Pages

Top Menu

Pages

Friday, May 16, 2014

ဗိုလ်ချုပ်ဂွန်မော် အမေရိကန် ရောက်တုန်းပြောခဲ့တဲ့ စကားတခွန်းကို အနည်းငယ် ကိုးကားပြီး ပြောချင်ပါတယ်


· 

"၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ထွက်လာတော့
ကချင်လူငယ်တွေကို မေးပါတယ်
ကြိုက်သလားလို့ မကြိုက်ဘူးလို့ တညီတညွတ်ထဲ ဖြေတယ်
ကဲဟုတ်ပြီ ဖတ်ကောဖတ်ပြီးပြီလား ဘယ်အချက်ကို မကြိုက်တာလဲ
လို့မေးတော့ မဖတ်ရသေးဘူးတဲ့"
Online ပေါ်မှာတွေ့နေရတဲ့ ကချင်တွေ
မျိုးချစ်စိတ်ဓါတ် ရှိကြသူ တော်တော်များကြတာတွေ့ရတယ်
သို့သော် ဗိုလ်ချုပ်ဂွန်မော် ဥပမာပေး ပြောလိုက်တဲ့ ပုံစံမျိုးက များနေတယ်
ကျုပ်အပါအဝင်ပေါ့....
Duwa Kachin ရေးတဲ့ စာကို မကြခဏ ဖတ်ဖြစ်တယ်
သဘောကျတယ် နိုင်ငံရေး အမြော်အမြင်ရှိတယ်လို့မြင်တယ်
ဒါပေမယ့် ကချင်လူငယ်တွေ သိပ်ပြီး ဖတ်ကြပုံမရပါဘူး
ပြောချင်တာက ကျတော်တို့ တိုင်းရင်းသားလူနည်းစုတွေ
နိုင်ငံ့ရေးရား လူမျိုးရေးရာကို ပိုဦးစားပေးခေါင်းထဲထည့်စေချင်တာပါ
အထူးသဖြင့် ပညာတတ်တွေ ရပ်တည်ကြရမှာဖြစ်သည်
ကျတော်တို့တွေက လူနည်းစုဖြစ်တဲ့ အတွက် "ငါမလုပ်ရင်
လုပ်မယ့်သူ မရှိဘူး"ဟု အမြဲခံယူထားရမှာဖြစ်သည်