Pages

Top Menu

Pages

Saturday, November 5, 2016

ပင်လုံပြီးနောက် ကချင်တွင် တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ခန့်ပြန်လည် ဖြစ်ပွား

၂၁ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် အစည်းအဝေး ပြီး နောက်ပိုင်း ကချင်ပြည်တွင် ယခုချိန်ထိ တပ်မတော် နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ခန့် ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ ဒုဗိုလ်မှူးကြီး နော်ဘူကဆိုသည်။
“ပင်လုံပြီးကတည်းက တိုက်ပွဲဖြစ်တာကတော့ ၁၅၀ ကြိမ်လောက်ရှိပြီ။အများဆုံးတော့ အင်ခရမ်နှင့်ဂီဒွန် (Gidon) မှာပဲ။”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများပါအောင် တိုက်ပွဲများပြင်းထန်ခဲ့သည့်  Gidon တွင် ယခုရက်ပိုင်း ထိပ်တိုက် တိုက်ပွဲမဖြစ်သည်မှာ  ၁၀ ခန့်ရှိပြီဖြစ်ပြီး ဖြစ်သော်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနေ့တိုင်းရှိနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
“တိုက်ပွဲဖြစ်နေရတဲ့အကြောင်းအရင်းက တပ်မတော် ကျွန်တော်တို့ နယ်စပ်တစ်လျှောက်မှာ ရှိတဲ့စခန်းတွေကို ဖြတ်တောက်ချင်တာလည်းပါမယ်၊ပြီးတော့ NCA လက်မှတ်ထိုးဖို့ ဖိအားပေးတာလည်းဖြစ်နိုင်တယ်။” ဟု ဒုဗိုလ်မှူးကြီး နော်ဘူကသုံးသပ် ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် အစည်းအဝေး တွင် ကေအိုင်အိုသည်လည်း UNFC အဖွဲ့ ၏မူအတိုင်းတက်ရောက် ပါဝင်ခဲ့သည်။
မြန်မာတပ်မတော်တို့ ၂၀၁၅ ဇွန်လ (၉)ရက်နေ့မှ ၂၀၁၆ ဇွန်လ (၉) ရက်နေ့ထိ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၇၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ကေအိုင်အေ ဗိုလ်မှူးချုပ်တစ်ဦးကဆိုသည်။
http://kachinwaves.com/?p=296