Pages

Top Menu

Pages

Saturday, November 28, 2015

မပြီးနိုင်တဲ့ လူမျိုးရေး ပရိပက္ခ သံသရာ ကို မြန်မာအစိုးရ ကိုယ်တိုင် ဖန်တီး နေခြင်း

Hkalen Uma  · 
ဖါးကန့် လမ်းပေါ်က နမ်ယာကျေးရွာ မှာ ရှမ်းနီ များ ကို မြန်မာ စစ်တပ်မှ လက်နက် တပ်ဆင်ပေးတယ်။
ကေအို်င်အေ နဲ့ ထိတွေ့ တိုက်ပွဲဖြစ်လို့ အခန့်မသင့် ရှမ်းပြည်သူ့ စစ် တစ်ယောက်တစ်လေ သေရင် နမ်ယာ ရွာထဲမှ ကချင်မိသားစု များကို ရန်ရှာမယ်။
ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက မိုးညှင်း အရေးအခင်းလို ပြန်ဖန်တီးမယ်။
ဒါကတော့ မပြီးနိုင်တဲ့ လူမျိုးရေး ပရိပက္ခ သံသရာ ကို မြန်မာအစိုးရ ကိုယ်တိုင် ဖန်တီး နေခြင်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ လက်နက်ကိုင် စစ်တပ် တခုထဲရှိရမယ် ဆိုတာလဲ ခင်များတို့ပဲ။ လက်နက်ကိုင် အဖွဲ့အစည်း များလာအောင် ဖန်တီးတာလဲ ခင်များတို့ပဲ။
ရခိုင် မှာ ဖြစ်တဲ့ လူမျိုးရေး ပရိပက္ခများမှာလဲ ဘင်္ဂါလီများကို ဌာနေပြည်သူ့စစ် အနေနဲ့ အသုံးချပြီး ဒေသခံ ရခိုင် လူမျိုးများကို နှိပ်ကွပ်စေတယ်။ ရှမ်းပြည်မှာ ရှမ်းတော်လှန်ရေးများကို ကြားကန်ပေးဖို့ ရှမ်းမဟုတ်တဲ့ တခြားလူမျိုးများကို လက်နက် တပ်ဆင်ပေးတယ်။ ပြည်သူ့စစ်အချင်းချင်း တောင် မတည့် အောင် အမျိုးမျိုး သွေးထိုးလှုံ့ဆော်တယ်။
အမုန်းတရားများ ကို ဖန်တီးခြင်းဟာ နိုင်ငံကောင်းဖို့လား.... ဘာအတွက်လဲ.... နိုင်ငံ ပျက်ချင်ပျက် လူမျိုးတမျိုးထဲက အမြဲတမ်းဗိုလ်ကျ စိုးမိုးရေး က အဓိက လား?...

မပြီးနိုင်တဲ့ လူမျိုးရေး ပရိပက္ခ သံသရာ ကို မြန်မာအစိုးရ ကိုယ်တိုင် ဖန်တီး နေခြင်း