Pages

Top Menu

Pages

Friday, October 7, 2016

" အစိုးရဘက်ကလူတွေနဲ့ ကျွန်တော်တို့နဲ့ လူထုရှေ့မျက်နှာချင်းဆိုင်ထိုင်ပြီး သက်သေထူရအောင်"

N-Gun Ja Wa with U Ravika and Khun Gamani.

ဦးထွန်းဇော်( အတွင်းရေးမှုး၊ UNFC)
သမ္မတ ဦီးသိန်းစိန် အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်( NCA )စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က လက်မှတ်ထိုးခဲ့ကြပြီး ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတက်လာအပြီးမှာတော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလို အကောင်အထည်ဖော်ရာမှာ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ပါဝင်တဲ့ အပစ်ရပ်ရေးစောင့်ကြည့်တဲ့ JMC ၊ နိုင်ငံရေးဆွေးနွေးရေ့း အကောင်အထည်ဖော်မယ့် UPDJC စတဲ့ လုပ်ငန်းစဉ်တွေအပြင၊် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ NCA လမ်းကြောင်းအတိုင်းပါဝင်လာဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်မှီမှာ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဖြစ်တဲ့ UNFC အဖွဲ့ဝင်တွေဟာ NCA မှာ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါဘူး။ UNFC က NCA မှာ လက်မှတ်ထိုးဖို့ဆိုရင် အပစ်ရပ်ရေး တပြိုင်တည်းကြေငြာပေးရမယ်ဆိုတဲ့ အချက်အပါအ၀င် ၈ ချက်ကို သဘောတူပေးဖို့ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရတပ်မတော်ဖက်ကတော့ NCA ကို လက်မှတ်ထိုးလိုက်ပြီးမှ အဲဒီအချက်တွေကို ညှိုနှိုင်းကြဖို့ပြောဆိုထားတာပါ။ ၂၁ ရာစုပင်လုံ အပြီးမှာတော့ တပ်မတော်နဲ့ UNFC အဖွဲ့ ၀င် KIA ကြားစစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီလိုစစ်ပွဲတွေ ဖြစ်နေတာနဲ့ ပက်သက်လို့ အပစ်ရပ်ရေးလေ့လာသူတွေက KIA အနေနဲ့ အပစ်ရပ်ရေး NCA မှာ လက်မှတ်ထိုးဖို့အတွက် တပ်မတော်က ဖိအားပေးတိုက်ခိုက်နေတာလို့ သုံးသပ်တာတွေရှိနေပါတယ်။ ဒိလိုအမြင်တွေနဲ့ NCA မှာ လက်မှတ်ထိုးရေးမထိုးရေး အခြေအနေနဲ့ပက်သက်လို့ UNFC ရဲ့ အတွင်းရေးမှုး ဦးထွန်းဇော်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး ။ ။ လက်ရှိမှာ စစ်ပွဲတွေဖြစ်နေတာဟာ တပ်မတော်က NCA မထိုးလို့ နောက်ညီလာခံမတိုင်မီ ဖိအားပေးတဲ့ သဘောနဲ့ တိုက်နေတယ်လို့ ပြောကြတတွေရှိပါတယ် ။ဒါကို ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ အခုတိုက်ပွဲတွေက လက်မှတ်ထိုးဖို့ ဖိအားပေးတယ်ဆိုတာ ဘယ်သူ့ကို ဖိအားပေးတာလဲ။လက်မှတ်မထိုးတဲ့ သူတွေကို ဖိအားပေးတယ်ဆိုလို့ရှိရင်တောင်ပိုင်းက KNPP ရှိတယ်။ မွန်ပြည်သစ်ပါတီရှိတယ်။ အဲဒီအဖွဲ့တွေကိုရောဖိအားးပေးတာလာား။မြောက်ပိုင်းမှာ ရှိတဲ့အဖွဲ့တွေကိုပဲ ဖိအားပေးတာလား။ သိဖို့လိုပါတယ်။ ဖိအားပေးတယ်ဆိုတာ အလုပ်ဖြစ်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ NCA ဖြစ်လာဖို့အတွက် ၂ နှစ် ၃ နှစ်တာကာလအတွင်း တိုက်ပွဲတွေ မနားတမ်းဖြစ်နေတယ်။ NCCT နဲ့ UPWC တို့ ဆွေးနွေးခဲ့တယ်။ ရန်ကုန်မှာဆွေးနွေးတာမြေပြင်မှာ စစ်ဆင်ရေးတွေဖြစ်နေတယ်။ ဒီကြားထဲက နေ ကြိုးစားလို့ NCA ကြီး ဖြစ်လာတယ်။ ဒါပေမယ့် ဆက်တိုက်နေတာတွေရှိတယ်။ ဒါက ဖိအားပေးလိုတဲ့သဘောဆိုရင် အကျိုးသက်ရောက်မှုမရှိဘူး။ ဖိအားပေးလို့လည်းမရဘူး။ ဒါမှားတဲ့ နည်းလမ်းပဲလို့ မြင်တယ်။
မေး။ ။ ဖိအားမပေးဘူးဆိုရင် အခုတိုက်ပွဲဖြစ်နေတာကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ တပ်က ဒီမိုကရေစီ အစိုးရရဲ့ လက်အောက်မှာ မရှိဘူးဆိုတာပြတယ်။ သူနေမြဲအတိုင်းနေနေတယ်။ သူ့အကျိုးစီးပွားကိုပဲ ကြည့်နေတယ်လို့မြင်တယ်။
မေး။ ။ အပစ်၇ပ်ရေးလေ့လာသူတွေပြောတာက စစ်ပွဲကတော့ ဖြစ်နေမယ်ဆိုပေမယ့် NCA ထိုးထားရင် JMC ဆိုတဲ့ အပစ်ရပ်ရေးစောင့်ကြည့်မယ့် အဖွဲ့က ဖြေရှင်းပေးနိုင်တယ်။ ဒီလို ဖြေရှင်းခြင်းအားဖြင့် နယ်မြေအငြင်းပွားမှုလို ကိစ္စတွေ ပြေလည်နိုင်မယ်။ နောက် ဒုက္ခသည်လို ကိစ္စတွေမှာ တစ်စုံတရာ လုပ်ပေးနိုင်တာမျိုးပေါ့လေ။ ဒါက NCA အရဖြေရှင်းနည်းပေါ့။ အကယ်၍ မထိုးရင်တော့ ဖြစ်တဲ့ စစ်ပွဲမှာ ဒေသခံတွေနဲ့ အောက်ခြေစစ်သားတွေပဲခံရမယ်ဆိုတော့ ထိုးလိုက်တာက ပိုကောင်းတယ်လို့အမြင်တွေရှိနေတော့ ဒီအမြင်တွေအပေါ် အစ်ကို့အနေနဲ့ ဘာပြောမလဲ။
ဖြေ။ ။ ကျနော်ပြောချင်တာက လက်ရှိကျန်နေတဲ့ အဖွဲ့တွေပေါ့နော်။ တော်တော်များများက အပစ်ရပ်ရေး သူ့နည်းသူ့ဟန်လက်မှတ်ထိုးထားကြတာတွေရှိတယ်။ ဆိုချင်တာက အပစ်ရပ်ရေးနဲ့ ပက်သက်ပြီး အတွေ့အကြုံရှိပြီးသားတွေ ဖြစ်တယ်။ KIO ဆိုရင် ၁၇ နျစ်တောင်ကြာပြိး ။ ပစ်ခတ်တိုက်ခိုက်တာမရှိပဲနေတာ။ အဲတုန်းကလည်းJMC မရှိပါဘူး။ အခု ၀ မိုင်းလားဆိုလည်း မရှိပဲနေတာပဲ။ တိုက်ပွဲမဖြစ်ကြဘူး။ အခု ဘိုင်လက်ထရယ်နဲ့ နေနေတဲ့ KNPP ကရင် နီ ၊မွန်ပြည်သစ်ပါတီ ပစ်ခတ်တိုက်ခိုက်မှုမရှိပဲ နေတာပဲ။ JMCမရှိဘူး။ ငြိမ်နေတာပဲ။ ဘာကြောင့်လဲ ။ နှစ်ဖက်ထိန်းထိန်းသိမ်းသိမ်းနဲ့ လို်က်နာကြလို့ ။ သူ့စည်းသူစောင့် သူနေရာသူနေတယ်။ တဖက်နဲ့ တဖက်အပြန်အလှန်စွပ်စွဲတာတွေရှိတာပဲ။ကျနော်တို့ မြင်တာကတိုင်းရင်းသားနယ်မြေတွေကို မြန်မာ့တပ်မတော်ကသွားပြီးထိုးစစ်ဆင်တယ်။ ဒါကြောင့်ဖြစ်တာပဲ။ KIA နဲ့ ဖြစ်တာကြည့်လိုက်။ ၂၀၁၃ ခုနှစ်က ဒီ Conflict Resolution team ဆိုတဲ့ အဖွဲ့ ဖွဲ့ထားတယ်။ြ့ပီးရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးအကြံပေး မစ္စတာ ၀မ်ရင်ဖန်း ၊ ကုလသမ္မဂ အထွေထွေအတွင်းရေးမှုးချုပ်အထူးအကြံပေး မစ္စတာနမ်ဘီးယား တို့ကိုယ်တိုင် အသိသက်သေအနေနဲ့ လက်မှတ်ထိုးထားတယ်။ နောက်ပြီးတော့ နျစ်ဖက်သဘောတူစာချုပ် ထိုးထားတဲ့ KIA နဲ့ UPWC ကြားမှာ ပစ်ခတ်တိုက်ခိုက်မှုလျော့ချရေး သဘောတူစာချုပ်ဆိုတာရှိတယ်။ ဒီစာချုပ်ပေါ်အခြေခံပြိးတော့မှ CRT ဆိုတာ ခုနက ပဋိပက္ခ ညှိုနှိုင်းဖြေရှင်းရေးဆိုတဲ့ အဖွဲ့ဖွဲ့ထားတာ။ ပြည်နယ်အစိုးရ KIO ကြားမှာ အခု ဦးသိန်းစိန်အစိုးရဆင်းတဲ့ အချိန်မှာ အဲဒါကို ဖျက်သိမ်းပြီးတော့ထွက်သွားတယ်။ အဲဒါကို ဖျက်သိမ်းရင် မစ္စတာဝမ်ရင်ဖန်းတို့ နမ်ဘီးယားတို့ ကျန်တဲ့ တိုင်းရင်းသားတွေအသိသက်သေပါတဲ့ စာချုပ်က ပျက်ပြယ်သလား။ အကျုံးမ၀င်ဘူးလား။မေးခွန်းကရှိနေတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲ။ ဆိုလိုတာက CRT ကို ပြန်ဖွဲ့ လို့မရဘူးလား။ ညှိုနှိုင်းအဖြေရှာဖို့ ရှိတာပဲ။ JMC ရှိနေမှမှ မဟုတ်ပဲ။ ဒီလိုပဲ နေခဲ့တာပဲ။ အခုကျမှ ဘာဖြစ်လို့ JMC မရှိလို့ဆိုတဲ့ အကြောင်းပြချက်ပေးရတာလဲ။
မေး။ ။ ဘာကြောင့်လို့ထင်လဲ။ အရင်ကလည်း ငြိမ်းချမ်းရင် NCA မရှိခင်ကတောင် နေလို့ရရင် အခုဘာောကာင့် NCA ထိုးမှ ငြိမ်းချမ်းရေး အဖြေရှာနိုင်မယ်လို့ သူတို့က ပြောနေရတာလဲ။
ဖြေ။ ။ ဆန္ဒပဲ ။ ဆန္ဒအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာလိုတဲ့ ဆန္ဒရှိရင် ၊ ထိုးစစ်တွေ မဆင်ပဲနဲ့ စားပွဲပေါ်မှာ ဖြေရှင်းဖို့ပဲ။ အဲလို ဖြေရှင်းတာကို လိုလားတယ်။ DPN မျာ အတူတကွ အဖြေရှာနေတယ်။ ဘိုင်လက်ထရယ်လည်းသွားသင့်ရင်သွားပေါ့။ ဘိုင်လက်ထ၇ယ်လည်းရှိရမယ်။
မေး။ ။ ဒါဆို UNFC က အခု NCA အတိုင်းမသွားချင်ဘူးပေါ့။
ဖြေ။ ။ NCA ကို ငြင်းပယ်တာမဟုတ်ဘူး။ NCA ကိုအတူတကွ လုပ်ခဲ့ကြတာပဲ။ ဒါက ကျမ်းစာအုပ်တစ်အုပ်လို ထိလို့မရပြင်လို့မရဆိုပြီး တရားသေရပ်တည်နေလို့မရဘူး။ ဒါက လူလုပ်ထားတာဆိုတော့ လူလုပ်တဲ့ဟာက ကာလရွှေ့လျားတာနဲ့ အမျှ ဒါတွေကို ပြန်သုံးသပ် ရမယ်။ ကျနော်ပြောချင်တာက NCA ကိုရောက်ရှိဖို့အတွက် အချက် ၉ ချက်ပါတဲ့ တံတားထိုးပေးထားတယ်။ အဲတံတားကို ခင်းလျောက်ရင်NCA ကိုရောက်မယ်။
မေး။ ။ အခုဖြစ်နေတာက ညီလာခံအပြီး စစ်ပွဲဖြစ်တယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ထိုးဖို့က UNFC က NCA ထိုးဖို့ ရှေ့က ၈ ချက်ကို သဘောတူရမယ်ပြောတယ်ပေါ့။ တပ်မတော်ဘက်ကလည်း NCA သာထိုးလိုက် ကျန်တာတွေက ပြေလည်သွားမယ်လို့ ပြောတော့ အပေးအယူမတည့်ဖြစ်နေကြတာပေါ့။
ဖြေ။ ။ အခုဖြစ်နေတာက NLD အစိုးရနဲ့ တပ်မတော်နဲ့ က မူမတူဘူး။ NLD အစိုးရကပြောတဲ့ ကိုယ်စားလှယ်က အရာအားလုံးက ညှိုနှိုင်းဆွေးနွေးလို့ရတာယ်။ ဒါပေမယ့် တပ်မတော်ဘက်က အရာအားလုံးက ညှိုနှိုင်းဆွေးနွေးလို့ ရတယ်ဆိုတဲ့ သဘောထားမရှိပဲ။ NCA အတိုင်းပဲသွားရမယ်။ ညှိုလို့မရဘူး။ ဆိုတော့ အိစုးရနဲ့ တပ်မတော်နဲ့ အရင်ညှိုလိုက်ဖို့လိုတယ်။ ဘယ်ဟာတွေက နည်းလမ်းရှာရမလဲဆိုတာကို ။ ကျနော်တို့ကတော့ နည်းလမ်းပေးပြီးပြီ။ NCA ပေါ်အခြေခံပြီးတော့ နိုင်ငံေ၇းပိုင်းဆိုင်ရာ ၄ချက် တပ်ပိုင်းဆိုင်ရာ ၃ ချက် ရှိတယ်။ ကြားကာလ အစီအစဉ်မှာ ၁ ချက်ရှိတယ်။ အဲ့၈ ချက်သဘောတူရင် NCA ထိုးမယ်ဆိုတဲ့ သဘောထားလုပ်ထားပေးတယ်။
မေး။ ။ အစိုး၇ဘက်ကလည်း UNFC ရဲ့ အပစ်ရပ်မူက တိတိကျကျမရှိဘူးလို့ပြောနေတယ်။
ဖြေ။ ။ မဟုတ်ဘူးထင်ပါတယ်။ အဲဒါဆို အစိုးရဘက်က လူတွေနဲ့ ကျနေန်ာတို့နဲ့ လူထုရှေ့မျက်နှာချင်းဆိုင်ထိုင်ပြီး သက်သေထူရအောင်။ကျနော်က အဲလို ပြောချင်ပါတယ်။
မေး။ ။။အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူဘောင် ပြင်ရေး မှာ UNFC ကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားတော့ နောက်ထပ် မူဘောင်ပြင်ရေး အစည်းအဝေးတွေကျရင်ရော UNFC က ပါဝင်ဖို့ရှိလား။
ဖြေ။ ။ ကျနော်တို့ မူ ၉ချက်ရှိတယ်။ အစိုးရကို တရားဝင်ပေါ့။ အဲဒီမူ ၉ ချက်ထဲက ၈ ချက်ကို သဘောတူရင် နံပါတ် ၉ အချက်က NCA ကို လက်မှတ်ထိုးမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒါကို အရင်ကျော်လွှားရမယ်။ မူဘောင်က NCA ပေါ်အခြေခံထားတာဖြစ်တယ်။ NCA ကို လက်မှတ် မထိုးထားပဲနဲ့ NCA ကို အခြေခံထားတဲ့ မူဘောင်မှာ သုံးသပ်မှုသွားလုပ်ရင် ရှေ့နောက်မညီညွှတ်ဘူး။ ပြသနာတစ်ခုက မူဘောင်သုံးသပ်သမျှ သုံးသပ်ချက်ရလဒ်တွေကို ဆုံးဖြတ် အတည်ပြုတာက UPDJC မှာ အတည်ပြုတာဖြစ်တယ်။ အဲဒီမှာ အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် NCA လက်မှတ်ထိုးရမယ်။ လက်မှတ်မထိုးရင် UPDJC အဖွဲ့ ၀င် မဖြစ်ဘူး။ ဆိုတော့ ကျနော်တို့ ဆွေးနွေးသမျှ သုံးသပ်သမျှကိုUPDJC မှာ အတည်ပြုတဲ့ အတွက် ကျနော်တို့မရှိတဲ့ အဲဒီမှာ ဆုံးဖြတ်အတည်ပြုမယ်ဆိုတော့ ဒါက မဖြစ်သင့်ဘူး။ ဒါကြောင့် ရှေ့နောက်က ကျနော်တို့ အဆိုပြုထားတဲ့ ၉ ချက်ကို အရင်ဆွေးနွေးလိုက်ဖို့ဖြစ်တယ်။ အဲလို လုပ်ပြီးမှ မူဘောင်သုံးသပ်မှုကို လုပ်ဖို့ ဖြစ်တယ်။ အခုဟာက တပြိုင်တည်း လုပ်ရအောင်ဆိုတဲ့ သဘော ထားမျိုးစဉ်းစားချက်တွေ ရှိနေတယ်။ တပြိုင်တည်းလုပ်ရအောင်က ကျနော်တို့က မူဘောင်ဆွေးနွေးပြီး ဆု့းဖြတ်အတည်ပြုတဲ့ အခင်းအကျင်းကို UPDJC မှာ ဆုံးဖြတ်ခွင့်ပေးမလား ။သို့မဟုတ်ရင် တခြားမက်ကနက်ဆင်တွေ ချပေးမလား။ အဲလို ဆွေးနွေးမလား။ အဲလို အခင်းအကျင်းရှိရင် မူဘောင်ဆွေးနွေးပွဲမှာ လိုက်ပါ။
မေး။ ။ အခုဟာက ငြိမ်းချမ်းရေး ညီလာခံအပြီးမှာပဲ စစ်ပွဲဖြစ်နေတယ်။ UNFC က ရှေ့မတိုး နောက်မဆုတ်အခြေအနေဖြစ်နေတယ်။ အစိုးရကလည်းစစ်တပ်နဲ့ ၇င်ကြားစေ့နေရတယ်။ လက်ရှိ အခင်းအကျင်းတစ်ခုလုံးကို ခြုံပြောမယ်ဆိုရင် ဘယ်လို ပြောလို့ရနိုင်မလဲ။
ဖြေ။ ။ကျနော်မြင်တာကတော့ မြန်မာ့တပ်မတော်ဘက်က တကယ် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်လိုတဲ့ ဆန္ဒရှိရမယ်။ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ပါးစပ်က ပြောနေလို့ မရဘူး။ လိုလားတယ်ဆိုရင် လိုလားတဲ့ အကြောင်း လက်တွေ့သက်သေပြဖို့ လိုတယ်။ အဲဒီလို အလုပ်နဲ့ သက်သေပြနိုင်မယ်ဆိုရင် ယုာံကည်မှုတွေ တက်လာမယ်။ ယုာံကည်မှုတက်လာရင် အတူတကွ ဆွေး နွေး ညှိုနှိုင်းပြီးတော့မှ လုပ်လို့ရတယ်။ အခုဟာက မြေပြင်မျာ တိုက်ပွဲတွေ ဖြစ်နေတော့ ယုံကြည်မှုတည်ဆောက်တဲ့ အခါမှာ အနှုတ်ဘက်ကို ရောက်သွားတယ်။ ရထားတဲ့ ယုံကြည်မှုတွေကိုပါ ထိခိုက်သွားတယ်။ ယုာံကည်မှုရှိအောင် အလုပ်နဲ့ သက်သေပြရမယ်။ NCA ကျော်လွှားဖို့က အချက် ၉ ချက်ပေးထားပြီး ဖြစ်တယ်။
ဆွေမာသိန်းလွင်
LikeShow more reactions
Comment