Pages

Top Menu

Pages

Saturday, May 16, 2015

ကိုးကန့်စစ်ပွဲ တစ်စခန်း ရပ်ခဲ့ပြီလား

U Ravika

အစိုးရပြန်ကြားရေးဌာနမှာ ဖော်ပြတဲ့ သတင်းအရ တပ်မတော်က ပွိုင့် ၁၄၆၈၊ ၁၄၇၉၊ ၁၅၆၄၊ ၁၆၀၇၊ ၁၇၄၂၊ ၁၉၅၁၊ ၁၉၆၈ တွေကို သိမ်းပိုက်ခဲ့ပြီး အခုနောက်ဆုံး ပွိုင့် ၂၂၀၂ ရရှိပြီးတဲ့နောက်မှာ ကိုးကန့်တိုက်ပွဲ ဆုံးခန်းတိုင်ခဲ့ပြီဖြစ်ကြောင်း ကျေညာခဲ့ပါတယ်။
ကိုးကန့်စစ်ပွဲဟာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ စတင်ခဲ့ပြီး မေလ (၁၄)ရက်နေ့မှာ ပြီးဆုံးခဲ့တာကြောင့် (၃)လတိတိ ကြာမြင့်ခဲ့တယ်လို့ စစ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ အမြောက်လက်နက်ပေါင်း(၇၀)၊ သံချပ်ကား၊ ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်များက ပူးပေါင်းပြီး စစ်ဆင်ခဲ့တဲ့အတွက် နောက်ဆုံးပွိုင့် ၂၂၀၂ ကို ရရှိခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။ မြန်မာ့သတ္တိကို သူတို့သိကြပြီ၊ ကွန်မြုနစ်အကြွင်းအကျန်တွေကို သုတ်သင်နိုင်ခဲ့ပြီလို့ စစ်သားဟောင်းတွေက ကြွေးကြော်ကြပါတယ်။ သိမ်းပြီသားကို ပြန်မပေးဖို့ တိုက်တွန်းနေကြသူတွေလည်း ရှိပါတယ်။
ဒီအချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်က ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေးကို နောက်ထပ်(၃)လ သက်တမ်းတိုးပေးကြောင်း သိရပါတယ်။ မလအကတော့ ကိုးကန့်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပုံ ရပါတယ်။ ဒါပေမဲ့ ကိုးကန့်စ်ပွဲ တစ်စခန်းသိမ်းခဲ့ပြီလားလို့ မေးစရာ ရှိပါတယ်။
အစိုးရသိမ်းမိတဲ့ တောင်ကုန်းကို ကြည့်တော့ ကိုးကန့်တွေက ပိတ်မိပြီး ကျဆုံးကုန်တာကို မတွေ့ရဘဲ အောင်မြင်စွာနဲ့ ဆုတ်ခွာသွားခဲ့ကြောင်း သိသာပါတယ်။ ကိုးကန့်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သားတွေဟာ ဒီထက် အင်အားကောင်းကောင်းနဲ့ ပြန်လာအုံးမှာပါ။ မြန်မာ့သတ္တိဆိုတာ ဓားပြသတ္တိအဆင့်ပဲ ရှိပါတယ်။ အမိမြေကို ကာကွယ်မဲ့ ကိုးကန့်တွေဟာ အခြားပွိုင့်တစ်ခုဆီကို ရောက်နေလောက်ပါပြီ။ လူထုထောက်ခံမှု ရနေသရွေ့ တော်လှန်ရေးတစ်ရပ်ဟာ ဘယ်တော့မှ မကျဆုံးပါ။ အခုလည်း မကျဆုံးပါ။ သူတို့ ရှိနေပါသေးတယ်။
မအလတပ်မတော်အသိုင်းအဝိုင်းကတော့ ပွိုင့်တွေ သိမ်းပိုက်မိတာ များလွန်းလို့ မှတ်တောင် မမှတ်မိဘူးဆိုပါတယ်။ ဘီယာမူးနေလို့လည်း ဖြစ်နိုင်ပါတယ်။ သူတို့က ဘီယာဝိုင်းမှာ ရေတွက်ခဲ့ကြတာကိုး။ သူတို့ရေတွက်တာ (၈)ပွိုင့်ရှိပါတယ်။ ပွိုင့်တစ်ပွိုင့်ကို ဘယ်လောက်အသေခံပြီး သိမ်းခဲ့ရသလဲ ရေတွက်ဖို့ သူတို့ မေ့နေကြပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဘယ်လိုစောင့်ရှောက်မှုတွေ ပေးမလဲ သူတို့ မစဉ်းစားအားပါ။ သူတို့က နောက်တန်းမှာ အောင်ပွဲခံဖို့ အလုပ်ရှုပ်နေကြတယ်။ သူတို့က မအလတပ်မတော်ကို အဲ့လိုကြီး ချစ်ကြတာပါ။        
ကိုးကန့်စစ်ပွဲ တစ်စခန်း ရပ်ခဲ့ပြီလား