Pages

Top Menu

Pages

Monday, April 18, 2016

မြန်မာတပ် မှ နှစ်သစ်ကို "တိုက်ပွဲ"ဖြင့်စတင်

နှစ်ဆန်း(၁)ရက်နေ့ မြန်မာတပ် မှKIA,အားတိုက်ခိုက်
မြန်မာတပ်က ခရီးသွားများထံမှ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများလုယူ18.4.2016
(Lachid Kachin)
မြန်မာ နှစ်ဆန်း (၁)ရက်နေ့ (၁၇.၄.၂၀၁၆) ရက်နေ့ တွင် ကေအိုင်အို
ဌာနချုပ် လိုင်ဇာ ဒေသတွင်ရောက်ရှိနေကြသော မြန်မာ စစ်အစိုး မရ စစ်တပ်များမှ လာရောက်တိုက်ခိုက်ကြောင်း သိရှိရပါသည်။
၁၇.၄.၂၀၁၆ ရက်နေ့ မွန်းလွဲ (၀၂း၀၀)နာရီအချိန် ကေအိုင်အို ဌာနချုပ်
အနီး၊ နမ့်ဆန်ယာန် အနီးရှိ ကေအိုင်အေ တပ်မဟာ(၅) ၏ ရှေ့တန်း
လုံခြုံရေး စခန်း တစ်ခု ဖြစ်သော (Pau Se) တပ်စခန်းအား မြန်မာ စစ်
တပ်မှ စတင်ပြီးလာရောက် ကျူးကျော် တိုက်ခိုက်ခြင်းကြောင့် ကေအိုင်အေ
တပ်မှ လည်း ပြန်လည် ခုခံ တိုက်ခိုက်ရာမှ တိုက်ပွဲ များပြန်လည် ဖြစ်ပွားခဲ့
ကြောင်းသိရှိရပါသည်။
တိုက်ပွဲ အတွင်း (၂)စစ်တပ်၏ ထိခိုက်မှူ သတင်းအသေးစိပ် မသိရသေးပါ။
ထို့ အပြင် လိုင်ဇာအနီး နမ်ဆန်ယာန် တွင် လာရောက် တပ်စွဲ ထားသော
မြန်မာ စစ်တပ်များသည် လိုင်ဇာ-မြစ်ကြီးနား ခရီးသွားပြည်သူများအား
နမ်ဆန်ယာန် ၌ (၁၆.၄.၂၀၁၆)ရက်နေ့၌ ဖမ်းဆီးစစ်ဆေးမှု့များပြုလုပ်နေပြီး
ခရီးသွားများထံ မှ ဖုန်း၊ ငွေကြေး၊လက်ဝတ်ရတနာ နှင့် အဖိုးတန် ပစ္စည်းများ
အားသိမ်းဆည်း လိုက်ပြီး နောက်နေ့ မှ(ပစ္စည်းမပါဘဲ) ပြန်လွတ်ပေးလိုက်
ကြောင်းသိရှိရပါသည်။
(17,4,2016)
၂၀၁၆ ခုနှစ်၊ဧပြီလ (၁၆) ရက်နေ့တွင် ရက္ခိုင့်တပ်မတော်၊ အမှတ်(၂)စစ်ဒေသ ၊လက်အောက်ခံတပ်ဖွဲ့များနှင့်မြန်မာစစ်တပ်၏ စကခ(၅)လက်အောက်ခံတပ်ရင်း (အမည်စိစစ်ဆဲ) တို့သည် နံနက်ပိုင်း၌ဘူးသီးတောင်မြို့နယ် "လောရမ"တောင်တန်းအနီးတွင်တစ်ကြိမ်၊ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား၊ "နတ်သရဲရွာ"အနီး၌နေ့လည် (၁၂)နာရီ (၄၀) ခန့်အချိန်တွင် မြန်မာစစ်တပ်၏စစ်တွေ ၊ အခြေစိုက်၊ခလရ(၂၃၂) တပ်ရင်းနှင့်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်၊နေရာနှစ် နေရာတို့၌တိုက်ပွဲဖြစ်ပွားခဲ့သည်။
လောရမတောင်တန်းအနီးတိုက်ပွဲတွင် စကခ (၅) လက်အောက်ခံတပ်ရင်း (အမည်စိစစ်ဆဲ) မှ အင်အား (၁၀) ထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကျအဆုံးများလည်းရှိခဲ့သည်။
နတ်သရဲရွာအနီးတိုက်ပွဲတွင် စစ်တွေ၊အခြေစိုက်၊ ခလရ (၂၃၂)တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် အရာရှိများ၊ အကြပ်စစ်သည်များ ကျဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများနှင့်စစ်ကြောင်း တစ်ကြောင်းလုံးဖရိုဖရဲဖြစ်သွားခဲ့သည်။
အထိအခိုက်နှင့်အကျအဆုံးများသော မြန်မာစစ်တပ်သည်မနေ့ညနေမှစ၍ ရက္ခိုင့်တပ်မတော်၊တပ်ဖွဲ့များရှိနိုင်မည့်နေရာများသို့ ၁၂၀ မမ အပါအဝင်လက်နက်ကြီးများဖြင့်ရမ်းသန်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ ထို့အတူယနေ့ ဧပြီလ (၁၇) ရက်၊နှစ်ဆန်း တစ်ရက်နေ့တွင် လည်း နံနက် (၁၀) နာရီ (၃၀) ခန့်မှစ၍ ၁၂၀ မမ များဖြင့်ထပ်မံပစ်ခတ်လျှက်ရှိသောကြောင့် အနီးအနားရွာများမှ ရွာသူရွာသားများ မှာ စိုးရိမ်မှုများတိုးပွားလျှက်ရှိနေကြသည်။
မြန်မာစစ်တပ်ဖက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူအမြောက်အမြားထပ်မံတက်လာသော ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်