Pages

Top Menu

Pages

Tuesday, July 26, 2016

မိုင်ဂျာယန် အစည်းအဝေးတွင် ပြည်တွင်းစစ်ပြဿနာများ အဖြေရှာမည်

 Seng Jaw's post.
Just now
Seng Jaw

NMG
၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်တွင်း စစ်ပြဿနာများကို အဖြေ ရှာရန် ဆွေးနွေးသွားမည်ဟု အိမ်ရှင်ဖြစ်သူ ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကပြောသည်။
တိုင်းရင်းသားဒေသတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ပြဿနာများကို အဖြေရှာမည့် နည်းလမ်းအား အစရှာသည့် ပထမအဆင့် ဖြစ်သည်ဟု ကေအိုင်အို ဗဟို ကော်မတီဝင် အတွင်းရေးမှုး ဦးလနန်မှ ပြောသည်။
“ဒီဆွေးနွေးပွဲကတော့ အဓိကကတော့ကျနော်တို့က ပြည်တွင်းစစ်ရဲ့ အခြေခံအကြောင်းတရားပေါ့နော နိုင် ငံရေးပြဿာနာ ကို ဖြေရှင်းမဲ့ နည်းလမ်းကို အစရှာတဲ့ စပြီးတော့ ရှာတဲ့ ပထမအဆင့် လို သာ ပြောဆို လို့လည်း ရတယ် ဒီအဆင့်ထဲကနေ ပြီးတော့ အဆင်ပြေပြေနဲ့ ကျနော်တို့က ပြဿာ နာကို ဖြေရှင်းသွားမယ် ဆိုရင် နောင် တစ်ချိန် မှာနေ နို်င်ငံရေးပြဿာနာအားလုံးဟာ ပြေပြေ လည် လည် ဖြစ်သွားနို်င်တယ်။ အဲဒီခါကျမှ နိုင်ငံရေး တည်ငြိမ် မှုပေါ့နော နိုင်ငံအေးချမ်းမှုဟာ တစ်ဆင့် တက်ပြီးတော့ ပေါ်လာမယ်လို့ယုံကြည်တယ်”
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာဖွဲ့စည်းအချုပ်ပုံ အခြေခံမူသဘောထား ရပ်တည်ချက်နှင့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်ပါတဲ့ ဆုံးဖြတ်ချက်၇ ချက်ကို တင်ပြ သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြု လုပ်ခဲ့သည့် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မိုင်ဂျာယန်အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်ကြားထားကြောင်း KIO ဗဟိုကော်မတီဝင် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ မိုင်ဂျာယန်တွင်ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှ ဒုတိယနှစ် ကျောင်းသား မိုင်းထွန်းမြင့်က သူ့ရဲ့ မျှော်လင့်ချက်ကို ယခုလိုပြောသည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတခုအနေနဲ့ federal constitution ဖြစ်ဖို့လည်း အများ ကြီး မျှော်လင့်ထား တယ်ပေါ့။ နောက်ပြီးတော့ frame work နဲ့ ပတ်သက်ပြီးတော့ လည်း ပြန်လည်သုံးသပ် မယ်လို့ ကြားထားတယ်။ အဲ့လို Frame work ပြန်လည် သုံးသပ်တဲ့အခါ အခက်ခဲတော့ အများကြီးရှိတာပေါ့။ အကောင်းဆုံး အခြေအနေဖြစ် လာဖို့ မျှော်လင့်တယ်။ ပြီးတော့NCA စာချုပ်ကလည်း အားနည်းချက်တွေ ရှိ တယ်ပေါ့ ဒီမှာက တိုင်းရင်းသား အား လုံး ဆွေးနွေးညှိနှိုင်းမယ်လို့ သိရတယ်ပေါ့။ အဲ့ဒီဟာ ကလည်း အကောင်း ဆုံး အဖြေတခု ထွက်လာမယ် လို့ မျှော်လင့်ထားတယ်ပေါ့။”
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ၄ ရက်ကြာကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေး ထိုးထားသည့် အပစ်ရပ် ၈ဖွဲ့မှ ကိုယ်စားလှယ်များ လည်း တက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားအားလုံး ပါဝင်ရန်နှင့် နိုင်ငံ ရေးဆွေး နွေးပွဲမှ တဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သွား ကြရန် ဇူလိုင်လ ၁၈ရက်မှ ၂၀ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သည့် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၈ ဖွဲ့၏ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့တွင်တစ်ကြိမ်၊ ကရင်ပြည်နယ် လော်ခီးလာတွင် ၂ ကြိမ်၊ UWSA ဌာနချုပ် ပန်ဆန်းတွင် တစ်ကြိမ် နှင့် ယခု ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တစ်ကြိမ် အဖြစ် ပဉ္စမအကြိမ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။
ဓါတ်ပုံ=ဧရာဝတီ