Pages

Top Menu

Pages

Saturday, May 2, 2015

ခါင်းဆောင်တွေ စုံညီတုန်း လေကြောင်းကာကွယ်ရေးလက်နက်တွေ ဝယ်ယူစုဆောင်းဖို့ ကိစ္စကို အလေးအနက်ဆွေးနွေးကြစေချင်တယ်

အရင်တုန်းက ပြည်တွင်းစစ်တိုက်တာမှာ အစိုးရတပ်က လေယဉ်ပျံသုံးပြီးတိုက်တာ ရှားတယ်။ ခုနောက်ပိုင်း လေယဉ်ပျံတွေရော၊ ရဟတ်ယဉ်တွေရော၊ တင့်ကားတွေရော မျိုးစုံသုံးပြီး တိုက်နေတာ အားလုံးသိကြတဲ့အတိုင်းပဲ။ ကချင် KIA ကို ရဟတ်ယဉ်မျိုးစုံနဲ့ တိုက်ခဲ့တာ ခုထိမျက်လုံးထဲက မထွက်သေးဘူး။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့စည်းခေါင်းဆောင်တွေ စုံညီတုန်း လေကြောင်းကာကွယ်ရေးလက်နက်တွေ ဝယ်ယူစုဆောင်းဖို့ ကိစ္စကို အလေးအနက်ဆွေးနွေးကြစေချင်တယ်။ လိုတဲ့အခါ လိုတဲ့သူဆီကို ပို့ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ အားလုံး ပိုက်ဆံအချိုးကျစုပြီး ဝယ်ထားတာမျိုးဖြစ်ဖြစ် တခုခုတော့ စီစဉ်ကြစေချင်တယ်။ ခုခေတ်မှာ ဒီလက်နက်မျိုးတွေက ဘယ်လောက်မှ ဈေးမရှိတော့ပါဘူး။ ဈေးသက်သာပြီး ပေါ့ပါးထိရောက်မယ့်လက်နက်အမျိုးစားတွေ ကျနော့လိုလူတောင် နာမည်တွေ လက်တန်းကောက်ရွတ်ပြလို့ ရတယ်။ FIM-92A Stinger လို ပေါ့ပါးပြီး ဈေးသက်သာတဲ့ လက်နက်မျိုးတွေနဲ့ အစိုးရစစ်တပ်က ခုနောက်ပိုင်း လူမသိသူမသိ ခိုးသုံးနေတဲ့ Drone တွေကို ဆော်ကြပါ။ Drone တွေကို ကိုယ့်နယ်ထဲ လုံးဝအဝင်မခံကြနဲ့။ FIM-92A Stinger က မျိုးစုံသုံးလို့ရတယ်။ လေထဲကဟာ အကုန်ပစ်ချလို့ရတယ်။ ဆွေးနွေးကြ ပြင်ဆင်ကြပါ။ တင့်ဖျက်ဒုံးတွေ လိုရင်လဲ ပြော။ နာမည်တွေ လက်တန်း ကောက်ရွတ်ပေးမယ်။
ခါင်းဆောင်တွေ စုံညီတုန်း လေကြောင်းကာကွယ်ရေးလက်နက်တွေ ဝယ်ယူစုဆောင်းဖို့ ကိစ္စကို အလေးအနက်ဆွေးနွေးကြစေချင်တယ်