပြီးခဲ့သည် မေလအတွင်းက မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်စဉ်နှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုမှုများကြောင့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦးမှ ပုဒ်မ ၅၀၀ ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားလိုဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦးမှာ တရားခွင်သို့ လာရောက်ခြင်း မရှိပေ။
December 7, 2018
The Kachin Times