Pages

Top Menu

Pages

Sunday, May 8, 2016

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပလိုပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းကြေညာသင့်ဟုဆို

  • Follow
    1 hr
    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာက အစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို တစ်လ၊ နှစ်လအတွင်း ကျင်းပလိုပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းကြေညာသင့်သည်ဟု ပြောကြားသည်။
    ယင်းက “ဒေါ်အောင်ဆန်းစုကြည် ပြောသလို (၂၁ရာစုပင်လုံညီလာခံကို) ချက်ချင်း အကောင်အထည်ဖော်ချင်တယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကြေညာပြီး စစ်တပ်က လိုက်နာဖို့ လိုပါတယ်” ဟု ပြောကြားသည်။ ၁၉၆၂ တွင် ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီအစိုးရက အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင် ခဲ့ခြင်းကို နိုင်ဟံသာက ထောက်ပြခဲ့သည်။
    ယင်းက “၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးပါဝင်ပြီး ဆွေးနွေး အဖြေရှာကြစေလိုပါတယ်။ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ အားလုံး ပါဝင်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။
    ၂၁ ရာစု ပင်လုံ သဘောတူညီချက်မှာ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားများ ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ကွဲလွဲနိုင်သော်လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် အဓိကလိုအပ်ချက်များကို အောင်မြင်စွာ ဖော်ဆောင်ပေးနိုင် မည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာက ပြောကြားသည်။
    The Ladies News Journal

1 hr ·  War War Zin Oo
------- ---- ----- --- ----- ------ ------ ---- ---- ---- --- --- ---