Pages

Top Menu

Pages

Friday, July 4, 2014

AD 300 လောက်က ရှမ်းအင်ပါယာနိုင်ငံကြီးဖြစ်တည်ခဲ့တယ်

ရှမ်းပြည် ကာကွယ်ရေး ဥပဒေ ရေးဆွဲ ပြဋ္ဌန်းခြင်း
အမျိုးကို ချစ်သော ရှမ်းတို့
AD 300 လောက်က ရှမ်းအင်ပါယာနိုင်ငံကြီးဖြစ်တည်ခဲ့တယ်
အခုတော့ မရှိတော့ဘူး ပြည်နယ်ပဲ ကျန်တော့တယ်။
ပြည်နယ်ပါ ပျောက်ကွယ်သွားရင် ဟောဒီ ကမ္ဘာလောက အလယ်မှာ
ကျွန်တော်တို့ ရှမ်းလူမျိုးတွေ အရှက်တကွဲ အကျိုးနည်းပြီး မျက်နှာငယ်ကြရလိမ့်မယ်
ခွေးနေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်မြေပုံထဲက ယခုထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ချင်းဟိုင်းမြို့အထိ ထိုင်းကို ရောင်းစားလိုက်တယ်၊ တရုတ်ကိုကျတော့ ကြယ်ခေါင်ကနေ ရွေလီ အထိ ရောင်းစားလိုက်တဲ့ အပြင် မိုးကုတ်မြို့နဲ့ ပြင်ဦးလွင် မြို့ကို မန္တလေး တိုင်းထဲကို ဆွဲထည့်လိုက်တယ်။ အခု အစိုးရလည်း ရှမ်းပြည်ထဲက ထွက်တဲ့ မြေပေါ် ၊မြေအောက် သံယံဇာတတွေ ဖြစ်တဲ့ ကျွန်းသစ်၊သစ်မာ၊ ရွေ၊ငွေ၊ကျောက်၊သံ၊ပတ္တမြား သတ္တုတွင်းထွက်တွေကို တရုတ်ကို ရောင်းစားနေတယ်၊ အဲဒါတွေ ရောင်းလို့ ကုန်သွားရင် ကျွန်တော်တို့ ရှမ်းပြည်ကို တရုတ်ကို မရောင်းစားနိုင်ဘူးလို့ ဘယ်သူမှ ပုံသေ မပြောနိုင်ဘူး။အဲဒါကြောင့် အမိဘိုးဘွားပိုင်မြေကို မပျောက်ကွယ်သွားအောင် ကျွန်တော်တို့ မျိုးဆက်သစ်တွေ အသက်နဲ့ ရင်းပြီး ကာကွယ်ကြရမယ်။
(၁) အသက် ၁၈ နှစ်ပြည့်ပြီး သော ရှမ်းလူငယ်များ စစ်မှု မထမ်းမနေရ အနည်းဆုံး ၂နှစ်(သို့မဟုတ်)၃နှစ် စစ်ပညာ သင်ကြားကြရမည်။
(၂) တစ်အိမ်ထောင် စု ကို ၁ ယောက်နုန်းဖြင့် အမြဲတမ်း စစ်မှု ထမ်းကြရမည်။
(၃)ရှမ်းပြည်ကာကွယ်ရေးစရိတ် နဲ့ စစ်အင်အား မြင့်တင်ရန်အတွက် ၁ အိမ်ထောင်စု ကို လစဉ် ကျပ်၅၀ မှ ကျပ် ၁၀၀၀ (သို့မဟုတ်) စေတနာ ရှိသလောက် ရန်ပုံငွေ ပေးဆောင်ကြရမည်။
(စိုင်းဒဲ့ဒိုး)