Pages

Top Menu

Pages

Monday, June 12, 2017

(မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ) ကချင်လူမျိုးတို့ရဲ့ ဖက်ဒရယ်တိုက်ပွဲ အပိုင်း (1)



[KIA ရဲ့ စစ်အင်အား သုံးသိန်းထိတိုးနိုင်မယ့် မဟာ့မဟာဗျူ ဟာ]
ပထမအချက်အနေနဲ့ Kachin မျိုးနွယ်စုတိုင်းကို ခေါ်ယူဆွေးနွေးရပါမယ်။ ပါဝင်ဆောင်ရွက်လာနိုင်မှုကို ပိုပြီး လက်တွေ့ဆန်ဆန် လုပ်ရပါမယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ နည်းကို အသုံးပြု ရပါမယ်။ အမျိုးသားရေး အမြင်တွေ ပို တိုးတက်ဖို့ ကြိုးစားနိုင်မှ ပါဝင်မှုဟာ ပိုပြီးအလုပ်တွင်လာပါလိမ့်မယ်။
ဒုတိယအချက်အနေနဲ့ ကချင်အဖွဲ့ခွဲတွေကို လက်တွေ့ဆန်ဆန် စည်းရုံးဖို့ အင်မတန်လိုလာပါတယ်။ သူတို့ ပူးပေါင်းပါဝင်လာနိုင်မှုဟာ ငြိမ်းချမ်းရေးအတွက် အသက်လောက်ပင် တန်ဖိုးရှိလှပါတယ်။ အတိတ်ကအမှား = အမှန်က ရှမ်းနီကအစ လီးဆူးကအဆုံး လက်တွေ့ဆန်ဆန် စည်းလုံးမှု ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ဆန်ဆန် မလုပ်ခဲ့လို့ ဒီနေ့ အာဏာရှင်တွေရဲ့ အသုံးချမှုကို ခံခဲ့ရတာပါ။ ပြောချင်တာ လက်တွေ့ဆန်ဆန် စည်းလုံးမှုကို ပြသရမှာ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ကတော့ တရုတ်နိုင်ငံက ကချင် အန္ဒိယနိုင်ငံ ကချင် လူမျိုးတွေရဲ့ ပါဝင်မှုကိုလည်း လေးစားတန်ဖိုးထားပြီး ပါဝင်လာမှုကို မှုဘောင်တခုချပြီး လမ်းဖွင့်ထားရပါမယ်။ 
အထက်ပါအချက် သုံးချက်လောက် ကောင်းကောင်းအသုံးချနိုင်ရင် အင်အားတစ်သိန်းဟာ မပြောပလောက်တဲ့ ပမာဏဖြစ်သွားပေလိမ့်မည်။ ဒါဟာ ဖက်ဒရယ်အတွက် ငြိမ်းချမ်းရေးအတွက် အင်အားကို အသုံးပြု ရမှာပါ။ အင်အားများလာရင် ငြိမ်းချမ်းဖို့ ပိုနီးစပ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆုံးရှုးံမှုပဏာမများလာရင် စစ်တိုက်ဖို့ ဝန်လေးလာကြပေလိ့်မယ်။
ကချင်လူမျိုးတို့ရဲ့ ဖက်ဒရယ်တိုက်ပွဲ အပိုင်း (2)
----------------------------------------------------------------------
[KIO KIAစီးပွားရေးအတောင့်ဆုံးဖြစ်အောင် လုပ်ခြင်း ]
စီးပွားရေးအင်အားအတောင့်ဆုံးလုပ်ဖို့ဆိုရင် ကချင်လူမျိုးတိုင်း ကချင်ပြည်နယ်မှာ နေသူတိုင်း KIO KIA ကို အခွန်ဆောင်ရပါမယ်။ (ဒါဟာ ဖက်ဒရယ်စနစ်အရလည်း တရားမျှတပါတယ်။) ကချင်သူဌေး ကချင်ပြည်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကချင်ပြည်နယ်က ပြည်နယ်သူပြည်နယိသားတိုင်း ပါဝင်လာနိုင်ဖို့ မှုဘောင်တခုချပြီး လက်တွေ့ဆန်ဆန်အကောင်အထည်ဖော်သင့်လှပါတယ်။
ဒါမှလည်း ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအပေါ်ကျိုးပမ်းမှုဟာ ပိုပြီး သိသာထင်ရှာနိုင်စရာရှိပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများနဲ့ KIO KIA ပိုပြီး သဟဇာတ ဖြစ်မှုကို ကမ္ဘာမှာ ပိုပြီး ပေါ်လွင်လာပေလိမ့်မည်။
KIO KIA ရဲ့ အခွန်ကောက်မှုကို လက်တွေ့ဆန်ဆန် အခွန်ကောက်အလည်အလွင့်မရှိအောင် မှုဘောင်တစ်ခု ချပြီး စနစ်တကျနဲ့အမြန်ဆုံးအကောင်အထည်ဖောင်သင့်လှပါတယ်။ (Nhprang kaw na hkrai kam nmai sai. Ladat nnan galai ra sai)
ကချင်ပြည်နယ်က အခွန်ကို အကောင်းဆုံးအသုံးချနိုင်ရင်ကိုပဲ စီးပွားရေးအတောင့်ဆုံးကို တစ်နှစ်; သုံးနှစ်လောက်တွေ ဖြစ်သွားနိုင်ပါတယ်။
*********
အပိုင်း (1) အပိုင်း (2)ကို စီမံကိန်းချပြီး လက်တွေ့ဆန်ဆန် လုပ်နိုင်ခဲ့မယ်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ စည်းကမ်းရှိမှု ကျစ်လှစ်မှု အင်အားတောင်မှု စီးပွားရေး အင်အားတောင့်မှုတို့ဟာ အထင်ကြီးစရာ အတုယူစရာအဖြစ် နောင်လာနောင်သားတွေ
သင်ယူနိုင်မည် ဖြစ်ပေသည်။
ကချင်လူမျိုးတို့ရဲ့ ဖက်ဒရယ်တိုက်ပွဲ အပိုင်း (3)
----------------------------------------------------------------------
[နိုင်ငံကြီးတွေရဲ့ အကူအညီရယူခြင်း]
နိုင်ငံကြီးတစ်နိုင်ငံ ဒါမှ မဟုတ် ကုလသမ္မဂရဲ့ ထောက်ခံလာမှု အရယူနိုင်အောင် ပုံဖော်ဆောင်ရွက်သင့် လှပါတယ်။
---------------
ဒီလောက်လုပ်ထားနိုင်ရင် တိုက်ပွဲ အချိန်တိုအတွင်းအဆုံးသတ်နိုင်ပေလိမ့်မည်။
မှတ်ချက်။ ။ ကျနော်ဒီစာရေးတာဟာ မြန်မာအစိုးရကို တိုက်ဖို့ မဟုတ်ပါဘူး။ အင်အားတခု၊ စည်းလုံးမှုနဲ့ ပြည်နယ်ငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားချင်းပါ။ မွေးရာပါအခွင်အရေးအတွက် ကျနော်တို့ စွန့်လွတ်အနစ်နာခံင်္ကြမည်မဇ အမှန်ပင်။
[ပိုပြီး စည်းလုံးအောင် စည်းလုံးကြမယ်]
[အမှားတိုင်းကို အခွင့်အလမ်းဖြင့် မြင်အောင်ကြည့်မယ်
အတောင့်တင်ဆုံး စီးပွားရေး အတောင့်တင်ဆုံး လူ့အရင်းအမြစ်ကို ပုံဖော်ကြမယ်။
ဒါဆိုရင် ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းပေတော့မည်။
By | | Myusha Gintawng
LikeShow more reactions
Comment