Pages

Top Menu

Pages

Friday, February 13, 2015

ပြည်တွင်းစစ်ကို ထပ်ပြီး ဆွဲဆန့်ချင်နေကြသေးရင်တော့ အဲဒီ အတွေးတွေဟာ မှန်ကန်တဲ့ အတွေး မဟုတ်တော့ဘူး။

Dai Ni Du Hkra Myen A Myit Jasat
=========================
ကြာရှည် ကြာညောင်းစွာ ဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ သူပုန်ကို အမြစ်ပြတ် အပြုတ်တိုက်ဖို့ အော်နေတဲ့ သူတွေ အခုချိန်ထိ တွေ့နေရတာ အရမ်းအံ့သြမိတယ်။
ပြည်တွင်းစစ် ဖြစ်နေတာ မနေ့တစ်နေ့ ကမှ စဖြစ်တာမဟုတ်ဘူး။ မနေ့တစ်နေ့ ကမှ စဖြစ်တာဆိုရင် တရား၏ မတရား၏ မှန်၏ မမှန်၏ အပထား သူပုန်ကို အပြုတ်တိုက် ချေမုန်းဖို့ ထောက်ခံအားပေးတာကို လက်ခံနိုင်တယ်။
အခုဟာက အနှစ် ၆၀ ကျော် ကြာနေပြီ။ ဆိုလိုတာက အပြုတ်တိုက် ဆိုတာ အဖြေ မဟုတ်တော့ဘူး။ ခေတ်အဆက်ဆက် အာဏာရှင်တွေက အပြုတ်တိုက် ဆိုတာကိုပဲ ခေါင်းစဉ်တပ်ခဲ့တော့ နှစ် ၆၀ ကျော်လာချိန်မှာ တိုင်းပြည် ဘာဖြစ်သွားလဲ။ အဖြေကတော့ ရှင်းနေပါတယ်။
ဒါကို သူပုန် ကြောင့်ဆိုပြီး သူပုန်ကိုပဲ အပြစ် ပုံချလို့ မရဘူးထင်ပါတယ်။ အာဏာရှင် အဆက်ဆက်ရဲ့ မူဝါဒကိုလည်း မှန်၏ မှား၏ စဉ်စားရပါမယ်။
စစ်တိုက်တယ်ဆိုတာ ကလေးကစားတာမဟုတ်ဘူး။ လူသားအရင်းအမြစ်တွေ ဆုးံရှုံးပါတယ်။ နိုင်ငံရဲ့ ဓနတွေ ဆုးံရှုံးပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျပါတယ်။
တိုင်းပြည်ဟာ ပြည်တွင်းစစ်ကြောင့် ခြုံးခြုံးကျနေပါပြီ။ လုးံပါးပါးနေပါပြီ။ စစ်ပန်းနေပြီ။
အဲဒါကိုမှ ပြည်တွင်းစစ်ကို ထပ်ပြီး ဆွဲဆန့်ချင်နေကြသေးရင်တော့ အဲဒီ အတွေးတွေဟာ မှန်ကန်တဲ့ အတွေး မဟုတ်တော့ဘူး။
အခုအချိန်မှာ ပြည်သူတွေ လုပ်ရမှာက ငြိမ်းချမ်းရေးအတွက် အမြန်ဆုးံ အဖြေရှာနိုင်ဖို့ တာဝန်အရှိဆုးံ ဖြစ်တဲ့ အစိုးရကို ဖိအားပေးနိုင်ဖို့ပါပဲ။
Htoi Li