Pages

Top Menu

Pages

Friday, October 28, 2016

#DJ နားကြပ်နဲ့ ခံစစ်ဆင်နေတဲ့ KIA

Thomas Nhkang
(ဘုရားစကားနားထောင်ပြီးသူများသာမယားမပြစ်မှားဘူး မုဒိမ်းမကျင့်ဘူး/ရွာမီးမရှို့ ဘူး /ဓားပြ မတိုက်ဘူး အဲဒါကြောင်းအသက်ရှင်တဲ့ ဘုရားကကာကွယ်ပေးနေတာပါ)
======================
KNU ရဲ့ အမာကျောဆုံးခံစစ်စခန်းဖြစ်တဲ့ ကော့မူးရာ(ဝမ်ခသစ်)
စခန်းကို ဗမာ့တပ်မတော်က ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်က
နေ ၂၁ ရက်နေ့အထိ
၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက် ၆ လက်
၇၆ မီလီမီတာတောင်ပေါ်ပစ်အမြောက် ၈ လက်
၁၂၀ မီလီမီတာစိန်ပြောင်း ၂၂ လက်
၁၀၆ မီလီမီတာနောက်ပွင့်
ပွိုငိ့ ၅ သေနတ်
၆၀ မီလီမီတာ စိန်ပြောင်းများစွာ
တွေနဲ့ တိုက်ခိုက်ပြီး ခြေလျင်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရ
တယ်လို့ စာရေးဆရာ မြန်မာပြည်သားကိုကို က သူ့ရဲ့ငါ့နိုင်ငံ
တော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် အပိုင်း(၃)မှာမှတ်တမ်း
တင်ထားပါတယ်
ဒီနေရာမှာသတိထားမိတာက ပစ်ကူအနေနဲ့ အမြောက်တပ်ဖွဲ့
တစ်ဖွဲ့သာအသုံးပြုထားပြီး ကျန်တဲ့ တိုက်လေယာဉ် တင့်ကား
သံချပ်ကာ ကားတွေ ပါဝင်တိုက်ခိုက်တာ မတွေ့ရပါဘူး
၂၀၁၁ခုနှစ်မှာ KIA နဲ့ တစ်ကျော့ပြန်ဖြစ်လာတဲ့စစ်ပွဲတွေကစပြီး
တပ်မတော်အနေနဲ့လေကြောင်းပစ်ကူတွေစတင်သုံးစွဲလာပြီးကိုး
ကန့်အရေးအခင်းမှာတော့ ခြေလျင်တပ်တွေအပြင် လေတပ်
တင့်ကားသံချပ်ကာကားတွေပါ အသုံးပြုလာပါတယ်
အခုလက်ရှိဖြစ်နေတဲ့ KIA ရဲ့ Gildon စခန်းသိမ်းတိုက်ပွဲမှာ
တော့ KNU ရဲ့ကော့မူးရာစခန်းစခန်းသိမ်းတိုက်ပွဲမှာ အသုံးပြုခဲ့
တဲ့အမြောက်အရေအတွက်တွေထက် (၁၀)ခန့် သုံးနေတယ်လို့
ယူဆရပြီး တိုက်လေယာဉ်တွေကိုနေ့စဉ် ရက်ဆက်အသုံးပြုနေ
သလို သံချပ်ကာကား တင့်ကားတို့ကိုလည်း အသုံးပြုနိုင်အောင်
ပြင်ဆင်ထားနေတာကိုလည်း တွေ့မြင်နေရပါတယ်
တပ်မတော်အနေနဲ့ မိမိတို့ရဲ့မြေပြင်တပ်တွေ အထိအခိုက်နည်း
နိုင်သမျှနည်းအောင်အမြောက်ပစ်ကူတွေယူ လေယာဉ်တွေနဲ့ဗုံး
တွေကြဲချတာ အဆန်းတကြယ်မဟုတ်ပေမယ့် ဒီလောက်လက်
နက်ကြီးတွေပစ် လေယာဉ်ဗုံးတွေကြဲချပေမယ့် ကြံကြံ့ခံနေနိုင်တဲ့
KIA ရဲ့သတ္တိဗျတ္တိနဲ့ ခံနိုင်ရည်စွမ်းအားတွေကို မချီးကျူးပဲနေနိုင်
တော့ပါဘူး
ဘေးနားမှာ ဗုံး တစ်လုံးကွဲရင်တောင် ကိုယ်ပေါက်လိုက်တဲ့အီး
ကြောင့် ကိုယ်ုပန်လန့်တတ်တဲ့ ချေ သူငယ်ပမာ ပြူးတူးပြဲတဲဖြစ်
နေတတ်တဲ့ တပ်မတော်သားတွေအနေနဲ့လည်း ကျွန်ုပ်နဲ့နည်းတူ
KIA ကိုပါးစပ်ထဲက ထုတ်ပြောကာမချီးကျူးရင်တောင် စိတ်ထဲ
မှာတော့ကြိတ်ပြီးချီးကျူးနေကြမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်နေ
ပါတယ်
ဒီလောက်အမြောက်ပစ်ကူတွေယူ လေယာဉ်ပေါ်ကဗုံးတွေကြဲချ
တောင်ကုန်းတစ်ကုန်းလုံး ဖွတ်ဖွတ်ညက်ကြေနေတာတောင်သိမ်း
မရတဲ့အပြင် တောင်ကုန်းပေါ်တက်လိုက်တာနဲ့ ကိုယ့်အလောင်း
ကိုယ်တောင်မထမ်းနိုင်ပဲဆင်းဆင်းပြေးသွားရတဲ့အဖြစ်ကိုကြည့်
ရင် KIA ရဲ့ ခံစစ်ဆင်နွှဲနေပုံက ခေတ်သစ်စစ်ပွဲတွေမှာ တစ်ခါမှ
မမြင်တွေ့ဖူးတဲ့ ခံစစ်ဖြစ်နေတယ်ဆိုတာ ထင်ရှားနေပါပြီ
KNU ရဲ့ ကော့မူးရာ(ဝမ်ခသစ်) စခန်းသိမ်းတိုက်ပွဲတုန်းကKNU
စစ်သားတွေက တပ်မတော်ရဲ့လက်နက်ငယ်တွေကြောင့်ကျဆုံး
တာနည်းပြီး အမြောက်ကွဲတဲ့အသံကြောင့် နားစည် ကွဲပြီးသေ
တာများတယ်လို့ စာရေးဆရာက ဆိုထားပါတယ်
အခုလည်း KIA တွေအနေနဲ့ ဒီသင်ခန်းစာကို ကောင်းကောင်း
နမူနာယူပြီး နားမကွဲအောင် တစ်ခုခုများစီမံထားလေပြီလား
DJ နားကြပ်တပ်ထားပြီး တပ်မတော်ရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံခုခံ
နေကြတာလား ဆိုတာကိုတော့ ကာယကံရှင်တိုက်ပွဲဝင်နေတဲ့
KIA သူရဲကောင်းတွေကို မေးလိုက်ချင်မိတော့တယ်
အောင်မြင်ပါစေ KIA
လွင်ကို ကိုထက်