Pages

Top Menu

Pages

Sunday, February 15, 2015

မင်းအောင်လှိုင်တို့အုပ်စု ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အခြားကိစ္စတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အရေး ဖြစ်တယ်

တိုင်းပြည်ကို ကာကွယ်ရင်းနဲ့ စစ်သားစစ်သမီးတွေ ကျဆုံးကုန်ကြလို့ သနားစရာအတိပါတကားလို့ ဇာတ်လမ်းနာအောင် ရေးကြတယ်။ အစိုးရအကွက်ကို မရိပ်မိတဲ့ ရဲမိုးလို ကလောင်အချို့က ကျောင်းသားတွေဟာ သေသွားတဲ့ စစ်သားတွေလောက် အသုံးမကျဘူးလို့ ပြောင်ရေးမိရောပဲ။ သူတို့အချင်းချင်းပေါ့လေ ကြိုးစားဖုံးဖိကြတော့ ဟိုဖုံးဒီပေါ် ဖြစ်ကုန်ကြတယ်။ ဘယ့်နှယ်ဗျာ ဖုန်းကြားရှင်ကို အခုမှ ရန်ရှာရတယ်လို့။ စစ်တပ်နဲ့ အရင်းနှီးဆုံး တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကို ပြပါဆိုရင် ဖုန်းကြားရှင်ပါပဲလေ။
နောက်တစ်ခု။ မင်းအောင်လှိုင်တို့အုပ်စု ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အခြားကိစ္စတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အရေး ဖြစ်တယ်။ လူတတ်လုပ်ပြီး လွှတ်တော်ကို ခေါ်သွင်း၊ ချောက်ကျအောင် တွန်းတော့လည်း ဒီအမျိုးသမီးက ပါးနပ်လွန်းလို့ လွတ်လွတ်သွား၊ ဘာမှ မလုပ်တဲ့ သူ့ကို ဘာမှ လုပ်လို့ မရလို့ သိန်းစိန်တို့အုပ်စု အကြံအိုက်နေပါပြီ။ ဖွဲ့စည်းပုံကို မပြင်ရင် ဘယ်လိုနေမလဲ။ မဘသအဖွဲ့ကို အားကိုးမိတော့လည်း အရေးကြုံတော့ သက်လုံက မကောင်းဘူး။ တပွဲထိုးပဲ ရတယ်။ သူ မလဲရင် ကိုယ်က အကွဲပဲဆိုတဲ့ အဖွဲ့မျိုး။ ဒီတော့ အခု ဒေါ်အောင်ဆန်းစုကြည်သာ လေတစ်ချက် ချွန်ပြတာနဲ့ တစ်နိုင်ငံလုံးက ဝုန်းခနဲ ထအော်ကုန်မှာကိုလည်း မသိယောင်ဆောင်လို့ မရတော့တဲ့အဆုံးပါ။
ဒီတော့ ဟိုဘက်ကိုလည်း ကတိပေး၊ ဒီဘက်ကိုလည်း ကတိပြု၊ ဟိုဘက်ကိုလည်း ကပ်၊ ဒီဘက်ကိုလည်း နီးစပ်အောင် လုပ်နေပေမဲ့ သူတို့ကပ်တဲ့လူတွေက သူတို့ကို သတိပြုမိလာပါပြီ။ အဲဒါကတော့ ဒီစစ်အုပ်စုတွေဟာ စေတနာမှန်နဲ့ လုပ်နေတာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။

U Ravika
မင်းအောင်လှိုင်တို့အုပ်စု ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အခြားကိစ္စတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အရေး ဖြစ်တယ်