Pages

Top Menu

Pages

Thursday, October 30, 2014

ထိုင်း နှင့် မြန်မာ ဘာတွေကွာ သလဲ

Duwa Kachin

=======================
ထိုင်းမှာ မြန်မာ နှစ်ယောက် မတရား လူသတ်တရားခံ အဖြစ်ဖမ်းဆီးခံရတော့ ထိုင်းနိုင်ငံသား များဖြစ်တဲ့ ထိုင်းလူ့အခွင့်အရေး ကောင်စီ၊ ထိုင်းရှေ့ နေများ ကောင်စီ နဲ့ ထိုင်း လူမှု ကွန်ရက် တွေကပဲ မနားမနေ အမှန်တရားဖေါ်ထုတ်ဖို့ လော်ကြတာပါ။ ဒါတောင် ထိုင်းလူမျိုးတွေက မြန်မာကို မုန်းနေတာ အားလုံး အသိပါ။
အခု တိုင်းရင်းသားတွေကို ချစ်ပါတယ် ဆိုတဲ့ မြန်မာပြည်မှာ ကြည့်ရ အောင်ပါ။ 
ကချင် အမျိုးသမီး တစ်ယောက် ဖြစ်တဲ့ ဆွမ်လွတ်ရွယ်ဂျား ကို မြန်မာ စစ်တပ် က ဖမ်းဆီးသွားပြီး အစဖျောက်လိုက်တာ သုံးနှစ်ရှိသွားပါပြီ။ မြန်မာလူ့အခွင့်အရေး ကောင်စီတွေ၊ မြန်မာ ရှေ့နေတွေ၊ မြန်မာ့လူမှုကွန်ရက် တွေလဲ မသိကြဘူးနော်။ တကယ်မသိတာတော့ မဖြစ်နိုင်ပါ။ ဆွမ်လွတ်ရွယ်ဂျား သတင်းတွေအများကြီး ပါ။ သူ့ ခင်ပွန်း ကိုယ်တိုင် မြန်မာအစိုးရ လူ့အခွင့်အရေး ကောင်စီ သို့ စာတင်တဲ့ သတင်းတွေလဲ ထွက်ခဲ့ပါတယ်။ ဘယ် တစ်ဦး တစ်ယောက်မှ အရေးတယူ ကောမ်မန့် တက်လာတာတောင် မရှိပါဘူး။ အဲဒါ ထိုင်း နဲ့ မြန်မာ ကွာတာ။
ဓါတ်ပုံကတော့ ဆွမ်လွတ်ရွယ်ဂျား နဲ့ သူ့ ခင်ပွန်း ပါ။
(Duwa Kachin, ထံမှ ပြန်လည် ကူးယူဖော်ပြသည်။)