Pages

Top Menu

Pages

Wednesday, October 7, 2015

ဝင်တိုက်ပြီ

U Ravika

လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို မတိုက်ဘူးလို့ ဦးအောင်မင်းက ပြောပါတယ်။
အခု SSPP ဌာနချုပ်ဝမ်ဟိုင်းရဲ့ လုံခြုံရေးစခန်းတစ်ခုကို အင်အား(၃၀၀) ရှိတဲ့ မြန်မာ့တပ်မတော်က ဝင်တိုက်ပြီ။
တိုင်းရင်းသားအချင်းချင်း ပိုမိုသွေးကွဲစေဖို့ အခြားတိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း တိုက်ဖွယ်ရှိနေပါတယ်။ တပ်လှန့်ထားဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ဒါမှပဲ အတိုက်ခံရတဲ့ အဖွဲ့တွေဟာ အပစ်ရပ်သွားမဲ့အဖွဲ့တွေကို ပိုပြီးတော့ စိတ်နာသွားကြမှာဖြစ်ပြီး တိုင်းရင်းသားအတွေအချင်းချင်း အနေဝေးသွားမှာ ဖြစ်တယ်။
ဒီနည်းဟာ ရခိုင်ကို ဘင်္ဂလီနဲ့ ရန်တိုက်ပေးပြီး ကချင်ကို စစ်ရေးအရ အကြီးအကျယ် တိုက်ခဲ့တာနဲ့ တူပါတယ်။ ဒီလိုအချိန်မျိုးမှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက သူတို့ကို မဝေဖန်အောင် ထိန်းထားပြီး ရခိုင်နဲ့ ကချင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသွားအောင် စွမ်းဆောင်သွားခဲ့ခြင်း ဖြစ်တယ်။
ဆင်ခြင်ဖို့နဲ့ ဝေဖန်ဖို့ပါပဲ။