Pages

Top Menu

Pages

Monday, March 17, 2014

ခရိုင်းမီးယား

ခရိုင်းမီးယား ကိစ္စ ဟာ classical democracy စနစ် ကို ရုရှား က ကောင်းကောင်း အသုံးချသွားတာ ဖြစ်ပါတယ်။
ခရိုင်းမီးယား ဒေသ ဟာ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုတာ သမိုင်း သက်သေ ရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရုရှား လူမျိုးတွေ အခြေချ နေထိုင်တာလာများသွားပါတယ်။ အခုတော့ လူများစုက ရုရှား ကို လိုလားသူတွေ ဖြစ်နေပါတယ်။
ဒီတော့… ရုရှား နိုင်ငံရဲ့နောက်ခံ လူတွေက ခရိုင်းမီးယား ဒေသ ကို ရုရှားပိုင်နက်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်လာပါပြီ။
အရင်ကတည်းက ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေက လူများစု (ရုရှားလိုလားသူများ) ရဲ့ ဆန္ဒမြဲနဲ့ ယှဉ်ရင် ဘယ်လိုမှ နိုင်စရာ အကွက်မရှိဘူး ဆိုတာ ရုရှားက ကောင်းကောင်း သဘော ပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဥပဒေ အရ ဆိုရင် ဘယ်လိုမှ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း နယ်မြေတခု ကို ဘယ်လိုမှ ရုရှားကို ပေးလို့ မရ၊ အဲဒီ အတွက် အမေရိကန်က ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် မူကြမ်း တင်သွင်းခဲ့တယ်။ ဒါပေမယ့် ရုရှားက ပယ်ချ လိုက်ပါတယ်။
ဒီနေရာမှာ ရုရှားက ရေများ ရေနိုင်၊ မီးများ မီးနိုင် ဒီမိုကရေစီ စနစ် (classical democracy) ကို ထောက်ပြ ပါတော့တယ်။ ခရိုင်းမီးယား ဒေသခံ တွေရဲ့ သဘော ဆန္ဒ အတိုင်း လုပ်ရမယ် ပေါ့။
ဒီနည်းအတိုင်း မြန်မာ့ ဒီမိုကရေစီ စနစ်မှာလဲ တိုင်းရင်းသား ပြည်နယ် တွေကို တနေ့တနေ့ တချိန်ချိန် အပျောက်ရိုက်ဖို့ ရုရှားပြန် မြန်မာ့စစ်သား ကောင်း တွေက နှစ်ပေါင်း ၁၅ နှစ် နီးပါး ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။
အဲဒါကြောင့် အခု တိုင်းရင်းသား တွေ ပြောဆိုနေတာက လူများစု ဖြစ်ပေမယ့် ဧည့်သည်တွေရဲ့ ဆန္ဒနဲ့ နယ်မြေ နာမည်တွေ၊ ပြည်နယ် နာမည် တွေ အပြောင်းအလဲ မလုပ်နိုင်တဲ့ အခြေခံ ဥပဒေ မျိုးပါ။ ဥပမာ ကချင်ပြည်နယ် ဆိုတဲ့ နာမည် ပြောင်းချင်ရင် ကချင်လူမျိုးတွေရဲ့ သဘောထား ဆန္ဒသာ အဓိက ဖြစ်တယ်။ နောက်ဆုံး ကချင် တစ်ယောက်ပဲ ကျန်ရင်တောင် သူဟာ အိမ်ရှင် ပါပဲ။ ကျန်တဲ့ လူမျိုးတွေက ဧည့်သည်ပဲ ဖြစ်ပါတယ်။ အဲဒါဟာ ဥရောပ နိုင်ငံတွေလို Organic Country တွေက ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ် ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံ လို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခြေချရာ နိုင်ငံ မဟုတ်ပါ။ Organic Country စစ်စစ် ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီ ဆိုတိုင်းလဲ ပြီးတာ မဟုတ်၊ ကျနော်တို့ လိုချင်တာ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်တယ်။
By-Duwa kachin