Pages

Top Menu

Pages

Saturday, October 18, 2014

တနိုင်း- အောင်လွတ်ကျေးရွာသွားသည့် ကားလမ်းအား အစိုးရတပ်မှ ပိတ်ထား


================================================
တနိုင်းမြို့ နှင့် ၅ မိုင်အကွာ တွင်ရှိသော ကားလမ်းခွဲမှ တဆင့် သွားရောက်ရသော အောင်လွတ်ကျေးရွာ သွား ကားလမ်းမကြီးအား မြန်မာအစိုးရတပ် မှ အကြောင်းမဲ့ ပိတ်ထားကြောင်း သိရပါသည် ။ အဆိုပါ အောင်လွတ်ကျေးရွာသည် ပယင်းတူးဖော်သူများ ၊ ရွှေတူးသူများ နှင့် အလွန်စည်ကားသော ရွာကြီး တစ်ရွာဖြစ်ပြီး ကေအိုင်အေ တပ်စခန်း တစ်ခုလည်း ရွာ နှင့် မနီးမဝေး တွင် စခန်းထိုင်ထားသော ရွာကြီးဖြစ်ပါသည်။
ယခု ကားလမ်း ပိတ်ထားသောကြောင့် ဒေသခံများ ဒုက္ခရောက်နေကြရပြီး ကားလမ်းအားပြန်ဖွင့်ပေးရန် အစိုးရတပ်များ စခန်းထိုင်ထားရာ ဂိတ်များသို့ အကြိမ် ကြိမ် သွားရောက်ပြောဆိုသော်လည်း အထက်အမိန့် အရ ပိတ်ထားခြင်း ဖြစ်ကြောင်း သာ ပြောဆိုပြီး ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင်း သိရပါသည် ။
အဆိုပါ ကားလမ်းပိုင်းတွင်ရှိ အစိုးရစစ်တပ်များ ဂိတ်ထိုင်ထားသော ဂိတ်စခန်း များ သည် နေ့ စဉ်ဖြတ်သန်းသွားလာနေသော လူ ၊ ကား ၊ ဆိုင်ကယ် များ မှ အခွန်သဘောမျိုး နေ့ စဉ်ကောက်စားနေပြီး ဒေသခံများ နှင့် ခရီသွားပြည်သူများ စိတ်အနှေင့်အယှက် အဖြစ်ရဆုံး ဂိတ်စခန်း များ ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သတင်းရရှိပါသည်။.
Likebylachid kachin