Pages

Top Menu

Pages

Friday, August 21, 2015

ရ၀မ်လူငယ်သတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး သူညီလိုအပ်




by-Rawang Voice
မြစ်ကြီးနားမြို့ ဧမြသာယာရပ်ကွက်တွင် အသတ်ခံရသော ရ၀မ်လူငယ် အမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီများလိုအပ်နေကြောင်း သိရခြင်း
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ဧမြသာယာရပ်ကွက်တွင် အသတ်ခံရသော ခလရတပ်ရင်း(၃ရ)နေ တပ်မတော် မိသားစု မှ ကွယ်လွန်သူ မောင် အက်စ်ယော်ရမ် အသက်(၂၂)နှစ် ၏ မိသားစု နှင့် မြစ်ကြီးနားမြို့ပတ်ဝန်းကျင် ရှိ ရ၀မ်လူငယ်များ ရ၀မ်စာပေယဉ်ကျေးမှုရုံးတွင် ၂၀.၈.၂၀၁၅နေ့ တွေ့ဆုံခိုက် မိခင်ဖြစ်သူမှပြောပြပါသည်။
ကျမတို့ကတောင်ပေါ်ကပြောင်းလာတဲ့သူတွေပါ နိုင်ငံတာဝန်ကို ထမ်းဆောင်ရင်း ပူတာအို ဒေသကနေ မြစ်ကြီးနားကိုပြောင်းလာတာ ၃နှစ်လောက်ဘဲရှိပါတယ် အခုလိုဖြစ်သွားတော့ ဘယ်ကဘယ်လိုစလုပ်ရမှန်း မသိပါဘူး ဖြစ်ဖြစ်ခြင်းတော့ ဘယ်သူမှ မလာကြတော့ ဘယ်လိုလုပ်ရမယ်လို့ မသိကြပါဘူး ဒီနေ့မှ ပူတာအိုက အမျိုးတွေရောက်လာ ပြီး ရ၀မ်ယဉ်ကျေးမှု ဥကဋ္ဌတွေနဲ့အတူတကွ လိုက်လံစုံစမ်းတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ် ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ် ကျမတို့ကနိုင်ငံတော်လစာနဲ့ဘဲနေထိုင်ကြတဲ့သူတွေဘာ ဘာစီးပွားရေးမှလည်း မလုပ်တတ်ပါဘူး ကျမရဲ့အမျိုးသားက လေဖြတ်ထားတော့ ဘာမှမလုပ်နိုင်ဘူး ပင်စင်လည်းရခါနီးပါပြီး သူအဖေကို ကောင်းကောင်းပြုစုတဲ့ သားလေးပါ အခုလိုဖြစ်သွားတော့ ကျမ အရမ်းဝမ်းနည်းတယ် ကျုးလွန်းတဲ့သူတွေကို တရားဥပဒေ အတိုင်းအမြင့်ဆုံးအပြစ်ဒဏ်ပေးစေချင်ပါတယ် ဟုမျက်ရည်ကျလျက်ပြောပြပါသည်။
မောင်အက်စ် ယော်ရမ်၏အစ်ကို ကလည်း ဖြစ်စဉ်အကျင်းကို အခုလိုပြောပြပါတယ် အခင်းဖြစ်တဲ့ညနေရး၀၀နာရီလောက်မှာ သူငယ်ချင်းတစ်ယောက်က ငါးများဖို့သွားရအောင်ဆိုပြီးလာခေါ်တယ် အမေက မသွားနဲ့ပြောသေးတယ် ကျနော့်ညီလည်းငါးဖမ်းဖို့ဝါသနာပါတော့ လိုက်သွားတယ် ၈နာရီရောက်တော့ ဧမြသာယာရပ်ကွက်ကလူကြီးတစ်ယောက်က အကြောင်းလာကြားတယ် အဒေါ်သားလူ(ရ)ယောက်က ရိုက်လို့လဲနေတယ်လို့ အမေလည်းလိုက်သွားပြီး လဲနေတဲ့သားကိုတွေ့တော့ ဆေးရုံတန်းပို့တယ် ဆေးရုံရောက်ပြီးတစ်နာရီမှာဆုံးသွားတယ် နောက်နေ့မှာခွဲစိတ်ပြီးနောက်တစ်ရက်မှာ သင်္ဂြိုလ်လိုက်တယ် သေသွားတဲ့ကျနော့ညီဟာ ဘယ်သူနဲ့မှ ဘာရန်ညိုးရန်စ မှ မရှိပါဘူး လေဖြတ်နေတဲ့အဖေကို အနီးကပ်ပြုစုနေတဲ့သူပါ အပြင်မှာပြောနေကြတဲ့ ရန်ငြိုးရှိလို့အသတ်ခံရတယ်ဆိုတာ မဟုတ်ပါဘူး ဟုပြောပြပါသည်။
ရိုက်တဲ့အထဲမှာက ခလရ(၂၁)က တပ်သား တစ်ဦးသာပါဝင်ပြီး ခလရ(၂၁)တပ်မိသားစုမှ လူ၅ဦးပါဝင်ကြောင်း ခလရ(၃ရ)မှ မပါကြောင်း ပါသိရှိရပါသည်။ပါဝင်သူအားလုံးမှာ ဗမာနှင့်ရှမ်း ဗမာလူမျိုးများဖြစ်ကြောင်း တပ်မတော်သားကို တပ်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး အရပ်သား၅ဦးကိုတော့ ရဲစခန်းကဖမ်းဆီးထားကာ အမှုဖွင့်ထားကြောင်း၊တစ်ဦးမှာလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သဂြိုလ်ချိန်တွင်ကျုးလွန်သောမိသားစုဖက်မှ ကူညီမှု ထောက်ပံများ တစ်စုံ တစ်ခုမျှ မရှိကြောင်းပါ သိရှိရပါသည်။
မြစ်ကြီးနားရ၀မ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥကဋ္ဌ နှင့် အဖွဲ့ဝင်များကလည်း အခုလိုဖြည့်စွက်ပြောပြပါသည် တပ်မိသားစုဖြစ်နေတော့ ဖြစ်ဖြစ်ခြင်းကူညီဖို့ကခက်နေတယ် တပ်ဥပဒေဘယ်လိုရှိလည် မသိကြတော့ ဈာပနမှာတော့တတ်နိုင်သလောက်ကူညီကြတယ် ပူတာအိုက အမျိုးတွေရောက်လာတော့ ပူပေါင်းကူညီပေးတယ် ဒီနေ့မိသားစုတွေနဲ့ရဲစခန်းတို့ ဥပဒေအရာရှိတို့ နှင့်တွေ့ဆုံခဲ့တယ် အမှုမှန်ပေါ်ပေါက်အောင်အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်းပြောပြကြတယ် ဖြစ်ဖြစ်ခြင်း အားလုံးပူးပေါင်းဆောင်ရွက်မှုရှိခဲ့ရင်တော့ သက်သေတွေကိုခိုင်ခိုင်လုံလုံလုပ်ပြီး ဥပဒေအတိုင်းကောင်းကောင်း ဆောင်ရွက်နိုင်မှာ အခုကနည်းနည်းကြာသွားတော့ စိုးရိမ်မိတယ် ဟုပြောပြပါသည်။
အဆိုပါအမှုကို စက်တင်ဘာလဆန်းတွင် စစ်ဆေးမည်ဖြစ်ကြောင်းပါ သိရှိရပါသည်။
မြစ်ကြီးနားမြို့ရှိ အသင်းတော်အသီးသီး၊ရပ်ကွက်အသီးသီးမှ ရ၀မ်လူငယ်များလည်း ထိုအမှုကိစ္စ
ကို မိမိတို့တတ်နိုင်သည့်ဖက်မှ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပါသိရှိရပါသည်။ရပ်ဝေးရပ်နီးမှ ရ၀မ်အမျိုးသားများလည်း အမှုမှန်ပေါ်ပေါက်ရေး မိမိတို့တတ်နိုင်သည့်ဖက်မှ ဆုတောင်းခြင်းအားဖြင့်သော်၎င်း၊မိသားစုကိုအားပေးနှိမ့်သိမ့်ခြင်းအားဖြင့်သော်၎င်း၊မိမိတို့တတ်နိုင်သည့်ဖက်မှ အကြံညဏ်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ကြပါ၇န် Rvwang Voice မှတင်ပြလိုက်ရပါတယ်။
https://www.facebook.com/photo.php?fbid=1523354251288231&set=pcb.1523354341288222&type=1&theater