Pages

Top Menu

Pages

Wednesday, November 23, 2016

တော်လှန်ရေး ဆိုတာ

အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား ရပ်တန့်သွားအောင် နှောက်ယှက်ဖျက်ဆီး ရတာ ထုံးစံပါ။ စစ်ရေးအရ အရေးပါတဲ့ လမ်းတံတား အပါအဝင် ထောက်ပံ့ရေးနဲ့ ဆိုင်တဲ့ ယဉ်တန်းနဲ့ အစိုးရဘဏ်များကို ဖြတ်တောက်ရတာ သဘာဝပါ။ ရံဖန်ရံခါ အများပြည်သူသွားလာရေး ထိခိုက်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သို့သော် ရှောင်လွှဲလို့မရ။ ဒီလိုဖြစ်လာမှာ စိုးလို့ ကချင်တွေ စစ်ပွဲရပ်ဖို့တောင်းဆိုတုန်းက အမြစ်ပြတ်တိုက်ဖို့ စစ်တပ်ကို အားပေးခဲ့တာ ခင်များ တို့ပဲ။
ဒါပေမယ့် ပုဂ္ဂလိက ပိုင်ပစ္စည်းများတော့ မထိရပါ။ စစ်ရေးကြောင့်ထိခိုက်မှု ရှိစေကာမူ ရည်ရွယ်ချက်ရှိရှိ နှိုက်ယူ ဖျက်ဆီးတာမျိုး အရပ်သားအိမ်တွေပေါ် ဗုန်းကျဲ၊ ရွာမီးရှို့တာမျိုးကိုတော့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို အစိုးရ စစ်တပ်ဖြစ်လင့်ကစား သောင်းကျန်းသူလို့ ခေါ်ပါတယ်။