Pages

Top Menu

Pages

Friday, October 14, 2016

ဗိုလ်ချုပ်များ ချင့်ချိန်နိုင်ကြပါစေ

သြရုတ်လ16 မှာ လိုင်ဖောင်း ၁၇ မှာ ဂိဒွန် ကို တက်သိမ်းဖို.ကြိုးစားမှုဟာ ပထမ ရိုးရိုး ခမရတွေ၊
ဒုတိယ အထူးတပ်တွေ၊
တတိယ အမြောက်တပ်တွေ လေတပ် သံချပ်ကာ တပ်တွေ၊ 
စတုတ္ထ အထူးအသေခံတပ်တွေ၊
ပဉ္စမကချင်ကအတွင်းသိ ပြည်သူ့စစ် တွေ၊
ဆဌမ ကုလပိတ်ပင် barrel ဗုံး ဓါဓု ဗုံးတွေ၊
ယခုနောက်ဆုံးညမှာ ညဥ့်ကြည့်မှန်တပ် Special Commando တွေ လှိုင်လှိုင် သုံး ကာတိုက်ချိုက်သော်လည်း အောင်မြင်မှုအလျင်းမရဘဲ အဆုံးအရှုံးများစွာနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်။ တပ်သားတွေလဲ KIA ဆီ အလင်းဝင်လာမစဲ ဖြစ်နေတယ်၊ ချက်ချင်းအိမ်ပြန်ပို.ဖို.မဖြစ်နိုင်တာကြောင့် မိုင်ဂျာယန် မှာ အသုံးလုံးတက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေတက်ရင်း အိမ်ပြန်ရက်စောင့်နေဖို. စီစဉ်ပေးနေရပါတယ်၊ ကောင်လေးတွေက တအားငယ်ပြီး စာလဲမတတ်ကြပါ။
အခုနောက်ပိုင်းမှာ နေ့စဉ်ရက်ဆက် ဆေးတိုက် ကျားထိုးခိုင်းနေတာတွေကြောင့် အကျအဆုံးအလွန်းများနေပါပြီ။ ဒီ၂လ အတွင်းမှာ အနဲဆုံး ၅၀၀ ကျော် သေသွားပြီဖြစ်တယ်၊ သူတို.ကိုမွေးခဲ့ရတဲ့ အမေများအစားရင်နာမိတယ်။ ဆေးရုံတွေလဲ ပြည့်နေပြီးလို. ကြမ်းပင်ကျန်တော့တယ်။ ပြောဆိုညှိနှိုင်း နဲနဲလေးသဘောထားကြီးရင်ပြီးသွားမဲ့ကိစ္စကို ပေါက်ဆိန်နဲ့ထွင်းနေတာကတော့ ရုပ်ဆိုးလှတယ်။ ဟိုလိုရမှဒီလိုရမှ ဟိုလူပါ ဒီလူမပါနဲ့ ဆိုပြီး အပေါ်စီးက နေပြီး ငြိမ်းချမ်း ရေးအော်နေလို.ကတော့ ဒီဇာတ်လမ်းက တော်တော်နဲ့ ကန့်လာကာချနိုင်မယ်မထင်။ မည်မျှသော အရွယ်ကောင်းများ သေကြအုံးမည်နည်;????
ဗိုလ်ချုပ်များ ချင့်ချိန်နိုင်ကြပါစေ။