Pages

Top Menu

Pages

Tuesday, May 13, 2014

ကချင်စစ်ပြေးဒုက္ခသည်တွေကို ကိုယ် ကျိုးစွန့်ကူညီခဲ့ သူ ဦးမျိုးလတ်ကို 7Day News Hero ဆုကိုပေးဖို့ အယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့

ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ အခုဆိုရင် ၉ လပြည့်ခဲ့ ပါပြီ။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူဦးရေဟာလည်း ပြည်နယ်တစ်ခု လုံးမှာ ခုနစ်သောင်းကျော်ရှိသွားပါပြီ။ ဦးမျိုးလတ်ဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်ခရိုင်ထဲက ဆမ်ဂန်ဒေသက ရွာသူရွာသားတွေကို ကူညီပေးခဲ့တဲ့သူပါ။ စစ်ဘေး ကိုကြောက်ရွံ့ပြီး နေရပ်ကထွက်ခွာလိုတဲ့ ရွာသူရွာသားပေါင်း ၄၀၀ ကျော်ကို သူတစ် ယောက်တည်း ကူညီရွှေ့ပြောင်းပြီး စားရေးသောက်ရေးကအစ တာဝန်ယူကူညီပေးနေ တာ အခုဆိုရင် (၉) လ ပြည့်ခဲ့ပါပြီ။ တိုက်ပွဲတွေကြား၊ သေနတ်သံ၊ ဗုံးသံတွေကြားထဲ ကပဲ အဖိုးအဘွားအရွယ်တွေကို ဆိုင်ကယ်နဲ့ မောင်းပို့လို့တစ်နည်း၊ ပခုံးထမ်းပိုးပြီးတစ်ဖုံ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့သူပါ။ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီနေရတာ နဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ ဇနီးသည်မီးဖွားတာကိုတောင် မပြန်နိုင်ခဲ့ပါဘူး။ ဒီလိုကိုယ် ကျိုးစွန့်ကူညီခဲ့တာကြောင့် ဦးမျိုးလတ်ကို 7Day News Hero ဆုကိုပေးဖို့ အယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့တာပါ။ ဦးမျိုးလတ်ဟာ မွန်ဂါခရမ်အသင်းတော်က ဓမ္မဆရာ တစ်ဦးဖြစ်ပါတယ်။
အဆိုပါဆုကို ဦးကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသားတစ်ဦး)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးဦးမျိုးလတ်မှာ တရုတ် - မြန်မာနယ်စပ်က ဝေးလံခေါင်ဖျားနေရာမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ ရောက်ရှိနေတာဖြစ်လို့ ပွဲကိုမ တက်ရောက်နိုင်ခဲ့သဖြင့် ရန်ကုန်ကချင်နှစ်ခြင်းအသင်းတော်က ဦးပေါ်နော်အော်န်က ကိုယ်စားလက်ခံပေးခဲ့ပါတယ်။