Pages

Top Menu

Pages

Tuesday, September 16, 2014

KIO,ပညာရေးဌာန မှ ကိုယ်ပိုင် တက္ကသိုလ် ဖွင့်မည်


=================================
(Lachid Kachin)
KIO,ပညာရေး ဌာန မှ မိုင်ဂျာယာန် မြို့ တွင် ကိုယ်ပိုင် တက္ကသိုလ်
ဖွင့်လစ်ရန်အတွက် အဆောက်အဦးများ စတင်ဆောက်လုပ် ပြင်
ဆင်နေ ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ကချင့် ပညာရေး ကော်မတီ မှ KIA, တပ်မဟာ (၃) ဒေသ ဖြစ်သော
မိုင်ဂျာယာန် မြို့ တွင် ကချင် တက္ကသိုလ်၊ ကောလိပ် ကျောင်းသစ်
ဆောက်လုပ်ရန်အတွက် မြေနေရာတိုင်းတာ ခြင်း နှင့် ကျောင်းအ
ဆောက်အဦးပုံစံ ရေးဆွဲ ခြင်း များ စတင် ဆောင်ရွက် နေ ပြီ ဖြစ်
ကြောင်း သိရှိရပါသည်။
လက်ရှိ တွင် မိုင်ဂျာယာန် မြို့ ၌ KIO, ပညာရေး ဌာနမှ ဦးစီးကာ
ပရီ ကောလိပ် ကျောင်း ၊ဖယ်ဒရယ် ဥပဒေ ကျောင်း၊ အဆင့်မြင့်
အင်္ဂလိပ်စာ အထူးသင်တန်းကျောင်း ၊ဆရာဖြစ်သင် ကျောင်း
နှင့် အခြား သောသင်တန်း ကျောင်းများ အား ဖွင့် လစ်သင်ကြား
ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
(ဓါတ်ပုံ- မိုင်ဂျာယာန် အထက်တန်းကျောင်းပုံ၊ နှင့် ကောလိပ် အတွက်
မြေနေရာတိုင်းတာနေစဉ်။)