Pages

Top Menu

Pages

Saturday, October 24, 2015

မြန်မာ့ ကျောက်စိမ်းလုပ်ငန်း ထိပ်ပိုင်းလူနည်းစု အကျိုးရှိ

http://www.bbc.com/burmese/burma/2015/10/151023_myanmar_jade?ocid=socialflow_facebook


  • 23 အောက်တိုဘာ 2015
Image copyrightAFP
Image captionစစ်တပ်နဲ့ နီးစပ်သူတွေသာ ဖားကန့်မှာ ကျောက်စိမ်း တူးဖော်ခွင့်ရ။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေဟာ ခေတ်သစ် သမိုင်းမှာ အကြီးကျယ်ဆုံး သဘာဝ အရင်းအမြစ် ခိုးထုတ်မှုကို ပြုလုပ် ခဲ့ကြဖွယ် ရှိတယ်လို့ လန်ဒန် အခြေစိုက် Global Witness အဖွဲ့က ပြောပါတယ်။
မြန်မာပြည် ကျောက်စိမ်းတွင်း တွေကနေ မနှစ်က တစ်နှစ်တည်းမှာ ထုတ်ယူခဲ့တဲ့ တန်ဖိုးဟာ အံ့အားသင့်ဖွယ်ရာ ဒေါ်လာ ၃၁ ဘီလျံ ရှိတယ်လို့ အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ထုတ်ယူခဲ့တဲ့ ကျောက်စိမ်း တန်ဖိုးကတော့ ဒေါ်လာ ဘီလျံ ၁၂၀ ကျော် လိမ့်မယ်လို့ Global Witness အဖွဲ့က ခန့်မှန်း ပါတယ်။
ကျောင်းစိမ်းတွင်း ကုမ္ပဏီတွေဟာ အဲဒီ ဒေသမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်နဲ့ KIA ကချင် လွတ်မြောက်ရေးတပ် နှစ်ဘက်စလုံးကို ငွေကြေး ထောက်ပံ့ နေတယ် လို့လည်း အဲဒီ အစီရင်ခံစာက ဖော်ပြ ပါတယ်။
အဲဒီဒေသမှာ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုတွေ တွန်းအားပေး ဆောင်ရွက်ရမယ့်အစား ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို မြန်မာ စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ မိသားစုနဲ့ လက်ရှိ အစိုးရ ဝန်ကြီးတချို့ အပါအဝင် အင်အားကြီးတဲ့ လူနည်းစု ငွေရှင် ကြေးရှင်တွေက လက်ဝါးကြီး အုပ်ထားကြတယ် လို့လည်း အစီရင်ခံစာက ဆိုပါတယ်။