Pages

Top Menu

Pages

Tuesday, May 26, 2015

USA, အိုမဟာမြို့ တွင် (၁၉)ကြိမ်မြောက် KAA, မနော ပွဲ ကျင်းပ

Seng Jaw · 


အမေရိကန် ပြည်ထောင်စု ၊ နဗရားစကား ပြည်နယ်၊ အိုမဟားမြို့ တွင်
USA, ရှိ ကချင် ခရစ်ယာန် မိသားစုများ ၏ (၁၉)ကြိမ်မြောက် နှီးနှောဖလှည်
ပွဲ နှင့် မနော ပွဲ ကျင်း ပနေကြောင်း သိရှိရပါသည်။
ဤ (၁၉)ကြိမ်မြောက် KAA,(Kachin American Association)၏ နှီးနှော
ဖလှယ် ပွဲ နှင့် မနော ပွဲ အား (၂၀၁၅၊ မေလ (၂၂ မှ ၂၅) ရက်နေ့ အထိ (၃)
ရက်တိတိ ပြု လုပ်ကျင်း ပမည် ဖြစ်ကြောင်း လည်း သိရှိရပါသည်။
ယခု နှစ် တွင် ဤ မနော ပွဲ သို့ မြန်မာ ပြည် မှ ကချင် နာမည်ကြီး အနုပညာ
သည်များ (အဆိုတော်များ) နှင့် မြန်မာပြည် မှ အထူးဧည့်သည် တော် (၂၀)
ကျော် အပါအ၀င် ကချင် စစ်ပြေးဒုက္ခသည် များ အရေး ကူညီ ဆောင်ရွက်ပေး
နေ သော Laiza, တရုတ် နိုင်ငံ ယူနန် ပြည်နယ် နှင့် ထိုင်းနိုင်ငံ တို့မှ ဆရာကြီး
(၃)ဦးလည်း လာရောက်ပါ ၀င် တက်ရောက်ပြီး လက်ရှိ ကချင် စစ်ပြေး ဒုက္ခ
သည် များ အကြောင်း လာရောက် ရှင်းလင်းတင်ပြ ခဲ့ ကြကြောင်း၊ အမေရီကန်
ပြည်ထောင်စု တွင် အခြေချနေ ထိုင်လျှက်ရှိ ကြသော ပြည်နယ်အသီးသီး မှ
ကချင် လူမျိုး များ (၂၅၀)ခန့် လာရောက်ပါဝင်လျှက်ရှိ ကြောင်း ပွဲတာဝန်ရှိသူ
များထံမှ သတင်းရရှိပါသည်။
ပွဲတော် ရက်အတွင်း အစီအစဉ်များမှာ အားကစား (ဘောလုံး၊ ဂေါက်) ပြိုင်ပွဲ
များ၊ ၀တ်ပြု ဆုတောင်း အစီအစဉ် အပြင်၊ ကချင့် သမိုင်းကြောင်း ဟောပြော
ပို့ချခြင်း အစီအစဉ် အပြင် လူငယ်များအတွက် ညပိုင်းတွင်အနုပညာ တေးဂီတ
ဖျော်ဖြေရေး အစီအစဉ်များ၊ ဖက်ရှင် San Bawk Ra ၏ အစီအစဉ်များ ပါဝင်
ကြောင်း သိရှိရပါသည်။
၎င်း မနော ပွဲ အား KAA, မှ တနှစ် တစ်ကြိမ် နှစ်စဉ် မေလတွင် ဦးစီးကျင်းပ
လျှက်ရှိရာ ယခု နှစ်သည် (၁၉)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း လည်းသိရှိရပါ
သည်။
(ပုံ-(၂၃.၅.၂၀၁၅)ရက်နေ့ အဖွင့် မနော ကနေစဉ်။)
======================================= (Lachid Kachin)