Pages

Top Menu

Pages

Monday, July 7, 2014

မရှင်းတဲ့အချက်တွေ ရှိတယ်


မိမိတို့မှာ မရှင်းတဲ့အချက်တွေ ရှိတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိတို့ပါတီရေးရာကို အပြစ်ကင်းကင်းနဲ့ ဆောက်ရွက်ခွင့် ရှိနေပါတယ်။ NLD ဆိုတာ နဂိုကတည်းက စစ်အုပ်စုတွေနဲ့ ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းမှ မဟုတ်တာပဲ။ စစ်အုပ်စုလုပ်သမျှဟာ NLD အပေါ်မှာ ဂယက်ရိုက်စရာ သိပ်မလိုဘူး။
၁။ ကြေးနီစီမံကိန်းမှာ အထင်လွှဲမခံရအောင် ရှောင်နိုင်ရက်သားနဲ့ ဘာကြောင့် ပက်ပင်းတိုးရသလဲ။
၂။ ကချင်လို တိုင်းရင်းသားအရေးတွေမှာ အထင်အမြင် မမှားရလေအောင် နေနိုင်ရက်သားနဲ့ ဘာကြောင့် အသံဗလံ တိတ်နေခဲ့ပါသလဲ။
၃။ ရခိုင်လို လူဝင်မှုပြဿနာ၊ ပြည်မမှာလို ဘာသာရေးအဓိကရုဏ်းတွေမှာ NLD အပေါ် ဖိအားမရှိအောင် လျှော့ချနိုင်ရက်သားနဲ့ ဘာကြောင့် ပြတ်ပြတ်သားသား မနေခဲ့သလဲ။
၎။ စစ်တပ်နဲ့ အစိုးရက နည်းနည်းလေး ဖိအားပေးလိုက်တာနဲ့ ဘာကြောင့် အမြဲတမ်း နောက်ဆုတ်ပေးပါသလဲ။
မိမိတို့က ဒီအချက်တွေနဲ့ ပတ်သက်ပြီး သိပ်မရှင်းဘူး။ နိုင်ငံရေးအကင်းပါးသူတိုင်းက အထက်မှာ ဖော်ပြထားတဲ့ အချက်(၄)ချက်ကို ဂရုစိုက်သင့်တယ်လို့ ယူဆပါတယ်။ ပြဿနာကို ဖြေရှင်းချင်တဲ့ ပုဂ္ဂိုလ်ဟာ ပြဿနာနဲ့ ရင်းနှီးနေရပေမဲ့ အဲဒီပြဿနာထဲ ဝင်ပါဖို့က လုံးဝမဖြစ်သင့်ဘူး။ ဝင်ပါသွားရင် မိမိလည်း ပြဿနာရဲ့ သားကောင် ဖြစ်သွားပါပြီ။ NLD ပါတီဝင်များ သတိထားသင့်တဲ့ အချက်တွေပါ။
LikeLike ·  · 
  • Munglai HkyetKhon Ja and 13 others like this.
  • Munglai Hkyet ဗမာတပ်နဲ့ ဗမာ ပါတီကြီး NLD မတူတာထားပြီးတူတာတွဲလုပ်နေရ လို့ပါ။  !! ဗမာ က ဗမာ အလုပ်ပဲ လုပ်ကြ မှာပါ။ကျုပ် တို့ကလည်း ကျုပ်တို့ရဲ့ အလုပ်မလုပ်ပဲဗမာ အလုပ် သွားဝိုင်း လုပ်ကူကူနေကြလို့ မိမိ တို့ရဲ့ အရေး ဖြစ်တဲ့ တိုင်းရင်းသား အရေး ဆို ဘိတ်ချီးဘဝရောက်နေကြတာ။
  • Khon Ja ရှင်းပါတယ်။ NLD အာဏာရလည်း ဒီဗမာက နောက်ဗမာကို အာဏာ ပြောင်းပေးလိုက်တာဘဲဖြစ်တယ်