Pages

Top Menu

Pages

Friday, November 25, 2016

ပည်တွင်းစစ် အခြေခံ

25/11/2016
တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများ မြန်မာပြည်မြောက်ပိုင်း၌
ပြန်လည်ဖြစ်ပွါးလာပြီးနောက် ပြည်တွင်းစစ်နှင့်ပတ်သက်၍ သုံးသပ်ကြရာတွင် မတူသောအမြင်များစွာကိုတွေ့ရသည်။ ထိုအမြင်များထဲမှ တခုမှာ ပြည်တွင်းစစ်များ
သည် သယံဇာတခွဲဝေမှု များတွင် အခြေခံသည်ဆိုသည့်အချက်ဖြစ်သည်။ မိမိအနေ
နှင့် ထိုအမြင်သည် လက်တွေ့မကျ သည့်ပြင် ထိုသို့သောစဉ်းစာကြည့်မြင်မှု ပေါ်
အခြေခံက ပြသနာကို မှန်ကန်စွာမဖြေရှင်းနိုင်ဟုယူဆပါသည်။
လက်တွေ့ မြန်မာပြည် ပြည်တွင်းစစ်အစတွင် တွေ့ရသည့် ဗမာပြည်ကွန်မြူ နစ်
ပါတီ အလံနီကွန်မြူ နစ်ပါတီ ပြည်သူ့ရဲဘော်တို့နှင့် ဖြစ်ပွါးသောစစ်ပွဲများသည်
အယူဝါဒအပေါ် အခြေခံပါသည်။ အလားတူ ၁၉၄၉ ခုနှစ် ကရင်တို့၏ပုန်ကန်မှု
စတင်ချိန်တွင် ဟတ်ကြီးရေကာတာဆိုသည်မှာ မရှိသေးပါ။ ၁၉၅၈ ခုနှစ် ရှမ်းတို့၏
ပုန်ကန်မှု စတင်စဉ်က မိုင်းရှူးရတနာမြေမရှိသေးပါ ။ သံလွင်မြစ်ပေါ်မှ ရေကာ တာ စီမံကိန်းများမရှိသေးပါ။ ၁၉၆၁ ခုနှစ် ကချင်ပုန်ကန်မှု စတင်စဉ်က မြစ်ဆုံစီမံ
ကိန်းမရှိပါ။ ဖါးကန့်ဒေသ ရေပမ်းစားရန် အချိန် များစွာလိုပါသေးသည်။
လက်ရှိတိုင်းရင်းသားတို့နှင့်ဖြစ်ပွါးသည့် လက်နက်ကိုင် ပဋိပက္ခသည် မည်
သည့်အပေါ်အခြေခံပါသနည်း။ မိမိအမြင်ကတော့ နိုင်ငံရေးပြသနာပေါ်အခြေခံ
ပါသည်။ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ်တွင်
အခြေခံပါသည်။ လက်နက်ကိုင်တိုက်ပွဲရှည်ကြာ၍ ဖြစ်ပေါ်လာသော ဘတ်ဂျက်
ပြသနာသည် နောက်ဆက်တွဲပြသနာဖြစ်ပါသည်။
ပြသနာအခြေခံကို မှန်ကန်စွာမြင်မှ ပြသနာကို မှန်ကန်စွာဖြေရှင်းနိုင်ပါ
လိမ့်မည်။ အကယ်၍ နိုင်ငံရေးပြသနာအခြေခံကို မဖြေရှင်းဘဲ သယံဇာတ ခွဲဝေရေး
သည် ပြသနာဖြေရှင်းရေး၏ အခြေခံဟုယူဆပါက မှန်ကန်စွာဖြေရှင်းနိုင်လိမ့် မည်မဟုတ်ပေ။ သယံဇာတ အနည်းအကျ ဉ်းခွဲဝေပေးခြင်း သို့မဟုတ် အခွင့်အရေး
အချို့ပေးခြင်း သို့မဟုတ် ကားပါမစ်ပေးခြင်းဖြင့် လက်ရှိ တိုင်းရင်းသားတို့နှင့်
ဖြစ်ပွါးသည့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
မောင်မောင်စိုး (Mg Mg Soe )
Like
Comment