Pages

Top Menu

Pages

Saturday, March 22, 2014

ဝ လူမျိုးဟာ တိုင်းရင်းသားလူမျိုးဖြစ်

ဝ လူမျိုးဟာ တိုင်းရင်းသားလူမျိုးဖြစ်

လူအတော်များများက ဝ လူမျိုးဟာ မြန်မာတိုင်းရင်းသားလူမျိုး မဟုတ်ဘူးလို့ ယူဆကြပါတယ်။ မှားပါတယ်။ ဝလူမျိုးဟာ လာအို၊ ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့မှာ နေထိုင်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ရှိ ဝလူမျိုးများဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးသာ ဖြစ်ကြောင်း ပြောလိုပါတယ်။

မွန်ရှေးဟောင်းသမိုင်းမှာ မွန်တို့နဲ့အတူ ဝနဲ့ကရင်တို့လည်း နေထိုင်ကြကြောင်း ပါရှိပါတယ်။ ဂဝမ္ပတိမထေရ်စာမှာ ပါတဲ့ တောင်ပရွာဟာ ဝရွာတစ်ရွာ ဖြစ်တယ်။ အခု မုဒုံမြို့နယ်ရှိ တောင်ပရွာသားများဟာလည်းပဲ ဝအဆက်အနွယ်များ ဖြစ်ပုံရပါတယ်။

ဒွါရဝတီနောက်ဆုံးမြို့တော် လော့ပူရီဆိုတာ လဝပူရီကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်တယ်။ လဝ (ဝ)လူမျိုးတို့ရဲ့ မြို့တစ်ခု ဖြစ်ခဲ့ပုံ ရပါတယ်။ ဝဆိုတဲ့နေရာမှာ ဝနဲ့ လဝဆိုပြီး ခွဲကျြပန်ပါတယ်။ ဝဟာ လူရိုင်းများလို နေထိုင်ကြပြီး လဝဟာ ယဉ်ကျေးမှု မြင့်မားခဲ့ကြပုံ ပေါ်ပါတယ်။ အခု လဝများဟာ လာအိုနဲ့ တရုတ်မှာ အနည်းငယ် ကျန်ပါသေးတယ်။ ဝများဟာ ထိုင်း၊ ရှမ်းပြည်နယ်နဲ့ တရုတ်တို့မှာ လူဦးရေတစ်သန်းကျော် ရှိပါတယ်။ ဝပဲပြောပြော၊ လဝပဲဆိုဆို သူတို့ဟာ လူမျိုးတစ်မျိုးထဲ ဖြစ်ပြီးတော့ တအာင်းခေါ် ပလောင်တို့နဲ့ အင်မတန်မှ နီးစပ်ကြပါတယ်။

ဒါကြောင့် ဝ လူမျိုးတို့ဟာ မွန်ခမာအနွယ်ဝင် တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ပြီး လက်ရှိရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံတို့မှာ ရှမ်းလူမျိုးတို့ဝင်ရောက်အခြေမချခင်ကတည်းက ရောက်ရှိနေထိုင်နေခဲ့ကြတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြောနိုင်ပါတယ်။

ဒီစာဟာ ဝပြည်နယ်ဖွဲ့စည်းရေးနဲ့ မဆိုင်ဘဲ ဝလူမျိုးကို တရုတ်လူမျိုးနဲ့ ရောပြီး ယုံမှားသံသယဖြစ်နေတဲ့ စာဖတ်သူအချို့ကိုသာ ပြောပြလိုရင်း ဖြစ်တယ်။