Pages

Top Menu

Pages

Friday, October 16, 2015

စေ့စပ်ကြောင်းလမ်း ကွာရှင်းပြတ်စဲခြင်း

U Ravika

ဒီနေ့က စပြီး ဖပြောင်နဲ့ ဖထီးတို့ ညားကြပြီ။ ညားပြီလို့ ဟိုမှာ ကျန်နေခဲ့တဲ့ အချစ်ဟောင်းကိုချည်းပဲ လွမ်းဆွတ်မနေကြနဲ့။ ဒီမိုကရေစီကိုယ်ဝန်ရအောင် လုပ်ကြပါအုံး။ ဖက်ဒရယ်ကလေး မွေးနိုင်အောင် ကြိုးစားပမ်းစား လုပ်ကြပါအုံး။
ဒါနဲ့ အဆင်မပြေလို့ ပြန်ကွဲကြရင်လေ ဒီလိုပဲ ရပ်မိရပ်ဖ စုံညီစွာနဲ့ ကြီးကြီးကျယ်ကျယ် ကွာရှင်းပြတ်စဲခြင်းလက်မှတ်ထိုးပွဲလေးလည်း လုပ်ပေးပါအုံးဗျို့။ ကြည့်ချင်သေးတယ်။ လုပ်ဖြစ်အောင် လုပ်ပေးပါဗျာ။ အလှူရှင်လေးဘာလေး အခုကတည်းက ရှာထားပါအုံးဗျို့။ နော်ဝေးဆိုတဲ့ နိုင်ငံ၊ ဟန်ယောင်ဝေဆိုတဲ့လူက ပြန်လှည့်ကြည့်မလားမသိ။