Pages

Top Menu

Pages

Saturday, May 23, 2015

ပူတာအိုလွင်ပြင်

I dont really Trust Bull shit Tay za
ခရိုနီတေဇလည်း မြန်မာပြည်မြောက်ဖျား က ရေခဲတောင်တွေ၊ ပူတာအိုလွင်ပြင်တွေ၊ ကချင်တောင် တန်း၊ ရဝမ်တောင်တန်းလွင်ပြင်တွေဆီ အာရုံရပြီး ပူတာအိုခရိုင်ကို ဌာနချုပ်လုပ်ဖို့ စင်ကာပူမှ ပူတာအိုသို့ ရွှေ့ပြောင်း ချီတက်လာပါတော့တယ်။
ပူတာအိုခရိုင်လို မြန်မာပြည်မြောက်ပိုင်းကို ခရိုနီတေဇက သူ့ရဲ့အမာခံနယ်မြေတည်ဆောက်ဖို့ ရွေးချယ်လိုက်တာကို ခင်ဗျားတို့လျော့ပြီးမတွက်ကြနဲ့ဗျ။ မြန်မာပြည်မြောက်ပိုင်း ပူတာအိုလွင်ပြင်ဟာ အတော်ကျယ်ပြန့်ပြီး အလွန်သာယာလှပတဲ့နယ်မြေ ကြီးဖြစ်တယ်။ ခင်ဗျားတို့ကျုပ်တို့ သာမန်မြန်မာလူမျိုး တွေရောက်ဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသ ဖြစ်တယ်ဗျ။
ခရိုနှီတေဇလို ခရိုနီတွေကတော့ ကိုယ်ပိုင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေရှိတာကြောင့် မြန်မာ့ တပ်မတော်က စစ်သားတွေ တောထဲတောင်ထဲကနေ ကချင်မြောက်ပိုင်း ရောက်ဖူးတာမျိုးလောက် သာမန်သိတာ မဟုတ်ဘူးဗျ။ ခရိုနီတေဇလို ခရိုနီကတော့ ကချင်ပြည်နယ် မြောက်ပိုင်းကြီးကို လေဟုန်စီးပြီးအပေါ်စီးကနေ ကြည့်ချင်တိုင်းကြည့်ခွင့်၊ ရွေးချင်တိုင်းရွေးခွင့် စိတ်ကူး ယဉ်ချင်တိုင်း စိတ်ကူးယဉ်ခွင့်ရခဲ့ကြတာဗျ။ တိမ်ဦးလေ ပြေ မောင့်ကိုစေလို ဘ၀နဲ့ မြန်မာပြည်မြောက်ပိုင်းကို ကြည့်ခွင့်၊ တက်ခွင့်ရခဲ့လို့ ဘယ်နေရာမှာ ဘယ်လိုခွင် ကောင်းတယ်၊ အနာဂတ်မှာ ဒီပူတာအိုလွင်ပြင်ကို ဘယ်လိုအမာခံနယ်မြေ တည်ဆောက်ရမလဲဆိုတာ ကြိတ် ကြံစည်ခဲ့ပုံရပါတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်နဲ့ လှေနံတစ် ဖက်နင်းထားပြီး ကျန်ခြေတစ်ဖက်ကို ကချင်လက်နက်ကိုင်တပ်မတော် KIO ခေါင်းဆောင်တွေနဲ့ လှေနံတစ် ဖက်ထပ်နင်းဖို့ ကြိုးစားနေတာဖြစ်တယ်ဗျ။ ပြီးခဲ့တဲ့နှစ်က KIO ဒုဥက္ကဋ္ဌဗိုလ်ချုပ်ဂွမ်မော်ကို အစွမ်းတကာ့ အစွမ်းကုန်ဖော်လံဖားပြီး လိုက်ပေါင်းနေတာတွေ့ရတယ်။ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာကတော့ ကချင်လူထုက လက်ခံတဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် ကျုပ်ကလည်း သဘောကျတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့အကြောင်း ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ခရိုနီတေဇတို့ အကွက်မြင်ပုံက ဗိုလ်ချုပ်ဂွမ်မော်တို့လို KIO ခေါင်းဆောင်တွေနဲ့ KIO ကိုပါ အပိုင် အိတ်ထဲထည့်ဖို့ ကြိုးစားနေတယ်ဆိုတာတွေ့ရပါတယ်။
တစ်ဖက်ကလည်း ၂၀၁၅ နောက်ပိုင်းမှာ အစိုးရဖြစ်ချင်ဖြစ်လာနိုင်တဲ့ နိုင်ငံရေးပါတီထဲကို နည်း လမ်းပေါင်းစုံနဲ့ဝင်ရောက်ထိုးဖောက်ပြီး ၁၂ ကြိုးကွက် ကစားနေတယ်ဗျ။
Credit Zarni Htike..