Pages

Top Menu

Pages

Thursday, November 27, 2014

အမျိုးသားမြေအသုံးချမှု မူဝါဒ မူကြမ်းနှင့် ပါတ်သတ်၍ ကချင်ပြည်နယ်ရှိ တောင်သူများအားလုံး /မူဝါဒကြမ်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

မူကြမ်းသဘောထားထုတ်ပြန်ချက်

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူထုများနှင့်  တောင်သူအကျိုးပြုကိုယ်စား 

(၂၇﴿ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ်

၂ဝ၁၄ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇ ရက်နေ့တွင် ကချင်ပြည်နယ် အတွင်းရှိ  လယ်ယာမြေ နှင့် ဥယျဉ်ခြံမြေများ နှစ်နာသောတောင်သူများ၊ မြို့နယ်အသီးသီးများမှ တောင်သူလယ်သမားကွန်ယက် ကိုယ်စားလှယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများဧ။် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း) အပေါ် သုံးသပ်ဆန်းစစ် အကြံပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ 

မြန်မာနိုင်ငံ မြေယာခွဲဝေအသုံးချမှုစိစစ် ဆောင်ရွက်ရေးကော်မတီက ရေးဆွဲထားသော အမျိုးသားမြေအသုံး ချမှု မူဝါဒ (မူကြမ်း) ရေးဆွဲသည့်အဆင့်ဆင့်တွင် ပြည်သူလူထု၊ အမှန်တကယ်နစ်နာသောတောင်သူ လယ်သမား၊ တိုင်းရင်းသားကိုယ်စားလှယ်၊ အမျိုးသမီးကိုယ်စားလှယ်များနှင့် ပြည်သူ့ဖက်ကရပ်တည်ပေး သောပညာရှင်များဖြင့် ပါဝင်ရေးဆွဲထားသော မူဝါဒမူကြမ်း  မဟုတ်သောကြောင့်  လက်ခံ နိုင်ခြင်းမရှိပါ။  

ဤအမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း) သည် ပြည်သူလူထု၊ တောင်သူလယ်သမား၊ တိုင်းရင်းသားများအား အကျိုးပြုမှု အလွန်နည်းပါးနေပြီး ရင်းနှီးမြှုပ်နှံမှုကိုသာ ဦးစားပေးထားကြောင်း မြေယာ သိမ်းဆည်းခြင်းကို တွန်း အား ပေးပြီး လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေသော မြေယာပြသာနာများကို ပိုမိုများပြားလာစေမည်။ ထို့အပြင် လူ တစု၏ အကျိုးစီးပွားနှင့် ကောင်းစားရေးအတွက်ကိုသာ အားပေးကာကွယ်ပေးသော မူဝါဒဖြစ်သည်။ 

ယခင်စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသောမြေနှင့်လက်ရှိဖြစ်ပေါ်နေသော မြေယာအငြင်းပွားမှုများကို ဖြေရှင်း ပေးနိုင်သော အချက်သည် ဤမူဝါဒ တွင်ပါဝင်ခြင်းမရှိပေ။ 

တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲဆုံးဖြတ်ပိုင်ခွင့်ကို အာမခံသောအချက်အလက်များ ပါဝင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်မှုကို ပိုမိုနှောင့်နှေးကြန့်ကြာ စေသည်။ 

ထို့အပြင် ဤအမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း) ကိုပြည်သူလူထုကြား ချပြမည့်အစီအစဉ်သည် နေပြည် တော် အပါအ၀င် ၁၇ နေရာသာဖြစ်ပြီး အချိန်ကာလသည် (၁၅)ရက် အတွင်း၌ တနိုင်ငံလုံးအတိုင်းအတာ (မြို့ကြီးများတွင်) ပြုလုပ်ခြင်းသည်  တိုင်းရင်းသားပြည်သူလူထုနှင့်တောင်သူလယ်သမားများ၏ သဘောဆန္ဒကို လစ်လှူရှုနေသည်။

ဗဟိုချုပ်ကိုင်မှုစနစ် ကိုလျှော့ချမည်ဟုဆိုထားသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များသည် အထက်ကခန့်းထားသောကြောင့် လက်ခံနိုင်ခြင်းမရှိပါ။

ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေယာအသုံးချမှုများကို အကာအကွယ်ပေးမည် ဟုဖေါ်ပြထားသော် လည်း တရားဝင်အသိအမှတ်ပြုခြင်းနှင့် လွတ်လပ်စွာ အသုံးပြုစီမံခန့်ခွဲပိုင်ခွင့်ကို အာမခံထားခြင်းမရှိချေ။ 

နိုင်ငံတကာအစိုးရများမှ သဘောတူလက်ခံချမှတ်ထားသော အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်ဘောင်အတွင်း မ၀င် သည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာစံနှုန်းနှင့်လည်း ကိုက်ညီမှုမရှိချေ။ 

ထို့ကြောင့် လူထုနှင့်တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ လူထု အခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ လူငယ် ကိုယ်စားလှယ်များ၊ လွတ်လပ်ပြီး ဘက်မလိုက်သော ဥပဒေပညာရှင်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သော ပုဂ္ဂိုလ် များဖြင့် အဘက်ဘက်မှ ပါဝင်ပြီး ပွင့်လင်းမြင်သာစွာ  မြေအသုံးချမှုမူဝါဒ (မူကြမ်း) အသစ်ကို ပြန်လည် ရေးဆွဲ ရန်လိုအပ်သည်။ 

ဆက်သွယ်ရန် - 
ဘောက်ဂျာ - +၉၅ (၀) ၉၄၇၀၂၆၀၉၀ (သို့) +၉၅ (၀) ၉၄၀၀၀၂၂၄၇၅
ကိုကျော်သီဟအေး ဝ၉၄ဝဝဝ၂၁၃၆၃
ဒေါက်တာမောင်မောင်တာ ဝ၉၄၄ဝဝဝဝ၇၈၇
ဦးမျိုးဇော်ဦး ဝ၉၄ဝဝဝ၂၃၂၂၂
ဟူးကောင့်တောင်သူများအဖွဲ့ ဦးလဂေါ်တန်ဂွန်း
မိုးကောင်းတောင်သူများအဖွဲ့၊ 
မော်ဖေါင်းတောင်သူများအဖွဲ့၊ ဦးလဖိုင်နော်အောန် ဝ၉၂၅၄၂၃ဝ၇၂၇
မိုးညှင်းတောင်သူများအဖွဲ့၊ ဦးကျော်ကျော်ဦး
ဖားကန့်တောင်သူများအဖွဲ့၊ ဦးလဆိုင်း ဝ၉၂၅၆၄၂၇၇၃၈
နမ္မတီးတောင်သူများအဖွဲ့၊ ဦးဇော်ဂျတ် ဝ၉၂၅၆၄၁၄၃၃၄

ဝိုင်းမော်တောင်သူများအဖွဲ့၊ ဦးလွမ်းဇယ်