Pages

Top Menu

Pages

Tuesday, November 22, 2016

အဲဒီ တုန်းက ဂျနီဗာ ကွန်ဗင်းရှင်း သမားတွေ ဘယ်ဂျောင်မှာ သွား ငိုက်နေကြလဲ။

·
အသက် ၅၆ နှစ် အရွယ် ကလေး ၆ ယောက်အဖေ ရဲသားကြီး အသတ်ခံရတာ ၀မ်းနည်းပါတယ်။ မိန်းမ က သတိလစ်မတတ် ငိုယိုတာကိုလည်း သိရှိခံစားပေးနိုင်ပါတယ်။ တာဝန်ထမ်းဆောင်စဉ် ကာလလည်း ဖြစ်တော့ နိုင်ငံတော် အခမ်းအနားနဲ့ သဂြိုလ် ပြီး ဂုဏ်ပြုသင့်ပါတယ်။ ပြီးတော့ မိသားစုကိုလည်း နိုင်ငံတော်က ထောက်ပံ့သင့်ပါတယ်။
ထိုနည်းတူ တိုက်ပွဲ မဖြစ်ဘဲ တပ်မတော်က မော်တာ ပစ်လိုက်လို့ အိမ်ထဲမှာအတူတူ နေနေတဲ့ မောင်နှအမ တ၀မ်းကွဲ ၃ ယောက်ထဲက အငယ်ဆုံး ၂ နှစ်သမီးလေး ပွဲခြင်းပြီး သေပြီး အကို အကြီးဆုံး ၄ နှစ်သားက ဗိုက်ပေါက် အူအခွေလိုက်ထွက်၊ အလတ်ကောင် ၃ နှစ်ကျော်က ပေါင်မှာ မော်တာစ၀င်ပြီး တရုတ်နိုင်ငံ မန်ရှိဆေးရုံ ရောက်သွားတာ အောက်တိုဘာလ ၁ ရက် နေ့ ၂၀၁၆ နေ့ကပါ။ အဲဒီတုန်းကလည်း အမေတွေ တက်မတတ် ချက်မတတ် ငိုကြွေးပြီး ကျန်တဲ့ ကလေး နှစ်ယောက်ကို အသက်လု၊ အလှူ ခံပြီး ကုပေးရတာ အခုထိဘဲ။ အခုထိ ရွာပြန်မလာနိုင်ဘဲ တရုတ်ပြည်မှာ ဆေးရုံကို ပြင်ပလူနာအဖြစ် ပြနေရသေးတယ်။
အဲဒီ တုန်းက ဂျနီဗာ ကွန်ဗင်းရှင်း သမားတွေ ဘယ်ဂျောင်မှာ သွား ငိုက်နေကြလဲ။

မျက်ရည်ချူတာ အတော် တတ်ကြ။