Pages

Top Menu

Pages

Sunday, September 18, 2016

ခင်များတို့ ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးဆို တာ ဒါလာ....


Lachid Kachin

17,9,2016
အမေရိကန်န်နိုင်ငံ ရှိ Kachin Alliance အား (17,9,2016) ရက်နေ့ တွင်
New York,မှာ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား များ၊
မြန်မာ အဖွဲ့ အစည်းများ တွေ့ဆုံပွဲ သို့ ကချင် တိုင်းရင်းသား များ ကိုယ်စား
တက်ရောက်ရန် မြန်မာ သံရုံးမှ ဖိတ်ကြားထားပါသည်။
ကချင် အဖွဲ့ကို ဖိတ်တုန်းက (၂)မိနစ် စကားပြောခွင့်ပြုမယ်လို့ ကုလသမဂ္ဂ
ဆိုင်ရာ မြန်မာသံရုံးက ပြောတယ်။
ကချင်အဖွဲ့က ဆန်ရှင်ကို ဆက်ထားဖို့ ကျေညာချက်ထုတ်တော့ သံရုံးက
ကချင်အဖွဲ့ကို စကားပြောခွင့် ပေးတော့မှာမဟုတ်ကြောင်း အကြောင်း
ပြန်တယ်။
အစက ကချင်အဖွဲ့က ဒေါ်စု မျက်နှာကို ထောက်ထားပြီး တက်ရောက်မယ်
လို့ ဆုံးဖြတ်ခဲ့ကြသေးတယ်။
ဒါပေမဲ့ သံရုံးက တိုင်းရင်းသားများ ကိုယ်စား စကားပြောခွင့် ကို "ချင်း "အဖွဲ့
ကိုပဲ လွှဲအပ်ထားကြောင်း ဖိတ်ကြားထားခြင်းခံရတဲ့ Kachin Alliance ဥက္ကဌ
ထံသို့ မြန်မာ သံရုံးမှ ဖုန်းဆက်ပြောလာ တယ် ဒီလိုပြောလာတဲ့ မြန်မာသံရုံး
ကို Kachin Alliance ဥက္ကဌ မှ ဒီ အပြောင်းအလဲ ကို ဒေါ်စု ဆုံးဖြတ်ချက်နဲ့
လုပ်တာ လား ဟု သေခြာ ပြန်မေး တော့ ၄င်း ဆုံးဖြတ်ချက်အား မြန်မာသံ
အမတ် မှ ဆုံးဖြတ် သည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားတယ်။
(Kachi Alliance သည့် ၀ါရှင်တန်ဒီစီ တွင် ရုံးစိုက်ပြီး ကချင် နှင့် တိုင်းရင်းသား
များ အရေး အိမ်ဖြု တော်၊ US အစိုးရ နှင့် တိုက်ရိုက် ဆက်ဆံ ပြောဆိုနေသော
အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။)
ဒီလို ပြောလာတာ့ ဒါဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ သွေးခွဲ နေခြင်း၊
စိတ်ဝန်းကွဲအောင် ကစားနေတယ်လို့ ခံစားမိလို့ ကချင် အဖွဲ့မှ မြန်မာသံရုံးက
ဖိတ်ကြားထားသည့် ဒေါ်စုနဲ့ တွေ့ဖို့ပွဲ ကို မသွားတော့ဘူး ဆိုပြီး ဆုံးဖြတ်
လိုက်တယ်။ (ဒေါ်စု- ကိစ္စကို ဒေါ်စု ခွင့်ပြု ချက်မရ ဘဲ သံအမတ်ဆို
သူ က အခု လို ဘဲသူ့ စိတ်ကြိုက် လုပ် လို့ ရ သလား....?။
သံ အမတ်ဆိုသူ က ဒေါ်စု ထက်အာဏာရှိ လို့ လား...? ။
ဒါမှ မ ဟုတ် ဒေါ်စု ကိုယ်တိုင် စေခိုင်းတာ လာ.........???? လို့ စဉ်းစား
စရာ ပါ။)
(ငြိမ်းချမ်းရေးညီလာခံတုန်းက "ဝ"အဖွဲ့ ပြန်သွားတုန်းကလည်း MPC ဟောင်း
တွေနဲ့ ချင်းအဖွဲ့တို့ကြောင့်လို့ ပြောလို့ ရပါတယ်။)
ကချင်အဖွဲ့က တက်ရောက်မှာ မဟုတ်တော့ကြောင်း သိရတော့ မြန်မာ သံ
ရုံးက ကချင် ဝတ်စုံတွေကို New York မှာရှိတဲ့ ကချင် အချို့ (လက်ရှိ အခြေ
အနေကို မသိတဲ့) ထံမှ အသည်းအသန် ရှာပြီး မနေ့က ဌားသွား ပြီလို့ သိရ
ပါတယ်။
သံရုံး က ယခုလို ကချင်ဝတ်စုံ ဌားရမ်းသွားခြင်းမှာ ဒေါ်စု နဲ့ တွေ့ ဆုံပွဲ မှာ
ကချင် အဖွဲ့ မှ မတက်ရောက်တော့ မှာ ဖြစ်တဲ့ အတွက် အခြားသူများအား
၎င်း ကချင် ၀တ်စုံကို ၀တ်ဆင်စေပြီး ကချင် အတု လုပ် ကာ အများရှေ့ တွင်
ကချင် လဲ ဤ အခမ်းအနားတွင် ပါဝင်ကြောင်း လူထု အား လိမ်လည် ရန်
အတွက် အကွက်ဆင် နေခြင်း ဖြစ်သည်။
ဒေါ်စု အရင် တခေါက်၊ ဦးသိန်းစိန် လက်ထက် က USA ကို လာတုန်းကလဲ
အခု လိုဘဲ မြန်မာသံရုံး က အခြား ကချင် လူထု ကိုယ်စားမပြု တဲ့ သူတွေကို
ကချင် ၀တ်စုံ ၀တ်ဆင်စေပြီး ကချင် အတု ဖြင့် ဒေါ်စု ကိုကြို ဆို ပြီ လူထုကို
လိမ်လည်ခဲ့ပြီးဖြစ်သည်။
အစိုးရ နာမည် ပြောင်းသွားပေမဲ့ တိုင်းရင်းသားများအပေါ် ထားရှိတဲ့ ၊ ဆက်
ဆံ တဲ့ ပုံစံ က ဘာမှတိုးတက်လာတာမရှိဘူး အရင်စစ်အစိုးရ ကြံ့ဖွတ် အစိုးရ
အတိုင်းဘဲ အပြောင်းအလဲ မရှိဘူး။
အရင်ကလည်း မြန်မာသံရုံးက ဒီလိုမျိုး လုပ်နေကျပါပဲလေ။
(၂၁)ပင်လုံ ညီလာခံမှာ လဲ ဒီလို လုပ်ခဲ့ပြီးပြီ တိုင်းရင်းသားတော်လှန်ရေးခေါင်း
ဆောင်တွေရဲ့ နာမည်ရေးတဲ့ အခါ ၄င်းတို့ရဲ့ ရာထူး ကိုထည့် မရေးဘဲ စိုင်းထူး၊
ဂွမ်မော် စသည်ဖြင့် (ဦး)လို့တောင်ထည့် မရေးဘူး၊ ဒီလို စော်ကားခဲ့ ကြပြီးပြီ
ဤ ကဲ့သို့ သောလုပ်ရပ် ဟာ ဒေါ်စု နဲ့ လက်ရှိ NLD အစိုးရ အပေါ် အင်မတန်မှ
အကျည်းတန်စေပါတယ် ။ သို့ သော်လည်း တာဝန်ရှိသူများ (ဒေါ်စု၊ NLD) မှ
ယနေ့ အချိန်ထိ ၄င်း လုပ်ရပ်များအား တစုံတရာ ပြောဆိုခြင်း ၊ အရေးယူခြင်း၊
သို့ မဟုတ် တောင်းပန်ခြင်း ၊ တာဝန်ယူ ခြင်း ဘာမှ မကြားရသေးပါ။
(ဓါတ်ပုံ- မြန်မာသံရုံးမှ Kachin alliance သို့ ဖိတ်ကြားသည့် ဖိတ်စာ။)
LikeShow more reactions
Comment