Pages

Top Menu

Pages

Wednesday, May 13, 2015

ထိပ်သီးဆွေးနွေးပွဲကို ဂရုမစိုက်ကြောင်း မအလပြသ

· 

ပန်ခမ်းထိပ်သီးဆွေးနွေးပွဲ ကျင်းပကတည်းက ကေအင်န်ယူတပ်မဟာ(၂)ဒေသကို စစ်လေ့ကျင့်ရေးအကြောင်းပြပြီး ဗုံးကြဲခဲ့တယ်။ ကိုးကန့်ကိုတော့ အခု အပြင်းထန်ဆုံးထိုးစစ်ကို ဆင်နွှဲနေပါတယ်။ အင်အားတစ်ထောင်ခန့် ရှိတဲ့ ကိုးကန့်တပ်ကို အင်အားအဆမတန်ကြီးတဲ့ မြန်မာ့တပ်မတော်က ရက်ရက်စက်စက် တိုက်နေခြင်းဖြစ်တယ်။
မြန်မာ့တပ်မတော်က နိုင်ငံရေးနဲ့ စစ်ရေးအရ အသာစီးရယူထားမှုကို နည်းနည်းလေးမှ အလျှော့မပေးသေးပါဘူး။ အခြေခံဥပဒေက ပေးတဲ့ အခွင့်ထူးကို အသုံးချပြီး ဖိနှိပ်မှုတွေကို တရားဝင် လုပ်လျက်ရှိပါတယ်။ မတရားမှုကို မျက်ကွယ်ပြုလာကြတဲ့ ရဟန်းရှင်လူတွေကလည်း တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ ဒါဟာ အချင်းချင်းလျစ်လျူရှုမှုကြောင့် ဖြစ်ပါတယ်။
မအလအနေနဲ့ ပန်ခမ်းထိပ်သီးဆွေးနွေးပွဲကို ဂရုမစိုက်ခဲ့ရင် ကျင်းပဖွယ်ရှိတဲး လော်ခီလားဆွေးနွေးပွဲကလည်း သိန်းစိန်တို့ တောင်းဆိုနေတဲ့ အပစ်ရပ်ကို ဂရုစိုက်စရာလိုသလား။ သက်တမ်းနှစ်ဝက်ပဲ ရှိတော့တဲ့ အစိုးရကို ချောင်ထိုးထားလို့ ရတယ်။ မအလလည်း မကြာခင် ပင်စင်စားတော့မယ်။ တကယ်လို့ ဒီလူက ပင်စင်မစားရအောင် ဥပဒေကို ပြင်ဆင်ခဲ့ရင် ဒါဟာ တရားလက်လွတ်ပြုမူမှုတစ်ခု ဖြစ်တယ်။