Pages

▼

Top Menu

▼

Pages

▼

Monday, March 3, 2014

တတိယကမ္ဘာ၏ တတိယနယ်ချဲ့နည်း



ဆိုဗီယက်ပြည်ထောင်စုမှာ ပြည်ထောင်စုဝင်အဖွဲ့ နေခဲ့ဖူးသည့် ဂျော်ဂျီယာနှင့် ယူကရိန်းတို့သည် ရုရှားတို့အပေါ် ကျေးဇူးများခဲ့သည့် လူမျိုးများဖြစ်ကြသည်။ ရုရှားလူဦးရေများလည်း ဤဒေသများတွင် အခြေစိုက်နေထိုင်ခဲ့ကြ၍ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသောအခါ အဆိုပါရုရှားလူမျိုးများသည် ပြည်နယ်များတွင် ကျန်နေရစ်ခဲ့ကြသည်။ ယခုအခါ၌ အဆိုပါရုရှားလူမျိုးများကို အသုံးချ၍ လွတ်လပ်ပြီဖြစ်သည့် အဆိုပါနိုင်ငံများ၏ ပြည်တွင်းရေးများ၌ ရုရှားက စွပ်ဖက်လျက်ရှိသည်။ ဂျော်ဂျီယာပိုင် အက်ခါဇီယာဒေသကို ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါ ရုရှားလူမျိုးနဲ့ ရုရှားစစ်တပ်ရှိရာ ခရိုင်မီယားဒေသကို ထိန်းချုပ်ထားရန် ရုရှားက လုပ်ငန်းစနေပါပြီ။

တတိယကမ္ဘာ၏ တတိယနယ်ချဲ့နည်းဟု ဆိုရမည်။ မြန်မာစစ်တပ်သည်လည်း ပြည်နယ်များတွင် ထိုးစစ်ဆင်၍ မြန်မာလူဦးရေတိုးပွားအောင် လုပ်ခြင်းမှာ နောင်အခါ၌ အကြံအစည်တစ်ခုခု ရှိနေနိုင်ပါသည်။ ပြည်ထောင်စုအမည်ကို အသုံးပြု၍ နယ်ချဲ့နည်းသာ ဖြစ်သည်။