Pages

Top Menu

Pages

Tuesday, March 18, 2014

ကိုရီးယားမှ ဆုရရှိခဲ့သည် ကချင်မော်ဒယ်အောန်ဆိုင်းအား ကချင်အနုပညာအသင်းမှ ဂုဏ်ပြု

ကိုရီးယားမှ ဆုရရှိခဲ့သည် ကချင်မော်ဒယ်အောန်ဆိုင်းအား ကချင်အနုပညာအသင်းမှ ဂုဏ်ပြု
ကိုးရီယားနိုင်ငံမှပေးသည့် Myanmar Model Star Award ဆုချီးမြင့်ခြင်းခံခဲ့ရသည့် ကချင်တိုင်းရင်းသူ မော်ဒယ်နှင့် သရုပ်ဆောင် အောန်ဆိုင်းအား ကချင်ရိုးရားအနုပညာရှင်အသင်း ကချင်တိုင်းရင်းသားများအားလုံးရဲ့ကိုယ်စား ဂုဏ်ပြုပွဲအား ၂၀၁၄ မတ်လ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မနော်ကွင်းရှိ ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ကချင်အနုပညာရှင်တွေထဲကမှ သူက အရှအတိုင်းအတာအ ထိ ပေါက်ပေါက်မြောက်မြောက် အောင်အောင်မြင် ဆုတွေ ရအောင် ကြိုးစားနိုင်ခဲ့သည့် အတွက် သူကိုဂုဏ်ပြုပေးတဲ့ အခမ်းအနားပါ။”ဟု ကချင်ရိုးရားအနုပညာရှင်အသင်းမှ ဥက္ကဌ ဦးအဘာဒီမှဆိုသည်။
မော်ဒယ်နှင့် သရုပ်ဆောင် အောန်ဆိုင်းသည် ကချင်အနုပညာရှင်များထဲမှ ယခုကဲ့သို့ဆုရရှိခဲ့သည်မှာ ပထမဆုံးတစ်ယောက်ဖြစ်ကြောင်းလည်းဆိုသည်။
“အာရှနိုင့်ငံတွေ အကုန်ပါတယ်။အောန်ဆိုင်းကိုလည်း ဒီပွဲကို ပါဝင်ပေးပါ။ ဒီဆုတက်ယူပေးပါလို့ တက်ဖြစ်တာပါ။ ဘယ်လို ရွှေးလဲဆိုတော့ အသေးစိတ်မသိဘူး။”ဟု မော်ဒယ်နှင့် သရုပ်ဆောင် အွန်ဆိုင်းမှဆိုသည်။
ကိုးရီးယားနိုင်ငံမှအာရှတစ်ဝိုက်ရှိ အနုပညာရှင်များအား ပေးသည့် 2014
Asia Model Festival Award အစီအစဉ်တွင် ပေးသည့် ဆုရရှိခဲ့ခြင်းဖြစ်သည်။