Pages

Top Menu

Pages

Saturday, August 6, 2016

တိုင်းရင်းသားတွေ ပြောနေတဲ့ Federal Constitution မူကြမ်းထွက်ပြီ။


တိုင်းရင်းသားတွေက ဖက်ဒရယ် ဒီမိုကရေစီမူ အတွက် အချိန်ယူပြီး စဉ်းစားခဲ့တယ်။ ဆွေးနွေးခဲ့တယ်။ တကယ်တမ်း တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်မူ အောင်မြင်သွားရင် မြန်မာပြည်ရှိ ဗမာတိုင်းရင်းသား အပါအ၀င် နိုင်ငံသား အားလုံးက ကောင်းစားမှာ ဖြစ်ပါတယ်။
လူများစု ဖြစ်တဲ့ ဗမာလူထုကြားမှာ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာ သူတို့ မဆိုင်သလို နေပြီး တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ အချက်တွေကို ဝေဖန်တာလောက်နဲ့ပဲ အချိန်ကုန်နေကြတယ်။
တကယ်တော့ အာဏာရှင် (လက်နက်နိုင်ငံရေး) ချုပ်ငြိမ်းဖို့အတွက် ဖက်ဒရယ်မူ ဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ဘုံအကျိုးတူ ဖြစ်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။
ဖက်ဒရယ်မူ ကို လက်ခံတယ်။ ဖက်ဒရယ် လုပ်မယ် ပြောနေတဲ့ NLD ပါတီကြီးတောင် ဖက်ဒရယ်မူအကြောင်း လက်တွေ့ ဆွေးနွေးတာတွေ၊ ဟောပြောတာတွေ မရှိသေးတာကိုတော့ အားလုံး သိမှာပါ။
တိုင်းရင်းသားတွေက ဘာတောင်းဆိုနေလဲ မသိဘူး ဆိုပြီး ပြောပြောနေတဲ့ လူများအတွက် မိုင်ဂျာယန် အစည်းအဝေးမှာ တင်ပြတဲ့ ဖက်ဒရယ်မူကြမ်းဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ မူပဲ။
ဒီတော့ ဗမာတွေ ကြိုက်တဲ့ ဖက်ဒရယ်မူ ရှိပြီလား.. ဆွေးနွေးရအောင်လေ။
ဖက်ဒရယ်မူကြမ်း ဖတ်ချင်တဲ့ သူများ အတွက် အောက်ပါ လင့်တွင် ဖွင့်ဖတ်နိုင်သည်။